စိတ်ဗလာနဲ့ တစ်ခုခုပေးချင်တာ နည်းနည်းတော့ လွန်များသွားသလား… အရိုးစွဲနေတဲ့ အတွေးအခေါ်အောက် မင်းတွန်သံတွေ ဆူတုန်းပဲလား…. ရုပ်တစ်ခုမှာ စိတ်က ကိုယ်ပွားများတယ် ရင်ကျပ်တာနဲ့ ရင့်ကျက်တာ နည်းနည်းတော့ ခွဲခြားပါ ရတနာကို တန်ဖိုးရှိမှန်းမသိ မျက်ကန်းတစ်ယောက် သိုက်ပုံပေါ် ချော်လဲကျတာတောင် ဒဏ်ရာက နာနေတုန်းဆိုပြီး အပြစ်တင်နေတုန်း… ကျွတ်..ပြဿနာ နင်းမကောင်းတုန်း ဆိုက္ကားဘီးပေါက်တယ် အုံးနာက အိတ်စိုက်ရလို့ ညည်းချင်းတွေဆိုတော့… ဆိုက္ကားသမားက ငတ်နေတဲ့ သူကလေး မျက်နှာ မြင်ယောင်မိ ဝူး….လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါရစေ… မိုးစိမ့်စိမ့်အေးတာတောင် ဒီလေက ဆူပွက်သေး ပန်းကုံးစွပ်တဲ့ လက်ရဲ့ငွေကြေးစ သူဆင်းရဲအိမ်၌ တစ်လစာ မိသားစုစရိတ်တဲ့… မသိတော့ဘူးကွာ…မတွေးမိပါစေနဲ့တော့…. ဘာ…အချစ်ကြောင့် အရက်သောက်တယ် ဟုတ်လား.. ဟေ့…လူ အကြောင်းပြချက်ရဲ့ ခေါင်းစဉ်ပုဒ် နည်းနည်းတော့ ပုဒ်ထီး ပုဒ်မ ဆန်လွန်းတယ်… […]


အမှောင်ခြင်္သေ့ကြီး ခုပ်အုပ်ထားတဲ့ ဘဝ မိုးမလင်းသေးလည်း သား မငိုဘူး…အမေ (ပစ္စုပ္ပန် တည့်တည့်ရှု အတိတ် စွန့်ပစ် အနာဂတ် လှမ်းမမျှော်နဲ့ အနေတတ်ရင် “လူအ” မမည်ဘူး အသေတတ်ရင် “ငရဲ” မကျဘူး) ဆိုတဲ့ သားကို အမေ ဆုံးမခဲ့တဲ့ စကား နားနဲ့ မှတ်ဉာဏ် ပဋ္ဌာန်းဆက်မိစေတယ်။ လျှောက်နေသရွေ့ အမှောင်မဆုံးသောလမ်း ခရီးတွင်ပါတယ်…အမေ အဲ့ဒီလမ်းမှာ အမေ့ဝိဉာဏ်ပူးကပ် တစ်ခါတရံ ကိုယ်ရောင် လင်းလက်ခဲ့ဖူး ကျေးဇူးတင်ပါတယ်…အမေ တစ်ခဏ ငါးသုံးဖို့ ပေးတာထက် တစ်ဘဝစာ ငါးဖမ်းနည်း သင်ပေးတာကိုပေါ့။ စိတ်ချပါ…အမေ ဖီးနစ်ငှက်တောင် မီးတောထဲက ရှင်သန်ခဲ့သေးတာ ချောက်နက်ထဲ သားကျလည်း ပြန်တက်လာခဲ့မယ် ပန်းပွင့်ဖို့ ရာသီမလိုဘူး ထင်ပါတယ် ။ ။ စေပိုင်ထွဋ်(ပုသိမ်)


“ဟုတ်သားပဲ” ကျောင်း၌ သင်ထားသော သင်ခန်းစားများကို သားအား အမေက စစ်၏။ အမေ။ ။ သားရေ…ကမ္ဘာကြီးလုံးတယ်လို့ ဘယ်သူက ပြောခဲ့သလဲ။ သား ။ ။ ပထဝီသင်တဲ့ ဆရာမပါ…အမေ။ “ငါး အမြန်ကြော်နည်း” ကုမ္ပဏီတစ်ခု၌ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပျှော်ပွဲရွှင်ပွဲများ ကျင်းပပေး၏။ ထိုပျှော်ပွဲရွှင်ပွဲထဲမှ ထူးထူးခြားခြား ငါးအမြန်ကြော်နိုင်သူအား ဆုပေးမည့် အစီအစဉ်လည်း ပါဝင်၏။ ထိုပြိုင်ပွဲပြီးဆုံးချိန်တွင် ဆုရရှိသူမှာ ငါးအား တစ်စက္ကန့်တည်းဖြင့် အမြန် ကြော်နိုင်သူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူက ငါးအား အောက်ကိုချ၍ ဟိုဘက် ဒီဘက် ခုန်ကျော်လိုက်သောကြောင့်ပင်။ “စကား မဆုံးသေးဘူး” မနီ၏ အိမ်ရှေ့သို့ ရဲတစ်ယောက် ရောက်လာခဲ့၏။ ထိုရဲက မနီအားမြင်သောအခါ ဝမ်းနည်းသော လေသံဖြင့် ရဲ။ ။ […]


အလွမ်းတွေ သင်ပုန်းချေရအောင် ချစ်သူ…….မင်းဆီမှာ အနာဂတ်ရှိတယ် ရောက်ရာအရပ်က အမြန်ပြန်လာလှည့်ပါ လက်ဖွဖွဆုပ်ကိုင်ပြီး…….. တီတီတာတာတွေ ခရားရေလွှတ် တစ်ထောင့်တစ်ညကို ငါတို့ ဆွဲဆန့်မယ်… အိုး………အချစ် ပန်းရောင်လွှမ်းတဲ့ အချစ်ခင်းည အရောင်ရွှမ်းအောင် ငါတို့ဆေးခြယ် လှလှပပကြီး ရုပ်လုံးဖော်ရအောင်… ဇာတ်မြူးလေးနဲ့ တို့နှစ်ဦး နှစ်ပါးသွား ဇာတ်သိမ်းခန်းမျိုး အချိန်မှန် မျှော်စောင့်နေရတာ နာရီစင်ကြီး သိပါတယ်……ချစ်သူ သို့…. ငါ့အချစ်ဆုံး လိပ်ပြာလေးရေ… ကဆုန်ပေါက် မာန်ဟုန်ခွင်းစိတ်နဲ့ အသော့နှင်ခြေလှမ်း ရင်ခွင်နန်းသို့ ဖြစ်နိုင်ရင်……. ခပ်စိတ်စိတ်လေး မင်းလှမ်းပေးပါ…ချစ်သူ…။ ။ စေပိုင်ထွဋ်(ပုသိမ်) (ဒီကဗျာလေး ပြန်ဖတ်မိရင် ချစ်သူ အမြန်ပြန်လာနိုင်ပါစေ)


ဥမကွဲ သိုက်မပျက် အဆောက်အအုံ နတ်ဆိုးရဲ့ ကပ်ဆိုးလက်ထဲ အောက်ခြေ ရေတိုက်စားပါသော်လည်း မေတ္တာတရားပြယုဂ်အဖြစ် အမာခံ သမာချောင်းတွေက ကြံ့ကြံ့ခိုင်လွန်းတော့… ဘယ်တော့မှ မပြိုလဲခဲ့ဘူး။ ။ စေပိုင်ထွဋ်(ပုသိမ်)


စနေနေ့ ဒီနေ့ ကျွန်တော်တို့ အိမ်နားမှာ တရားပွဲ ကျင်းပတယ်။ ရုံးပိတ်ရက်ဆိုတော့ ကျွန်တော်လည်း တရားပွဲ သွားနာဖြစ်တာပေါ့။ အမယ်… ကျွန်တော့်ဘေးမှာလည်း ယဉ်ယဉ်လေးနဲ့ ရူးနေတဲ့ မမြလည်း လူကြီးလူကောင်းဟန်နဲ့ တရားနာလို့ပါလား။ အင်းလေ… အရူး တရားမနာရဘူးလို့ ဘယ်ဥပဒေမှာမှ မရှိတာ။ သူလည်း နာစရာရှိတာ နာမှာပေါ့။ တရားနာလို့ ပိုရူးသွားတဲ့ အရူးမမှ မရှိသေးတာ။ တရားနာလို့ ရဟန္တာထေရီမ ဖြစ်သွားတာတော့ ကြားဖူးတယ်။ သူလည်း တရားပွဲကြောင့် အသိတရား မရနိုင်ဘူးလို့ မဆိုနိုင်ဘူး။ အဲ…သူ့အကြောင်း လျှောက်တွေးနေတာနဲ့ ဘုန်းကြီဟောတာ ဘယ်ရောက်သွားမှန်း မသိလိုက်ဘူး။ ဘုန်းကြီးကတော့ ရုပ်နာမ်အကြောင်း ရှင်းနေတာပဲ။ သေချာနားထောင်အုံးမှ။ ပွဲစဉ်ကတော့ ဘုန်းကြီးက မေးလိုက် ပရိသတ်က ဖြေလိုက်နဲ့ ပွဲစည်နေပါလား။ ဘုန်းကြီးက တရားဟောနေရင်းနဲ့ […]


မော်ဒန်ကဗျာဖတ်နည်းအကြောင်း သိသလောက် အပိုင်း(၂) အဖြစ် ဆက်လက်ရေးသားလိုက်ပါတယ်။ ဒါဟာ ကျွန်တော့ရဲ့ ကဗျာဖတ်ပုံဖတ်နည်း ယူဆချက် စကားပြေများဖြစ်ပါတယ်။ ပရိသတ်များကို တဆင့် ကျွန်တော် ခံစားသလို ပြန်မျှဝေလိုက်ပါတယ်။ ကဗျာဖတ်ခြင်း အဆင်ပြေကြပါစေ။ ဒီနေရာမှာ မော်ဒန်ကဗျာကို လိုင်းခွဲပေးခြင်း မဟုတ်ပါ။ ဖတ်ရိုးညွှန်း သက်သက်သာဖြစ်ကြောင်း နားလည်စေချင်ပါတယ်။ ဒီတစ်ခါ ကျွန်တော် ရှင်းပြချက်ကို ကျွန်တော့ အကြိုက်ဆုံး ကဗျာစာအုပ်ထဲမှာ ကောက်နုတ်ပါတယ်။ ဆရာနေနော်ရဲ့ ဖြောင့်ချက်ဆိုတဲ့ ခေါင်းစဉ်ပါ စာအုပ်ထဲမှ အကြောင်းအရာကို ခံစားကြည့်ပါအုံး။ ကဗျာတစ်ပုဒ်ကို ဖတ်ပြီဆို စကားလိန်တွေကို ကဗျာဆရာ ဘယ်လိုဖော်ညွှန်းလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်တတ်ရမယ်။ ကဗျာဆိုတာ ရိုးရိုးရှင်းရှင်း ရေးတာရှိသလို၊ အတွေးနက် ပုစာ္ဆဆန်ဆန် ရေးတားလည်း ရှိပါတယ်။ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ခံစားမှု စကားလုံးကို […]


စိတ်တံခါးကို ဖွင့်ဖို့ သော့ရှိတယ်။ ခေတ်ကြေးမုံ အလင်းဟပ်မဲ့ ပြဒါးရှိတယ်။ နှစ်ဘက်မြင် ဒိုင်မေးရှင်း လက်ခုပ်သံရှိတယ်။ အစဆွဲလျှင် အထုံးပြေမဲ့ ကြိုးတစ်ချောင်းရှိတယ်။ အလင်္ကာဆေးခြယ် ရသထုပ်ပိုး ကုန်ပစ္စည်းရှိတယ်။ ခြေရာခံသူ ကွင်းဆက်မိအောင် သဲလွန်စရှိတယ်။ ဆိုင်းဘုတ်ချိတ် ကလောင်နာမည် နိဂုံးမှာရှိတယ်။ စေပိုင်ထွဋ်(ပုသိမ်)


အက်ဆေးဆိုတာ ဘာလဲဆိုပြိးတော့ မေးခွန်းထုတ်လိုက်ရင် လူအများစုက စာစီစာကုံးလို့ မြန်မာလို ပြန်ပြီ ဖြေကြလိမ့်မယ်။ ဒီအဖြေက မမှန်ဘူးလားဆိုတော့ အနည်းအကျဉ်းတော့ မှန်ပါတယ်။ ဒါပေမဲ့ တကယ့်အဖြေမှန်လား ဆိုတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာစီစာကုံးဆိုတာဟာ ကျောင်းသူကျောင်းသားတွေကို စာရေးတတ်အောင် လေ့ကျင့်ပေးတဲ့ အရာပါ။ စာစီစာကုံးရဲ့ မူက နိဒါန်း၊ စာကိုယ်၊ နိဂုံး သုံးခုပါအောင် ဘောင်သွင်းပြီး ခေါင်းစဉ်နဲ့ ကိုက်ညီအောင် အချက်အလက်တွေနဲ့ စီကုံးရေးဖွဲ့ရခြင်းမျိုးပါ။ ဒီတော့ အက်ဆေးနဲ့ သဘောထား ကွဲလွဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အက်ဆေးအများစုဟာ ဘောင်ထဲမှာ မဟုတ်ကြပါဘူး။ ဘောင်ထဲမှာ ရေးသားခြင်း မဟုတ်လို့ စည်းမဲ့ကမ်းမဲ့လို့လည်း ပြောလို့မရပါဘူး။ စိတ်ကူးအတွေးတွေကို လွတ်လွတ်လပ်လပ် ရေးဖွဲ့ထားခြင်းမျိုးကို ဆိုလိုတာပါ။ စာစီစာကုံးက အက်ဆေးနဲ့ ဆက်နွယ်တယ်လို့ ဆိုလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ […]


ကျွန်တော်က စာဖတ်ရတာ ဝါသနာပါသူဖြစ်သောကြောင့် စာပေနဲ့ ပတ်သက်တာကို ဘလော့ဂ်ရေးချင်လာပါတယ်။ ဒါကြောင့်ပဲ ဤဘလော့ဂ်လေးအား ရေးလိုက်ရပါတယ်။ စာပေအမျိုးအစား ခွဲခြားခြင်းနဲ့ ပတ်သက်၍ ဆရာဦးသုခရဲ့ စကားကို ယူသုံးချင်ပါတယ်။ မည်သည့်စာပေလောကမဆို စာအမျိုးအစားမှာ သုံးမျိုးသာ ရှိပါသည် ဟူ၍ပင်။ ဌင်းတို့မှာ (၁) ကွမ်းလိုစာပေ (၂)ကြံလိုစာပေ (၃) မုန့်လုပ်ဆောင်းလိုစာပေ ဟူ၍ ဖြစ်သည်။ ပထမအမျိုးအစားဖြစ်သော ကွမ်းလို စာပေး၏ အဓိပ္ပာယ်မှာ ကွမ်းကို စားသော်လည်း အရည်ရော အဖတ်ရော မရပါ။ ထို့ကြောင့် ဤစာပေကို အရည်မရ အဖတ်မရစာပေဟူ၍ ခေါ်ကြသည်။ ထိုစာပေကို ကျွန်ုပ်ဉာဏ်ဖြင့် အကျယ်ချဲ့တွေးကြည့်သော အချစ်ဝတ္ထုများနှင့် စိတ်ကူးယာဉ်စာပေဖြစ်သော ဂမ္ဘီရ၊ သရဲ၊ ဟာသ၊ သိုင်း၊ တချို့ကလေးကာတွန်းများ စသည်ဖြင့် ပါဝင်ကြပေသည်။ သို့သော် […]


မည်သည့်နိုင်ငံမဆို အများဆုံးဖြစ်ပွားကြသော အမှုကြီးများတွင် အဓမ္မမှုလည်း တစ်ပါး အပါအဝင်ဖြစ်သည်။ ထိုသို့ဖြစ်ပွားရာ၌ နစ်နာကြသူများမှာ မိန်းကလေး အများစုပင်ဖြစ်သည်။ ဤကဲ့သို့ အဖြစ်မျိုး မဖြစ်စေရန် အဓမ္မမှု ကာကွယ်ရေးနည်းလမ်းများကို ကျွန်ုပ် ဉာဏ်မီသလောက် တင်ပြအပ်ပါသည်။ (၁) အဓမ္မမှု အများအပြားမှာ အဓမ္မကျင့်ခံရသူ၏ နေအိမ်တွေ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သူမည်ဝါ မသိဘဲ အိမ်ထဲသို့ ဝင်ခွင့် မပေးသင့်။ တံခါးကို ဖွင့်မပေးမီ မည်သူမည်ဝါဖြစ်ကြောင်း သိပါစေ။ ဧည်သည့်သည် မည်သူမည်ဝါဖြစ်ကြောင်းလည်း ထင်ထင်ရှားရှား ရှိပါစေ။ (၂) တချို့ အဓမ္မမှုများမှာ အယုံလွယ်ခြင်းကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ဆိုရသော် ဘိုးတော်လိမ်၊ ဗေဒင်လိမ်တို့မှ သိုက်ကြိုးဖြတ်ရန်၊ ယတြာချေရန် ဆိုပြီး လူပြတ်သောနေရာသို့ ညာခေါ်ကာ မုဒိမ်းကျင့်တတ်သည်။ ထို့ကြောင့် […]


ဟိုတလောက အွန်းလိုင်းက ကျွန်တော့ ခြေရာပျောက်ခဲ့ပါတယ်။ ခြေရာပျောက်ရတဲ့ အကြောင်းကတော့ ဖွတ်ကလိ ဒင်္ဂါးများ ပြတ်လပ်နေသောကြောင့် ဖြစ်ပါတယ်။ အဲ့တော့ ရှိသော ပိုက်ဆံလေးနဲ့ စာအုပ်အဟောင်းရောင်းတဲ့ဆိုင်ဘက် လမ်းသလားပြီး သကာလ ဝတ္ထုတိုပေါင်းချုပ်များကို ဝယ်ဖတ်မိပါတယ်။ ဖတ်ရင်းဖတ်ရင်းနဲ့ ဝတ္ထုတိုဆောင်းပါးလေး ရေးချင်စိတ်ပေါက်လာတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း ခြူတစ်ပြားမှ မရှိတဲ့ ဤငမွဲ အွန်လိုင်းမှာ လက်ဆော့ရအောင် ဘယ်လိုကြံရမလဲ ခေါင်းအူအောင် စဉ်းစားနေရတယ်ပေါ့။ ဒါပေမဲ့ ကံတရားက ကျွန်တော့အတွက် ဖေးကူလာပါတယ်။ အဟဲ… စာအုပ်ရွေးရင်း ညနေစောင်း အိမ်ပြန်ချိန်ပေါ့။ ကျွန်တော့ ဦးလေးတော်သူ KTV ထဲ အဖော်အပေါင်းများနဲ့ တပျော်တပါး ဝင်သွားတာ တွေ့လိုက်ရပါတယ်။ စိတ်ထဲမှာလည်း အကွက်ဆိုက်ပြီလို့ ကြွေးကြော်လိုက်ပါတယ်။ အဟဲ…အဲ့အကွက်က ဦးလေး မိန်းမကြောက်ဆိုတော့ ဒီလမ်းကြောင်းနဲ့ အကျပ်ကိုင် […]


ကျွန်တော့ရဲ့ custom messages များရဲ့ အတွေ့အကြုံကို ပြန်လည် ဖောက်သည်ချခြင်းပါ။ ပေါက်ကရဖြစ်ဖြစ် လျှောက်စပ်ပြီး ရေးတင်မိတာကို အများဆီက ဝေဖန်သံ လှိုင်လှိုင်ထလာတဲ့ အကြောင်းပေါ့။ ကဲ…ပထမဆုံး ရေးတင်မိတဲဟာလေးပါ။ မိန်းမတွေ အကြောင်းလေ အဟီး.. “သံကွန်ခြာ ခုနှစ်ထပ်မကလို့ ကြုတ်ထည့်ပြီး ဘီလူးငုံငုံ လက်ဖျားခါလောက်အောင် မိန်းမမာယာက ပေါက်ထွက်အောင် ဖောက်ထွက်ပစ်အုံးမယ်”. ဒီစာသား ရေးပြီးရော ယောက်ျားတွေက လက်ခုပ်တီး အားပေးပြီး မိန်းမတွေက မေတ္တာပို့တယ်လေ။ မေတ္တာပို့ချက်က သေနာလို့ စောင့်ကောင်တို့ ဘာတို့ ညာတို့ စုံနေတာပဲ အဟီး။ သေချာမှတ်ထားရင် ဆယ်နှစ်မျိုး ဂျင်းသုတ်လုပ်လို့ ရတယ်။ မိန်းကလေး တစ်ယောက်ဆို နင်..ငါတို့ကို စာသားနဲ့ ဝါးလုံးချေးသုတ် လျှောက်မရမ်းနဲ့တဲ့။ ကိုယ့်နေရာမှာ ကိုယ်တင်တာ သူ့ဘာသာသူ ဖတ်ပြီးတော့ […]