ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ကျွန်ုပ် အကြမ်းအားဖြင့် သုံးမျိုးခွဲခြားထားပါတယ်။ ထိုအရာများမှာ (၁) သူများက သတ်မှတ်ပေးသော ရွေးချယ်မှု (၂) သူတစ်ပါး လှုံဆော်မှုကြောင့် ရွေးချယ်မှု နှင့် (၃) ကိုယ်ကိုယ်တိုင် ရွေးချယ်မှုတို့ပင် ဖြစ်သည်။ ပထမအချက်ဖြစ်သော သူများက သတ်မှတ်ပေးသော ရွေးချယ်မှုအကြောင်း ရှင်းပြရလျှင် ယခုခေတ် လူငယ်များ အများအားဖြင့် အကျုံးဝင်ပေသည်။ အဘယ်ကြောင့်ဆိုသော မိဘများသည် သူတို့၏ သားသမီးများအား အောင်မြင်စေလိုစိတ်ဖြင့် ရွေးချယ်မှုများကို ကြိုတင်သတ်မှတ်ပေးတတ်သည်။ ထိုအခါ လူငယ်များမှာ ကိုယ့်ဝါသနာက ဘာမှန်းမသိ မိဘလမ်းကြောင်းပေးရာကိုသာ လျှောက်ကြရပေတော့သည်။ သာဓကပြရလျှင် ဆယ်တန်းစာမေးပွဲတော် အမှတ်အကောင်းဆုံးဖြင့်အောင်သော ကျောင်းသူကျောင်းသားများအား ဆရာဝန်လိုင်းချည်းဘဲ သွပ်သွင်းစေခြင်းဖြင့်လည်းကောင်း၊ အသင့်အတင့်အမှတ်နဲ့ အောင်သောသူမားများအား နိုင်ငံခြားထွက် အလုပ် လုပ်ခိုင်းစေခြင်းဖြင့်လည်းကောင်း တွေ့နိုင်ပေသည်။ ထို့ကြောင့်ပင် ဆရာဝန်များနဲ့ […]


အလိုက်သင့် ရေမျောကမ်းတင်ဘဝမှာ စုန်ရေ ဆန်ရေလည်း ကြုံခဲ့ဖူးတာပဲ ဒုက္ခိတကျွန်တော် မွေးရာပါ ခြေထောက်မဲ့ ခြေတစ်လှမ်းစလို့ ကမ္ဘာလည်း မပတ်ဖူးပါ… လိပ်ပြာတွေ ပန်းပွင့်ပေါ် အရေခွံပြောင်းသလို အန္တရာယ်ခေါ်သံအောက် လူတွေလည်း အသက်ရှူနည်း ကွာခြားတာချည်း… လူမမည်ဘဝတည်းက နေကွယ်ခဲ့ဖူးသူ လထွက်ဖော်ရတာကိုပဲ အရောင်မှိန်မှာ စိုးရိမ်မိ လောကဓံလား လောကဒဏ်လား မကြာခဏ စာလုံးပေါင်း မှားဖတ်သူ ဖျက်ရာ၊ ပြင်ရာများတဲ့ ဒဿနတွေထဲ ကျွန်တော့် ဦးနှောက်ဆဲလ်လည်း သေရုံမှလွဲ၍ ။ ။ စေပိုင်ထွဋ်(ပုသိမ်) (၂၀၁၂ မတ်လ၊ ပြုံးစရာမဂ္ဂဇင်း ဖူးသစ်ကဗျာမှ)


အွန်လိုင်းမှာ လူတွေကို အကူအညီပေးဖို့ ကျွန်တော် အကောင့်တစ်ခု ဆောက်ထားတာ ကြာပြီ။ အခုထက်ထိ အကောင်အထည် မဖော်ရသေးဘူး။ အင်း..ဒီတော့ ဒီအကောင့်ကို ဖွင့်လိုက်အုံးမှပဲ။ “ဂျောက်………ဂျက်”(ရက်ပ်ပါ အဆိုတော် မဟုတ်ပါ ခလုတ်နှိပ်နေခြင်းသာ) သိပ်မကြာခင်မှာပဲ ကျွန်တော့ အကောင့်နာမည်လေး ပေါ်လာတယ်။ parmoutkhaghuyulaypan (မြန်မာလို=ပါမောက္ခဂုရုလေပန်း) ဆိုသော နာမည်လေးပေါ့။ နဂို အကောင့်မှာ ကြေညာထားလို့ အပ်ထားသူကလည်း မနည်း။ အာလုံးကို လက်ခံပြီး လုပ်ငန်းစဉ်ကို စတင် အကောင်အထည်ဖော်ရန် စီစဉ်လိုက်တယ်။ အဲ..အရင်ဆုံး custom message မှာ စာအရင် စတင်အုံးမှပဲ။ ကဲ…ရေးလိုက်ပြီ။ ***(သင် ဘာပြဿနာပဲဖြစ်ဖြစ် ဂုရုလေပန်းနှင့် ဆွေးနွေးလိုက်ပါက မီးထိသောရေလို ငြိမ်းသွားစေရမည်)*** အဟဲ… စာတင်ပြီးတော့လည်း သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး။ အပူများနေသော လူဘုံ၌ […]


ပတ်ဝန်းကျင်မှာ တစ်နေ့ တစ်နေ့ သေပုံသေနည်း အမျိုးမျိုးနဲ့ မရိုးအောင် သေနေကြတော့ ကျွန်တော်လည်း သေခြင်းတရားအကြောင် တွေးတောမိလာတယ်။ မြန်မာလိုကတော့ သေခြင်းကို အမျိုးအစားခွဲပြီး ခေါ်ကြတယ်။ ဘုန်ကြီးသေရင် ပျံလွန်တော်မူတယ်။ လူသေရင်တော့ အနိစ္စရောက်တယ်။ ဒါတင်မက မရဏနန်းစံမြန်းတယ်၊ ကြွသွားတယ်၊ ဂန့်တယ်၊ ဆုံးတယ်၊ ရှောဘရားသားဖြစ်တယ် ခရစ်တော်၌ အိပ်ပျော်တယ် စသည်ဖြင့် အမျိုးမျိုး သုံးနှုန်းကြတယ်။ ရှင်ဘုရင်ကျတော့ နတ်ရွာစံတယ်။ ရဟန္တာကျတော့ အရဟတ္တဗိုလ်ဆိုက်တယ်။ ဘုရားကျတော့ ပရိနိဗ္ဗာန်စံတယ် အမျိုးမျိုးပါပဲ။ အင်္ဂလိပ်တွေပဲ ကောင်းတယ်။ တစ်မျိုးတည်း die တဲ့။ ဘာလာလာ…ဒါပဲ သုံးလည်း ရတယ် အေးရော။ အဲ…သေခြင်းရဲ့ နာမည်မှာတင် မနည်းလျှာရှည်ပြီး တွေးမိပါရောလား။ ထပ်စဉ်းစားအုံးမှ။ သေခြင်းတရားဆိုတာ လာဘ်ထိုးထိန်းလို့ မရဘူးတဲ့။ ဒီစကား ကြားမိတော့ […]


“မ”ရယ်…. လက်ပူမိတဲ့ ဝေဒနာညည့်ဆိုး ဒဏ်ရာဖြင့် ပဲ့ကြွေအလွမ်းတွေကို ဘယ်ရာသီက ချော့သိပ်ပေးမှာလဲ။ လူတစ်ကိုယ်စာ အငွေ့ပျံမတတ် ပြုစားရက်လွန်းတဲ့…“မ”ရယ် လွမ်းအပူမီး ရင်သို့ထိုးဖောက် အလျှံတငြီးငြီး ထတောက်နိုင်လွန်းတယ်။ “မ”ကြောင့် သမုဒယ အချစ်ဖွဲကဗျာတွေ စာအုပ်လေးထဲ သောင်ထွန်းခဲ့ဖူးတာ “မ”ကြောင့် ညတိုင်းမက်တဲ့ ပန်းအိမ်မက် သိင်္ဂါရရနံ့ မွွှေးပျံ့သင်းခဲ့တာ “မ”ကြောင့် အနုပညာ မှော်ဝင်လက် ်စာပန်းချီ ဈာန်လမိုင်းကပ်တာ ခုတော့…အားလုံး အဆုံးမှာ အရှုံးပဲ စံချိန်တင်ခဲ့တော့မှာလား။ ထားခဲ့ပါတော့…“မ” ကျွန်တော့်ဘဝ… လက်ရှိအချိန်က မိုးမှောင်ကျလွန်းလို့ ကြယ်ဖမ်းမထွက်နိုင်ဘူး ကုန်းပေါ်ရောက်လွန်းလို့ ငါးလည်း မမျှားနိုင်ဘူး မှန်အရိပ်ကို အတည့်ကြည့်ချင်မိသမျှ ဒီကောင့်အတွက်… တမာလို သင်ခန်းစာ ခါးသက်အလွမ်း ကဗျာလည်းနွမ်းလို့… ကြိတ်မှိတ်ဝါးရင် မျိုချလိုက်တာ ကောင်းပါတယ် ။ ။ စေပိုင်ထွဋ်(ပုသိမ်)


    သူ ဒီနေ့တော့ ပိုက်ဆံ မရရအောင် ရှာမှ ဖြစ်မယ်။ သားလေးရဲ့ ကျန်မာရေးကလည်း အရင်လို ဆေးမြီတိုနဲ့ ပြေလည်မသွား။ တစ်နေ့တစ်ခြား ပိုလို့ ဆိုးလာတယ်။ သူ မနက်က သားလေး နဖူးကို စမ်းကြည့်တော့ မီးခဲကိုင်ထားရသလို ခံစားမိတယ်။ သူ့ရင်ထဲမှာလည်း နေလို့မကောင်း။ သူ့ စိတ်ထဲမှာ သားရဲ့အကြောင်းကို တွေးလိုက်တိုင်း အက်ဆစ်ပူကို မျိုချရသလိုပဲ။ ခန္ဓာကိုယ်တစ်ခုလုံး ဝေဒနာတွေက မရိုးမရွနဲ့။ သူ့ဘဝမှာ ဇနီးဆုံးပါသွားကတည်းက သားလေးက တစ်ဦးတည်းသော မြတ်နိုးရတဲ့ ရတနာ။ ဒီသားလေးပဲ သူ ပုံအော ချစ်ခဲ့တာ။ ခုတော့ ဒီလူမမယ် သုံးနှစ်သာသာရှိတဲ့ ကလေးကို ရောဂါက ကြံဖန်ရှာဖြစ်ရတယ်လို့။ ဖြစ်နိုင်ရင် သူပဲ အစားထိုး ခံစားလိုက်ချင်တယ်။ သူသား […]


မော်ဒန်ကဗျာ ခံစားကြည့်ဖို့ ဆိုတာ ဝင်္ကဝုတ္တိကို အထူးသဖြင့် ပိုနားလည်ရမယ်။ သွယ်ဝိုက်ရေးထားတဲ့ စာသားတွေ ပြန်လည်ဖော်ထုတ် နိုင်ရမယ်။ ပြီးရင်တော့ စကားလုံးတွေ စီပြီတော့ အကျယ်ချဲ့ အဓိပ္ပာယ်ဖော်ကြတာပါပဲ။ ကဗျာရေးသူအချင်းချင်း ဆိုရင်တော့ ပိုနားလည်လွယ်ပါတယ်။ ခံစားချက်ချင်းတူရင်လည်း ကဗျာက ပိုဖတ်လို့ကောင်းတယ်။ ခက်ဆစ်တွေ ဖော်ထုတ်နိုင်ရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။ ကဗျာကို အဓိပ္ပာယ် ရှင်းထုတ်နည်း နည်းနည်းပြောပြမယ်။ “သူ့ အတွက် ငါ့ အချစ် ရူးမိုက်တယ် တစ်ခုလပ် မဆန်ခဲ့လို့ပေါ့” ဤ စာသားရဲ့ အဓိပ္ပာယ်က တခုလပ်ဆိုတာက မရင်ကျက်ခြင်းရဲ့ အနက်ကိုရှင်းတာပါ။ ရိုးရိုးရှင်းရှင်း နားလည်ရမယ် ဆိုရင်တော့ အတွေ့အကြုံမရှိလို့ အချစ်မှာ ရှေ့နောက်မကြည့်ပဲ ချစ်တယ်ပေါ့ဗျာ။ နောက်တစ်ခုကတော့… “ပတ်လမ်းမှာတော့ ငါ့ဘဝဆူးကို ဖယောင်းဆူးလို့ မှတ်တယ်ကွ“ အဲ့ဒီမှာ […]


ပန်းပုရုပ်ဖော်ဖို့ သစ်တုံးကြမ်း လေးနှစ်သား တူရော…သံရော ပျောက်ဆုံးတဲ့နေ့ အဖေ….ဆုံးပါးသွားခဲ့တယ်…. ဘဝကို တစောင်းကတဲ့သူ အဖြစ် ပါးလျှက်နားလျှက် အပြုံးခပ်ကျဲကျဲနဲ့ ဦးနှိမ့် ခံရတဲ့ ခေါင်းတစ်လုံးလည်း လောကဓံအောက်မှာ….. ဇက်ကျိုးနေပါပြီ………အဖေ အမေ့ဘဝ ရွက်တိုင်ပျောက်တဲ့လှေ ကျောက်ဆောင်ထိပ်တွေ့ ရေနစ်ခါနီးမို့ ရွက်အသစ် အချိန်မှီ လွှင့်ထူပစ်ခဲ့တာ ဒီကောင် ယိုးစွပ်ဖို့ လက်ညိုးမထိုးတော့ဘူး….အဖေ ပျှော်ရွှင်စရာ စိတ်ကူး မိသားစုဘဝ လက်ဖြန့်ပြီးလည်း မတောင်းချင်တော့ အဖေ….အိပ်ယာထက်က မနိုးတော့ဘူးလား…ဟင် တော်ပါပြီ….အဖေရာ ကျွန်တော် တိမ်တွေကို ကျော့ကွင်း မပစ်တော့ဘူး… ပိတ်စနဲ့ ရေသယ် မသွားတော့ဘူး… လက်ဝါးနှစ်ဖက်နဲ့ လေလိုက်မဖမ်းတော့ဘူး… ကျွန်တော့်…ကျန်တဲ့ အိမ်တခြမ်းပဲ့မှာ မှီရပ်ရင်း……..ငေး စိတ်ထဲမှာတော့…. “ခေါင်တိုင် ထိပ်ကကြယ် ဒီညမှာ ပိုလင်းတယ်” စေပိုင်ထွဋ်(ပုသိမ်) (ကိုယ့်အကြောင်း ကိုယ်ရေးထားတဲ့ ကဗျာ)


ဒီကောင့်အကြောင်း ပါးစပ်ထဲထည့် မပြောချင်ပေမဲ့ နောက်လာနောက်သားတွေအတွက် ဆင်ခြင်နိုင်အောင်လို့ ကျွန်တော် ပြောရအုံးမယ်။ ဒီကောင်ဆိုတာက ကျွန်တော့ရဲ့ အိမ်နီးချင်း မောင်မောင်။ ကျွန်တော်တို့ ရွာလေးမှာ ငရဲအရှာဆုံးလူကို ပြောရရင် ဒီကောင်ဟာ ဂရင်းနစ်စံချိန်တောင် ချိုးမဲ့ကောင်။ မိုးလင်းတာနဲ့ မောင်မောင် ဘာလုပ်လဲ မမေးနဲ့။ အရင်ဆုံး အရက်နဲ့ မျက်နှာသစ်တော့တာပဲ။ သောက်လည်း သူ့ဘာသာသူ အေးဆေးနေမယ်မှတ်လို့လား။ ဝေးသေး..မအေကို အရင်ဆုံး ဆဲဆိုကြိမ်းမောင်း နေတော့တာပဲ။ ပြောပုံကိုလည်း ကြည့်ပါအုံး။ “ခင်ဗျားကြီးက မနက်စောစောစီးစီး ဘုရားရှိခိုးတာ ကျယ်ကျယ်မဆိုစမ်းပါနဲ့ ကျွန်တော် အိပ်ယာကနေ လန့်..လန့် နိုးတယ်ဗျ” အမေက… “သားရယ်.. မိုးလင်း နေပြီပဲဟာ ထပါတော့လား” “ဟာဗျာ…ဒီအဘွားကြီးကလည်း တော်တော် လျှာရှည်နေပါလား မနေ့က အရက်ရှိန် အကင်းမသေသေးလို့ ခေါင်းကိုက်နေရတဲ့ကြားထဲ ပါးစပ်ပိတ်ထားစမ်းဗျာ” […]


အွန်လိုင်းလောကမှာ ကျွန်တော် လုပ်စားနေတာ အံတိုနေပြီ…မိတ်ဆွေ။ ဒီလို လုပ်စားဖို့အတွက် ပိုက်ဆံ တော့ နည်းနည်း ရင်းရတာပေါ့။ ထောင်မြင် ရာစွန့်ပဲ မဟုတ်လား။ ဒါတွေ ရင်းပြီးရင်တော့ တစ်လ၊ နှစ်လအတွင်း မှာပဲ ရင်းထားတဲ့ ပိုက်ဆံ ပြန်ရရုံမက ဆယ်ဆမကတောင် ဝင်ငွေတွေ တိုးလာအုံးမှာ။ ခေတ်စကားနဲ့ ပြောရရင် တော့ “လာထားဟေ့ ပိုက်ဆံပေါ့”။ ပိုက်ဆံတွေက ဟိုကဝင်၊ ဒီကဝင်နဲ့ တော်ပါတော့လို့တောင် တားချင်လာတဲ့ အထိ ဖြစ်လာအုံးမှာဗျ။ ဟား…ဟား ဘယ်လိုလုပ်တဲ့ အစီအစဉ်များလဲ သိချင်လို့ ဟုတ်လား။ အင်း…ဒါက လွယ်ပါတယ်ဗျာ။ အရင်ဆုံး လူများစွာ သုံးနိုင်ဖို့ ခင်ဗျား ဆိုဒ်တစ်ခု ဝယ်ပြီး ထောင်ရမယ်။ အင်း…ခင်ဗျား ဝယ်တယ်ဆိုတာလည်း တစ်သက် လုံး သုံးမဲ့ […]