ဦးဇင်းလည်း Master of Philosophy (M.phil) ဘွဲ့ ကျမ်းတင်ဖို့ ခေါင်းစဉ်ရဖို့ရန်အတွက် အရင်တစ်ပတ်က ဆွေးနွေးခဲ့တာ အဆင်မပြေတာနဲ့ ဒီတစ်ပတ်တနင်္လာနေ့တွင် တစ်ခေါက်ပြန်လည်သွားရောက်ပြီး ပါမောက္ခနဲ့ သွားတွေ့လိုက်ပါတယ်။ အရင်တစ်ပတ်က ပါမောက္ခပြောတဲ့စကားတွေကို ပြန်လည်ဆန်းစစ်ကြည့်တဲ့အခါ မြန်မာပြည်နှင့်သီရိလင်္ကာရဲ့ ဘာသာရေးအကြောင်း ကွာခြားမှုဓလေ့ထုံးစံတွေကို အတော်လေးသိချင် စိတ်ဝင်စားပုံရှိနေတယ်ဆိုတာ စဉ်းစားမိတာနဲ့ မထူးပါဘူးလေ သူများမရေးသေးတော့လည်း ကိုယ်ပဲ ရေးလိုက်တာပေါ့ဆိုပြီး 1. A comparative study of the Buddhist ordinations between Sri Llyanka and Myanmar. 2. Significance of Buddhist festivals in Theravada Buddhism: An analysitical study with a special […]


လောကဇာတ်ခုံပေါ်မှာ အဖုံဖုံလှည့်ကြ၊ ကကြရတဲ့ သတ္တဝါတွေရဲ့ ဘဝရပ်တည်မှုတွေဟာ ပုံစံအမျိုးမျိုးနဲ့ပါ။ လူ့ဘဝကိုရလာတဲ့လူသားများကျတော့ လူရဲ့တာဝန်များကို ပြလုပ်ရမှာဖြစ်သလို အသက်ဆက်လက်ရှင်သန်ရန်အတွက်လည်း ဝမ်းစာဖြည့်ဖို့ ရှာဖွေစားသောက်ပေးရမဲ့ တာဝန်က လည်း ရှိလာပါတယ်။ အဓိကမိန်းဖြစ်တဲ့ လက်တစ်ဝါးစာလောက် ဝမ်းလေးတစ်လုံးအတွက် အလုပ်လုပ်နေလိုက်ကြရတာ မိုးလင်းမှ မိုးချုပ်တဲ့အထိ။ တော်သေးတာပေါ့။ လူတစ်ယောက်မှာ ဝမ်းဗိုက်တစ်ခုပဲ ပါလို့သာ။ ဒီဝမ်းဗိုက်လေး တစ်ခုအတွက်ကိုပင် လူတွေဒီလောက်မနေမနား လုပ်နေရတယ်ဆိုရင် ဝမ်းဗိုက်သုံးလေးခုများပါရင် မလွယ်လှပါလား။ တချို့ကျတော့လည်း ကိုယ့်ဝမ်းဗိုက်အတွက်ထက် သူများဝမ်းဗိုက်အတွက်ပြည့်အောင်၊ သူများလှပစွာဝတ်စားဆင်ယင်နိုင်အောင်ဆိုပြီး ရရာအလုပ်ကို လုပ်ကိုင်ရှာဖွေပေးနေရတယ်။ ဘယ်လိုနည်းနဲ့ပဲရှာဖွေနေပါစေ မိမိရှာဖွေတဲ့အလုပ်ဟာ ရိုသားဖို့၊ သမ္မာအာဇီဝကျဖို့တော့ လိုပါတယ်။ ရိုးသားစွာ ရှာဖွေစားသောက်ရတဲ့အတွက် ဆင်းရဲချင်ဆင်းရဲမယ်။ နိမ့်ကျချင် နိမ့်ကျပါလိမ့်မယ်။ ဒါပေမဲ့ “ရိုးသားမှုဂုဏ် စားမကုန်”ဆိုတဲ့ စကားပုံအတိုင်း ရိုးသားစွာနဲ့ အသက်မွေးဝမ်းကြောင်းပြုရင် ရေရှည်တစ်သက်လုံး စားလို့မကုန်နိုင်ပါဘူး။ […]


အင်း မနေ့ညက ကိုယ့်အတွက် အွန်လိုင်းမှာစာရှာရင်းနဲ့ ဒီနေ့နေ့လည်အထိ ခေါင်းစဉ်စဉ်းစားနေရတယ်။ ပါမောက္ခချုပ်က သူတို့နိုင်ငံနဲ့ မြန်မာပြည်အကြောင်း ကွာခြားချက်တွေ သိချင်နေတာကို မနေ့က ခဏခဏပြောတာ ပြန်မှတ်မိတာနဲ့ မထူးပါဘူးလေ။ သီရိလင်္ကာဘာသာရေးပွဲတော်များနှင့်မြန်မာပြည်ဘာသာရေးပွဲတော်များကို ဗုဒ္ဓအလိုကျ ခွဲခြမ်းစိတ်ဖြာခြင်းဆိုတဲ့ ကျမ်းကို ရေးမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ခေါင်းစဉ်ရမရကို လာမဲ့တနင်္လာနေ့မှ ဆရာကို ပြန်မေးရမှာပါ။ လောလောဆယ်တော့ သီရိလင်္ကာအကြောင်းကို အွန်လိုင်းပေါ်မှာ လိုက်လံရှာနေရင်းနဲ့ ကိုယ့်အကျိုးလည်းပြီးအောင် သူများအကျိုးလည်း လုပ်ပေးလိုက်ပါဦးမယ်ဆိုပြီး မေးထားတဲ့မေးခွန်းတွေထဲက အမျှဝေခြင်းအကြောင်းကို ကိုယ်သိသလောက် အမြန်ရေးပေးလိုက်ပါတယ်။   မေး။ ။ ဆရာတော်ဘုရား တပည့်တော်အခု တရားစာအုပ်တွေဖတ်ပြီး လက်တွေ့လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားနေပါတယ်ဘုရား။ အဲဒီမှာ အခက်အခဲရှိတာတစ်ခုက အမျှဝေခြင်းပါပဲဘုရား။ လမ်းသွားရင်း အမျှဝေချင်တယ်။ ကိုယ်ပြုခဲ့တဲ့ကုသိုလ်တွေကို အဲပတ်ဝန်းကျင်မှာရှိတဲ့ လမ်းစောင့်နတ်၊ မြို့စောင့်နတ်အစရှိသဖြင့် အမျှဝေချင်လို့ပါဘုရား။ […]


ဦးဇင်း ကျမ်းတင်ဖို့ ခေါင်းစဉ်ကို တက္ကသိုလ်က Professor ပါမောက္ခချုပ်နဲ့ သုံးရက်တိုင်တိုင် သွားဆွေးနွေးရတယ်။ ဦးဇင်းက ကိုယ်ရေးချင်တဲ့အကြောင်းလေးကို ဒီလိုလေး ပြောပြလိုက်ပါတယ်။ Dear Sir, I want to research for Master of Philosophy degree these two topics. Can you choose them one of for me please? These are my research titles. 1.    A study of Buddhist social characteristics of five precepts 2.    The analyses of the […]


အရှင်ဘုရား မင်္ဂလာပါ။ တပည့်တော်အား မေးခွန်းတစ်ခုမေးမြန်းလျှောက်ထားခွင့်ပြုပါဘုရား။ ဘဲဥကြက်ဥကြော်ချက်စားသုံးခြင်းသည် ပါဏာတိပါတာကံ မြောက်မမြောက်သိချင်ပါတယ်ဘုရား။ တပည့်တော်တို့အိမ်မှာ အငြင်းပွားနေရလို့ပါ။ သနားဂရုဏာရှေ့ထားပြီး ဖြေကြားပေးပါဘုရား။ မမိုးသိင်္ဂ ီ အင်း။ ဒီဘဲဥ၊ ကြက်ဥစားခြင်းနဲ့ပတ်သတ်ပြီး မေးတဲ့လူတွေလည်း များလှပါပြီ။ ဒါကြောင့် ဒီတစ်ခါတော့ နောက်မသိလို့မေးချင်တဲ့လူတွေ ကြိုတင်သိထားအောင် အချိန်ယူပြီး ဦးဇင်းသိသမျှကို ဖြေပေးလိုက်ပါတယ်။ ပထမဦးဆုံးအနေနဲ့ သူတစ်ပါးအသက်သတ်ရာတွင် အင်္ဂါငါးပါးပြည့်စုံမှ အပြစ်ဖြစ်တာဆိုတော့ အဲဒီငါးပါးကို ပြောပြပါမယ်။ (၁) သက်ရှိသတ္တဝါဖြစ်ခြင်း၊ (၂) သက်ရှိသတ္တဝါဟု သိခြင်း၊ (၃) သတ်လို သေစေလိုတဲ့ စိတ်စေတနာရှိခြင်း၊ (၄) ကိုယ်အမူရာ၊ နှုတ်အမူရာ၊ စိတ်အမူရာပယောဂတစ်ခုခုဖြင့် ပြုလုပ်သတ်ဖြတ်ခြင်း၊ (၅) သတ္တဝါသေသွားခြင်းဆိုတဲ့ အင်္ဂါငါးပါးနဲ့ပြည့်စုံမှ ပါဏာတိပါတကံ ထိုက်ပါတယ်။ ဒါပြင် သူတစ်ပါးသတ်သည်ကို သဘောတူနှစ်သက်ကြည်နူးခြင်း၊ အားပေးခြင်း၊ သူတစ်ပါးအားစေခိုင်းခြင်း၊ […]


ဒီလို ဒီလို အတွေးတွေ တွေးကြည့်လိုက်တော့လဲ ဘာမှမဟုတ်ပါလား။ လောကကြီးထဲမှာ တကယ်ရှိတဲ့အရာနဲ့မရှိတာအရာ၊ ဘယ်ဟာကို ငါက မက်မောနေတာလဲ။ ဘာကိုရယူဖို့ လုပ်နေတာလဲ။ တကယ်တော့လဲ ဒါတွေဟာ အဆန်းမဟုတ်တော့ပါဘူး။ သဘာဝတရားကြီးက သူ့အလိုလိုဖြစ်နေတာကို ကိုယ်က မသိဘဲနဲ့ အဲဒီသဘာဝလောကကြီးကပေးတဲ့ဒဏ်တွေကိုပဲ အကောင်းမှတ်နေပြီး လိုက်လုပ်နေကြတာ။ အဲဒီလို အမှန်တရားကိုမသိလို့ အမှားတွေကို အမှန်ထင် မက်မောပြီး ဒုက္ခပင်လယ်ထဲမှာ နစ်မြောပျော်ရွှင်ခဲ့တဲ့ဘဝတွေကလည်း မနည်းဘူးလေ။ ဒါကြောင့် ယခုဘဝမှာတော့ အမှားနဲ့အမှန်ကို သိမြင်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်လေး ထားဖို့လိုနေပါပြီ။ အမှန်တရားကို သိမြင်တဲ့အတွေးများနဲ့ တွေးမိမယ်ဆိုရင် လောကကြီးထဲမှာ ဖြစ်ပျက်တတ်တဲ့သဘောတရားနဲ့ အာရုံသိတတ်တဲ့ သဘောတရားလေးပဲ ရှိပါလားလို့ သိလာပါလိမ့်မယ်။ အဲဒါကို မသိတဲ့အခါကျတော့ အားလုံးကို ငါပိုင်တယ်၊ ငါဆိုင်တယ်၊ ငါမှဖြစ်မယ်စတဲ့ ငါစွဲကြီးတွေနဲ့ အမှန်တကယ်တည်ရှိတဲ့အရာတွေထင်ပြီး အဲဒီဟာတွေကိုရဖို့အတွက်နဲ့ပဲ တန်ဖိုးရှိတဲ့ဘဝကြီးကို […]


လူတိုင်းကိုယ်စီမှာ အနည်းနဲ့အများတော့ အတွေးကိုယ်စီ တွေးမိကြမယ်ထင်ပါတယ်။ အဲဒီလို တွေးကြတဲ့အခါ မိမိတွေးတဲ့အတွေးဟာ အကျိုးရှိမဲ့အတွေးပဲဖြစ်ပြီး စိတ်ကူးယဉ်တဲ့ အတွေးမျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကူးယဉ်တယ်ဆိုတာ အကျိုးမရှိတာကို စိတ်ကူးယဉ်တာဖြစ်သလို မဖြစ်နိုင်တဲ့အရာကို စိတ်ကူးယဉ်မိရင်လည်း မိမိဖြစ်ချင်တာ မဖြစ်လာတဲ့အခါ စိတ်ထိခိုက်မှု၊ စိတ်ဒဏ်များရပြီး ဘဝဟာ ဗရုတ်သုတ်ခဖြစ်သွားတတ်လို့ပါ။ အသက်နှစ်ဆယ်ကျော်လာတဲ့လူဆိုရင် စိတ်ကူးယဉ်ရမဲ့အရွယ်ထက် တည်ငြိမ်နေတဲ့အရွယ်ဆို ပိုမှန်ပါလိမ့်မယ်။ ဒါပေမဲ့ ဆယ်ကျော်သက်ကတည်းက အသိဉာဏ်မြင့်မားနေပြီမို့ အဲဒီအရွယ်ကနေစပြီး မိမိဘဝရဲ့ ရှင်သန်မှု၊ ရှေ့ဆက်လျှောက်ရမဲ့ အခြေအနေအရာအားလုံးကို ဆင်ခြင်ဆုံးဖြတ် လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် ပိုသင့်တော်ပါလိမ့်မယ်။ ခုခေတ်ဆယ်ကျော်သက်များဟာ အရာရာကို ဆင်ခြင်နိုင်တဲ့ စွမ်းအားတွေတော့ ရှိနေကြပါပြီ။ မိမိတို့စိတ်ကူးယဉ်မှားမှု၊ ဆုံးဖြတ်ချက် မှားမှုတွေပဲ ဖြစ်နေကြတာပါ။ လူဆိုတာ ရည်ရွယ်ချက်မရှိဘူး၊ ပစ်မှတ်ပန်းတိုင် မရှိဘူးဆိုရင် လျှောက်ချင်ရာလျှောက်နေပါက လမ်းပေါင်းစုံရောက်မှာဖြစ်လို့ ဘဝဟာလည်း ဟိုရောက်ဒီရောက်ဖြစ်နေပြီး […]


အရှင်ဘုရား ကျန်းမာပါရဲ့လားဘုရား။ တပည့်တော်အား မရှင်းလင်းတဲ့မေးခွန်းများ၊ ပြဿနာများအား မေးလျှောက်ခွင့်ပြုပါဘုရား။ သိုက်နှင့်ပတ်သတ်ပြီး တပည့်တော် သိချင်ပါတယ်ဘုရား။ များသောအားဖြင့်လူတွေက သိုက်မှာနေတယ်တို့၊ သိုက်ကလာတယ်တို့၊ သိုက်ကစောင့်ရှောက်တယ်လို့ ယုံကြည်နေကြတာတွေရှိပါတယ်ဘုရား။ တကယ်တော့ သိုက်ဆိုတာ အစွဲတွေကြောင့် မကျွတ်မလွတ်ဘဲဖြစ်နေတဲ့ ဝေမာနိကပြိတ္တတွေပဲလို့ တပည့်တော် နားလည်ထားပါတယ်ဘုရား။ အဲဒါကို လူတွေဘာကြောင့် ပူဇော်ပသကိုးကွယ် နေကြတာလဲဘုရား။ (တပည့်တော်နဲ့ညီမလေးတစ်ယောက်လိုခင်တဲ့ သူငယ်ချင်းတစ်ယောက်ကဆိုရင်) သူ့အမလိုခင်တဲ့သူတစ်ယောက်က သိုက်ကလာတယ်၊ သူမွေးတော့လည်း စီးပွားတွေတတ်လာတယ်။ အစစအရာရာအဆင်ပြေလာတယ်လို့ပြောပါတယ်ဘုရား။ နောက်ပြီး သူသေသွားတော့ သိုက်မှာပြန်သွားဖြစ်တယ်။ သူ့ကိုလည်း စောင့်ရှောက်တယ်လို့ပြောပါတယ်ဘုရား။ သူ့မွေးနေ့ရောက်ရင် အမွှေးနံတွေပေးလေ့ရှိတယ်၊ အိပ်မက်ပေးလေ့ရှိတယ်လို့ပြောပါတယ်ဘုရား။ အဲဒီအတွက် တပည့်တော်တို့ နားလည်သိရှိအောင် ရှင်းပြပေးပါဘုရား။ နေမင်းဝေ၊ ဂျပန်၊ အပြုံးပန်းဈေးခင်းဆိုဒ် သိုက်နဲ့ပတ်သတ်ပြီး ဦးဇင်းသိသလောက် ပြောပြပေးရမယ်ဆိုရင် သိုက်ကလာတယ်ဆိုတဲ့လူတွေဟာ ဝေမာနိကပြိတ္တာဘဝကနေ လာတဲ့လူတွေလို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ […]


စုန်းကဝေနဲ့ပတ်သတ်ပြီး ယုံကြည်ရခက်နေတယ်။ ရှိမရှိကို သိချင်တယ်ဆိုပြီး ဦးဇင်းကို ပို့စ်တင်ပေးပါရန် တောင်းဆိုလာကြတဲ့အတွက် ဦးဇင်းလေ့လာမိသလောက်လေးကို မိမိအချိန်ထဲကနေ အများအတွက် ရေးသားတင်ပြပေးလိုက်တာပါ။ မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ ပါဠိတော်ထဲမှာတော့ ဦးဇင်းမှတ်သားဖူးသလောက်ပြောပြရမယ်ဆိုရင် ဝိနည်းမဟာဝါ (ဝိ-၁-၂၉၉)မှာ ရဟန်းတစ်ပါးဟာ ဃရဒိန္နကာဗာဓ-ခေါ် စုန်းမက ချစ်ခင်လို့ ဆေးပေးတာကို စားမိခဲ့ပါတယ်။ အဲဒီလို စားမိခဲ့လို့ ရဟန်းစုန်းပြုစားခံရတာကို မြတ်စွာဘုရားကသိတော့ သီတာလောဠိ (ထွန်သွားတွင်ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစားခံရတဲ့ ရဟန်းကို သောက်ခိုင်းလိုက်တာ ပျောက်ကင်းခဲ့တယ်လို့ ပါရှိပါတယ်။ အဲဒီတော့ စုန်းဆိုတာ တကယ်ရှိတယ်ဆိုတာကို လက်ခံရဖို့ကတော့ သေချာနေပါပြီ။ စုန်းဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတော့ လူသားဖြစ်ပြီး အရင်ဘဝက ကမ္မသိဒ္ဓိအစွမ်းပါရှိတာကို မကောင်းတဲ့ဘက်မှာ အသုံးချတတ်တဲ့လူမျိုးပါ။ လူတိုင်းမှာတော့ သူ့အစွမ်းနဲ့သူ ပါရှိကြပါတယ်။ တချို့က ဉာဏ်စွမ်းကောင်းပြီး တချို့က ကံအစွမ်းကောင်းသလို တချို့ကျတော့လည်း […]


ရုပ်နာမ်တို့ရဲ့ သဘောသဘာဝကို အမှန်အတိုင်း မသိမြင်သေးတဲ့အခါကျတော့ အကောင်း ကြိုက်တဲ့လူတွေဟာ အကောင်းမဟုတ်တဲ့၊ ဘာမှအနှစ်သာရမရှိတဲ့အရာတွေကို အဟုတ်ထင်ပြီး စွဲလမ်းမှု၊ နှစ်သက်မှုတွေဖြစ်ကာ သတ်ဖြတ်လုယက်အနိုင်ကျင့်မှုစတဲ့ မကောင်းမှုတွေကို လုပ်နေကြတာပါ။ တကယ်ဆို လူဆိုတာ အကောင်းကြိုက်တတ်တဲ့ သတ္တဝါပါ။ ဒါပေမဲ့ အကောင်း ဆိုတာ ဘာလဲလို့သေချာမသိသေးတော့ မကောင်းတာကိုပဲ အကောင်းထင်ပြီး လမ်းမှား ကြိုက်နှစ်သက်မိနေကြတာပါ။ ဒါဟာဘာဖြစ်လို့လဲဆိုတော့ မိမိတို့သန္တာန်မှာ ကိလေသာသောင်း ကျန်းမှုတွေ အမြဲဖြစ်နေပြီး နိဗ္ဗာန်ချမ်းသာရဲ့ အစအနချမ်းသာသဘောလေးကိုမျှ ခံစားဖူးအောင် ဝိပဿနာဉာဏ် မလုပ်ဖူးကြလို့ပါ။ လောကမှာရှိတဲ့ တကယ်အကောင်းဆုံးအရာဟာ ဘာလဲဆိုရင် နိဗ္ဗာန်ချမ်းသာဖြစ်တယ်ဆိုတာကို ဝိပဿနာဉာဏ်ရှိသူတိုင်း သိကြပါတယ်။ အဲဒီလို ရုပ်နာမ်တို့ရဲ့သဘောသဘာဝကို အမှန်အတိုင်းသိမြင်တဲ့ ဝိပဿနာဉာဏ်မရှိကြဘဲ ကိလေသာတွေသာရှိနေကြတဲ့အတွက် အရာအားလုံးဟာ တပ်မက်ချင်စရာတွေ၊ လိုချင်စရာတွေပဲ ထင်ပြီး အဲဒါတွေကိုပဲ မရ၊ ရအောင် လိုက်လုပ်နေကြတာပါ။ […]


ကမ္ဘာမှာပေါ်မှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တဝါအသီးသီးဟာ မိမိတို့ အမှန်တရားကို မသိသေးတဲ့အခါကျတော့ အမှားတွေကိုပဲ အဟုတ်မှတ်နေပြီး အဲဒီအမှားတွေ ပြုလုပ်ကျင်လည် ကျက်စားနေရတာကိုပဲ ကျေနပ်နေကြတယ်။ ဘယ်ဟာက အမှန်အမှားဆိုတာကို ခွဲခြားဝေဖန် နိုင်စွမ်း မရှိသေးရင် မိမိမှန်တယ်ထင်တဲ့အရာကို အထင်ကြီး အဟုတ်မှတ်ကြတာ ဓမ္မတာပါပဲ။ မိမိတို့ကျင်လည်ခဲ့ရတဲ့ ဘဝများစွာကလည်း အမှန်တကယ်တည်ရှိတဲ့အရာများကို ခွဲခြားဝေဖန် သိမြင်နိုင်အောင် မလုပ်နိုင်ခဲ့ကြတော့ ယခုဘဝမှာလည်း မသိမြင်ဘဲ ဖြစ်နေကြတာပါ။ အဲဒါကြောင့် ဒီဘဝမှာတော့ လောကရှိအမှန်တရားကို သိမြင်အောင်လုပ်ပြီး မဟုတ်တဲ့အရာတွေကို အဟုတ် မှတ်ခြင်းမှ ကင်းဝေးအောင်လုပ်ဖို့ လိုနေပါပြီ။ တကယ်တော့ လောကကြီးထဲမှာ အမှန်တကယ်အရှိတရားကိုပြောပါဆိုရင် ဖောက်ပြန် တတ်တဲ့သဘော တရားလေးနဲ့ အာရုံသိတတ်တဲ့သဘောတရားလေးသာ ရှိပါတယ်။ အဲဒီနှစ်မျိုး လုံးဟာ အထည်ကိုယ်ဒြပ် မှုန်းဝါးဝါးလေးတောင် မရှိဘဲနဲ့ သဘောမျှလေးရှိရုံသာ ရှိတာပါ။ ဥပမာ-ပင်လယ်ထဲမှာ […]


လူ့လောကတွင် ”အလိုလိုက်တယ်”ဆိုတဲ့ စကားလုံးကို သူသူငါငါ ပြောဆိုနေကြပါတယ်။ အဲဒီလိုပြောဆိုနေကြပေမဲ့ အလိုလိုက်တာနဲ့ အလိုက်သိတာ ဘယ်ဟာကို ကျင့်သုံးသင့်သလဲ ဆိုတာကိုတော့ သေချာမသိကြတာက များပါတယ်။ ”အလိုလိုက်တယ်”ဆိုတဲ့ စကားလုံးဟာ ”အလိုက်သိတယ်”စကားလုံးနဲ့ စာသားချင်းဆင်ပေမဲ့ အဓိပ္ပါယ်ချင်း မတူညီပါ။ အလိုလိုက်တယ် ဆိုတဲ့စကားကို မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား စသူတို့ကြားတွင် သုံးနှုန်း နေကြပါတယ်။ ဒါပေမဲ့ အလိုလိုက်ရမလား၊ အလိုက်သိရမလား။ ဘယ်ဟာကို လိုက်နာကျင့်သုံး ရမလဲဆိုတာကိုတော့ မသိကြပေ။ အလိုလိုက်တယ်ဆိုတာ သားသမီး၊ တပည့်များရဲ့ အလိုကိုလိုက်ပြီး သူတို့လုပ်ချင်တာကို ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီလို သူတို့လုပ်ချင်တာကို ခွင့်ပြုပေးလိုက်ရင် သားသမီး၊ တပည့်များဟာ မကောင်းတဲ့ဘက်သို့ အလိုက်မှားသွားတတ်ပါတယ်။ အဲဒီတော့ မိမိက သူတို့အလိုမလိုက်ဘဲ သူတို့လိုအပ်တာလုပ်ပေးခြင်း၊ သူတို့လိုအပ်တဲ့ အသုံးအဆောင်များကို မိမိကလေ့လာစဉ်းစားပြီး […]


သီလရှင်စတင်ဖြစ်ပေါ်လာပုံ၊ သီလရှင်ထံမှ သီလယူလို့ရမရ၊ သီလရှင်အား မိဘများ၊ ယောက်ျားလေးများက ရှိခိုးသင့်လားစတဲ့ မေးခွန်းများကို ဦးဇင်းဆီ မကြာခဏ မေးခွန်းတွေ ရောက်လာပါတယ်။ ဒါကြောင့် သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ဝန်းကျင်လောက်မှာ သီလရှင်စတင်ဖြစ်ပေါ်လာတယ်လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။ ဘိက္ခုနီသာသနာဟာ သီဟိုဠ်ကျွန်းတွင် အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံးတည်ရှိခဲ့ပြီး ကွယ်ပျောက်သွားခဲ့တယ်လို့ ဘိက္ခုနီသာသနာအကြောင်းရေးသားထားတဲ့ တရုတ်ရဟန်းတော် ဖာဟီယန်မှတ်တမ်းက ဆိုပါတယ်။ အဲဒီလို ဘိက္ခုနီသာသနာကွယ်ပြီးနောက်ပိုင်း သာသနာနှစ် (၉၀၀)ကနေ (၁၄၀၀)အတွင်း (အေဒီသုံးရာစုကနေ အေဒီကိုးရာစု) ပျုခေတ်မှာ ပျုအမျိုးသမီးများ သီလရှင်ဝတ်လာကြပါတယ်။ အဲဒီတုန်းက သီလရှင်ကိုတော့ ပရိဗိုဇ်မယ်လို့ ခေါ်ပါတယ်။ အဲဒီကနေ […]