San Hla GyiMay 19, 20121min28548
စာဖတ်သူ မိတ်ဆွေတို့ရေ (ဒီတကြိမ်တော့ မြန်မာ့သမိုင်း မဟုတ်ပဲ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့ဖူးတဲ့ မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန် အကြောင်းကို ရေးလိုက်ပါတယ်။ ကိုယ်နဲ့တော့ သိပ်မဆိုင်ပေမယ့် သမိုင်းမှာ ထင်ရှားခဲ့သူလည်းဖြစ် တာကြောင့်ပါ။ အာရှတော့ အာရှသားပါပဲ။ ကိုယ်က ကြားလူအနေနဲ့ ရေးတဲ့သဘောပါ။ ဟိုတလောက မြန်မာဘောလုံးအသင်း မွန်ဂိုလီးယားကို သွားပြီး အဝေးကွင်း ကန်ခဲ့တုန်းက လေဆိပ်နာမည်က ဂျင်ဂစ်ခန်လို့ သိရပါတယ်။) ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ မွန်ဂိုအောင်နိုင်သူ ဂျင်ဂစ်ခန်ကို အေဒီ ၁၁၆၂ လောက်က မွန်ဂိုလီးယား လွင်ပြင်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်ဟာ မွန်ဂိုမျိုးနွယ်စု ခေါင်းဆောင်တယောက် ဖြစ်ပြီး သားဖြစ်သူကို တေမူဂျင်(Temujin) လို့အမည်ပေး ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ မွန်ဂိုဘာသာနဲ့ သံမဏိလို့ ဆိုပါတယ်။ သူ့ဖခင်ဟာ မျိုးနွယ်တူစု တခုက […]


San Hla GyiMay 11, 20121min43431
မခိုင်ခိုင်ရေ ကျနော်ကွန်မန့်လေးကို နှစ်သက်တယ်လို့ ထင်တဲ့အတွက် ကျေးဇူးတင်တယ်ဗျာ။ ကြုံတုန်း မခိုင်ခိုင်ကို ကျနော်ယုံကြည်ချက် လေးတွေကို ပြောပြခဲ့ချင်တယ်။ အမှန်မှာ ဒီပို့စ်ပိုင်ရှင်ကို ပြောတာပေမယ့် ကျန်တဲ့မိတ်ဆွေတွေကို လည်းပြောပြချင်နေတာ။ ကျနော်ဟာ ဒီဆိုဒ်ထဲကို ရောက်တာတော့ မကြာသေးဘူး။ မသဲနှင်းအိမ် စကားနဲ့ ပြောရရင် တကောင်တော့ တကောင်တည်းပေါ့ဗျာ။ သူနဲ့ ကျနော်ကလည်း အပြင်မှာမသိပါဘူး။ ဒါပေမယ့် သူ့ကွန်မန့်လေးတွေ ကောင်းလွန်းတယ်လို့ ထင်လို့ သူ့ကိုလည်း ချီးကျူးလိုက်ပါတယ်။ Bravo ပါမသဲနှင်းအိမ်ရေ။ တခါတလေကျတော့ လူ့ဘဝမှာ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေမျိုးကို မကြာခဏ ကြုံရတတ်ပါတယ်။ Dilemma ပေါ့ဗျာ။ လွန်ခဲ့တဲ့ ကာလတခုတုန်းက ကျနော်လည်း ဒီအခြေအနေမျိုး ကြုံခဲ့တယ်ထင်တယ်။ တခါတလေကျတော့လည်း ကိုယ့်ကိုစွပ်စွဲချက် တွေကို မဖြေရှင်းနိုင်ရင် နာမည်ပျက်ရုံတင်မက ရပ်တည်ရေးပါ […]


San Hla GyiApril 14, 20121min27543
(ဒီဆောင်းပါးကို မရေးခင် အဘတဦး ပြောသလို အတော်စဉ်းစားပါသည်။ ရင်နာနာနဲ့တော့ မရေးပါ။ ကိုယ့်ယုံကြည်ချက် အတိုင်းရေးပါသည်။ သမိုင်းအကြောင်းရေးရာမှ အငြင်းပွားစရာများ ဖြစ်လာသောကြောင့် ကိုယ်လည်းတချက်ဝင်ရေးကြည့်ပါသည်။အဓိကမှာ ဆောင်းပါးပါ အချက်များနဲ့ပက်သက်ပြီး သဘောမတူသည့် အချက်များရှိသလို အဓိကကရည်ရွယ်ချက် လွဲနေတယ် ထင်လို့ပါ။ မှားတာတွေ့လျှင်လည်း ဆွေးနွေးပေါ့ဗျာ။ စကားပြောဟန်နဲ့ ရေးကြည့်သလို စာရေးဟန်နဲ့ရော လိုအပ်တဲ့နေရာမှာ တိုက်ဆိုင်တယ်ထင်တဲ့ ဥပမာလေးတွေရောပေါ့ သိပ်မကောင်းပေမယ့် စေတနာနဲ့ပေါ့ ကဲ စပါပြီ)။ ကဲ အဘဖောရေ ခင်ဗျားက အဘပါဆိုတော့လည်း အဘပေါ့ဗျာ။ အဘရေ ကိုယ်ပြောတဲ့ ရေးတဲ့ စကားတွေက ကိုယ့်သဘောထား ကိုပြနေပါတယ်ဗျာ။ ပညာတတ် လူယာဉ်ကျေးဆိုတာ အဲဒါကိုခေါ်ပါတယ်။ “ယာဉ်ကျေးမှု မရှိတဲ့ လူ့အရိုင်းအစိုင်း မြန်မာလူမျိူးများ” ကြောက်စရာကောင်း လိုက်တဲ့ အသုံးအနှုန်းတွေ ပါလားဗျာ။ ကျနော်ရေးတဲ့ […]


San Hla GyiApril 7, 20121min36331
ဦးအောင်ဇေယျဟာ ၁၇၅၃မှာအင်းဝကိုသိမ်းပြီး ၁၇၅၅နှစ်ဦးမှာ ပြည်ကိုသိမ်းပါတယ်။ ပြည်တိုက်ပွဲအပြီးမှာ အင်္ဂလိပ်တွေက အလောင်းဘုရားထံကို သံတမန်အဆက်အသွယ် စလုပ်ပါတယ်။ ဘယ်သူနိုင်မယ်ဆိုတာသူတို့အနေနဲ့သေချာသွားပါပြီ။ စစ်ပွဲဖြစ်စတုန်းကတော့ ပြင်သစ်တွေက ဟံသာဝတီတပ်တွေဘက်က ကူပြီးအင်္ဂလိပ်တွေက အခြေအနေကို စောင့်ကြည့်ပြီးနေကြပါတယ်။ ၁၇၅၅ မေလမှာရန်ကုန်မြို့ကို သိမ်းပါတယ်။ ၁၇၅၆မှာ သံလျှင်နဲ့ဟံသာဝတီကို သိမ်းပါတယ်။ ၁၇၅၆မှာပဲ ရှမ်းပြည်နယ်အားလုံးနဲ့ ဇင်းမယ်ကလည်း အလောင်းဘုရားထံမှာ သစ္စာခံပါတယ်။ မြန်မာတွေလက်လွှတ်လိုက်ရတဲ့တနင်္သာရီကိုလည်း ပြန်ရပါတယ်။ ဦးအောင်ဇေယျဟာ ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံကတည်းက အစိတ်စိတ်အမွှာမွှာပြိုကွဲသွားတဲ့ မြန်မာနိုင်ငံတော်ရဲ့နယ်နမိတ်တွေကို ပြန်စုစည်းနိုင်ခဲ့ပါပြီ။ ၁၇၆ဝမှာ အလောင်းမင်းတရားဟာ ယိုးဒယားက ိုချီတက်ပါတယ်။ ၁၇၆ဝဧပြီလမှာ အလောင်းဘုရားဟာ အယုဒ္ဓယမြို့ကြီးက ိုဝန်းရံပါတယ်။ ဒါပေမဲ့ဦးအောင်ဇေယျဟာ အယုဒ္ဓယမြို့က ိုအပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ယိုးဒယားတေ ွလက်နက်ချကာနီးဆဲဆဲနာမကျန်းဖြစ်လို့မြန်မာတပ်တွေပြန်ဆုတ်ကြပါတယ်။ သထုံနယ်ကင်းရွာမှာ အလောင်းဘုရား နတ်ရွာစံပါတယ်။ နတ်ရွာမစံခင်မှာ အလောင်းမင်းတရားကသားတော်များလက်ညှိုးတိုရှည်ကဲ့သို့ညီနောင်စဉ်ဆက်ထီးနန်းဆက်ခံရမယ်လို့မှာခဲ့ပါတယ်။ ဒီမှာတမ်းဟာနောက်ပိုင်းကုန်းဘောင်ခေတ်နန်းလုပွဲများဖြစ်လာစေခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ဦးအောင်ဇေယျကတော့သူ့သားတော်၆ပါးစလုံးအပေါ်မှာဖခင်တဦးအနေနဲ့မျှမျှတတဖြစ်စေချင်တယ်ထင်ပါတယ်။ […]


San Hla GyiApril 4, 20121min19018
သို့ အမေ သားမောင် ရိုသေစွာ စာရေးလိုက်ပါတယ်။ အမေနှင့် အမေ့ပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရသောကြောင့် ဝမ်းသာမိပါသည်။ နဂိုကတည်းက အမေ့ပညာ၊ စိတ်ဓာတ်နဲ့ စည်းရုံးမှုတွေကို ယုံကြည်ပြီးသားပါ။ နောက်ပြီး ပိုဝမ်းသာရတာက တိုင်းရင်းသား ဒေသတွေမှာပါ အမေက အောင်ပန်းဆင်နိုင်ခဲ့တာပါပဲ။ ကျွန်တော်တို့ ပြည်သူတွေဟာ ခေတ်တိုင်းမှာ တာဝန်ကျေခဲ့ပါတယ် အမေ။ ကရင်တွေက သင်တိုင်းဝတ်စုံတွေ ဝတ်ပြီး မဲပေးခဲ့သလို၊ မော်လမြိုင်က မွန်တွေကလည်း အမေပါပဲတဲ့။ ရှမ်းပြည်နယ်က ရှမ်းတွေကလည်း နောက်ချန်မနေခဲ့သလို ပြည်ပရှိ ဗမာတွေကလည်း အင်နဲ့အားနဲ့ ပါပဲ။ တနင်္သာရီသားတွေလည်း လက်မနှေးခဲ့ပါဘူး။ ဝင်နွှဲခွင့်မရလိုက်တဲ့ ကချင်နဲ့ တခြားတိုင်းရင်းသားတွေက ပွဲကြီးအတွက် အားမွေးနေပါတယ်တဲ့ အမေ။ ပခုက္ကူက တပ်မတော်သားတွေကလည်း တို့ဗိုလ်ချုပ်သမီးမှ တို့ဗိုလ်ချုပ်သမီးပါပဲတဲ့ အမေ။ ဒါတောင် […]


San Hla GyiMarch 28, 20121min20412
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျအကြောင်းရုပ်ပုံလွှာ (အပိုင်းနှစ်) အလောင်းမင်းတရားကြီး ဦးအောင်ဇေယျအကြောင်းပြောရင် ချန်ထားလို့ မရတဲ့ အရေးကြီးတဲ့ ဇာတ်ကောင်တစ်ဦးကတော့ ခင်ဦးစား ဦးချစ်ညိုပါပဲ။ သူ့အစွမ်းအစကလည်း စာဖွဲ့စရာပါပဲ။ ပြီးတော့သူဟာ အလောင်းမင်းတရားကြီးနှင့် အနီးဆုံး ပြိုင်ဘက်တစ်ယောက်ပါ။ သူကိုယ်တိုင်လည်း မင်းအဖြစ်ကို မျှော်မှန်းခဲ့ပြီး လက်ရုံးရည်မှာလည်း သူ့ခေတ်ကသူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပါ။ ခင်ဦးစား ဦးချစ်ညိုကို အဖဦးလုံး၊ အမိဒေါ်ဇံကလားတို့က ခင်ဦးမှာ မွေးဖွားခဲ့ပါတယ်။ အသက်အရွယ် ဦးအောင်ဇေယျနှင့် မတိမ်းမယိမ်းဖြစ်ပြီး မိဘမျိုးရိုး အဆင့်အတန်းချင်းလည်း မတိမ်းမယိမ်းဖြစ်ပါတယ်။ သူ့အမျိုးအဆွေတွေကလည်း ဦးအောင်ဇေယျတို့လိုပဲ ခင်ဦးမှာ ဩဇာတိက္ကမကြီးသူတွေ ဖြစ်ပါတယ်။ ခင်ဦးစားဦးချစ်ညို ကိုယ်တိုင်ကလည်း လူစွမ်း၊ ဓားစွမ်း ထက်လှပါတယ်။ ကုန်းဘောင်ခေတ် မြန်မာ့လူသန်ကြီးပေါ့ဗျာ။ အလောင်းမင်းတရားကြီးဟာ မျက်မြင်တွေ့ရှိသူ နိုင်ငံခြား သံအမတ်များ အဆိုအရ အရပ် ၅ […]


San Hla GyiMarch 24, 20121min1606
ဒီပို့စ်မှာတော့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ အကြောင်းကို သိသမျှ အကျယ်ရေးပါမယ်။ မရေးခင် ကြိုတင်ဝန်ခံချင်ပါတယ်။ ကျွန်တော်ဟာ ပုထုဇဉ်ဖြစ်လို့ အဂတိတရားလေးပါးထဲက ဆန္ဒဂတိကိုလိုက်ပြီး အလောင်းမင်းတရားကြီးနှင့် မြန်မာတွေအကြောင်းကို ပိုပိုသာသာ ရေးနိုင်ပါတယ်။ ဒီလိုဆိုရင် အထောက်အထားနှင့်တကွ ပြင်ပေးပါ။ အမြဲတမ်း ကြိုဆိုပါတယ်။ ဦးအောင်ဇေယျအကြောင်းကို ရေးမယ်ဆိုရင် သူ့ခေတ်ရဲ့ နောက်ခံရှုခင်းလေးတွေပါ ထည့်ပြောဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကို တချို့ရာဇဝင်တွေမှာ ရက်စက်တယ်ဆိုပြီး အပုပ်ချရေးထားလို့ပါ။ မှန်သင့်သလောက်လည်း မှန်ပါတယ်။ ဒါပေမဲ့ သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိမယ် ထင်လို့ပါ။ ဦးအောင်ဇေယျကို မုဆိုးဖိုရွာစား ဗလနန္ဒကျော်စွာ ဘွဲ့စံမင်းညိုစံနှင့် မဟာဒေဝီ စောငြိမ်းဦးတို့မှ ဖွားမြင်ပါတယ်။ မွေးနံတော် သောကြာသားပါ။ ရာဇဝင်တွေ အဆိုအရ ဦးအောင်ဇေယျကို ကိုယ်ဝန်ရှိတာနဲ့ မယ်တော် မဟာဒေဝီဟာ မြင့်မြတ်တဲ့နေရာတွေမှ […]


San Hla GyiMarch 22, 20121min18013
ဒီဆိုက်ဒ်ထဲက ပို့စ်တစ်ခုမှာ အနော်ရထာနှင့် အလောင်းမင်းတရားကြီးအကြောင်း ပါးစပ်ရာဇဝင်တွေကို အခြေခံပြီး ရေးရာမှာ ဖြစ်ရန်မှန်တွေနဲ့ လွဲနေတာတွေ့လို့ ဝင်ရေးတာ ဖြစ်ပါတယ်။ အမှားပါရင် ပညာရှိပီပီ ထောက်ပြပါ။ အမှန်ဆိုတာ သေချာရင် ရိုသေစွာ နာယူဖို့ အသင့်ပါ။ ပို့စ်တစ်ခုထဲမှာ ယိုးဒယားတွေ ယောက်ျားတန်ဆာကို ကိုးကွယ်တာဟာ ဦးအောင်ဇေယျကြောင့်လို့ ရေးထားတာ တွေ့ရပါတယ်။ မြန်မာတွေ ကိုယ့်ဘုရင်အကြောင်းကို အမှတ်မှားနေတာလေးတွေ ဝင်ပြောချင်တယ်ဗျာ။ တကယ်တော့ ယိုးဒယားတွေဟာ ဗုဒ္ဓဘာသာဝင် မဖြစ်ခင်တုန်းက ဟိန္ဒူဝါဒကို အကြီးအကျယ် ကိုးကွယ်ခဲ့ပါတယ်။ အခုလည်း သူတို့ ယဉ်ကျေးမှုထဲမှာ ဟိန္ဒူဝါဒက အကြီးအကျယ် လွှမ်းမိုးဆဲပါ။ သူတို့ရဲ့ ဒီဖိုတန်ဆာ၊ မတန်ဆာကို ကိုးကွယ်မှုဟာ ဟိန္ဒူဝါဒက ပါလာတာပါ။ အလောင်းမင်းတရားကြီးနှင့် ဘာမှ မဆိုင်ပါဘူး။ ပြီးတော့ သမိုင်းအမှန်အရ အလောင်းမင်းတရားကြီးဟာ […]