ko noNovember 19, 20111min1285
ဖေ့စ်ဘွတ်အကောင့် အားဖွင့် လိုက်မိချိန်တွင် နာမည်ကျော် ဒီဇိုင် နာ ဆရာမြင့်မောင်ကျော် share ပေးပို့ထားသော ဗီဒီယိုဖိုင်ကိုချက် ချင်းပင်ဖွင့်ကြည့်လိုက်မိသည်။ အကြောင်းအရာ ခေါင်းစဉ်ကပင် မဖွင့်ကြည့်ဘဲ မနေနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ “ကောင်းကင်ပေါ်တွင်ဈာန်ကြွ နေသောရဟန္တာ” ဟူသည့်ခေါင်း စဉ်ဖြစ်ပါသည်။အဆိုပါ ဗီဒီယိုဖိုင် အားချက်ချင်း ပင်ဝင်ရောက်ကြည့်ရူ လိုက် ချိန်တွင် ယင်းနေရာ ဒေသရှိ ဖူးမြော်သူတို့၏ အသံများနှင့် အတူ မြစ်ပြင် အထက် အတော်ခပ်လှမ်းလှမ်း ရှိရဟန္တာ ကိုယ်တော်မြတ် ဈာန်ဖြင့် ကြွနေသည် ကိုလွန်စွာ ဝေးကွာနေခြင်း ကြောင့် မသဲမကွဲ အနေအထားဖြင့် ဖူးတွေ့ လိုက်ရပါသည်။ ဗီဒီယိုရိုက် ကူးနေသူအား မြင်ရပါ့ မလားဟု မေးမြန်းသော အသံနှင့်မြင်ရတယ် ဒီမှာလေ ဟူသော အသံကိုစတင် ကြားလိုက်ရသည်။ ယင်းနောက် […]


ko noOctober 28, 20111min852
မုန်တိုင်းနဲ့အတူ မိုးသည်းသည်းမည်းမည်းရွာပြီး ချောင်းရေကြီးခဲ့တာကြောင့် မကွေးတိုင်းပခုက္ကူမြို့မှာ လူ ၁၀ဝ လောက် ရေထဲမျောပါ ပျောက်ဆုံးခဲ့ပါတယ်။ လောလောဆယ်မှာ သေဆုံးသူ အနည်းဆုံး ၅ ယောက်ကို ရှာဖွေတွေ့ရှိထားပေမဲ့ သေဆုံးသူဦးရေဟာ ဒီထက်ပိုလာနိုင်မယ်လို့လည်း ကူညီရေး ဆောင်ရွက်နေသူတွေက ခန့်မှန်းပါတယ်။ ဒီလို ရေကြီးတာကြောင့် ပခုက္ကူမြို့က ရွှေချောင်း ချောင်းကူးတံတား ကျိုးပျက်ခဲ့သလို ချောင်းတလျှောက်က ရာနဲ့ချီတဲ့နေအိမ်တွေလည်း ရေနဲ့ မျောပါသွားပါတယ်။ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ရွာသွန်းခဲ့တဲ့မိုးကြောင့် ညောင်ဦးမြို့နယ်အတွင်းမှာလည်း ရှေးဟောင်းဘုရားနဲ့ အဆောက်အဦးတချို့ ပျက်စီးခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းရဲ့အရှိန်ကြောင့် မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေအတွင်းမှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာတွေ ဖြစ်ခဲ့တာပါ။ မကွေးတိုင်း၊ ပခုက္ကူမြို့မှာတော့ ကြာသပတေးနေ့ မနက်ခင်း ၂ နာရီ လောက်ကစတင်ပြီး ရွှေချောင်း […]


ko noOctober 6, 20111min964
ကျွန်တော်တင်ပြချင်တာတစ်ခုရှိပါတယ်။ဒါပေမဲ.ကျွန်တော်စာအရေးအသားညံဖျင်းမှုကြောင်.စာဖတ်သူတွေစိတ်ဝင်စားမှုမရှိကြောင်း ကွန်မန်.တွေကနေတဆင်.သိနေရပါတယ်။ TBရောဂါဝေဒနာရှင်တေါမပျောက်ဘဲဖြစ်နေတာဘာကြောင်.လဲ။သူတို.ဆေးဝါးအစစ်အမျန်မရလို.ပါ။ဒိတ်ကုန်နေတဲ.ဆေးတေါကသူတို.ကိုသတ်နေတာပါ။မြို.နယ် NTP ကဒါတွေပဲပေးနေပါတယ်လို.ဆေးဝေပေးသူကပြောပါတယ်။သူတို.ကအမှန်လား။NTP ကမှန်လား မသိတော.ပါဘူး။ ဒါပေမဲ.ပြသနာကတော.တက်နေတာအမှန်ပဲ။ ဘယ်လိုလုပ်ကြမလဲသေကုန်ကြတောမှာပေါ့။ပခုက္ကူ ကဆေးပေးဝေနေတဲ.သူတွေရဲ.နာမည်တွေကိုတော.ထည်.မရေးချင်သေးပါဘူး။ရေးလိုက်ရင်အိုးစားကွဲကုန်တော.မယ်။ကျွန်တော်တို.မြို.နယ်ကမြွေဆိပ်ဖြေဆေးနဲ.ပတ်သက်ပြီးနာမည်ကြီးပြီးပြီ။အခုလည်းဒီလိုဇာတ်ခင်းနေတာလား။ကျွန်တောရဲ.အဖေကိုယ်တိုင်ကဝေဒနာရှင်ဆိုတော. တော်တော်ဒေါသထွက်တယ်။လူတွေက ဘယ်သူသေသေလူစားမျိုးတေါများလာရင် နိုင်ငံတော်အတွက်စိုးရိမ်စရာပဲ။ ကျွန်တော်က ကွန်မန်.တွေဖတ်ပြီး ကိုကသဘောကျတတ်ပါတယ်။အခုဟာက ကျွန်တော်အဖေပြသနာပါ။ဘာလဲဆိုတော. အဖေက TB ဖြစ်တယ်။ဆေးစစ်တယ်။ထောက်ခံချက်ရပြီးဆေးတောင်းသောက်ရတယ်။အဲဒီမှာ စစသောက်သောက်ချင်းလတွေမှာပုံမှန်ဆေးကောင်း ဒိတ်ကောင်းရတယ်။ ဆေးသောက်ပြီး 5 လမြောက်မှာ ဆေးဒိတ်တွေကုန်နေတာတွေပေးလာတယ်။ဒိတ်လွန်နေတဲ.ကဒ်တွေမှာဒိတ်မမြင်ရအောင် ကပ်ကြေးနဲဖြတ်လာတယ်။အဲဒီမှာကျွန်တော်ကကန်.ကွက်တယ်မသောက်နိုင်ပါဘူးအဲဒီတော.ကောင်းတာနဲ.လဲပေးပါလို.ပြောရတယ်။သူတို.ကဘာမျမဖြစ်ပါဘူးသောက်ပါလို.ပြောတယ်။ ကျွန်တော်ကတော.မရဘူးပြောတော.သူတို.သိပ်မကျေနပ်ဘူး။ဆေးကသူတို.ဆီမှာမရှိဘူး သူတို.လည်းဒါတွေပဲရတာလို.ပြောတယ်။ဆေးရုံကြီး NTP ကကိုပဲဒါတွေပေးနေတာလို.ပြောပါတယ်။အဲဒါပါပဲ အခုတော.ဝယ်စားရတော.မယ်လေ ကျန်းမာရေးစောင်.ရှောက်မှုတွေရဲ. အားနည်းချက်တွေလားမသမာသူတွေရဲ.လက်ချက်လား မသိတော.ပါဘူး ခင်ဗျားတို.စဉ်းစားသာကြည်.ပါတော.ဗျာ


ko noJuly 10, 20111min990
ကျွန်တော်တွေ.ကြုံခဲ.ရတာလေးကိုပြန်ပြောပြချင်ပါတယ်။ဘယ်လိုလဲတော.မသိပါဘူး စိတ်ထဲတော.အားကြီးမကောင်းဘူး။အားလုံးသော အဆုတ်တီဘီရောဂါသည်တွေသတိထားနိုင်အောင်ပါ။ ပခုက္ကူမြို.က အဖြစ်အပျက်လေးတွေပါ။ တီဘီရောဂါဆေးဟာ ပုံမှန်ခြောက်လလောက်သောက်ရတယ်လို.နားလည်ပါတယ်။အဲဒီဆေးတွေဟာ တကယ်ကို ကမ္ဘာ.ကျန်းမာရေးအဖွဲ.နဲ.ပူးပေါင်းပြီး အလှူရှင်တွေကလှူတန်းထားတာတွေပါ။ဒါတွေဟာ သက်တန်းကုန်နေတယ် ဒိတ်လွန်နေတဲ.ဆေးတွေဖြစ်သင်.ပါသလား။ကျွန်တော်တို.နားက ဦးလေးတစ်ယောက်က တီဘီရောဂါဖြစ်ပါတယ်။ဆေးခန်းကို သွားပြတော. အခမဲ.ဆေးလည်းရခဲ.ပါတယ်။ ဒါပေမဲ. ပထမတော. ဆေးကဒ်ပေးပါတယ် ။ဆေးကလည်း ကိုးလပိုင်းဒိတ်ကုန်တာဆိုတော.အဆင်ပြေတာပေါ့။နောက်တစ်ခါထုတ်တော. ခြောက်လပိုင်းကုန်ဖြစ်နေတယ်။အဒြိဦးလေးကလည်း ဒိတ်ကုန်တဲ.အထိသောက်တယ်။ဒါပေမဲ.ဆေးက ခုနစ်လပိုင်းလဆန်းအတွက်သောက်စရာကလေးရက်လောက်ကျန်နေသေးတယ်။သူကလည်းမသောက်ရဲတော. လဲပေးဖို.တောင်းဆိုပါတယ်။ ဆေးပေးတဲ.သူကနားမလည်တာလား မသိတာလားတော.မသိဘူး။ဘာမှမဖြစ်ပါဘူး။ဆေးရုံမှာဒီထက်တောင်ဆိုးသေးတယ်။ခင်ဗျားကတစ်ရက်နှစ်ရက်လါန်တာလို.တောင်ပြန်ပြောသတဲ.။ကျွန်တော်လည်းလန်.သွားတယ်။အော်သူသာဖြစ်ရင် ဒါမျမဟုတ်သူ.အမျိုးဆိုရင်ဘယ်နဲ.လုပ်မလဲဆိုတာသိချင်လာမိပါတယ်။ ကျွန်တော်တို.ဆိမျာအနည်းငယ်စုံစမ်းကြည်.တော. ဆေးကဒ်တွေကိုဆေးဆိုင်တွေမှာ ဒိတ်ကုန်ခါနီးတွေနဲ. ငွေအလိုက်ယူပြီးစီးပွားရှာနေတယ်လို.သိရပါတယ်။ ဘယ်လိုလုပ်ပျောက်တော.မလဲ။ second round TBဖြစ်နေတာမဆနးပါဘူးပေါ့လေ။အော်သူတို.ကတော. ကိုယ်ကျိုးကြည်.နေတာပေါ့လေ။နိုင်ငံတော်အစိုးရသစ်က ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နေစဉ်မျာဒါတွေကမရှိသင်.တာပါ လူတိုင်းသတိထား စည်းကမ်းရှိသင်.တာပေါ့။ငါတကောမကောသင်.ပါဘူး။ ကျန်းမာရေးစောင်.ရှောက်မျုအထိစိးပွားမရှာသင့်ပါဘူး။ ကျွန်တော် နောက်ထပ်တင်ပြစရာရှိပါသေးတယ်အခုတော.ဒီလောက်ပါပဲ။ ကိုယ်ကျိုးရှာသူများ သတိနဲ.ယှဉ်နိုင်ပါစေ။


ko noMay 12, 20111min801
`ချစ်သူ…´ ပန်းတွေကြွေပြီး အလွမ်းတွေ ဝေနေလည်း မင်းကိုတော့ ချစ်နေဆဲပါ ချစ်သူ… အချိန်တွေ နှစ်၊ လ ကြာပေမယ့် မင်းကိုတော့ သတိရနေဆဲပါ ချစ်သူ… အနမ်းတွေ ပေးချင်နေပေမယ့် ငါ့မှာ ထွေးပိုက်ခွင့်လေးတောင် မရခဲ့ပါဘူး… ငါမင်းကို အပြစ်မပြောရက်ပါဘူး ပြောခွင့်လည်း ရှိခဲ့လို့လား ချစ်သူ… `ငါ့ထက် မင်းကိုပိုချစ်နိုင်တဲ့လူရှိရင် ငါကို စွန့်ခွာသွားနိုင်တယ်´လို့ ပြောခဲ့တာပါ… `ငါ့ထက် ပိုချမ်းသာတဲ့လူ´လို့တော့ မပြောခဲ့ပါဘူး… ဒါပေမဲ့ မင်းရွေးချယ်သွားတာ မင်းအတွက် မှန်တယ်ထင်ရင် ငါ ကျေနပ်စွာနဲ့ ကျောခိုင်းလိုက်ပါ့မယ် ချစ်သူ… `အတိတ်က ချစ်သူ´ `ချစ်တယ် ကိုရယ်´ လို့ တတွတ်တွတ် ပြောခဲ့ဘူးသော ချစ်သူ… `ဘယ်တော့မှ မခွဲကြေး´ ဆိုပြီး ကတိတွေ ပေးခဲ့ဘူးသော ချစ်သူ… မွေးနေ့ရောက်တိုင်း […]


ko noMay 11, 20111min15410
၁၉၈၂ အရင် ဆရာဝန်ဖြစ်ကြသူတွေက လေနာဆိုတာ ရောဂါပိုးနဲ့ မဆိုင်ဘူးလို့ သင်ခဲ့ကြရတယ်။ စားချိန်-သောက်ချိန် မမှန်သူ၊ စိတ်ဖိစီးမှု များသူတွေမှာ ဖြစ်ကြရတယ်လို့ ဆိုခဲ့တယ်။ အလုပ်များတဲ့ ဆရာဝန်၊ ဆယ်တန်းဖြေမဲ့ ကျောင်းသား အဖြစ်များလို့လည်း Stress ulcer ခေါ်ခဲ့ကြပါတယ်။ အလုပ်မများတဲ့ ဆရာဝန်၊ (စထွက်စ်) မများတဲ့ ကျောင်းသား ကံကောင်းသလား မမေးနဲ့။ တကယ်တော့ ထင်သလောက် ကံမကောင်းပါ။ ၁၉၈၂ ရောက်တော့ ဩစတေးလျ ဆရာဝန် နှစ်ယောက်ကနေ လေနာနဲ့ Helicobacter pylori (H. pylori) ပိုး ဆက်စပ်တာကို သိလာရလို့ပါ။ အနာမျိုး ၉၆ ပါးမှာ လေနာ ၃၂ ပါး၊ ပါတယ်လို့ မြန်မာဆေးကျမ်းက ဆိုပါတယ်။ ကုန်းဘောင်ခေတ်မှာ ဝန်ကြီးတပါး […]


ko noMay 11, 20111min1052
ဘယ်သူ့အတွက် ပွင့်ခဲ့တဲ့ ပန်းလေးလည်းကွယ်… `မ´ရယ် မောင်ပြောတာ မလုံလောက်သေးလို့လား `မ´အတွေးမှာ မယုံလောက်သေးလို့လား… ပန်းလိုလှတဲ့ `မ´ကို မောင့်ရာသီအမှီ ပွင့်စေချင်ကြောင်း ဆုတောင်းမိတာ အပြစ်ဆိုရင် ချစ်မိတဲ့ မောင့်အပြစ်က တစ်ဝက် သိပ်လှတဲ့ `မ´အပြစ်က တစ်ဝက်ပေါ့… `မ´နှုတ်ခမ်းလေးတွေ အရောင်ဆိုးတိုင်း၊ `မ´ဆံနွယ်တွေ လေပြည်မှာ လွင့်မျောတိုင်း၊ `မ´ရင်မှာ မောင့်အကြောင်းတွေ တွေး၊ `မ´တစ်ယောက်ကြည်းနူးပြုံးလေးတွေ ပြုံးနေစေချင်တယ်… `မ´တစ်ယောက် ကိုယ့်လမ်းကို လျှောက်ဖို့ လမ်းကူဖောက်ပေးရုံ သက်သက်ပါ၊ `မ´က ခရီးသည်ဆိုရင် လမ်းပြကြယ်လေး ဖြစ်ချင်လို့ပါ၊ `မ´အမောပြေရာ ချွေးသုတ်တဘက်လေးပဲ ဖြစ်ဖြစ်၊ အိုအေစစ်လေးပဲ ဖြစ်ဖြစ်၊ `မ´ဘဝရဲ့ နေရာတိုင်းမှာ အဖြည့်ခံတစ်ယောက်ပဲ ဖြစ်ဖြစ်၊ `မ´အနားမှာ ထာဝရနေထိုင်ခွင့်ပြုပါတော့ `မ´ရယ်… `၀´လုံးလေး နှာခေါင်းလုံးလုံး၊ ပါးပြုံးပြုံးကြောင့် `၀´လုံးလေးလို့ပဲ၊ […]


ko noMay 11, 20111min956
လူငယ်တွေအတွက် ဘဝဆိုတာ ပန်းခြံထဲက ကစားကွင်းမှာ ဆော့ရသလို မဟုတ်ပါဘူး။ အမဲလိုက်အက သီချင်းထဲကလို တောနက်ကြီး တစ်ခုလိုပါပဲ။ အဲဒီလို လူငယ်တွေရဲ့ အဖေတွေ အမေတွေ ဖြစ်ရတာလည်း ပန်းခြံထဲမှာ လမ်းလျောက်ရသလို မဟုတ်တာ သေချာသွားပြီပေါ့။ ဒီလို လူငယ်တွေနဲ့ အဖေတွေ အမေတွေအတွက် ရှောင်ကိုဗေးရဲ့ “7 habits of highly effective Teens” ဆိုတဲ့ စာအုပ်ကို ညွှန်းလိုပါတယ်။ အဲဒီ စာအုပ်ကို ဆရာကျော်ဝင်းက “နှစ်ဆယ့်တစ်ရာစု သားရွှေဥ” ဆိုပြီး ဘာသာပြန်ထားပါတယ်။ ဒီစာအုပ်မှာ စာရေးသူက လူငယ်တွေကိုရော လူငယ်တွေရဲ့ မိဘတွေကိုပါ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ထိန်းကျောင်းမောင်းနှင်ပြီး လိုရာခရီးကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ရောက်နိုင်ဖို့ သံလိုက်အိမ်မြှောင်တစ်ခုလို အကူအညီပေးမယ်တဲ့။ ခု […]


ko noMay 10, 20111min11861
၁။ မှန် နှင့်တူသော လှုမှုဆက်ဆံရေး ဒီဆက်ဆံရေးကတော့ လူတိုင်းလောက်မှာ နီးနီး တွေ့နိုင်ကြပါတယ်.။ ငါ့ကို ဘယ်လို လာဆက်ဆံရင် ငါကလည်း ဘယ်လို ပြန်ဆက်ဆံလိုက်မယ် ဆိုတာတွေ ကတော့ ပိုများပါတယ်..။ သူတို့ ပြောတတ်ကြတယ်လေ…ငါတို့ကတော့ မှန်လို ကျင့်တယ် ဆိုပြီးတော့.။ သူများက ကိုယ့်ကို စိတ်ဆိုးအောင်လုပ်ရင် လိုက်ပြီး စိတ်ဆိုးတတ်တယ်..။ သူများက ကိုယ့်အကြိုက် မြှောက်ပြောရင် ကျေနပ်ပြီး ပြုံးနေတတ်ကြတယ်.။ ၂။ ကျောက်ရုပ် နှင့်တူသော လှုမှုဆက်ဆံရေး ဒီလို လူတွေကတော့ တကယ်ရှားပါတယ်.။ ကျွန်တော့် သူငယ်ချင်းလိုမျိုး လူုပေါ့ဗျာ.။ တစ်ဖက်သားက ကိုယ့်ကို ဘယ်လို ရင်ဆိုင် ဆက်ဆံနေပါစေ..။ ကိုယ်ကတော့ ကိုယ့်လှုမှုဆက်ဆံရေး ကိုယ်ပိုင် ပုံစံနဲ့ပဲ ဆက်ဆံတတ်ကြပါတယ်.။ သူများက ရိုင်းလို့ ကိုယ်က […]


ko noMay 10, 20111min580
    တစ်ခါက ရူပဗေဒ နှင့် ဓါတုဗေဒ ဘာသာရပ် များတွင် တီထွင်အောင်မြင်မှုများကို တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ရရှိနေသော ပညာရှင်တစ်ယောက်ကို တွေ့ဆုံမေးမြန်းသူတွေက အံ့ဩစွာနဲ့ မေးခဲ့တယ်.။ “ ဘာလို့များ ဒီလို တီထွင်အောင်မြင်မှုတွေကို ဆက်တိုက် ရရှိအောင် အကြံဉာဏ်တွေ ထွက်လာပြီး အောင်မြင်အောင် ပုံဖော် နေနိုင်တာလဲ.။ ” ဒီတော့ အမေးခံရတဲ့ ရုပဗေဒ နှင့် ဓါတုဗေဒ ပညာရှင် ခဏလေး ငြိမ်သွားပြီး ..။ နောက်မှ စကား တစ်ခွန်းကို ခပ်လေးလေး ပြောတယ်.။ “ ကျွန်တော် ဘာလို့ အောင်မြင်ရတာလဲ ဆိုတော့ ကျွန်တော် အမေကြောင့်ပါပဲ.။ ” သူက ဒီလို ဖြေတော့ တွေ့ဆုံမေးမြန်းသူတွေက ဘယ်လိုလုပ်နားလည်ကြပါမလဲ.။ […]


ko noMay 10, 20111min23518
ကောင်လေးတွေ မသိဘူး –ကောင်လေးတွေမသိဘူး ဘာကြောင့် ကောင်မလေးတွေက သူ့ဆီဖုန်းဆက်စေချင်တာလဲ စာလေးတွေပို့စေချင်တာလဲဆိုတာကို… ကောင်မလေးတွေက ဖွဲ့နွဲ့နေတဲ့စကားလုံးတွေကို လိုလားတာမဟုတ်ပါဘူး။ ကောင်လေးဘယ်လောက်အလုပ်ရှုပ်နေပါစေ ကောင်မလေးကို သတိရနေပါတယ်ဆိုတာကို သိချင်နေတာပါ။ —-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် အစားသွားစားမယ်လို့ပြောတာကို… ကောင်မလေးတွေကတကယ်စားချင်နေတာမဟုတ်ပါဘူး။ ကောင်လေးနဲ့ နှစ်ယောက်ထဲ စားနေရတဲ့အချိန်ကို ကြည်နူးလို့ပါ။ နှစ်ယောက်ထဲကမာ္ဘမှာနေချင်လို့ပါ။ —-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်လက်ဆောင်လိုချင်တာလဲ…. ကောင်မလေးတွေကတောင်းဆိုလိုက်တဲ့အရာကို ကောင်လေးတွေဝယ်ပေးမှာလား မဝယ်ပေးဘူးလားဆိုတာကို သိချင်တာပါ။ အဓိကတော့ ကောင်မလေးအတွက် ကောင်လေးဒီပိုက်ဆံကိုဖြုန်းပေးနိုင်လားဆိုတာကိုသိချင်တာပါ။ —-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့်ကောင်လေးကိုအလုပ်ကြိုးစား ခိုုင်းတာလဲဆိုတာကို…. ကောင်မလေးတွေက ကောင်လေးလာတောင်းမဲ့နေ့ကို စောင့်မျှော်နေတာပါ။ အလုပ်တွေ အဆင်ပြေမှ သူတို့ရှေ့ရေးအေးရအောင်လို့ပါ။ —-ကောင်လေးတွေမသိဘူး ကောင်မလေးတွေဘာကြောင့် တတွတ်တွတ်ရွတ်နေတာလဲ. ကောင်မလေးတွေလဲ အဘွားကြီးတယောက်အသွင်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကောင်လေးအပေါ် ဂရုစိုက်တာတွေ စိတ်ပူတာတွေက အတိုင်းထက်လွန်သွားတာပါ။ —- ဘာကြောင့် ကောင်မလေးတွေ သူတို့ကို […]


ko noMay 1, 20111min15010
(ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ ့ပက်သက်တဲ ့ဆောင်းပါးလေးပါ။) ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို ့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ ့ ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ ့ အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ ကျွန်တော်တို့ဆီမှာ ထမင်းစား စဉ် ရေနွေးသောက်သုံး တဲ ့ အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။ ခုဆောင်းပါးလေး […]


ko noFebruary 16, 20111min1376
အသိလေးနဲ ့ ကာကွယ်ပါ(အမျိုးသမီးများသာဖတ်ရန်) Thai Channel 3..ကနေကြည်ု့လိုက်ရတဲ ့သတင်းလေးကိုမှတ်မိသလောက်လေးပြန်မျှဝေပေးတာပါ အခုခေတ်နိုင်ငံတိုင်းလိုလိုမှာအရွယ်မရောက်သေးတဲ့ကလေးငယ်နဲ့ အမျိုးသမီးတွေ. အတင်းအဓမ္မအကြမ်းဖက်ခံရမှုတွေပိုများလာပါပြီ။ အကြမ်းဖက်ခံရမှုရဲ ့၇၁ရာခိုင်နုန်းဟာ..အသက်၈နှစ်ကနေ.၂၅အရွယ်ဖြစ်ပါတယ်.. အဓိက..ကတော့အရွယ်မရောက်သေးတဲ ့ကျောင်းသူလေးတွေ.ပါ ပြစ်မှုကျုးလွန်ကြတာကတော့. သူတို ့လေးတွေရဲ ့အသိမိတ်ဆွေ.တွေ သူငယ်ချင်းအပေါင်းအသင်းနဲ ့တွဲနေတဲ ့ချစ်သူတွေပါတဲ ့..ကိုယ်မထင်မှတ်ထားတဲ ့သူတွေပဲ အများဆုံးဒုက္ခပေးကြတာပါတဲ ့. သူတို ့နိုင်ငံမှာက.ငယ်ငယ်ရွယ်ရွယ်နဲ ့မင်္ဂလာဆောင်ကြတယ်ဆိုတာရှားတယ် ်.ချစ်သူဖြစ်ရင်အတူတူနေကြတယ် အလုပ်လုပ်ပြီးပိုက်ဆံစုကြတယ်. အဆင်ပြေမှာ မင်္ဂလာဆောင်ကြတာများတယ်.တကယ်လို ့ ဒီကြာထဲပြတ်သွားခဲ့ရင်လဲ.ဘာမှမဖြစ်ခဲ့သလိုအေးဆေးပဲ. သူ့ဓလေ့နဲ ့သူတော့ဟုတ်နေတာပေါ့ချမ်းကလဲ သူတို ့တွေကိုမေးကြည့်တာပေါ့. နင်တို ့တွေအခုလိုအတူတူနေတာမိဘကမပြောဘူးလားဆိုတော့.တို ့အဖေနဲ ့အမေလဲ ဒီလိုနေလာကြတယ်လေတဲ ့.ကောင်းရော.. တစ်လောက ကြည့်လိုက်ရတဲ ့သတင်းလေးမှာလဲ သမီးရည်းစားတွေဖြစ်တဲ့ကောင်လေးနဲ ့ကောင်မလေးအတူတူနေပြီးတော့ ကောင်လေးကအပြင်ခဏသွားမယ်ဆိုပြီးထွက်သွားပါတယ် နောက်တော့သူ ့သူငယ်ချင်း ၈ ယောက်ကို ဖုန်းဆက်ခေါ်ပါတယ် […]