Mon LayJuly 6, 20193min2900
Sea Walker ဆိုတာ ရေ အောက်ကြမ်းပြင်မှာလမ်းလျှောက်ပြီး နီမိုငါးလေးတွေကို အနီးကပ်ကြည့်တဲ့ Activity ပါ။ မွန်လေးဘာလီသွားတုန်းကတော့ လုပ်ခဲ့တယ်။ အရမ်းမိုက်တယ်။ အစာလည်းကျွေးလို့ရတယ်။ ကိုယ်ဖြင့်ကျွေးချင်ပါတယ်။ မှတ်တမ်းတင်ဓါတ်ပုံရိုက်နေရတာကလက်တစ်ဖက်၊ ကျန်လက်တစ်ဖက်ကလည်း တန်းကိုကိုင်ထားရလို့ မကျွေးခဲ့ရဘူး။ #Sea Walker လုပ်နို်င်တဲ့နေရာများ အရှေ ့တောင်အာရှမှာ Sea walker လုပ်မယ်ဆို #Thailand Bangkok ကိုသွားရမယ်။ Pattaya ကမ်းခြေမှာရှိပါတယ်။ #Vietnam Hoi an ကိုသွားရမယ်။ Cham ကျွန်းမှာရှိပါတယ်။ #Indonesia Bali ကိုသွားရမယ်။ Tanjung Benoa ကမ်းခြေမှာ ရှိပါတယ်။ အရင်ကဆိုသူက တံငါရွာသာသာပဲ။ ခုကျမှ ဇိမ်ခံဟိုတယ်တွေ၊ ကမ်းခြေမှာ ဆော့ဖို့ water activities တွေလုပ်လာလို့ပိုပြီးစည်ကားလာတယ်ပြောပါတယ်။ ကိုယ်တွေအဖွဲ့ထဲက ၂ယောက်က […]


Mon LayJune 28, 20192min58872
ခန်းမအဆုံးတွင် ကွယ်လွန် သူ မောင်ကျော်ဇင်ဝင်း၏ ရုပ်အ လောင်းထားရှိပြီး ပတ်ချာလည် တွင် အနက်ရောင်အကျႌဝတ်ဆင် ထားသည့် LGBT (လိင်စိတ်ကွဲ ပြားတိမ်းညွတ်သူ)များနှင့် သ တင်းမီဒီယာမှ ဓာတ်ပုံဆရာများ  ဝိုင်းအုံနေသည်။အရပ်အမောင်းအားဖြင့် ခြောက်ပေအထက်ရှိပြီး ကြည့် ကောင်းနေသည့် လူငယ်နှစ်ဦး သည် မောင်ကျော်ဇင်ဝင်း၏ ရုပ် အလောင်းကို လူအများအကြား တိုးဝှေ့ကြည့်ရှုပြီးနောက်  တစ် ယောက်နှင့် တစ်ယောက်ပွေ့ဖက် ကာ အသံတိတ်ငိုကြွေးတော့ သည်။ #credit from 7 days news စိတ်မကောင်းစွာနဲ့ သတင်းတစ်ခုကိုဖတ်လိုက်ရပါတယ်။ ဖတ်တာအားမရသေးလို့ facebook ထဲမှာပါ ဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ သူများ LGBT ဖြစ်နေတာကို အတင်းလိုက်မေးတဲ့မိန်းမကိုလည်း human right ဆိုတာဘာလဲလို့သိအောင်စာတွေဖတ်စေချင်တယ်။ ပြီးတော့ ဘဝပေးမကောင်းလို့ ဖြစ်လာတဲ့ သူတွေကို […]


Mon LayJune 27, 20192min2770
စွန်းရှီဆိုလို့ ဘာလဲသိချင်နေပြီလား။ ပြောပြပေးမယ်..ဖြည်းဖြည်းပေါ့။ မပြောခင် တစ်ခုလောက်မေးချင်တယ်။ ခု ဗိုက်ဆာနေပြီလား။ အပြင်ဘက်ကိုလည်းလှမ်းကြည့်လိုက်ပါဦး။ မိုးတွေကောရွာနေလား..အဲ့၂ခုလုံးစုံနေပြီဆိုရင်တော့..ကဲထ..၂ခုစလုံးနဲ့အရမ်းလိုက်ဖက်ညီတဲ့ဆိုင်လေးသွားကြမယ်။ မ နေ့ကမိုးအေးအေးနဲ့..သယ်ရင်းနဲ့ ၂ယောက် မုန့်ထွက်စားကြမယ်ဆိုပြီး ချိန်းကြတယ်လေ။ ဘယ်ဆိုင်စားရင်ကောင်းမလဲပေါ့နော်။ စားနေရကျဆို်င်ဆို ၂ယောက်စလုံးကမစားချင်။ မစားဖူးသေးတဲ့ ဆိုင်ပဲစားကြမယ်ဆိုပြီးရှာတော့ သယ်ရင်းက သူတို့မြောက်ဒဂုံမှာ ဆိုင်သစ်ရှိတယ်တဲ့။ မိုးတွင်းနဲ့လည်းလိုက်ဖက်တဲ့ hot potဆိုင်တဲ့။ ကိုယ်သိပ်ကြိုက်တာပေါ့ hot potဆို။ ပြီးတော့ နင်ကြိုက်တဲ့ ဝက်ဦးနှောက်ပါရတာနော်တဲ့..အိုကေမှာစိုပြေပြီပဲပေါ့။ ဒီတော့ ရုံးဆင်းတာနဲ့ အပြေးကေးလ မြောက်ဒဂုံကိုပြေးခဲ့တာပေါ့ကွယ်။ ဆိုင်နာမည် စွမ်းရှီ။ တရုတ်နာမည်က Shuang Xi. တည်နေရာ မြောက်ဒဂုံ ပင်လုံလမ်းမကြီး။ဆက်သွယ်ရေးမှတ်တိုင် အနီးပါ။ ဖုန်း 09251915169၊ 09891495881။ Shuang Xi Hot Pot buffet ကနေ ခုဆို ဒုတ်ထိုး […]


Mon LayJune 26, 20191min19182
ဒီတစ်ခါရေးတဲ့ ပို့စ်က တော့ ခရီးသွား ပို့စ် မဟုတ်ပါဘူး။ မွန်လေးရဲ ့ ခရီးသွားပို့စ်အောက်မှာ သူများတွေက ဒီလိုခရီးတွေသွားပြီး ပျော်ဖို့ ကောင်းလိုက်တာ..ငါတို့မှာကျ အဲလိုပျော်ရွှင်မှု တောင်မရှိပါလားလို့ လာမန့်သွားတဲ့သူကိုမြင်ပြီး ရေးချင်စိတ်ပေါက်သွားလို့ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ပြန်ရှယ်ချင်တာပါ။ ပျော်ရွင်မှု ့ဆိုတာ ကိုယ်တိုင်ဖန်တီးယူမှရတာမျိုးပါ။ တစ်နည်းအားဖြင့် ကိုယ့်ကို ဘယ်အရာ ကပျော်ရွှင်စေနိုင်လဲ၊ ကိုယ်ဘာလုပ်လိုက်ရင် ပျော်သွားသလဲပေါ့နော်။ အဲလိုဆန်းစစ် တတ် ရင်..ပျော်ရွှင်မှုဆိုတာရှိလာမှာပါ။ အဲဒါကလည်း ကိုယ့်ရဲ ့ဝါသနာကိုအခြေခံလိမ့်မယ်လု့ိ မွန်လေးကတော့ထင်တယ်။ ဥပမာ..အဆိုတော်တွေဆို..သီချင်းဆိုနေရတာကိုက သူ့ရဲ ့ဝါသနာတစ်ခုလိုဖြစ်ပြီး ကိုယ်လုပ်ချင် တာလုပ်နေရတော့ ပျော်နေတာ…ပျော်ရလို့ကို သီချင်းဆိုတာမျိုးပေ့ါ။ အခကြေးငွေရလို့ ဆိုတဲ့သူ ကတော့ တမျိုးပေါ့။ မွန်လေးဆို စာဖတ်၊စာရေးရတာ ဝါသနာပါတယ်။ ဘယ်လိုဝါသနာပါသွားလဲဆိုရင် ရတန်းနှစ် လောက်တုန်းက တီဗွီမှာ ကိုရီးယားကား […]


Mon LayJune 22, 20194min2882
ဘာလီဆိုတာ တကယ်တမ်းသွားလည်မယ်ဆို..၁ပတ်နဲ့လည်းမလောက်၊ ၁လလောက်နေရင်တောင် လောက်ချင်လောက်မှာ။ အဲလောက် ကျွန်းသေးလေးလေးမှာ လည်စရာတွေပြည့်နေတာပါ။ ဘာလီဆိုတာတကယ်က အရမ်းကိုလှတဲ့နေရာလေးတွေတစ်စုတစ်စည်းတည်း ရှိနေတဲ့နေရာလေးပါ.. ဘုရားကျောင်းတွေအကြောင်းပဲလေ့လာချင်သလား..ရှိတယ်။ကမ်းခြေမှာပဲ..လွတ်လွတ်လပ်လပ်နေချင်လား..အေးဆေး။ နားအေးပါးအေးတိတ်တိတ်ဆိတ်ဆိတ်နဲ့ပတ်ဝန်းကျင်စိမ်းစိမ်းစိုစိုလေးတွေပဲငေးပြီးကြည့်ချင်လား..ရတယ်။ ပြီးတော့ ဓါတ်ပုံရိုက်တာဝါသနာပါတဲ့သူတွေအတွက် instagram တို့ facebook တို့ပေါ်တင်လိုက်တာနဲ့..လှလိုက်တာ..wow လို့မန့်ခံရမယ့်နေရာလေးတွေတအားရှိတော့..မြန်မာလူမျိုးတွေသွားသင့်တဲ့နေရာတစ်ခုပါ။ အဲတော့ ဘာလီရောက်သွားတဲ့အခါ..ဘယ်နေရာလေးတွေကို အဓိကထားသွားသင့်ပြီး ဓါတ်ဖမ်းသင့်တာကို မွန်လေးကပြောပြပေးချင်ပါတယ်။ #Ubud Monkey Forest🐵🙈 Monkey Forest က မျောက်အကောင်ရေအများဆုံးနဲ့ ဘာလီမျောက်တွေကို စနစ်တကျထိမ်းသိမ်းအကာအကွယ်ပေးထားတဲ့နေရာပါ။ မျောက်တွေက လူယဉ်နေပြီ မြင်မြင်သမျှ လိုက်လုပါတယ်. လုံးဝမကြောက် ဘူး။ အိတ်တွေကို ဖွင့်ပြီးသေချာခိုးတတ်တယ်။ ဒါပေမဲ့ မျောက် သချိုင်္င်း၊ holly water လည်း ရှိသလို ရေတံခွန်တွေလည်းပောတယ်။ ဒါကြောင့်လည်ပတ်ဖို့ကောင်းတဲ့နေရာတစ်ခုပါ။ #Uluwatu Temple ဘာလီရောက်မှတော့ မသွားမဖြစ်ရောက်အောင်သွားရမယ့် နေရာလေးတစ်ခုပါ။ […]


Mon LayJune 19, 20192min33290
ဟနွိုင်းဆိုတာ ဗီယက်နမ်ရ ဲ့မြို့တော်ပါ။ ဘွန်ချာဆိုတာ ဗီယက်နမ် ရိုးရာ အစားအစာ ပါ။ အဲနေရာကို မွန်လေးတို့ ဟနွိုင်းသွားတုန်းက မသွားမဖြစ်သွားရမယ့် နေရာအဖြစ်အနေနဲ့ သွားရောက်စားသောက်ခဲ့ပါတယ်။ အမှန်က အဲ့စားသောက်ဆိုင်က အရင်ကလမ်းဘေးစားသောက်ဆိုင်သာသာပဲတဲ့။ အမေရိကန်သမ္မတ လာရောက်စားသောက်ပြီးတော့မှ အဲ့ဆိုင်ကအထပ်ပေါင်းများစွာရှိလာ တာတဲ့။ ဒုတိယထပ်မှာတော့ အိုဘားမားစားခဲ့လို့ စားခဲ့တဲ့နေရာ၊ အိုဘားမား ထိုင်ခဲ့တဲ ့ စားပွဲ ထိုင်ခုံ နဲ ့ ပန်းကန် တွေအားလုံး မှန်ဘောင်နဲ့သေသေချာချာ အမှတ်တရထားထားလေရဲ့။ ဓါတ်ပုံကိုလည်း နံရံမှာ ချိတ်ထားသေးတာတွေ့ခဲ့ပါတယ်။ #အိုဘားမားလာစားချိန် ဘာရက်အိုဘားမားအဲ့ဆိုင်မှာ လာစားတုန်းကဆို ဆိုင်ရှင်က သူလာလို့လာ မှန်းတောင် မသိဘူးတဲ့။ အိုဘားမားက ဆိုင်ထဲဝင်၊ ပလတ်စတစ်ခွေးခြေခုံကိုဆွဲပြီး ဗီယက်နမ်ရဲ့ နာမည်ကျော် ဘန်ချာ စားစရာကို မှာစားချိန်ကျမှ သူ ကြက်သေသေသွားခဲ့ပါတယ်တဲ့။ […]


Mon LayJune 11, 20195min3684
ရန်ကုန် Walking Tour လို့ ပြောလိုက်ရင် Tour လုပ်ငန်းမှာ လုပ်နေတဲ့သူတွေနဲ့တော့ မစိမ်းပေမယ့် တခြားပြင်ပလောက လူတွေဆိုရင်တော့ စိမ်းနေမယ်ထင်ပါတယ်။ ဘယ်လို?? ရန်ကုန်မှာ လမ်းလျှောက်တဲ့ တိုး ဟုတ်လား..ဘယ်မှာလည်စရာရှိလို့လဲ ဆိုပြီး ရန်ကုန်မှာနေတဲ့ သူတွေက နယ်ဘက်တွေကို ခရီးတွေထွက်သွားတတ်ကြတယ်။ အမှန်တကယ်တော့ မွန်လေး တို့နေနေတဲ့ ရန်ကုန်မြို့ပေါ်မှာလည်း လည်ချင်စရာတွေ ၊လေ့လာစရာ ဗဟုသုတတွေ အများကြီး ရှိလို့နေတယ်ဆိုတာ မွန်လေးလည်း တိုးလုပ်ငန်းလုပ်မှ နိုင်ငံခြားသားဧည့်သည်တွေ ကိုခရီးစဉ်တွေဆွဲပေးရင်း သိခဲ့ရပါတယ်။ စာတွေလိုက်ဖတ်တာအားမရလို့ ကိုယ်ကိုယ်တိုင် လေ့လာဥိီးမယ်ဆိုပြီး တစ်နေ့တော့ သွားလည်ပတ်ဖြစ်ခဲ့ပါတယ်။ သူများကိုကိုယ်ကပြောပြချင်ရင် ကိုယ်ကအရင်သိအောင်လုပ်ရတယ်လေ..ဟုတ်တယ်မှတ်လား ဒီတော့ အားတဲ့တစ်နေ့မှာ မွန်လေး ရန်ကုန် walking tour လေးစခဲ့ပါတယ်။ #ဆူးလေဘုရား မြန်မာနိုင်ငံရှိထင်ရှားသော စေတီပုထိုးတို့တွင် အပါအဝင်ဖြစ်ပြီး လေးဆူ […]


Mon LayJune 3, 20192min4542
ဟိုတလောကမှ မွန်လေးကို comment ကနေရော chat box ကနေပါ skyscanner မှာ လေယာဉ်လက်မှတ်ဝယ်နည်းလေး ပြောပြပေးပါလို့တောင်းဆိုထားတဲ့လူရှိလို့.. ဒီပို့စ်လေးနဲ့ ဖော်ပြ ပေးလိုက်ပါတယ်နော်။ တခြားကိုယ့်ဖာသာလက်မှတ်ဝယ်နိုင်ဖို့နည်းလမ်းလည်းဖော်ပြ ပေးလိုက်မယ်နော် ✈️💙 Skyscanner သူဆီမှာ ဝယ်တာဟာ တစ်ခါတစ်လေ လေကြောင်းလိုင်းပိုင် website မှာဝယ်တာထက် ဈေးသက်သာတတ်သလို ဈေးကြီးမယ် ဆိုလည်း ၅ဒေါ်လာမှ ၁ဝဒေါ်လာလောက်ထိ ဈေးကြီးပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပျံသန်းတဲ့ လေယာဉ်တော်တော်များများရဲ့ ပရိုမိုးရှင်းတွေဟာ သူတို့ဆီမယ် တစ်ခါတည်းရိုက်ချလိုက်ရုံနဲ့ တန်းထွက်လာတာမျိုးဆိုတော့ ဈေးအသက်သာဆုံးတွေရယ် ကိုယ်ကြိုက်တဲ့ အချိန်တွေရယ်ကို သေချာတစ်နေရာထဲမှာ ရွေးချယ်လို့ရတာမို့ နိုင်ငံကြီးတွေသွားဖို့ရယ် အိမ်နီးချင်းမဟုတ်တဲ့ နိုင်ငံတွေသွားဖို့အတွက်ဆို အရမ်းအသုံးဝင်တယ်။ လင့်က https://www.skyscanner.com.sg/ သုံးနည်းကိုပုံမှာပြထားပါတယ်။ အသေးစိတ်ကြည့်နိုင်ပါတယ်။ skyscanner မှာဝယ်မယ်ဆိုရင်တော့ သူက တစ်ကမ္ဘာလုံးမှာ ဆွဲနေတဲ့ အဲလိုင်းတွေကို တခါတည်းရှာနိုင်ပြီး […]


Mon LayMay 29, 20199min1870
ဂျင်းပေါလို့ဆိုပြီးမသွားတော့ဘူးကွာလို့တော့..မလုပ်လိုက်နဲ့နော်…သတိထားရမယ်ဆိုတာလေးပြောချင်လို့ပါ..😉ဘာလီဆိုတာတကယ်က အရမ်းကိုလှတဲ့နေရာလေးတွေတစ်စုတစ်စည်းတည်း ရှိနေတဲ့နေရာလေးပါ.. ဘုရား ကျောင်းတွေအကြောင်းပဲလေ့လာချင်သလား..ရှိတယ်။ကမ်းခြေမှာပဲ..လွတ်လွတ်လပ်လပ်နေချင်လား..အေးဆေး။ နားအေးပါးအေးတိတ်တိတ်ဆိတ်ဆိတ်နဲ့ ပတ်ဝန်းကျင်စိမ်းစိမ်းစိုစိုလေးတွေပဲငေးပြီးကြည့်ချင်လား..ရ တယ်။ ပြီးတော့ ဓါတ်ပုံရိုက်တာဝါသနာပါတဲ့သူတွေအတွက် instagram တို့ facebook တို့ပေါ်တင်လိုက်တာ နဲ့..လှလိုက်တာ..wow လို့မန့်ခံရမယ့်နေရာလေးတွေတအားရှိတော့..မြန်မာလူမျိုးတွေသွားသင့်တဲ့နေရာတစ်ခု ပါ။ အချိန်အားဖြင့် ဘာလီက ရန်ကုန် နဲ့ဆို ၁နာရီခွဲစောပါတယ်။ #လေကြောင်းလိုင်း ဘာလီကိုခုဆို ရန်ကုန်ကနေ တိုက်ရိုက်မရောက်ပေမယ့် transit အနေနဲ့ စင်ကာပူတို့၊ မလေးရှားတို့ကနေ ပတ်ပြီးသွားလို့ရပါတယ်။ လေကြောင်းလိုင်းက Malindo, Air Asia, Singapore airline, Jet star တို့ရှိပါတယ်။ လေယာဉ်ပေါ်မူတည်ပြီး အစားအသောက်ပါမှု၊မပါမှုကတော့ကွာသွားပါတယ်။  Malindo အဲလိုင်းက တစ်ခု ကောင်းတာကလေ.luggage check-through ရတာပဲ။ ရန်ကုန်လေဆိပ် ကနေ မလေးရှားလေဆိပ်မှာ လေယာဉ်ပြောင်းစီးရတယ်ဆိုပေမဲ့  luggage ထုတ်စရာမလိုဘဲ..ဘာလီထိ luggage […]


Mon LayMay 14, 20194min4332
လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အပန်းဖြေချင်တဲ့ စိတ်တွေ ကတူချင်မှတူမှာပေါ့နော်။ မွန်လေးကတော့ ရေကူးရတာ ဝါသနာပါတယ်။ ကိုယ့်အားလပ်ရက် ဆို.. ရေသွားကူးဖြစ်တာများတယ်.. ခရီးက နေ ပြန်လာရင် ပင်ပန်းနေတာတွေကိုဖြေ ပျောက်ဖို့ ရေကူးလိုက်တာပဲ. When you are tired, swimming with your heart တဲ့။ အဲ့စာသားက အရမ်းမှန်တယ်။ ခရီးတွေသွားရင်လည်း ရေကူးကန်ပါတဲ့ဟိုတယ်ပဲနောက်ပိုင်းရွေးတည်းဖြစ်တာများတယ်။ အညောင်းအညာပါပြေ စေတယ်လေ။ ရေကူးဝတ်စုံလှလှလေးလည်း ဝတ်ရတေယ်လေ👙🕶 ရေကူးကန်လေးကမိုက်တော့ ပုံအလန်းလေးတွေလဲ ရိုက်လို့ကောင်းမှကောင်း။ ရေကူးပြီးမောမောနဲ့ အအေးသောက်ရတဲ့ဖီလင်ကလည်းမိုက်နေရော။ Pool float လေးနဲ့ဆိုလည်း ပိုလို့တောင်မို်က်သေး။ ရေကူးခြင်းဟာ Live in the moment လက်ရှိကို ပြည့်ပြည့်ဝဝခံစားပြီး အနားယူဖို့ အကောင်းဆုံးလို့ ခံစားရလို့ မွန်လေးကတော့ […]


Mon LayMay 14, 20192min3070
Ice skate စီးချင်ခဲ့တာ လွန်ခဲ့တဲ့ ၁၄နှစ်လောက်ကတည်းက TV မှာ ကိုရီးယားဇာတ်လမ်းတွဲ FullHouse(ချစ်စံအိမ်) ပြကတည်းက အွန်စောစီးတာမြင်ကတည်းက စီးချင်ခဲ့တာ။ 😁😁ရွနေခဲ့တာ။ အဲ့တာနဲ့ ၂၀၁၄ ကျမှ ရုံးကအမတစ်ယောက်က သူ့တူမလေးအတွက် skate စီးသင်မယ်ဆိုပြီး infomation ရှာရင်းနဲ့မှ လှည်းတန်းမှာစကိတ်စီးသင်ပေးတယ်(ice skate တော့ မဟုတ်ဘူးပေါ့) ဆိုတာသွားတွေ့ပြီးသွားသင်ခဲ့တယ်။ သင်ပေးခဲ့တဲ့ အကိုတွေ ၊မောင်လေးတွေကို ဒီစာရေးရင်းနဲ့ ကျေးဇူးတင်ပါတယ်လို့။ 🙏🙏အရမ်းကြီးတော့ မတတ်ခဲ့ပါဘူး။ အလုပ်က တစ်ဖက်နဲ့မို့ လေ။ ဒါပေမဲ့ အခြေခံတော့တတ်ခဲ့ပါတယ်။ ခုလို ice skate rinkကြီး (နိုင်ငံခြားသွားရင် ကြိတ်ကြွေခဲ့ရသော )ကို ရန်ကုန်မှာ စဖွင့်ပြီ ဆိုတော့ ဘယ်လိုပျော်မှန်းမသိကိုပျော်နေခဲ့တာ။ 😄😄အဲဒါနဲ့ ကိုယ်အားမယ့်ရက်၊ သယ်ရင်း အားမယ့်ရက်နဲ့ချိန်ပြီး တော့သွားခဲ့ပါတယ်။ […]


Mon LayMay 9, 20191min4172
ဟိုတနေ့က 7 days မှာ သတင်းတစ်ခုဖတ်လိုက်ရပါတယ်။ မြန်မာနိုင်ငံမှာ လောင်းကစားလုပ်ငန်းဖွင့်ဖို့ ဥပမဒေလုပ်တော့မယ်တဲ့။ အဲတော့ လောင်းကစားရုံတွေ ရှိလာတော့မယ်ဆိုတဲ့ သဘောပေါ့နော်။ စီးပွားရေးလုပ်ငန်းတွေများလာတာတော ဝမ်းသာပါတယ်။ ဒါပေမဲ့ မြန်မာလူမျိုးတွေရဲ ့အသုံးအစွဲကြီးပုံ၊ တခါနိုင်ပြီးရင် နောက်ထပ်တစ်ခါနိုင်မယ်အထင်နဲ့လုပ်ပုံတွေ နဲ့ ပိုင်ရှင်ကလည်း ငွေရရင်ပြီးရော ကိုယ့်လူမျိုးဘာပဲဖြစ်ဖြစ် ဂရုမစို်က်တတ်တဲ့ အကျင့်တွေနဲ့ လူတွေဘယ်လောက် လောင်းကစားလုပ်လို့ မွဲကြဦးမလဲမသိ။ မွန်လေးကြားဖူးတာပြန်ရှယ်မယ်နော်။ နို်င်ငံတိုင်းမှာ လောင်းကစားဆိုတာရှိပါတယ်။ လောင်းကစား မရှိတဲ့နိုင်ငံရယ်လို့ ကမ္ဘာမှာမရှိသေးဘူးထင်တယ်နော်။ အနီးဆုံးပြောရရင် စင်ကာပူ။ စင်ကာပူမှာ လောင်းကစားပွဲရုံကြီးကရှယ်မှရှယ်ပဲ။ ဒါပေမဲ့သူတို့ကစည်းကမ်းရှိတယ်။ ကို်ယ့်လူမျိုးကိုပြန်ကြည့်တယ်။ ကိုယ့်လူမျိုးလာဆော့မယ်ဆို ဝင်ကြေးက အာလား…ဈေးကေ တာ်တော်ကောင်းတာ..တိုင်းတပါးသားဆို ဝင်ကြေးက ဖရီးဗျာ။..လူတွေဆိုတာ ဖရီးရရင် အကုန်လိုချင်ကြတာပဲလေ..မဟုတ်လား..အဲတော့ စလုံးကအစိုးရက ဝင်ငွေရှာကောင်း တယ်.ဒါမဲ့ ကို်ယ့်လူမျိုးဆင်းရဲအောင်ဘယ်တော့မှမလုပ်ဘူး..တော်တော်..တော်တဲ့အစိုးရပါ။ အဲလိုကြောင့်လည်း နိုင်ငံကြီးတိုးတက်နေတာ။ နို်င်ငံတိုးတက်ဖို့ဆိုတာ […]