Mon LayFebruary 26, 20191min2202
ခုမြန်မာလူမျိုးတွေတအားသွားသွားနေကြတဲ့ နိုင်ငံကတော့ ဗီယက်နမ်နို်င်ငံပါ။ သူကဈေးလည်း သက်သာသလို သွားရင်လည်း မွန်လေးတို့မြန်မာနိုင်ငံဆို နီးလည်းနီးတယ်လေ။ လေယာဉ်အ ချိန်ကလည်း ၁နာရီကျော်လောက်ပဲစီးရတော့ သွားရတာလည်း အဆင်ပြေတယ်။ မွန်လေးတို့ နိုင်ငံနဲ့ဆို အချိန်က နာရီဝက်ပဲစောတယ်။ အဲတော့ အသွားများတဲ့ဒီနိုင်ငံအတွက် ဆောင်ရန် ရှောင်ရန်လေးတွေမျှပေးချင်ပါတယ်။ #အဝတ်အစားကိုသပ်သပ်ရပ်ရပ်ဝတ်ပါ ဒါကတော့ ပြောစရာမလိုပါဘူး။ ဘယ်သူမဆို လှလှပပ သေသေသပ်သပ်ဝတ်ကြမှာပါ။ #ဘုရားကျောင်းကန်ရောက်ရင် ဂါရဝပြုပါ။ ပြောချင်တာကတော့ ဘုရားကျောင်းကန်တွေရောက်ရင် လက်အုပ်ချီချင်ချီ၊ မချီချင်ရင် ရိုင်းစိုင်းတဲ့ အပြုအမူမျိုးမလုပ်ရင်ရပါတယ်။ အဝတ်အစားကျတော့ လုံလုံခြုံခြုံလေးဝတ်ဖို့လိုပါတယ်။ #လက်ဝတ်လက်စားအများကြီးမဆင်ပါနဲ့ လက်ဝတ်လက်စားတွေကိုလည်း တောက်တောက်ပြောင်ပြောင် အများကြီးမဝတ်ပါနဲ့။ သူခိုး လမ်းပြဖြစ်မှာစိုးလို့ပါ။ #အိတ်များကိုသေချာလွယ်ပါ။ ဒါကတော့ ဘယ်ပဲသွားသွား ကိုယ့်အိတ်ကိုဂရုစိုက်ပါ။ ကျောပိုးအိတ်လွယ်ရင်လည်း လူများတဲ့နေရာတွေဆို ရှေ့ကိုပြောင်းလွယ်ပါ။ စစ်သားတွေတွေ့ရင် ဓါတ်ပုံမရိုက်ပါနဲ့။ စစ်လက်နက်တွေကိုင်ထားတဲ့ စစ်သားတွေတွေ့ရင် ဓါတ်ပုံမရိုက်ပါနဲ့။ […]


Mon LayFebruary 16, 20194min2190
😀အမှန်ဆို ဒီဘုရားကသွားဖူးချင်နေတာကြာပြီ။ တည်ပြီးကတည်းက အမေနဲ့သွားချင်နေခဲ့တဲ့ဘုရား။ တကယ်တမ်းကျတော့ မမျှော်လင့်ဘဲ မှော်ဘီမှာ အဖွားအတွက် အလှူသွား လုပ် ရင်းနဲ့မှ ရောက်ဖြစ်ခဲ့ပါတယ်။😀အမှန်ဆို ဒီဘုရားကသွားဖူးချင်နေတာကြာပြီ။ တည်ပြီးကတည်းက အမေနဲ့သွားချင်နေခဲ့တဲ့ဘုရား။ တကယ်တမ်းကျတော့ မမျှော်လင့်ဘဲ မှော်ဘီမှာ အဖွားအတွက် အလှူသွား လုပ် ရင်းနဲ့မှ ရောက်ဖြစ်ခဲ့ပါတယ်။ #လမ်းကြောင်း 🚗🚗အမြန်လမ်းပေါ်ရောက်ရင် မိုင်တိုင် ၁၅ ဆိုဘုရားမုဒ်ဦးကို မြင်ရပြီ။ ညနေဘက်ဘုရားဖူးတာ ပိုကောင်းပါတယ်။ နေ့ခင်းဘက်ဆိုအရမ်းပူတယ်။ ရန်ကုန်က ၂နာရီ ၃နာရီဝန်းကျင်ထွက်ပါ။ဘုရားကို ၅နာရီလောက်ရောက်ရင်အတော်ပဲ။🚗#လမ်းကြောင်းအမြန်လမ်းပေါ်ရောက်ရင် မိုင်တိုင် ၁၅ ဆိုဘုရားမုဒ်ဦးကို မြင်ရပြီ။ ညနေဘက်ဘုရားဖူးတာ ပိုကောင်းပါတယ်။ နေ့ခင်းဘက်ဆိုအရမ်းပူတယ်။ ရန်ကုန်က ၂နာရီ ၃နာရီဝန်းကျင်ထွက်ပါ။ဘုရားကို ၅နာရီလောက်ရောက်ရင်အတော်ပဲ။ #ရွှေပြည်အေးဘုရား 🙏🙏 ဘုရားက ထိုင်တော်မူရုပ်ထုပါ။ မုံရွာက ရပ်တော်မူဘုရားကြီးလို၊ ရေးက ကိုရင်လေးဘုရားလို […]


Mon LayFebruary 11, 20191min3762
# လေယာဉ်လက်မှတ်ဗီဇာ မလိုအပ်တဲ့နိုင်ငံတွေဆိုရင် သူ့ကိုအရင်စဉ်းစားတယ်။ အနည်းဆုံး ၃လ မှ ၆လလောက်ကို လေယာဉ်လက်မှတ် ဝယ်ထားမယ်ဆိုရင် ဈေးချိုစွာနဲ့ ရရှိနိုင်ပါတယ်။ အဲလိုင်းကိုလည်း ဘယ်အဲလိုင်းက promotion တွေချနေလည်း မေးပါ။ ဗီဇာလို တဲ့နိုင်ငံကျ ဗီဇာအရင်လျှောက်ပါ။ အဲလိုင်းမှာ ဘွတ်ကင် ဖောင်ယူပါ။ ဗီဇာကျမှ လေယာဉ်လက် မှတ်ဝယ်ပါ။ #ရာသီဥတု ကိုယ်သွားမယ့် နေရာရဲ့ရာသီဥတုကိုအင်တာနက်ကနေရှာပါ။ အဲကျမှ ကိုယ်သွားမယ့်နေ ရာက အေးရင် အနွေးထည်တွေယူသွားလို့ရသလို ပူတယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါးလေးတွေ၊ မိုးရွာတတ်တယ်ဆိုရင်လည်း rain coat အပါးလေးတွေ တခါတည်းယူ သွားလို့ရအောင် ပါ။ #ဟိုတယ် မိုတယ် အင်း 🏩🏦🏡🏠🏣သူလဲတူတူပါပဲကြိုတင်ဘွတ်လုပ်ထားမယ်ဆိုရင် ဈေးနှုန်းသက်သာစွာရနိုင်ပါတယ်။အနည်းဆုံး ၁လ မှ ၃လ ထိ ကြိုတင် ဝယ်ယူထားရင် အတော်ပါပဲ။ […]


Mon LayFebruary 6, 20192min3062
#Myanmar Vacation Festival 2019 #Pullman_Hotel #Yangon ဟိုတစ်နေ့က #Pullman Hotel မှာလုပ်တဲ့ #Myanmar Vacation Festival 2019 ပွဲကို သယ်ရင်းနဲ့၂ယောက် သွားဖြစ်ခဲ့ပါတယ်။ ကုိုယ်ရောက်သွားတဲ့အချိန်က မနုမြတ်( Nu Myat Around the world) ရယ် ကိုသီဟ (Thiha, the traveler) တို့က How to become a travel blogger ဆိုတဲ့ခေါင်းစဉ်နဲ့ တစ်ယောက်မေး၊ တစ်ယောက်ကဖြေနေတာလေးနဲ့ ကြုံခဲ့ပါတယ်။ ကိုယ်သိပ်စိတ်ဝင်စားသွားတဲ့ခေါင်းစဉ်ပေါ့နော်။ တကယ်ပဲ ဘလောကာ ဖြစ်လို့မလွယ်ပါဘူး. အဓိက အချိန်ရယ်၊ငွေကြေးရယ်ပေါ့။ စာရေးဖို့အချိန်ပေးရသလို၊ အချက်အလက်တွေစုဆောင်းဖို့လည်း အချိန်ပေးရတယ်။ ပြီးတော့ ငွေထောက်ပံ့မယ့်သူမရှိရင် ကိုယ့်ဖာသာအိတ်စိုက်ပြီး အရင်ဦးဆုံးခရီးသွားရတယ်။ နောက်ပို်င်းမှ နာမည်တစ်လုံးရ […]


Mon LayJanuary 31, 20192min4546
#Passport သက်တမ်း ကိုယ့်passport စာအုပ်သက်တမ်း အနည်းဆုံး (၇)လရှိသေးလားစစ်ပါ။ မရှိတော့ရင် အသစ်သွားလုပ်ပြီးမှ လေယာဉ်လက်မှတ်ဝယ်ပါ။ #နာမည် အဲလိုင်းကနေ ကိုယ့်ကိုလက်မှတ်ပေးလိုက်ရင် အရင်ဦးဆုံး တိုက်စစ်ရမှာက နာမည်ပါ။ ပက်စ်ပို့ထဲက ကိုယ်နာမည်နဲ့ လက်မှတ်ထဲကနာမည် ၂လုံး ၃လုံး ကအစ တိုက်စစ်ဖို့ လိုပါတယ်။ #ခရီးစဉ်                                                                      ကိုယ်သွားမယ့် နေရာ၊ ရက်စွဲ နဲ့ အချိန်ု ကိုလက်မှတ်ပေါ်မှာ သေချာတိုက်ပါ။ #ကီလိုယူ..မယူဆုံးဖြတ်ပါ ခရီးသွားတဲ့အခါ ကိုယ့်ခရီးက အလည်အပတ်ပဲလား..ရှော ့ပင်လား..၂ခုလုံးစလား..အဲလိုဆိုရင် အဲလိုင်းမှာ ကီလိုယူမယူစဉ်းစားပါ။ ကိုယ့်လက်ဆွဲအိတ်ကကြီးရင် ကီလိုတခါတည်းဝယ်ပါ။ check-in counter ကျမှဝယ်ရင် ၃-၄ ဆပေးရပါတယ်။ ရကီလိုကတော့ လက်ဆွဲအိတ် အသေး အဖြစ် ရပါတယ်။ အလကားပေးတယ်။ နောက်အောက်ထဲထည့်မယ့်ကီ လိုကတော့ […]


Mon LayJanuary 31, 20193min2432
ဒီတခါတောင်ပေါ်မှာပါ အိပ်လို့ရတာလေး ပြန်ရေးပေးထားပါတယ်။ #ဘယ်လိုသွားရလဲ🚌🚗🚍🚘 ကျိုက်ထီးရိုးကတော့ တချို ့ကားရှိတဲ့သူတွေလည်း ကိုယ်ပိုင်ကားလေးနဲ့သွားကြသလို တချို ့ကျတော့လည်း ဘုရားဖူးလိုင်းကားတွေနဲ့သွားကြပါတယ်။ ရန်ကုန်ကနေဆို ဘုရားဖူးပို့ဆောင်ရေးကားတွေခုဆိုအတော်များများရှိလာပါပြီ။ အောင်ဆန်းကွင်းကနေစီးတာပဲဖြစ်ဖြစ်၊ အောင်မင်္ဂလာကနေဖြစ်ဖြစ်၊ မြို့တွင်းနီးစပ်ရာနေရာကနေဖြစ်ဖြစ် ကားတွေကိုစီးပြီးအဆင်ပြေစွာနဲ့သွားလို့ရပါတယ်။ အသွားအပြန် ဂိတ်ပေါ်မူတည်ပြီး အနည်းဆုံး တစ်ယောက် ၁၂၀၀ဝကျပ် ကစရှိပါတယ်။ အသွားအပြန်ပေါ့ (လက်မှတ်လိုချင်ပြောနော်..မွန်လေးခုအလုပ်လုပ်နေတဲ့ တိုးမှာ ဝယ်လို့ရတယ်နော်)😁😁😁 ရန်ကုန်ကနေညဘက် (၉)နာရီထွက်လာရင် ကင်ပွန်းစခန်းကို မနက်စောစော (၂)နာရီဆိုရောက်ပါတယ်။ အချိန်ကတော့ များသောအားဖြင့် ရန်ကုန် က ည ၉ နာရီထွက်ပြီး ကင်မွန်းစခန်းကို မနက် ၂နာရီဝန်းကျင်ရောက်ရှိလေ့ရှိပါတယ်။ ဒီလိုဂိတ်တွေက အပြန်ခရီးမှာကျိုက်ပေါလောဘုရား၊ ပဲခူးရွှေမော်ဓောဘုရားများကို ပို့ဆောင်ပေးပါတယ်။ ( နေ့ချင်း ပြန်ပဲဖြစ်ဖြစ်.. ညအိပ်ခရီးပဲဖြစ်ဖြစ် ညကားပဲစီးရတာပါပဲ) #တောင်ပေါ်ကိုဘာနဲ့တက် တောင်ပေါ်ကိုကားနဲ့မတက်ချင်တဲ့သူတွေက တောလမ်းကနေ လမ်းလျှောက်လို့ရပါတယ်။ မနက်  ၄ […]


Mon LayJanuary 30, 20197min2721
နွေရာသီပိတ်ရက်လို့ပြောလိုက်တာနဲ့ ခရီးထွက်ကြမယ်ဆို အနားယူဖို့အကောင်းဆုံးကတော့ ကမ်းခြေပါပဲ။ 🌅ပင်လယ်ကြီးကိုတဝကြီးကြည့်မယ်..ပင်လယ်လေကိုတဝကြီးရှုမယ်… ကမ်းခြေက သဲနဲ့ scrubလုပ်မယ်..နားအေးပါးအေး beach chair လေးပေါ်မှာ အေးအေးလူလူ စာအုပ်ဖတ်မယ်. 🏖.ကဲအာ့ဆို ငွေဆောင် ပဲသွားဖို့တိုက်တွန်းချင်တယ်။ #ဘယ်အချိန်သွားရင်သင့်တော်လဲ။ ⌚️⏳ ကမ်းခြေဒေသဆိုတော့မိုးတွင်းကုန်ဆောင်းဦးပဲဖြစ်ဖြစ်၊နွေရာသီပဲဖြစ်ဖြစ်သွားရင်အသင့်တော်ဆုံးပါပဲ။ဒါမှမုန်တိုင်းဒဏ်ကကင်းဝေးမှာပါ။ အကောင်းဆုံးကတဲ့ကိုယ်အားတဲ့အချိန်သွားတာအကောင်းဆုံးပါ။ 😜😜မွန်လေးတို့ကတော့ 2016 ဇန်နဝါရီလထဲမှာ နာမည်ကြီး presenter တွေနဲ့သွားခဲ့တာပါ။ (ကိုယ်တော့ မိတ်ဆက်ပေးမှသိ ခဲ့တာ..ဟီး။ 😁😁 အဲလောက် TV မကြည့်ဖြစ်တော့တာပါ) #လမ်းခရီး 🛣 ရန်ကုန်ကနေဆို3နာရီကျော်4နာရီသာသာသာသွားရတဲ့ခရီးလေးပါ။ပုသိမ်လမ်းမကြီးအတိုင်းလာပြီးလမ်းခွဲရောက်ရင် ချောင်းသာသို ့၊ငွေဆောင်သို ့လို ့ရေးထားပါတယ်။ ချောင်းသာသွားမယ့်သူတွေကချောင်းသာလမ်းဘက်ကိုကွေ ့ပြီး ငွေဆောင်သွားမယ့်သူတွေကငွေဆောင်လမ်းဘက်ကိုကွေ ့ပြီးသွားရမှာဖြစ်ပါတယ်။ #ဘယ်တွေလည်လို့ရလဲ 🎇🎇 ပင်လယ်ရဲ့အလှကိုအတွင်းကျကျခံစားဖို့ဆိုရင် ကျွန်းလျှားရှည်နဲ့လိပ်​ကျွန်​းတစ်​ ဝိုက် မှာ ​ ရေကူး ၊ ရေငုပ်၊ ပြီး […]


Mon LayJanuary 26, 20198min2213
နေ့ချင်းပြန်လေးပြီးသွားတော့ ကျိုက်ထီးရိုးမှာ ၁ညအိပ်ခဲ့တာလေးပြန်ရှယ်ပေးချင်ပါတယ်။✍ #ဘယ်လိုသွားရလဲ🚌🚗🚍🚘 ကျိုက်ထီးရိုးကတော့ တချို ့ကားရှိတဲ့သူတွေလည်း ကိုယ်ပိုင်ကားလေးနဲ့သွားကြသလို တချို ့ကျတော့လည်း ဘုရားဖူးလိုင်းကားတွေနဲ့သွားကြပါတယ်။ ရန်ကုန်ကနေဆို ဘုရားဖူးပို့ဆောင်ရေးကားတွေ ခုဆိုအတော်များများရှိလာပါပြီ။ အောင်ဆန်းကွင်းကနေစီးတာပဲဖြစ်ဖြစ်၊ အောင်မင်္ဂလာကနေဖြစ်ဖြစ်၊ မြို့တွင်းနီးစပ်ရာနေရာကနေဖြစ်ဖြစ် ကားတွေကိုစီးပြီးအဆင်ပြေစွာနဲ့သွားလို့ရပါတယ်။ အသွားအပြန် ဂိတ်ပေါ်မူတည်ပြီး အနည်းဆုံး တစ်ယောက် ၁၂၀၀ဝကျပ် ကစရှိပါတယ်။ အသွားအပြန်ပေါ့ (လက်မှတ်လိုချင်ပြောနော်..မွန်လေးခုအလုပ်လုပ်နေတဲ့ တိုးမှာ ဝယ်လို့ရတယ်နော်)😁😁😁 ရန်ကုန်ကနေညဘက် (၉)နာရီထွက်လာရင် ကင်ပွန်းစခန်းကို မနက်စောစော(၂)နာရီဆိုရောက်ပါတယ်။ အချိန်ကတော့ များသောအားဖြင့် ရန်ကုန် က ည ၉ နာရီထွက်ပြီး ကင်မွန်းစခန်းကို မနက် ၂နာရီဝန်းကျင်ရောက်ရှိလေ့ရှိပါတယ်။ ဒီလိုဂိတ်တွေက အပြန်ခရီးမှာကျိုက်ပေါလောဘုရား၊ ပဲခူးရွှေမော်ဓောဘုရားများကို ပို့ဆောင်ပေးပါတယ်။ ( နေ့ချင်း ပြန်ပဲဖြစ်ဖြစ်.. ညအိပ်ခရီးပဲဖြစ်ဖြစ် ညကားပဲစီးရတာပါပဲ) #တောင်ပေါ်ကိုဘာနဲ့တက် တောင်ပေါ်ကိုကားနဲ့မတက်ချင်တဲ့သူတွေက တောလမ်းကနေ လမ်းလျှောက်လို့ရပါတယ်။ မနက်  ၄ […]


Mon LayJanuary 11, 201922min2380
#Art #Environment #Exhibition #Goethe Institute #Recycling #Upcycling    စွန့်ပစ်ပစ္စည်းများမှတန်ဖိုးမြင့် အနုပညာလက်ရာ ပစ္စည်းများ ပြသတဲ့ ‘အမှိုက်က ရွှေဖြစ်’ (Pure Gold) အနုပညာပြပွဲကို ရန်ကုန်မြို့သမို်င်းဝင်အတွင်းဝန်များရုံးမှာ ဒီဇင်ဘာ ၁၅ ရက်မှ ဇန်နဝါရီ ၆ ရက်အထိ ပြသနေကြောင်းကိုသိလိုက်ရတော့ လက်မှုပစ္စည်းတွေဆို စိတ်ဝင်စားတဲ့မွန်လေး တစ်ယောက် နှစ်သစ်ကူးရုံးပိတ်ရက်၁ရက်မှာရောက်ခဲ့ပါတယ်။ ဒလသွားလည်တုန်းကလည်း recyle things တွေကို အသုံးပြုပြီး ပြန်ရောင်းချတဲ့ #ကြွပ်ကြွပ်(Chu Chu)ဆိုင်လည်း ပါမယ်ဆိုတော့ သွားဖို့ စိတ်ပါနေတာကတစ်ကြောင်း၊ အတွင်းဝန်ရုံးထဲကို ဝင်ပြီး ဗိုလ်ချုပ်လုပ် ကြံခံခဲ့ရတဲ့ ရုံးခန်းကို မြင်ဖူးချင်ခဲ့တာကတစ်ကြောင်း၊ အဆောက်အဦးရဲ့ ဗိသုကာလက်ရာတွေ ကိုလည်း အနီးကပ် ကြည့်ချင်တာကတစ်ကြောင်းမို့ ရောက်အောင်သွားခဲ့လိုက်ပါတယ်။ 😁😁ဒီပွဲကဟမ်းဘတ်မြို့၊ လန်ဒန်မြို့နဲ့ ဘန်ကောက်မြို့မှာ […]


Mon LayDecember 19, 20181min7034
ဒီဇင်ဘာ ၁၉ ရက်က စတင်ကာ Omni Focus Transport Service ၏ယာဉ်လိုင်းခွဲများဖြစ် သော ဝိုင်ဘီအက်စ် (၂၀) လှိုင် သာယာမှ ကြယ်ငါးပွင့်၊ (၈၃)လှိုင်သာယာမှ တောင်ဒဂုံ၊ (၉၈) ဒဂုံ ဧရာအဝေးပြေးမှ လမ်း ၅၀၊ (၉၉) ဒဂုံဧရာအဝေးပြေးမှ မြောက်ဒဂုံ ယာဉ်လိုင်းများ ၂၄ နာရီ ပြေးဆွဲမည်ဟု Omni Focus က သတင်းထုတ်ပြန်သည်။ ညပိုင်းပြေးဆွဲရာတွင် နာရီ ဝက်တစ်ကြိမ် ကားများလွှတ်မည် ဖြစ်ပြီး Omni Focus က သတ်မှတ် မှတ်တိုင်များ၌ ခရီးသည်စောင့်ရန် ပျမ်းမျှကြာချိန် ၂ မိနစ်မှ ၅ မိနစ်အထိ ခေတ္တရပ်နားကာ  ကျန်မှတ်တိုင်များတွင် ရပ်၊ တင်၊ ချ စနစ်ဖြင့်သာ […]


Mon LayNovember 30, 20185min108214
ဝါးများကို ခြောက်ပြန်ဆက်ပြီး တည်ထားသောဘုရားကို ဘယ်လိုခေါ်လဲ..သိကြပါလား။ ❓ သိတဲ့သူလည်းသိကြမှာပါ။ မသိလည်းကိစ္စမရှိပါ။ မွန်လေးရဲ့ပို့စ်လေးကိုဖတ်လိုက်ရင်ဘယ်ဘုရားလဲသိသွားကြမှာပါ။ 😁 ဘုရားများတည်တဲ့အခါမှာ ဝါးတွေကို အဆင့်ဆင့်ငြမ်းဆင်ပြီး တည်ကြရပါတယ်။ အဲလိုငြမ်းဆင်ရပြီး ဝါးများကို ခြောက်ပြန် ဆက်ပြီး တည်ထားသောဘုရားကို “ခြောက်ထပ်ကြီးဘုရား”လို့ခေါ်ပါတယ်တဲ့။🙏 လူတွေကသာ ခြောက်ထပ်ကြီးဘုရားဆိုပြီး အတိုကောက်အဲလောက်နဲ့ခေါ်နေကြတာ..အမှန်တကယ်က ခြောက်ထပ်ကြီး. .နောက်မှာ ရွှေသာလျောင်းဆိုတာလေးပါပါတယ်။အပြည့်အစုံက ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားပါ။ မွန်လေး ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကို ဟိုးငယ်ငယ်ကလေးဘဝကတုန်းကခဏခဏရောက်ဖြစ်ခဲ့ပါတယ်။ ဘာလို့ဆို အဲတုန်းက အမေက ကိုးနဝင်းဝင်တယ်လေ။ အဲတော့ ငါးထပ်ကြီးဘုရားရယ်၊ ခြောက်ထပ်ကြီးဘုရားရယ်၊ ကိုးထပ်ကြီးဘုရား တို့ကိုတစ်ပတ်တစ်ခါပုံမှန်သွားပါတယ်။ အမေကလည်းခေါ်ခေါ်သွားတော့ မျက်လုံးထဲမှာ လျောင်းတော်မူနေတဲ့ ဘုရားကြီးဆိုပြီး အမြဲမှတ်မိနေခဲ့တာပေါ့။ ခုအသက်တွေကြီးလာ၊ လုပ်ငန်းခွင်ဝင်နေရတော့ ၁နှစ်မှာ ၁ခေါက်တောင်မရောက်ဖြစ်တော့ဘူး။ 😔ဟိုတလောကမှ ဘုရားကို ကိစ္စတစ်ခုနဲ့လာတော့မှပဲ ရောက်ဖြစ်ခဲ့တော့တယ်။ #တည်နေရာ တာမွေဘက်က ဘတ်စ်ကားနဲ့လာမယ်ဆိုရင်တာမွေအဝိုင်းထိပ်အကျော် ခြောက်ထပ်ကြီးဘုရားမှတ်တိုင်မှာဆင်းလို့ရသလို […]


Mon LayNovember 17, 201813min2351
ပို့စ်လေးမရေးခင် မွန်လေးကိုယ့်ဖာသာအရင်မိတ်ဆက်ချင်ပါတယ်။ 😉 မွန်လေးကဝန်ထမ်းတစ်ဦးပါ..တစ်လကိုအစိုးရရုံးဖွင့်ရက် အတိုင်းလုပ်ရပါတယ်။ ဒါ့အပြင်အိမ်စီးပွားရေးကိုလည်း တစ်ဖက်ကနေကူညီနေရလို့..တစ်လတစ်လကိုနားတဲ့ရက်ကိုမရှိသ လောက်ကို မအားတဲ့သူတစ်ယောက်ပါ။ 😣အဲလိုနားရက်မရှိတော့ တစ်ခါတစ်လေ..စိတ်တွေအရမ်းရှုပ်လာရင်..relax ရမယ့်နေရာမျိုးကို ခရီးတွေထွက်ရင်ထွက်၊ မထွက်ဖြစ်ရင်.ရန်ကုန်မြို့တွင်းမှာ ဘယ်နေရာက relax လုပ်လို့ကောင်းလည်းရှာရော။ အဲမှာ ရန်ကုန်မှာ ကိုးရီးယားကနေလာဖွင့်ထားတဲ့ ချွေးထုတ်ခန်းကိုတွေ့ပါလေရော။ သွားကြည့်မယ်ကွာဆိုပြီး သွားတာခုဆို ဘယ်နှစ်ကြိမ်တောင်ရှိမယ်မှန်းမသိတော့ဘူး.. ရောက်ရောက်နေတာ။ 😁တကယ်ကိုစိတ်အပန်းလည်းပြေတယ်..အနားယူလို့ လည်းကောင်းတယ်။ ချွေးထုတ်လိုက်လို့ အသားရည်လည်းလှလာတယ်။😍 Ro လို့ကောင်းတဲ့နေရာလေးဆိုလည်းမမှားဘူး။ 💛💜 #တည်နေရာ🏛 တည်နေရာကတော့ ပြည်ထောင်စုလမ်းနဲ့ ပင်လုံလမ်းထောင့် (မဝတ မှတ်တိုင်အနီး)၊ မြောက်ဒဂုံမြို့နယ်ထဲမှာဖြစ်ပြီး  ဖုန်းနံပါတ် ဝ၉-၄၃၁၀၉၈၆၁ ကို ဆက်သွယ်နိုင်ပါတယ်။ #ဆိုင်စတင်ဖွင့်လှစ်ခဲ့တဲ့နေ့နဲ့ ဆိုင်ဖွင့်ချိန်🕛 ဒီဆိုင်ကို စတင်ပြီးဖွင့်လှစ်ခဲ့တဲ့နေ့ကတော့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်က ဖြစ်ပါတယ်။ ဆိုင်ကိုလည်း ၂၄ […]