SayagyiJanuary 22, 20111min20314
ရွေးကောက်ပွဲကတော့ပြီးသွားပြီ၊ အစိုးရကလည်း လွှတ်တော်ခေါ်ပြီးအစိုးရသစ်ဖွဲ ့ဖို ့လုပ်နေကြပြီ။ အစိုးရဆန် ့ကျင်သူတွေကတော့ အခုထက်ထိ ၂၀၀၈ အခြေခံဥပဒေ နဲ ့ရွေးကောက်ပွဲအဖြေကိုလက်မခံကြသေးဘူး။ ရွေးကောက်ပွဲကတော့ ခန် ့မှန်းထားသလိုပဲ အတိုက်အခံတွေက ၂၀% ကျော်ပဲအနိုင်ရခဲ့တယ်။ မဲပေးခဲ့တဲ့ပြည်သူတွေနဲ ့ရှုံးမှာဆိုတာကို သိပြီးဝင်ပြိုင်ကြတဲ့ ပါတီတွေကိုလေးစားပါတယ်။ ဒါပေမဲ ့တချို ့ပါတီတွေက အရှုံးကိုလက်မခံနိုင်ကြပဲ အမျိုးမျိုးပြောဆိုနေကြတယ်။ အဲဒီပါတီတွေကတော့ ရွေးကောက်ပွဲမဝင်ခင်ကတည်းက နိုင်မှာလည်းမဟုတ်ဘူး အစိုးရ မဲလိမ်ရင် မသမာမှုလုပ်ရင် အမျိုးမျိုးပြောကြမယ်၊ အစိုးရကိုသိက္ခာချမယ်ဆို ပြီးတော့ ဝင်ပြိုင်ကြပုံပဲ။ အဲဒါဆိုရင်အစိုးရလည်းသိက္ခာကျမယ် သူတို ့လည်းဒီမိုကရေစီဘက်တော်သားတွေဖြစ်သွားမယ် လို ့ထင်နေကြပုံရတယ်။ အဲဒီလိုလူတွေကတော့ပေါ်ပင်နိုင်ငံရေးသမားတွေပဲသူတို ့နေရာမပျောက်အောင်ရုန်းကန်နေကြရတာ။ မြန်မာ့နိုင်ငံရေးသမိုင်းကိုကြည့်ပါ အဲဒီလိုပေါ်ပင်နိုင်ငံရေးလုပ်သူတွေက နိုင်ငံရေးလောကကနေပျောက်ကွယ်သွားကြတာများတယ်။ အဲဒီပါတီတွေထဲမှာမှ၊ ရှုံးမယ်ဆိုတာသိပြီး ရတဲ့အဖြေကိုရဲရဲ ဝံ့ဝံ့ လက်ခံပြီးရှေ့ဆက်သွားဖို ့ပြင်ဆင်သူတွေကို ပိုပြီးလေးစားတယ်။ ဘယ်လောက်နေရာ၇ရ […]


SayagyiMay 29, 20101min20510
ကြည့်ပါ၊ အစိုးရနဲ့ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ ့အစည်းတွေ၊ သူတို ့ရဲ ့ပြည်သူတွေကို ကောင်းကောင်း စောင့်ရှောက်နိုင်တယ်၊ သူတို ့ရဲ ့ဒေသမှာလွတ်လွတ်လပ်လပ် စီးပွားရေး လုပ်နိုင် တယ်၊ အစိုးရနဲ ့ လည်းသူတို ့လိုချင်တာတွေကို ဆွေးနွေးနိုင်တယ်၊ အဲဒီခေါင်းဆောင်တွေကို သူတို့လူမျိုးစုတွေကထောက်ခံကြတယ်။ ကျန်တဲ့အစိုးရနဲ ့ငြိမ်းချမ်းရေးမယူတဲ့ဒေသ ကပြည်သူတွေဆိုရင် ဘယ်လောက် ထိဒုက္ခရောက်ကြလဲ ဆိုတာသိကြပါလိမ့်မယ်၊ အထူးပြောပြနေစရာလို မယ်မထင်ပါ။ အခုလည်း ငြိမ်း ချမ်းရေးယူထားတဲ့ အဖွဲ ့အစည်းတွေ အစိုးရနဲ ့ပြဿနာတက်နေတာပဲဆိုပြီးစောဒကတက်လို ့တော့ရ တာပေါ့၊ အဲဒါကလည်း အစိုးရနဲ ့သူတို့ လွန်ဆွဲ ကြတာပဲ။ သူတို ့လိုချင်တာရအောင် လုပ်ယူကြ တာလေ။ သူတို ့ကနှစ်ပေါင်း၄ဝ ကျော်အစိုးရနဲ ့တိုက်လာတာဆိုတော့ အနှစ်၄ဝ ကျော်ဘာမှမဖြစ်ဘူး ဆိုတော့ သူတို […]


SayagyiMay 29, 20101min1004
အောက်ကဆွေးနွေးချက်များသည် မြန်မာနိုင်ငံရဲ ့လက်ရှိအခြေနေကို ရိုးရိုးရှင်းရှင်းသုံးသပ်ထားတဲ့ ကျွန်တော်ရဲ့အမြင်များသာဖြစ်ပါတယ်၊ လွတ်လပ်စွာ သဘောထား ကွဲနိုင်ပါတယ်။ ကျွန်တော်က စာရေးမကောင်းတဲ့အတွက် သည်းခံပြီးဖတ်စေချင်ပါတယ်။ ကျွန်တော်တို ့မြန်မာနိုင်ငံ ရဲ ့လက်ရှိ အခြေအနေ ကိုကြည့်မယ်ဆိုရင် အစိုးရက ရွေးကောက်ပွဲကိုလုပ်ပေးမယ်ဆိုတဲ့အတွက် ရွေးကောက်ပွဲ ဝင်မဲ့ပါတီတွေက ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်တာတွေလုပ်နေကြပြီး၊ ရွေးကောက်ပွဲကို ဆန် ့ကျင်တဲ့သူတွေကျတော့လဲ ဆန် ့ကျင်ရမယ့်နည်းလမ်း တွေရှာကြံနေကြတဲ့အချိန်ဖြစ်တယ်။ အဲဒီတော့အောက်ကမေးခွန်း ၃ ခုထွက်လာပါတယ်။ ၁) အစိုးရကဘာလို ့ရွေးကောက်ပွဲလုပ်ပေးတာလဲ ၂) NLD နဲ ့တချို ့တွေက ရွေးကောက်ပွဲကိုဘာလို ့ဆန် ့ကျင်ကြတာလဲ ၃) တချို ့တွေကျတော့ ရွေးကောက်ပွဲကိုဘာလို ့ဝင်ကြတာလဲ နံပါတ်(၁) မေးခွန်းရဲ ့အဖြေကတော့ရှင်းပါတယ်။ အစိုးရကသူတို ့ပြောပြောနေတဲ့ ROAD MAP […]