ဌေး မောင်August 19, 20121min34416
မူလတန်းကျောင်း ၁ခုရဲ့ပညာသင်ကြားရေးအကြောင်းလေး ပြောပြချင်ပါတယ်။တာမွေမြို့နယ်ကမူလတန်းအဆင့် စံပြကျောင်းဆုရထားတဲ့ကျောင်းပါ။ဇူလိုင်လ အခန်းဆုံးစာမေးပွဲစစ်ဆေးတုန်းကပေါ့ဗျာ။ကျောင်းသား၁ယောက်ကို ဖြေဆိုချိန် ၄၅ မိနစ်ပေးထားပါတယ်။ဒါပေမယ့် ကလေး၁ယောက်က စာဖြေချိန်ပြည့်တာတောင်ဖြေဆိုလို့ မပြီးသေးလို့ တာဝန်ကျဆရာမက ၁ဝမိနစ်ထပ်မံစောင့်ပေးတာတောင် ကလေးကစာမပြီးသေးပါဘူး။ကလေးက စာမရလို့ မဖြေနိုင်တာပါ။ဒါနဲ့ပဲ စာမေးပွဲစည်းကမ်းအရရော နောက်စာသင်ချိန်ရှိသေးတာကြောင့်ပါ ဆရာမက အဖြေလွှာကို သိမ်းဆည်းလိုက်ရပါတယ်။အဲ…… ပြသနာက ကျောင်းဆင်းချိန်မှာစပါတော့တယ်။အဖြေလွှာအသိမ်းခံရတဲ့ ကျောင်းသားရဲ့အမေလုပ်သူက ငိုကြီးချက်မနဲ့ ကျောင်းအုပ်ဆရာမကြီးကိုတိုင်ပါတော့တယ်။သူ့သားဖြေလို့မ ပြီးသေးဘဲ ဆရာမကသိမ်းသွားလို့ ကလေးဖြေနိုင်ရက်သားနဲ့ စာမေးပွဲကျပါတော့မယ်ပေါ့။အဲဒီမှာတင် ကျောင်းအုပ်ဆရာမကြီးနှင့် ကလေး၏ကျူရှင်ဆရာမတို့က တာဝန်ကျဆရာမအား ကလေးစာမေးပွဲကျလျှင် Teacher______ တာဝန်မကင်းဘူးဟု အပြစ်တင်သလိုပြောဆိုကြပါတယ်။(အဆိုပါ ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် အပေးအယူတည့်သူကျောင်းဆရာမတချို့ ကျောင်းဆင်းချိန်တွင် ကျောင်းအတွင်းမှာပင်ကျူရှင်သင်ပါသည်။ဆရာမများကို နာမည်ရှေ့တွင်Teacherတပ်ခေါ်လေ့ရှိသည်။စကားချပ်) စဉ်းစားကြည့်ကြပါဦးဗျာ………ပညာရေးဝန်ထမ်းချင်းအတူတူ စည်းကမ်းဝတ္တရားတွေကိုနားလည်ရမှာပေါ့။တကယ်လို့ အပြစ်တင် သတိပေးချင်ရင် ကျောင်းသားမိဘမရှိတဲ့အချိန် ပြောပေါ့။တာဝန်ကျဆရာမဆိုတာ အခုမှ ဆရာမဖြစ်တာမဟုတ် ပင်စင်ယူဖို့နှစ်အနည်းငယ်ပဲလိုတော့တဲ့ သူပါ။အဖြေလွှာအသိမ်းခံရတဲ့ ကျောင်းသားကတော့ လွှတ်တော်အမတ် […]