ဆန်နီနေမင်းSeptember 23, 20111min1168
လောကမှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တဝါမှန်သမျှဟာ သတိလက်လွတ်မှုကြောင့် မမှားသင့်တဲ့ အမှားလေးတွေ မှားနေကြပါတယ်။ တချို့အမှားလေးတွေကျတော့ မိမိဘက်က မှန်တယ်ထင်ရပေမဲ့ အများအမြင်မှာတော့ မှားတဲ့အရာဖြစ်နေပါတယ်။ ယနေ့ခေတ်တွင် လူငယ်များဟာ ကာမကိစ္စများနဲ့ပတ်သတ်ပြီး မှားသင့်တဲ့အရာလား၊ မမှားသင့်တဲ့အရာလားဆိုတာ ခွဲခြားဝေဖန်ခြင်း လေ့လာခြင်းမရှိဘဲ စိတ်ကိုအလိုလိုက်ကာ အလွယ်တကူ မှားယွင်းနေကြပါတယ်။ တကယ်ဆို ကာမအမှုဟာ မိမိအတွက် အပြစ်နဲ့အကျိုး ဘယ်ဟာက ပိုများသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ ဒါပြင် ယခုခေတ်လူငယ်များ ကျုးလွန်နေကြတဲ့ ကာမမှုများဟာ များသောအားဖြင့် ကာမေသုမိစ္ဆာစာရကံနဲ့ မကင်းဘူးဖြစ်နေပါတယ်။ မိမိတို့ဟာ ဘယ်လိုမိန်းမယောက်ျားနဲ့ ကျုးလွန်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်မလဲဆိုတာ သေချာမသိကြပါ။ တချို့ကျတော့လည်း သိသိကြီးနဲ့ မိုက်နေကြတာလည်း ဖြစ်ပါမယ်။ အဲဒီလိုမိုက်နေတာဟာ ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများကို မိမိတို့က သေချာမစဉ်းစား မလေ့လာထားလို့ပါ။ တကယ်တမ်း လေ့လာဆင်ခြင် စဉ်းစားမယ်ဆိုရင် […]


ဆန်နီနေမင်းSeptember 17, 20111min720
လူ့လောကကို ရောက်လာတဲ့ လူများစုဟာ လူ့ပြည်ကို ပျော်စရာလို့ထင်နေကြကာ အပျော်ဘက်ကိုပဲ ဦးစားပေးနေကြတာ များပါတယ်။ တကယ်တော့ လူပြည်ဟာ ပျော်စရာနဲ့ အချိန်ကုန်ရမဲ့ နေရာဌါန မဟုတ်ပါဘူး။ ကောင်းမှုကုသိုလ်လုပ်ဖို့ အကောင်းဆုံးနေရာဖြစ်တာကြောင့် ကောင်းမှုလုပ်ကာ အချိန်ကုန်ရမဲ့နေရာပါ။ တကယ်လို့ မိမိတို့က ရရှိလာတဲ့ လူ့ဘဝလေးမှာ ကောင်းမှုမလုပ်ဘဲ အပျော်ဘက်ပဲ ဦးစားပေးနေမယ်ဆိုပါက သံသရာဆင်းရဲ ဒုက္ခကြီးထဲကနေမလွတ်ဘဲ အန္တရာယ်စက်ကွင်းထဲ ရောက်ပြီး ရင်းရောက်နေပါလိမ့်မယ်။ အပျော်ဘက်ကို ဦးစားပေးတဲ့လူများစုဟာ သံသရာဒုက္ခကနေ လွတ်မဲ့အရာများကို ပြုလုပ်ဖို့ရန် မေ့နေကြတာ များပါတယ်။ အရင်အရင်ဘဝတွေကလည်း အပျော်နဲ့ပဲ အချိန်ကုန်ခဲ့လို့ သံသရာဆင်းရဲကနေမလွတ်ခဲ့တာကို နောင်တမရသေးဘဲ ခုလူ့ဘဝရချိန်လေးမှာလည်း အပျော်နဲ့ပဲအချိန်ကုန်နေမယ်ဆိုရင် နောက်ဘဝလည်း ဆင်းရဲဒုက္ခများတဲ့နေရာဌါနမှာပဲ ကျင်လည်ရဦးမှာပါ။ တကယ်တော့ အပျော်ဆိုတာ ခဏတာပဲပျော်ရတာပါ။ တခဏတာပျော်ရတဲ့အပျော်နဲ့ တမလွန်များစွာမှာ ပျော်ဖို့အတွက် ဘယ်ဟာကိုဦးစားပေးသင့်သလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ […]


ဆန်နီနေမင်းSeptember 7, 20111min1548
ယနေ့ခေတ်လူငယ်များဟာ အတတ်ပညာများကို သိမြင်ရုံဖြင့် တက်သိနားလည် သဘော ပေါက်လွယ်နေကြပါတယ်။ တိုင်းတစ်ပါးမှ အတက်ပညာဗဟုသုတပညာများကို သိမြင်ရုံဖြင့် တက်သိနားလည်နေတဲ့ခေတ်မှာ မကောင်းသောအတတ်ပညာ၊ အတွေးအခေါ်အယူအဆ၊ ဝတ်စားဆင်ယင်မှုများကို အတုယူမမှားအောင် ဆင်ခြင်စဉ်းစားကြဖို့ အရေးကြီးပါတယ်။ လူငယ် လေးများ အတုယူမမှားစေရန်မှာ ပတ်ဝန်းကျင်ရှိအနေနီးသူ လူကြီးများ၏ ပြောဆိုဆုံးမ နေထိုင်မှုပေါ်၌ မူတည်ပါတယ်။ ရှေးဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ ဟူသော စကားကဲ့သို့ ရှေးဆောင်ဖြစ်တဲ့ လူကြီးများက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုနေထိုင်ပြရပါ မယ်။ ဒါမှသာ နောက်တက်လူငယ်များက အတုယူမှန်ပြီး အနာဂတ်မြန်မာပြည်ကြီးသည် သာယာလှပလျက် ယဉ်ကျေးသောနိုင်ငံအဖြစ် ဆက်လက်တည်တံ့နိုင်မှာပါ။ ဒါ့ကြောင့် ရှေ့ဆောင်ဖြစ်တဲ့ လူကြီးများ သည် နောက်လာမဲ့ကလေးများ၏ အတုယူစရာဖြစ်သဖြင့် အထူးဂရုစိုက် ဆင်ခြင်နေထိုင်ဖို့ လိုပါတယ်။ မိမိကိုယ်ကိုယ် အသက်(၂၀)မကျော်သေးလို့ မိမိက လူကြီးမဟုတ်ဘူးလို့လည်း […]


ဆန်နီနေမင်းSeptember 7, 20111min1302
Why do you pay homage to the Buddha? ဒီမေးခွန်းလေးကို ဦးဇင်းအား နိုင်ငံခြားသားများရော ယဉ်ကျေးမှုသင်တဲ့အခါတိုင်းမှာရော လူငယ်တွေနဲ့ စကားထိုင်ပြောဖြစ်တဲ့အခါတိုင်းမှာရော မေးလေ့ကြရှိတဲ့ မေးခွန်းလေးပါ။ နိုင်ငံခြားသားတွေက သူတို့တန်ခိုးကြီးဘုရားတွေ သွားတဲ့ခါ ဗုဒ္ဓဘာသာများ မြတ်ဗုဒ္ဓရုပ်ပွားတော်ကို ရှိခိုးနေတာတွေ့ရတော့ အဲဒါ ဘာလုပ်တာလဲ။ ဘာေ့ကြာင့် ဒူးထောက်အညံ့ခံ ရှိခိုးရတာလဲတဲ့။ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းမှာလည်း လူငယ်တွေက သေချာမသိတော့ ဘယ်လိုအာရုံပြုပြီး ရှိခိုးရမလဲတဲ့။ ဦးဇင်းရောက်တဲ့အရပ်မှာ ဦးဇင်းကိုခင်ပြီး ကျောင်းလာကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးများနဲ့ စကားပြောဖြစ်တဲ့အခါမှာလည်း သူတို့က ဘုရားကို ရှိခိုးတဲ့ခါ ဘာသာတစ်ခုနှင့်တစ်ခု ရှိခိုးတာခြင်း မတူသလို အာရုံပြုတာချင်းလည်း မတူလောက်ဘူးနော်တဲ့။ ဦးဇင်း အဲဒီမေးခံရတဲ့ မေးခွန်းတွေကို ဦးဇင်းတက်သိနားလည်သလောက် ဒီလို ဖြေပေးခဲ့ပါတယ်။ ဦးဇင်းတို့ မြတ်စွာဘုရားသည် ဦးဇင်းတို့ […]


ဆန်နီနေမင်းSeptember 5, 20111min38912
ဒီကာမေသုမိစ္ဆာစာရကံနှင့်ပတ်သတ်ပြီး ဦးဇင်းကို လူတော်တော်များ မေးကြပါတယ်။ ခဏခဏလည်း ဖြေပေးပါတယ်။ ဒါပေမဲ့ ဒီကံနှင့်ပတ်သတ်ပြီး ယောင်ဝါးဝါးနားမလည် ဖြစ်နေကြတယ် ထင်ပါဘိ။ အဲဒါကြောင့် ဒီတစ်ခါတော့ ဦးဇင်း တက်သိလေ့လာထားသမျှကို ပွင့်ပွင့်လင်းလင်း စုံစုံလင်လင်ဖြစ်အောင် ဖြေပေးလိုက်ပါတယ်။ ပွင့်လင်းအားကြီးလို့ လူကြီးလူကောင်းများအနေဖြင့် မသုံးသင့်တဲ့ မပြောသင့်တဲ့စကားလုံးများ ပါနေလျှင်လည်း နားနှင့်မနာ ဖဝါးနှင့်နာပါလို့ပဲ တောင်းပန်လိုက်ပါတယ်။ လူငယ်များ ဒီကံနှင့်ပတ်သတ်ပြီး နားရှင်းကာ ရှောင်ကြဉ်လိုက်နာနိုင်အောင် ယခုအောက်က မေးထားတဲ့ မေးခွန်းကိုပါ တစ်ဆက်တည်း ဖြေပေးလိုက်ပါတယ်။ အမေးနှင့်အဖြေလေးကတော့ ဒီလိုပါ။ အရှင်ဘုရားတပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ ကာမေသု မိစ္ဆာစာရကံနှင့် ပတ်သက်၍ သေချာစွာသိရှိလိုပါသဖြင့် မေးမြန်းခြင်းဖြစ်ပါသည်ဘုရား။ (၁) ကာမပိုင် မိဘမှအစ ဆွေမျိုး၊ ရပ်ဆွေရပ်မျုိုးများ မရှိတော့သော အမျိုးသားအမျိုးသမီးတစ်ယောက်ကို ကျူးလွန်လျှင်အပြစ်မဖြစ်ဘူးဆိုသည်မှာ ဟုတ်ပါသလားဘုရား။ (၂) အရူးမများအား […]


အရှင်ဘုရား။ ဘုရားမှာ တင်ထားတဲ့ သစ်သီးကိုကျတော့ လူတွေစားကြတယ်။ ပန်းကျတော့ လူတွေပြန်မသုံးရဘူးလို့ ပြောကြတယ်ဘုရား။ အဲ့ဒါဘယ်လိုလဲ သိချင်လို့ပါဘုရား။ နောက်ပြီး ငရဲကြိးတယ်ဆိုတာမျိုးရောရှိလားဘုရား။ အဲဒါလေး ဖြေပေးစေချင်ပါတယ်ဘုရား။ တကယ်တော့ ပန်းကိုလည်း မပန်သင့်ဘူး သစ်သီးလည်း ပြန်မယူသင့်ပါဘူး။ လှူတဲ့လူဆိုရင် ပိုတောင် မယူသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လှူတဲ့လူက မုတ္တစာဂီ-တွယ်တာတပ်မက် တွန့်တိုမှုမရှိဘဲ လွတ်လွတ်စွန့်ကြဲပြီးသားဖြစ်လို့ပါ။ မြတ်ဗုဒ္ဓကလည်း အလှူဒါနကို ပြုတဲ့အခါမှာ တွယ်တာမှုတွေ၊ နှမြှောမှုတွေ၊ နောင်တတဖန် ပူပန်မှုတွေမရှိဘဲ လှူဒါန်းရမယ်လို့ မိန့်ခဲ့ပါတယ်။ ဒါမှလည်း မိမိသန္တာန်မှာရှိတဲ့ မိမိပစ္စည်းဝတ္ထုကို တွယ်တာနှစ်သက်တတ်တဲ့ လောဘကိလေသာကို ပယ်သတ်နိုင်ပြီး ကောင်းကျိုးတွေ ရရှိမှာပါ။ ဒါနအမှုပြုလုပ်ခြင်းသည်လည်း ကိလေသာခေါင်းပါးအောင်ကျင့်တဲ့ ကျင့်စဉ်တစ်ခု ပါ။ ဒါနအမှုလုပ်ခြင်းသည် ပါရမီမပြည့်စုံသေး၍ တစ်ဘဝတည်းနဲ့ သံသရာမှလွတ်အောင် မလုပ်နိုင်သေးတဲ့ သတ္တဝါတွေအတွက် နောင်ဖြစ်လေရာမှာ […]


ဆန်နီနေမင်းSeptember 2, 20111min1042
နောက်ဆုံးသေခါနီးမှာပြုလုပ်သောကုသိုလ်သည် အဘယ့်ကြောင့်အရင်အကျိုးပေးသလဲဆိုရင် သေခါနီးပုဂ္ဂိုလ်ရဲ့စိတ်သည် ယုံကြည်မှုအပြည့်နဲ့ပြုလုပ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ထို့ပြင် သဘာဝတရားနဲ့ကြည့်မယ်ဆိုရင်လည်း နောက်မှလုပ်တဲ့အလုပ်သည် အရင်အကျိုးပေးတတ်တဲ့ သဘောကြောင့်လည်း ပါပါတယ်။ ဥပမာ-နွားခြံထဲမှာ နွားသွင်းတဲ့အခါ ငယ်ရွယ်ပြီးခွန်အားရှိသော နွားကလေးများသည် အိုမင်းရင့်ရော်နေသော နွားကြီးများကို တိုးဝှေ့၍ ရှေ့ကနေ အရင်ဝင်နေကြသောအခါ နွားအိုကြီးများသည် နောက်ဆုံးမှဝင်ရသောကြောင့် နွားခြံတံခါးဝ၌သာ နေရာရတတ်ပါတယ်။ သို့သော် နွားခြံအပြင်သို့ ထွက်ရသောအခါ နောက်မှဝင်ရသော နွားအိုကြီးများက အရင်ထွက်ကြရပါတယ်။ အဲဒီဥပမာလိုပဲ နောက်ဆုံးသေခါနီးမှလုပ်သောကုသိုလ်သည် သေခါနီးဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းလဲတော့မည့် အနာဂတ်ဘဝသစ်တွင် သေခါနီးမှလုပ်သော ကုသိုလ်က အရင်အကျိုးပေးလိုက်တာပါ။ ဒီသဘောတရားကို သိထားပြီးဆိုလျှင် အယူမှားခြင်း သံသယဖြစ်ခြင်းများ ကင်းဝေပါလိမ့်မယ်။ တစ်ချို့က အဖေမုဆိုးသားသတ်သမားကြီးကို သားဖြစ်သူရဟန္တာက ကောင်းမှုလုပ်ပေး၍ မုဆိုးကြီးနတ်ပြည်ရောက်သွားသည့် တရားဇာတ်လမ်းတစ်ခုကို ဖတ်ကာ သံသယဖြစ်နေကြတာ တွေ့ရပါတယ်။ မုဆိုးကြီးသည် သေခါနီး(၁)လလောက် […]


ဆန်နီနေမင်းSeptember 2, 20111min1605
သတ္တဝါတစ်ဦး သေခါနီးကာလမှာ နိမိတ်(၃)မျိုးတွင် တစ်မျိုးမျိုးပေါ်ပြီး ဘဝပြောင်းကြပါတယ်။ အဲဒီသေခါနီးကာလမှာ ပေါ်လာတဲ့ နိမိတ်(၃)မျိုးကတော့ ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တို့ပဲ ဖြစ်ပါတယ်။ ထို(၃)မျိုးတွင် ကံနိတ်မိတ်ဆိုသည်မှာ ယခုဘဝအတိတ်ကပြုလုပ်ခဲ့တဲ့ ကောင်းကံမကောင်းကံနှင့် အရင်အရင် ဘဝတွေက မိမိပြုလုပ်ခဲ့တဲ့ ကောင်းကံမကောင်းကံတွေကို မြင်မိတာပါ။ ဥပမာ-မိမိစိတ်ထဲမှာ မိမိလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်များကို ပြန်လည်အာရုံပြုမိနေတာ၊ မေတ္တာပို့မိနေတာ၊ ဘုရားဂုဏ်တော်ပွားများမိနေတာ၊ ဝိပဿနာအားထုတ်နေမိတာစတဲ့ ကုသိုလ်အာရုံများ ပေါ်နေနိုင်သလို ပစ္စည်းဥစ္စာအပေါ် စွဲလမ်းနေတာ၊ သားသမီးစတဲ့သံယောဇဉ်များပေါ် စွဲလမ်းနေမိတာစတဲ့ အကုသိုလ်စိတ်များလည်း ဖြစ်ပေါ်နေနိုင်ပါတယ်။ ကမ္မနိမိတ်ဆိုတာက မိမိမျက်မှောက်မှာဖြစ်စေ၊ အတိတ်ကဖြစ်စေ ပြုလုပ်ခဲ့တဲ့ သက်ရှိ၊ သက်မဲ့အရာဝတ္ထုတွေကို မြင်မိတာပါ။ ဥပမာ-မိမိမျက်မှောက်ဘဝမှာဖြစ်စေ၊ အတိတ်ဘဝများစွာကဖြစ်စေ ပြုလုပ်ခဲ့သော ကျောင်းအလှူ၊ တံတားအလှူ၊ ဘုရားစေတီအလှူစတဲ့ ကုသိုလ်နိမိတ်တွေဖြစ်ပေါ်နိုင်သလို သူတစ်ပါးအသက်ကို သတ်ခဲ့တာ၊ သူတစ်ပါးကို ညှင်းပန်းနှိပ်စက်ခဲ့တာ၊ သူတစ်ပါးပစ္စည်းကို […]


ဆန်နီနေမင်းSeptember 1, 20111min1339
ဒီဘဝသေရင် နောင်ဘဝဆိုတာ မရှိဘူးလို့ အယူရှိကြတဲ့လူတွေအား (၂)နှစ်သားအရွယ်လောက်ထိ မိမိဖြစ်ခဲ့တဲ့ ဘဝဟောင်းကို ပြန်လည်မှတ်မိနေသော ကလေးများနဲ့သက်သေပြရပါမယ်။။ အဲဒီကလေးများသည် အရင်ဘဝက မိမိခံစားခဲ့ရတဲ့ ဒုက္ခကိုစွဲခဲ့၍ လည်းကောင်း၊ မိမိပစ္စည်းဥစ္စာများကို အမှတ်သင်္ကေတကြီးစွာဖြင့် ထားခဲ့၍လည်းကောင်း၊ သမာဓိအားကောင်းအောင် ကြိုးစား အားထုတ်ခဲ့၍လည်းကောင်း အသိဉာဏ်အားကောင်းချိန် ကလေးဘဝ၌ ပြောပြကြသည်ကို တွေ့ရပါတယ်။ သို့သော်လည်း အသိဉာဏ်အားနည်းလာသော အသက်ကြီးသောအရွယ်တွင် ပြန်လည်မပြောပြနိုင်တော့ပါ။ တကယ်ကို မွေးကတည်းက သေသည်အထိ မိမိဖြစ်ခဲ့တဲ့ဘဝကို ပြန်လည်ပြောပြနိုင်သူသည် အရင်ဘဝကိုအောက်မေ့နိုင်သော ဇာတိဿရဉာဏ်ရရှိသူများသာ ပြောပြပေးနိုင်ပါတယ်။ တစ်ဘဝမှတစ်ဘဝသို့ပြောင်းတဲ့ခါ စိတ်သည်ချက်ခြင်းဆက်တိုက်ဖြစ်နေ၍ ဘဝတွေ ပုံသဏ္ဍာန်တွေ သာပြောင်းသွားပါတယ်။ စိတ်တရားရုပ်တရားတွေကတော့ ယခုဘဝက ချုပ်ပျက်ပြီး နောက်ဘဝမှာလည်း ဆက်တိုက်စိတ်သစ်ရုပ်သစ်တွေ ဖြစ်သွားပါတယ်။ ကြားကာလရယ်လို့ သီးသန့်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စိတ်တရား ရုပ်တရားတို့ရဲ့ ပြောင်းလဲမှု ဖြစ်ပျက်မှုတွေဟာ လျင်မြန်လွန်လို့ […]


တပည့်တော် ငယ်ငယ်ကတည်းက သိချင်တာလေးတွေရှိပါတယ်ဘုရား။ နည်းနည်းလေး ကြီးတော့လည်း စာအုပ်တွေထဲမှာ ရှာဖတ်ပေမယ့် နားမလည်နိုင်ဘူး ဘုရား။ လူတစ်ယောက်က သေခါနီးမှာ သူလုပ်ဖူးတဲ့ ကောင်းမှုတွေကို မြင်ယောင်ပြီး သေသွားရင် ကောင်းရာသုဂတိ လားတယ်လို့ ပြောကြတယ်ဘုရား။ ဒါဆို သူလုပ်ခဲ့တဲ့မကောင်းမှုတွေကရော ဘယ်တော့မှ ခံရမှာလည်းဘုရား။ ဒီမေးခွန်းလေးကလည်း သိသလိုလိုနဲ့ ယောင်းဝါးဝါးဖြစ်တတ်ပါတယ်။ ဒီအကြောင်းအရာများဟာ အလွန်အင်မတန် သေချာကျနစွာ သိထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေရဲ့ ဘဝဖြတ်သန်းမှုနဲ့ဆိုင်လို့ပါ။ ဦးဇင်းကိုယ်တိုင်တောင် ငယ်ငယ်က ဒီအကြောင်းအရာများကို ဝါးတားတား ဖြစ်ခဲ့ပါတယ်။ ခု နောက်ပိုင်းကျမှ စာအုပ်တွေဖတ်၊ ဉာဏ်မှီသလောက် စဉ်းစားတွေးခေါ်ကြည့်မှ အတော်အတန် နားလည်လာပါတယ်။ အဲဒါကြောင့် လူသားအားလုံး သိရှိနားလည်ထားကြရန်အတွက် ဦးဇင်းဉာဏ်မှီသလောက် ရေးသားတင်ပြပေးလိုက်ပါတယ်။ သတ္တဝါမှန်သမျှ ဘဝကိုလိုချင်တပ်မက်တဲ့ လောဘတဏှာရှိနေသမျှ ဘဝကုန်ဆုံးရာ လမ်းကြောင်းမှန်ကိုသိပြီး ဘဝတစ်ဖန် […]


စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သကဲ့သို့ အခြားဘာသာများ၏ ပန်းတိုင်များသည်လည်း နိဗ္ဗာန်နည်းတူ ကောင်းကင်ဘုံရှိကြပါသည်။ ထို့ကြောင့် မိမိတို့ဆိုင်ရာ ပန်းတိုင်များ၏အကြောင်းကို ပြောပြဖို့ဆိုလျှင် မည်သူကမျှ ပြည့်စုံလုံလောက်အောင် မပြောပြနိုင်ကြပါ။ အဘယ့်ကြောင့်ဆိုသော်မည်သူမျှမရောက်ဖူးကြသေးလို့ပါ။ ရောက်ဖူးသူကလည်း ပြန်လည်၍ပြောပြရိုးထုံစံမရှိသောကြောင့်ပင် ဖြစ်ပေသည်။ ပြောပြမည့်လူရော နားထောင်ဖတ်ရှု့မည့်လူရော ပန်းတိုင်ကို မရောက်ဖူးလို့သာ ယခုလို ဘဝဇာတ်ခုံပေါ်မှာ ကျင်လည်နေကြရတာပါ။ တကယ်လို့များ ပန်းတိုင်ကိုရောက်မယ်ဆိုလျှင် မည်သူမျှလည်း မေးမည်မဟုတ်၍ မည်သူမျှလည်း နားထောင်ဖတ်ရှု့ရန် မလိုတော့ပေ။ အဘယ့်ကြောင့်ဆိုသော် မိမိတို့ကိုယ်တိုင် ပန်းတိုင်ကိုရောက်နေသောကြောင့်ပါတည်း။ အဲဒီလို မိမိတို့တစ်ခါမှမရောက်ဖူးသည့်နေရာအကြောင်းကို ပြောပြရမယ်ဆိုလျှင် ပြောပြသူရော နားထောင်ဖတ်ရှု့သူရော ပြည့်စုံလုံလောက်စွာ သိရှိနားလည်ရန် ခက်ခဲပါသည်။ ဥပမာ-အမေရိကန်နိုင်ငံကို မရောက်ဖူးသူအချင်းချင်း အမေရိကန်နိုင်ငံအကြောင်းကို ဘယ်လိုရှိတယ်၊ ဘယ်လိုမြင်ရတယ်။ အဲဒီမှာဘယ်လိုနေရတယ်။ ဘယ်လိုစိတ်ချမ်းမှုတွေခံစားရတယ်ဆိုတာ နှစ်ယောက်လုံး ကိုယ်တိုင်မခံစားဖူးသောကြောင့် တိကျခိုင်မာသည့် အဖြေကိုရဖို့ […]


ဒီမေးခွန်းလေးကတော့ မေးထားတာကြာပါပြီ။ ဦးဇင်း အားလပ်ချိန်မရသေးသဖြင့် ခုမှပဲ အချိန်ရသမျှကို လျင်မြန်စွာအသုံးချပြီး ဖြေပေးလိုက်ပါတယ်။ မေးခွန်းနှင့်အဖြေကတော့ (၁) ရှစ်ပါးသီလထဲမှာပါတဲ့ ဥစ္စာသယန မဟာသယနာ ဝေရာမဏိသိက္ခာပဒံသမာဓိယာမိဆိုတာ မြေပြင်ရဲ့ နှစ်တောင်ထက်မြင့်သောနေရာ မြတ်သောနေရာမှာ မနေရလို့ သိထားပါတယ်ဘုရား။ ဒါဆိုရင် ရှစ်ပါးသီလ ယူထားတဲ့သူက နှစ်ထပ်အိမ်လိုနေရာမှာ အပေါ်ထပ်မှာနေရင်ရော သီလကျိုးလားဘုရား။ တပည့်တော် သေချာနားမလည်လို့ အရှင်ဘုရား။ နာလည်ထားသလောက် တပည့်တော်ကိုဖြေကြားပေးပါ ဘုရား။ (၂) နောက်ပြီးမြန်မာလူမျိုးတော်တော်များများ မြင်တွေ့နေရပါတယ်ဘုရား။ ဆွမ်းလောင်းတဲ့အခါ ဆွမ်းခံကြွတဲ့ကိုယ်တော်ကတောင် ဖိနပ်မပါဘဲကြွတာကို သူတို့က ခြေထောက်ပေမှာစိုးလို့ မချွတ်ဘူးလည်း မဖြစ်အောင် နည်းနည်းလေး ချွတ်သလိုပုံစံလေးလုပ်ပြီး ဖိနပ်ပေါ်ပဲတက်ရပ်ကာ လောင်းကြတယ်။ အဲ့ဒါနဲ့ပါတ်သက်လို့ ဖြစ်နိုင်ရင် အရှင်ဘုရားဘလော့မှာ တင်ပြီး ဖြေကြားပေးစေချင်ပါတယ်။ (၃) နောက်တစ်ခုက ဥပုသ်စောင့်ထားတဲ့သူ တကယ်မနေနိုင်လို့ စားချင်တဲ့အခါ […]