ဆန်နီနေမင်းDecember 27, 20112min1706
ဦးဇင်း ကျမ်းရေးရန်အတွက် စာအုပ်တွေဖတ်ရင်းမှ မိမိတို့မြန်မာနိုင်ငံကို သာသနာအခြေတည်အောင် လုပ်ဆောင်ပေးကြခဲ့တဲ့ ရှင်အရဟံမထေရ်နဲ့အနောရထာဘုရင်တို့ရဲ့ ဇာတ်လမ်းလေးကို ဂုဏ်ပြုချင်တာနဲ့ စာဖတ်သူများလည်း ဗဟုသုတရအောင် ရေးသားတင်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။ Shin Arahan arrived in the vicinity of Pagan and was discovered in his forest dwelling by a hunter. The hunter, who had never before seen such a strange creature with a shaven head and a yellow robe, thought he was some kind […]


ဆန်နီနေမင်းDecember 24, 20111min1138
မေး။ အရှင်ဘုရား ကန်တော့ပွဲတွေမှာ အုန်သီး၊ငှက်ပျောသီးက မပါမဖြစ် အနေထားလိုဖြစ်နေတာ ဘာဖြစ်လို့ပါလဲဘုရား။ တပည့်တော် သိချင်စိတ်လေး ဖြစ်လာလို့ပါ။ ရိုသေစွာဖြင့် လင်းမင်းအောင်၊ မန်းလေး။ အဖြေ။ ။ ကန်တော့ပွဲဆိုတာ လူကြီးမိဘစတဲ့ မိမိထက် သီလ၊ သမာဓိ၊ ပညာ၊ အသက်သိက္ခာကြီးသူများကို မိမိက အပြစ်ရှိလို့ တောင်းပန်းတဲ့အခါလည်းကောင်း၊ မိမိအနေနဲ့ မိမိထက် သီလ၊ သမာဓိ၊ ပညာ၊ အသက်သိက္ခာကြီးသူများကို ရိုသေလေးစားလို့ အနေအားဖြင့်လည်းကောင်း မင်္ဂလာဖြစ်အောင် ကန်တော့ပွဲလေး ရှေ့မှာထားပြီး ကန်တော့ခြင်း၊ တောင်းပန်းခြင်းများပြုလုပ်ကြတာဟာ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုအဖြစ် ဗုဒ္ဓဘာသာမှာ ဖြစ်ပေါ်လာခဲ့တာပါ။ နတ်တင်တဲ့ငှက်ပျောပွဲ အုန်းပွဲနဲ့ အယူအဆခြင်း မတူပါဘူး။ နတ်တင်တဲ့ပွဲက မမြင်ရတဲ့နတ်တွေကို ဘေးအန္တရာယ်များက စောင့်ရှောက်လိမ့်နိုးဖြင့် နတ်ကို တင်နေကြတာပါ။ တကယ်တော့ နတ်တွေဆိုတာကလည်း သာသနာကိုကြည်ညိုလေးစားသူမှန်ရင် […]


မေး။ ။ ဘုန်းဘုန်း တပည့်တော်မ စာရေးလိုက်ပါတယ်ဘုရား။ မနက်မိုးလင်းတော့ တရားနာပါတယ်ဘုရား။ အရှင်ဆန္ဒာဓိကရဲ့တရားတော်ကိုနာပါတယ်ဘုရား။ အခု တပည့်တော်မလည်း ဘုန်းဘုန်းနဲ့တွေ့ပြီးတဲ့ အချိန်ကစပြီး စိတ်တွေမမွန်းကျပ်တော့ဘူးဘုရား။ ဘုန်းဘုန်းကိုကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော်မလည်း ကိုယ့်ဘဝရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင်ကြိုးစားနေပါတယ်ဘုရား။ ဘုန်းဘုန်ုးကိုမသိတာလေး မေးပါဦးမယ်ဘုရား။ လူတစ်ယောက်ပေါ့။ သူက နွားတို့ဆိတ်တို့ သတ်တဲ့စနေဒိုင်ပေါ့။ သူသေသွားတော့ သူဟာ လူဝင်စားဖြစ်တယ်တဲ့။ ကောင်းကောင်းမွန်မွန်ပဲ သူဌေးသားဖြစ်နေတယ်တဲ့။ ဟိုဘဝက အကုသိုလ်လုပ်ခဲ့ပေမဲ့ နောင်ဘဝမှာကောင်း စားနေတယ်။ နောက်လူတစ်ယောက်က ဘုရားတရားကိုင်းရှိုင်းတယ်။ ကောင်းမှု့ကုသိုလ်တွေပဲ အမြဲလုပ်တယ်။ ဒါပေမဲ့ သူသေတော့ ခွေးဝင်စားဖြစ်တယ်တဲ့။ လူအများ အိမ်ကနှင်ထုတ်ခံရတဲ့ ခွေးဖြစ်သွားတယ်တဲ့။ တပည့်တော်ဆိုလိုတာကတော့ အဲဒီလူနှစ်ယောက် ရဲ့နောက်ဆုံးအချိန်ကွာခြားချက်ကဘာလဲဘုရား။ တပည့်တော်မရှင်းပါဘူးဘုရား။ ဖြေရှင်းပြပါဘုရား။ ရိုသေစွာဖြင့် ဘုန်းဘုန်းရဲ့တပည့်မ ခင်သန္တာ၊ ရန်ကုန် ဖြေ။ ။ အဲဒီလိုအကျိုးပေး […]


ဆန်နီနေမင်းDecember 20, 20111min1035
ဦးဇင်းဘုရား။ ဦးဇင်းကို တပည့်တော် တစ်ခုလောက် အကြံပေးချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဦးဇင်းက အများအကျိုးအတွက် စာတွေရေးပေးနေတာဆိုတော့ လူသိများတယ်လေ။ အဲဒီတော့ ကြည်ညိုတဲ့လူလည်း များမယ်ထင်တယ်။ ဦးဇင်းကို ကြည်ညိုနေတဲ့လူတွေက ကိုယ့်ဦးဇင်းကို အပြစ်အသေးစားတောင်မှ မဖြစ်စေချင်လို့ ပိုက်ဆံမကိုင်စေချင်တာဖြစ်မယ်။ အဲဒီတော့ ဦးဇင်းလည်း အပြစ်မရရှိအောင် ဦးဇင်းကြည်ညိုသူတွေလည်း စိတ်ချမ်းသာအောင် ဦးဇင်းနဲ့သိတဲ့ ဒကာ၊ ဒကာမတွေအားလုံးစုပေါင်းပြီး Credit Card လှူခိုင်းလိုက်ပါလား။ ဒါဆို ဦးဇင်း ဘယ်နေရာသွားသွား ပြည်ပမှာတော့ ပိုက်ဆံကိုင်စရာမလိုဘဲ သုံးလို့ရတယ်လေ။ မြန်မာပြည်ပြန်လာရင်တော့ ကဒ်နဲ့သုံးလို့မရရင် ကပ္ပိယကျောင်းသားတစ်ယောက် ခေါ်ထားပေါ့ဘုရား။ ဒါဆို ဦးဇင်းလည်း အပြစ်မဖြစ်တော့ဘူး။ ဦးဇင်းဒကာ ဒကာမတွေလည်း စိတ်ချမ်းသာမယ်လို့ ယူဆရတဲ့အတွက် ဒီအကြံကို ပြုရခြင်းဖြစ်ပါတယ်ဘုရား။ ဒါပေမဲ့ ဦးဇင်းက အလှူခံတဲ့အကျင့်မရှိဘူးဆိုတော့ အလှူမခံတဲ့အတွက် တပည့်တော်ပြောတဲ့အကြံ […]


Dhamma Rakhita အကောင့်ပိုင်ရှင်က facebook မှာ မထားထားမိုး Status တွင် ရေးထားသောအကြောင်းမှာ ရဟန်းသံဃာများကို ပိုက်ဆံလှူတဲ့အခါ တိုက်ရိုက်လှူဒါန်းရင် ရဟန်းသံဃာများမှာရော၊ လှူဒါန်းသူများမှာပါ အကျိုးရသင့်သလောက် မရဘူးဆိုပြီး Comment ပေးထားတာကို လူတွေအနေနဲ့ ဝိနည်းအကြောင်းနားမလည်လို့ ယောင်ဝါးဝါးဖြစ်ပြီး ပိုက်ဆံလှူခြင်းများအတွက် သံယယတွေဖြစ်နေကြတယ်။ အဲဒါ ဖြေရှင်းပေးပါဦးလို့ တောင်းဆိုတာနဲ့ ယခုလို ဖြေရှင်းရေးသားပေးလိုက်ခြင်းပါ။ တကယ်တော့ Dhamma Rakhita ဆိုတာ ရဟန်းလား၊ လူလား၊ ဘာသာခြားလားစတာတွေကို ဦးဇင်းလည်း သူ့ Profile ဖွင့်ကြည့်တဲ့အခါ ဘာမှရေးမထားတာမို့ မသိရပေ။ သူများအကြောင်း၊ ကိုယ့်အကြောင်းကို အမှန်တကယ် ကောင်းမွန်စွာ ဖော်ထုတ်ရေးသား၊ အကြံပြုပေးချင်တဲ့လူဆိုရင် ဘယ်သူမဆို ကိုယ့်အကြောင်းလိပ်စာ၊ နေရပ်၊ မေးလ်လိပ်စာ၊ ဓာတ်ပုံစတဲ့ အချက်အလက်များကို ရဲဝင့်စွာ တင်ပြပေးထားရမှာပါ။ […]


ဆန်နီနေမင်းDecember 16, 20111min27018
မေး။ ။ အရှင်ဘုရား မာရ်နတ်ကြီး အကြောင်းစဉ်းစားစရာတွေများနေလို့ မေးခွင့်ပြုပါအရှင်ဘုရား။ နတ်ပြည်ခြောက်ထပ်ရဲ့ အပေါ်ဆုံးအထပ်က မာရ်နတ်ကြီးဟာ ဘယ်လိုကောင်းမှုတွေကြောင့် နတ်စည်းစိမ်ကို ရရှိခဲ့ပါသလဲ။ ဘယ်လိုကြောင့် အများကောင်းမှုတွေပြုချိန်မှာ ဒေါသတကြီးနဲ့ လိုက်ဖျက်ဆီးတတ်ပါသလဲ။ ဝသဝတ္တီနတ်ပြည်က ကျန်နတ်များကရော ဆိုးယုတ်ကြပါသလား။ မြန်မာများရဲ့အသိမှာ ဆိုးယုတ်သောနတ်တစ်ပါးဖြစ်တဲ့ မာရ်နတ်ကြီးဟာ နတ်ပြည်ခြောက်ထပ်ရဲ့ အပေါ်ဆုံးအထပ်က နတ်အကြီးအမှူးဖြစ်တဲ့အတွက် တာဝတိ`ံသာက သိကြားမင်းထက် တန်ခိုးအရာမှာ သာလွန်လိမ့်မယ်လို့တော့ တွေးမိပါတယ်။ မာရ်နတ်မင်း ဖျက်ဆီးတာတွေကို သိကြားနတ်အပါအဝင် လောကပါလနတ်မင်းကြီးလေးပါးတို့ တားဆီးနိုင်ပါ့မလား အရှင်ဘုရား။ လေးစားစွာဖြင့် –ဒကာရဲညွန့် ဖြေ။ ။ အင်း မာရ်နတ်အကြောင်းကို ပိဋကတ်လမ်းညွှန်ကျမ်း ဒုတိယတွဲ၊ စာမျက်နှာ (၂၅၁)မှာ မာရ်နတ်(အစစ်၊အတု)နှစ်မျိုး တွေ့ရပါတယ်။ (၁) မာရ်နတ်မင်း (အစစ်)မှာ ဝသဝတ္တီလို့ခေါ်ပြီး အဲဒီနတ်ပြည်မှာနေကာ နတ်ပြည်ခြောက်ထပ်ကို အစိုးရပါတယ်။ […]


ဆန်နီနေမင်းDecember 12, 20111min1243
မေး။ ။ အရှင်ဘုရား။ တပည့်တော်နာမည်က စိုုင်းနေဝင်သိန်းပါဘုရား။ အခုမလေးရှားမှာ အလုပ်လုပ်နေပါတယ်။ တပည့်တော်စိတ်ထဲမှာ တစ်နုန့်နုန့်ခံစားနေရလို့ သိချင်တာလေးကို မေးခွင့်ပြုပါဘုရား။ တပည့်တော်ဖူးစာရှင်လေးဆိုဒ်မှ သတင်းတစ်ပုဒ်ကို ဖတ်မိတော့ တော်တော်လေးတုန်လှုပ်သွားပါတယ်ဘုရား။ တရုတ်ပြည်မှာ ကလေးငယ်တွေကို လူသားစွပ်ပြုပ် လုပ်ပြီးသောက်နေကြတာကို ဖတ်မိလို့ပါဘုရား။ တော်တော်လေးလည်း သံဝေဂရပါတယ်ဘုရား။ အဲဒီအကြောင်းနဲ့ပက်သက်လို့ ဘုရားရှင်ဟောကြားခဲ့တဲ့ ဇာတ်တူသားမစားရဘူးဆိုတာကိုတော့ သိရပါတယ်ဘုရား။ ဘုရားရှင်ဟောကြားခဲ့တဲ့ ဇာတ်တူသားစားရင် ခံရမဲ့အပြစ်တွေကို တပည့်တော်တွင်သာမက စာဖတ်ပရိတ်သတ်များသိရှိအောင် ဖြေကြားပေးပါလို့ တောင်းပန်လျှောက်ထားအပ်ပါတယ်ဘုရား။ အရှုင်ဘုရားကျန်းကျန်းမာမာနဲ့ သာသနာ့အကျိုးကို ထမ်းရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဘုရား။ စိုင်းနေဝင်းသိန်း ခေတ္တ မလေးရှား ဖြေ။ ။ အင်း ဒကာက သိချင်လို့မေးတော့လည်း ဖြေပေးရမှာပေါ့လေ။ မြတ်စွာဘုရားခင်ဗျလည်း (၄၅)နှစ်လေး အသက်ရှင်ရတဲ့ အချိန်ကာလလေးရှိတာမို့ စကြာဝဠာအနန္တမှာရှိတဲ့ စရိုက်စုံသတ္တဝါတွေအတွက် ဒါတွေတော့ မလုပ်နဲ့၊ ဒါတွေမစားနဲ့ဆိုပြီး […]


မေး။ ။ ဦးဇင်းဘုရား တပည့်တော် အမည်ကသိန်းဇော်ပါ။ ဦးဇင်းဆိုဒ်ကိုဝင်ပြီး ဖတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဘယ်နေရာကနေပြီး မေးခွန်းများ မေးမြန်းရမည်ကို မသိပါသဖြင့် ဂျီမေးမှ ပေးပို့၍ မေးလိုက်ရပါသည်။ တပည့်တော်အနေဖြင့် ကံသုံးပါးထဲတွင် မနောကံသည် အပြစ်အကြီးဆုံးဟု မြတ်စွာဘုရားမှ ဟောကြားထားသည်ကို မရှင်းလင်းပါသဖြင့် ဂရုဏာရှေ့ထား၍ ဖြေကြားပေးစေလိုပါသည်ဘုရား။ တပည့်တော်၏ သာမာန်အမြင်မှာ ကာယကံသည် မနောကံထက် အပြစ်ကြီးသည်ဟု မြင်မိလို့ပါဘုရား။ စိတ်ဖြင့် ပြစ်မှားခြင်းသည် ကိုယ်ထိလက်ရောက် (ကာယကံမြောက်) ပြစ်မှားသည်လောက် အပြစ်မကြီးဟု ယူဆမိသောကြောင့်ပါဘုရား။ တပည့်တော် မေးမြန်းလိုသည်မှာ ကြာမြင့်လှပါပြီဘုရား။ သိန်းဇော်၊ ပဲရစ်၊ ပြင်သစ်နိုင်ငံ။ ဖြေ။ ။ အင်း ဒကာမေးထားတာကို နှစ်မျိုးခွဲပြောရမှ ရှင်းမှာမို့ (၂)မျိုးခွဲ ဖြေပေးပါမယ်။ စောင့်ထိန်းခြင်းလို့ခေါ်တဲ့ ဝါရိတ္တသီလဆိုင်ရာတွင် ရဟန်းသံဃာများအတွက် ဝိနည်းသီလမှာ […]


သူငယ်ချင်းတွေအတွက် အလုပ်များနေတာနဲ့ (၃)ရက်ကျော် အချိန်ကုန်သွားလို့ ကိုယ့်အတွက်လည်း စာမရေးဖြစ်၊ အများအတွက်လည်း ဆောင်းပါးရော၊ အမေးအဖြေရော မရေးဖြစ်သေးပါ။ ဒါနဲ့ သူငယ်ချင်းတစ်ပါးက ဟာသတစ်ခုပြောတာကို ဦးဇင်းအကြံရတာနဲ့ ဦးဇင်းစာဖတ်ပရိတ်သတ်များအတွက် ပညာပေးချင်လို့ ဟာသရော ဦးဇင်းအကြံလေးပါ ချက်ခြင်းရေးသားတင်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းပြောတဲ့ ဟာသလေးကတော့ ဒီလိုပါ။ ” ကြက်ဥနှင့်ဘဲဥရောင်းတဲ့ အထမ်းသမားတစ်ယောက်ဟယ လမ်းမပေါ်မှာ ကြက်ဥလား? ဘဲဥလား? ဆိုပြီး အော်ဟစ်ရောင်းသွားနေတယ်တဲ့။ အဲဒါကို အဘိုကြီးတစ်ယောက်ကကြားပြီး အထမ်းသမားကို ” မင့်ကြက်ဥတွေ၊ ဘဲဥတွေရောင်းပြီး ကြက်ဥနှင့်ဘဲဥတောင် မခွဲခြားတတ်ဘူးလားလို့ အပြစ်တင်ကာ ငါပြောပြမယ် သေချာမှတ်ထားလို့ပြောပြီး ရှေးကအထမ်းထဲမှာပါတဲ့ အဝါရောင်သမ်းနေတဲ့ဟာက ကြက်ဥ၊ နောက်အထမ်းမှာပါတဲ့ အဖြူရောင်နဲ့ကဟာက ဘဲဥဆိုပြီး ခွဲခြားပြလိုက်ပါသတဲ့”။ ဒီနေရာမှာ ဦးဇင်းလည်း စဉ်းစားမိသွားပါတယ်။ ဘာကို စဉ်းစားမိသလဲဆိုတော့ မိမိတို့ လူသားများဟာ […]


အချောင်မလိုချင်ကြပါနဲ့ လူသားအားလုံးဟာ လောကကြီးထဲမှာ ကျင်လည်နေရသမျှကာလပတ်လုံး သူ့နေရာနဲ့သူ ရောက်ရာဘုံဌာန၊ သတ္တဝါအမျိုးအစားအလိုက် တာဝန်ကိုယ်စီ အလုပ်လုပ်ကြရဦးမှာပါ။ မိမိတို့ဟာ လူရယ်လို့ဖြစ်လာရင်တော့ အသက်အရွယ်အလိုက် တာဝန်ယူဆောင်ရွက်ရမဲ့ အလုပ်ကိစ္စများ ကိုယ်စီကိုယ်စီ ရှိလာကြပါတယ်။ အဲဒီလို လူဖြစ်လာလို့ လူ့တာဝန်ကို မဆောင်ရွက်ဘဲ အလကားနေ၊ အလကားစား၊ ပေါ့ပေါ့နေပေါ့ပေါ့စား လုပ်နေမယ်ဆိုရင် အဲဒီလူဟာ အလိုအလျောက် အချောင်သမားဘဝကို ရောက်သွားပါတယ်။ အဲဒါကြောင့် ရရှိလာတဲ့ လူ့ဘဝလေးမှာ မိမိမျက်မှောက်တာဝန်များကို ကျေပွန်အောင် သိက္ခာတရားနဲ့အတူ ကိုယ်ကျင့်တရားကောင်းအောင် နေရမှာဖြစ်သလို အနာဂတ်ဘဝကောင်းစားရေးအတွက်လည်း ကောင်းမှုတွေနဲ့ ရှင်သန်ပေးနေရမှာပါ။ တချို့က မိမိကောင်းစားရင် ပြီးရောဆိုပြီးတော့ တရားတာ၊ မတရားတာကို ဂရုမစိုက်၊ ဘာမှအလေးမထားဘဲ ရရာနည်းနဲ့ ဖြတ်လမ်းနည်းများအသုံးချကာ ဥပဒေဘောင်ပြင်ပက အလုပ်များဖြင့် မိမိဘဝကို ရှင်သန်ကြတဲ့လူတွေဟာ တော်တော်လေးကို ဘဝနာတဲ့လူတွေလို့ ဆိုရမှာပါ။ […]


မေး။ ။ တစ်ခုထပ်မံလျှောက်ထားလိုသည်မှာ “ဘုံစဉ်စံ”ဟူသော စကားလုံး ဖြစ်ပါတယ်။ ထိုစကားလုံးဟာ သောတာပန်တည်ပြီးသူတို့ကို ဆိုလိုသောစကားလုံးသာဖြစ်ပါသလားဘုရား။ ထိုသို့ဖြစ်သည်ရှိသော် လူသောတာပန်အရိယာသေပြီးလျှင် အထက်ဘုံတို့ကိုသာ ဘုံစဉ်စံ တက်သွားမည်ဖြစ်၍ လူ့ဘုံ၌ တဖန်ပြန်၍ ပဋိသန္ဓေ မဖြစ်ရတော့ဟူ၍ မှတ်ယူရမည်လော။ ရှင်းလင်းပြသပေးတော်မူပါအရှင်ဘုရား။ သန်းထိုက်ထွန်း၊ စင်္ကာပူ ဖြေ။ ။ သောတာပန်အမျိုးအစားတွေက အများကြီးရှိပါတယ်။ ဥပမာ-လူ့ဘဝမှာပဲ (၇)ကြိမ်လုံးဖြစ်ပြီး နောက်ဆုံးဘဝမှာမှ ရဟန္တာဖြစ်မဲ့သူ၊ နတ်ပြည်မှာပဲနေပြီး ရဟန္တာဖြစ်မဲ့သူ၊ လူပြည်လာပြီး နတ်ပြည်မှာ ရဟန္တာဖြစ်မဲ့သူ။ နတ်ပြည်ကနေ သကဒါဂါမ်ဖြစ်ပြီး သုဒ္ဓဝါသဗြဟ္မာပြည်မှာ ရဟန္တာဖြစ်မဲ့သူစတာတွေ အမျိုးမျိုးရှိကြပါတယ်။ ဘာဖြစ်လို့ ဒီလိုကွဲပြားရသလဲဆိုတော့ သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာ (၇)ဘဝတိတိ ကြိုက်တဲ့ဘုံတွေမှာ ကြိုက်သလိုသွားလာနိုင်ခွင့်ရှိလို့ မိမိနှစ်သက်တဲ့ဘဝတွင် အဆင့်တတ်ပြီး ရဟန္တာဖြစ်နိုင်ပါတယ်။ သောတာပန်ဖြစ်ပြီးတဲ့ဘဝကနေ နောက်ထပ်(၇)ဘဝထိပဲ သံသရာထဲမှာ ကျင်လည်ရမှာပါ။ ဒါဟာလည်း မိမိတို့ […]


ဆန်နီနေမင်းNovember 22, 20111min1529
မေး။ ။ လူ-သောတာပန်အရိယာ သေပြီးနောက် လူ့ဘုံ၌ တဖန်ပြန်၍ ပဋိသန္ဓေဖြစ်ရိုး ထုံးစံရှိပါသလားဘုရား။ “အရိယာသောတာပန်တည်ပြီးလျှင်(သောတာပန်ကိစ္စ၌အလုံးစုံပြီးမြောက်ပြီး ဖြစ်၍၊ ဈာန်ကိစ္စတို့လို “လျှောလို့” တဖန်ပြန်လည်ဖြစ်တည်အောင် လုပ်ရရိုး ထုံးစံလုံးဝမရှိ၊) ပုထုဇဉ် အဖြစ်သို့ ပြန်ရောက်ရိုး ထုံးစံလုံးဝမရှိ၊ အပါယ်လေးဘုံသို့ ရောက်ရိုးထုံးစံလုံးဝမရှိ၊ (၈)ခုမြောက်ဘဝ ရောက်ရိုးထုံးစံလုံးဝမရှိ၊ အလွန်ဆုံး (၇)ဘဝ သုဂတိ၌ကျင်လည်၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရသည်။ ” ထိုသို့ သံဃာတော်များ ဟောကြားသည်ကို ကြားနာခဲ့ဖူးပါသည်။ ထိုသို့ဆိုလျှင် တပည့်တော် တွေးမိသည်မှာ လူအရိယာသောတာပန် သေပြီးနောက် လူ့ပြည်၌ လူ့ပဋိသန္ဓေ နေရသည်ရှိသော် လူသောတာပန်ကလေးပဲ မွေးရမည်။ (ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ရာ မဝံ့ရဲ၍ အရှင်ဘုရားကို တိုင်ပင်ရပါသည်ဘုရား။) သို့မဟုတ်၊ ထိုသို့မဟုတ်ဘဲ လူအရိယာသောတာပန် သေပြီးနောက် လူ့ဘုံ၌ တဖန်ပြန်၍ ပဋိသန္ဓေ […]


ကမ္ဘာပေါ်တွင် လူသားချင်းအတူတူဖြစ်လာကြသော်လည်း လူမျိုးချင်းမတူကြခြင်းကြောင့် တိုင်းနိုင်ငံများ ကွဲပြားခြားနားခဲ့ရပါတယ်။ အဲဒီလို မိမိတို့လူမျိုးတိုင်းပြည်ဆိုပြီး အသီးသီး ကွဲပြားသွားသလို နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစတဲ့အချက်များလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီကြပေ။ မိမိတို့လူမျိုးနိုင်ငံ ကောင်းစားရေးများကို နိုင်ငံအုပ်ချုပ်သူများနှင့် တိုင်းသူပြည်သား များဟာ အားသွန်းကြိုးပမ်းဆောင်ရွက်လေ့ရှိကြပါတယ်။ သို့သော် တချို့နိုင်ငံများတွင် စည်းစနစ် မမှန်ကန်မှုကြောင့် တိုးတတ်သင့်သလောက် မတိုးတတ်ဘဲဖြစ်နေပါတယ်။ ဒါကြောင့် တိုင်းပြည် တစ်ခုတိုးတတ်ဖို့ရန် သတ်မှတ်ကျင့်သုံးရမဲ့ နည်းစနစ်များကို ရှာဖွေတင်ပြပေးလိုက်ပါတယ်။ တိုင်းပြည်တစ်ခု လှပတိုးတတ်ဖို့ရန်အတွက် ဘယ်လိုနည်းစနစ်များ သတ်မှတ်ကျင့်သုံး ရမလဲ။ အုပ်ချုပ်သူများရဲ့ အဓိကလိုအပ်ချက်ဟာ ဘာလဲ။ အုပ်ချုပ်သူများနှင့်ပြည်သူများဟာ ဘယ်လိုပြုမှုနေထိုင်ရင် တိုင်းပြည်တိုးတတ်အောင်မြင်မလဲစတဲ့အချက်များကို စဉ်းစားကြည့်တဲ့ အခါ မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်အခါက အဖက်ဖက်မှ တိုးတတ်အောင်မြင်ခဲ့တဲ့ ဝေသာလီပြည်အကြောင်းကို သတိရလိုက်ပါတယ်။ ရှေးယခင်က ဝေသာလီပြည်မင်းများ တိုးတတ် အောင်မြင်ရန်အတွက် ကျင့်သုံးခဲ့တဲ့ […]