sandawchainFebruary 27, 20121min804
မြတ်စွာဘုရားမပွင့်မီ အချိန်ကတည်းက ဗေဒင်ပညာရပ် မှော်အတတ် ဂမ္ဘီရ ပညာရပ်များစွာထွန်းကားခဲ့ပြီးဖြစ်သည်။ သို ့သော်လည်းဗေဒင်ကိုမည်မျှယုံသင့်မယုံသင့်  နေ ့စဉ်ဘဝတွင်မည်မျှပါဝင်သက်ရောက်မှုရှိနေသည်ကိုတော့ သိသူနည်းနေသေး၏။ စာရေးသူသိသလောက်ပြန်လည် မျှဝေချင်သည်။   လူတစ်ယောက်၏ ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်ချက် ၄ခုရှိလေသည်..ကံ၊ စိတ် ၊ ဥတု နှင့်အာဟာရ၄ခုလုံးကောင်းစွာ မျှတမှုရှိပါမှ လူတစ်ယောက်ကောင်းစွာ အသက်ရှင်ပြီး မိမိတို ့လိုရာကိုဆောင်ရွက်နိုင်မည်ဖြစ်သည်ကိုတော့ အားလုံးအကြမ်းအား ဖြင့် သိရှိနိုင်လေသည်။   သို ့သော်လည်း ထိုအချက်လေးချက်လုံးမှာ မြန်မာစကားလုံးမူရင်းများမဟုတ်ကြပေ။ ပထမဆုံး ကံ ကို ဖွင့်ဆိုရာတွင်ပင်များစွာ အခက်တွေ ့စေနိုင်လေသည်။ ကံကို အကြမ်းအားဖြင့် ပြောကြည့်မည်ဆိုပါက မိရိုးဖလာလက်ခံလေ့ရှိသော အတိတ်ကံ ပစ္စုုပ္ပန်ကံ နှင့် အနာဂတ်ကံဟုယခုဘဝ ကိုပြောမည်လော။ သို ့မဟုတ်ပဲ ရှေးဘဝနောက်ဘဝကံ မဖြစ်သေးသည့်ကံများ ကိုပြောချင်လည်းပြောနိုင်သည်။ […]


sandawchainNovember 29, 20111min942
အရင်ဆုံးကိုယ်ဖြစ်ချင်တာတွေလုပ်ဖို ့က မလုပ်ချင်တာတွေကနေစရတာကြီးပဲ ဘယ်ဟာပဲဖြစ်ဖြစ်ကိုယ်လုပ်ကိုလုပ်ရမယ့်အလုုပ်ကို လုပ်ချင်သည်ဖြစ်စေမလုပ်ချင်သည်ဖြစ်စေ အကောင်းဆုံး လုပ်ရမယ် ဒါကနံပတ်တစ်ပဲ လုပ်ရင်းလုပ်ရင်းနဲ ့ လမ်းကြောင်းပေါ်လာမယ် ငါလုပ်ရမှာဟာဒါပါလားဆိုပြီးတော့ နံပါတ်၁ က ခံနိုင်ရည်ရှိရမယ် နံပါတ်၂ကတော့ ခံစားချက်နောက်ကိုမလိုက်ရဘူး ဘယ်အဖြစ်ကောင်းပဲဖြစ်ဖြစ်နာကျင်တဲ့ခံစားမှုတွေကနေစတင်ရတာကြီးပဲ ခံစားချက်အကောင်းနဲ ့စရင်အဖြစ်မကောင်းတာရမယ် အဖြစ်ဆိုတာက ရလဒ်ကိုပြောချင်တာပါ ခုငါဘာလုပ်သင့်သလည်း ဒါကိုအရင်ကြည့် မျက်စိရှည့်က ဟာကိုအရင်ကြည့်လိုက် ဖြေရှင်းလိုက် ပြေလည်းသွားပြီလား နောက်တစ်ခုကိုဖြေရှင်းလိုက် ဘဝဆိုတာ လက်တွေ ့မှာပန်းတွေခင်းပြီးမနေဘူး ကိုယ်တိုင်ဖန်တီးမှဖြစ်မယ် ကိုယ့်ဘဝရဲ့ပြသနာကိုကိုယ်ဖြေရှင်းတတ်ရမယ် အတတ်နိုင်ဆုံး သူတစ်ပါးကိုဝန်မဖြစ်စေပဲနဲ ့ပေါ့ ဒါကအရေးကြီးတယ် အဲလိုမှမဟုတ်ပဲကိုယ်ကလောကအတွက်အားမဖြစ်စေပဲဝန်ဖြစ်နေပြီဆိုရင်တော့ လောကကပဲ Punish လုပ်လိုက်မယ် သေချာမှတ်ထား လောကမှာကိုယ့်ရဲ့ playerနေရာကိုအရင်ရှာကြည့် playerနေရာဆိုတာလူတိုင်းမှာရှိနေတယ် ရောက်နေတဲ ့နေရာကိုပြောတာ အဲ ဒါကိုအရင်သိအောင်လုပ်ရမယ် အဲဒါကိုသိပြီဆိုရင် အဲဒီနေရာမှာ မကစားချင်သည်ဖြစ်စေ ကစားချင်သည်ဖြစ်စေ ကစားရမယ် […]


sandawchainJune 29, 20111min1716
ဆရာတော်ဦးဇောတိက .တစ်ခါက တရားတစ်ပုဒ်မှာ ” လောကမှာ လူရယ်လို.ဖြစ်လာရင် အရေးအကြီးဆုံးက လူပီသဖို.ပါပဲ” လိုဟောကြားခဲ့ဘူးပါတယ်။ လူ ့ရဲ.အဖြစ်ဟာလောကဓံ အပေါ်မှာတုံ ့ ပြန်မှုမှားယွင်း ရာကနေ လျှောကျ တတ်ပါတယ်။ လောကဓံ၈ပါးက ၁။ လာဘ်ရခြင်း ၂။ လာဘ်မရခြင်း ၃။ အချွေအရံ ပေါများခြင်း ၄။ အချွေအရံ နည်းပါးခြင်း ၅။ ချမ်းသာခြင်း ၆။ ဆင်းရဲခြင်း ၇။ ချီးမွမ်းခြင်း ၈။ ကဲ့ရဲ့ခြင်း တို့ပါပဲ။ လောကဓံ၈ပါး နှင့်ကြုံလာတိုင်း အစဉ် ဆောင်ထားအပ်တဲ့ “ခ ” ၃လုံးကို စကားလက်ဆောင်ပါးချင်ပါတယ်။ “ခ”  ၃လုံးက ခံနိုင်ရည်ရှိ ခြင်း၊ ခွင့်လွှတ်ခြင်း၊ ခံစားမှုနောက်မလိုက်ခြင်းတို ့ပါပဲ။