Mon LayOctober 27, 20174min2381
ဥရောပရဲ ့နွေရာသီဆိုရင် လမ်းတစ်လျှောက်မှာ အလှဆင်ထားကြတဲ့ပန်းလေးတွေပါ..မြင်ဖူးစေချင်လို့ပါ…ဓါတ်ဖမ်းချင်စရာတွေကြီးပါပဲ။


Mon LayOctober 21, 20175min4873
Vitenam ရဲ့ Attraction Sight တွေအကြောင်းသိချင်မယ်ထင်လို့ အခုအရင်ဆုံး UNESCO ရဲ့ World Heritage Site အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ Halong Bay ကိုသွားတဲ့ တစ်ညအိပ်ခရီးစဉ်လေးအကြောင်းနဲ့ခရီးစဉ်လေးမှာဘယ်လိုအစီစဉ်လေးတွေပါတယ်ဘယ်လိုပျော်စရာကောင်းတယ်ဆိုတာလေးပြောပြပေးမယ်နော်။ သွားခဲ့တဲ့ခရီးစဉ်လေးကတော့ Junk ( Cruise) ပေါ်မှာတစ်ညအိပ်တဲ့ Jointed Tour လေးပေါ့နော်။ မနက် ၈နာရီလောက် မှာ Hanoi က ကိုယ် နေတဲ့ဟိုတယ် မှာ English Speaking Guide က လာခေါ်ပေးပါတယ်။ Hanoi ကနေ ၄နာရီလောက်ကားမောင်း ပြီးချိန်မှာတော့ အရမ်းကို လှပတဲ့ သဘာဝတရားတွေရှိရာ Halong Bay ကိုရောက်ပြီပေါ့။ မြစိမ်းရောင်ရေပြင်ကျယ်ကြီးထဲမှာ ထိုးထိုးထောင်ထောင်ထွက်နေတဲ့ အစိမ်းရောင် Limestone Mountain တွေရယ် မြင်လိုက်ရတော့စိတ်ထဲအေးချမ်းသွားတယ်လို့ခံစားရတယ်။  တကယ့်ကိုသဘာဝတစ်ရားကြီးရဲ့အလယ်ကိုရောက်သွားတာ။ […]


Mon LayOctober 9, 20172min65611
ခရီးတစ်ခုသွားမယ်ဆိုရင် အားလုံးသိကြတဲ့အတိုင်းလေယာဉ်လက်မှတ်က ဈေးအကြီးဆုံးပါ ပြီးရင်တော့အများအားဖြင့် တည်းခိုစရိတ်တွေကဈေးကြီးတတ်ပါတယ်။ ဒါပေမယ့် ကိုယ်တွေလိုလူငယ်တွေ ပိုက်ဆံလည်းအများကြီးမသုံးနိုင်ဘူး ကြာကြာလည်းနေချင်တယ် ဆိုတဲ့သူတွေအတွက် တည်းခိုစရိတ်တွေမှာချွေတာလို့ရနိုင်တဲ့နည်းလမ်းလေးပြောပြချင်ပါတယ်။ အဲ့ဒါကတော့ Hostel/Dorm တွေမှာနေတာပါ။ နောက်ပြီး တစ်ယောက်တည်းခရီးသွားရလို့ ဟိုတယ်ခန်းမှာ တစ်ယောက်တည်းမနေရဲတဲ့ ကိုယ်လိုလူတွေအတွက်လည်းအဆင်ပြေတာပေါ့ 😀 အဲ့တော့ Hostel တွေမှာနေရခြင်းရဲ့ကောင်းကျိုးတွေ၊ဆောင်ရန်ရှောင်ရန်လေးတွေကို သိသလောက် sharing လုပ်ပေးပါမယ်နော်။ ဟုတ်ပါတယ် စောစောကပြောခဲ့သလိုပဲ ငွေကုန်သက်သာပါတယ်။ နေရာတော်တော်များများမှာ Hostelအများစုက တစ်ညကိုတည်းခိုစရိတ် ၁ဝဒေါ်လာမကျော်ပါဘူး တစ်ချို့တွေဆိုမနက်စာတောင်ပါသေးတယ်။၃စတားဟိုတယ်မှာတည်းတာရဲ့တစ်ဝက်လောက်သက်သာတာကြောင့် ရက်အကြာကြီးနေမဲ့သူတွေအတွက့်ကုန်ကြစရိတ်ကိုလျှော့ချနိုင်မှာပါ။နောက်ပြီး hostel မှာလာတည်းတဲ့နိုင်ငံအသီးသီးကခရီးသွားတွေနဲ့လည်းမိတ်တွေဖွဲ့နိုင်ပါသေးတယ်။ တစ်ယောက်တည်းသွားလည်း သူငယ်ချင်းရသွားမှာမို့လို့မပူနဲ့နော် 😀 locker တွေလည်း hostel တော်တော်များများမှာရှိတဲ့အတွက် အပြင်သွားရင်သယ်မသွားချင်တဲ့ပစ္စည်းတွေကိုလည်း locker ထဲသော့ခတ်ပြီးထည့်သွားရုံပါပဲ တစ်ချိုု့ hostel တွေမှာတော့ luggage size အကြီးတွေထည့်လို့ရတဲ့ locker တွေရှိပေမယ့် […]


Mon LaySeptember 22, 20171min33296
“ကျနော်က စိတ်ထဲမှာ ရှိတာကို ပြောရဲတဲ့ ဝန်ထမ်းကို အမြဲရွေးချယ် ခန့်ထားတယ်။ ဥပမာ ပြောရရင် ကျနော်တို့ရဲ့ အထွေထွေ မန်နေဂျာဆိုရင် သူ့ကို အလုပ်ခန့်ဖို့ တွေ့ဆုံမေးမြန်းတော့ ကျနော်ပေးတဲ့ လခနဲ့ဆို ကျနော့်ဆီမှာ မလုပ်နိုင်ဘူး လို့ ကျနော့်မျက်နှာကို ကြည့်ပြီး ပြောတယ်။ သူ့ရဲ့ ပွင့်လင်းမှုကို ကြည့်ပြီး ကျေလည်း ကျေနပ်တယ်။ အံ့လည်း အံ့ဩတယ်။ သူတောင်းတဲ့ လခ အတိုင်းနဲ့ နောက်တနေ့ အလုပ် စဆင်းဖို့ ပြောလိုက်တယ်” ဟု သူက ပြောသည်။ အဲ့စကားကိုပြောတဲ့သူကတော့ ခုလက်ရှိ Adventure Myanmar Travel ပို်င်ရှင်လည်းဖြစ်၊ Amazing ဟိုတယ်တွေရဲ ့ပိုင်ရှင်လည်းဖြစ် တဲ့ ဦးအောင်မျိုးမင်းဒင်ပဲဖြစ်ပါတယ်။ အမှန်ပဲ..လူဆိုတာ အမှန်ကိုသတ္တိရှိပြီးပြောရဲရမယ်။ ရိုးသားဖြောင့်မတ်ရမယ်။   […]


Mon LaySeptember 17, 20176min3057
ဒီခရီးစဉ်ကတော့ ကိုယ်နဲ့ရင်းနှီးနေခဲ့တာလွန်ခဲ့တဲ့ ၅နှစ်ကတည်းကပေ့ါ။ မွန်လေးက Travels & tour inbound မှာလုပ်နေခဲ့တာဆိုတော့ ဒီခရီးစဉ်မျိုးကို ဧည့်သည်တွေကိုပို့နေကြပါ။ ကိုယ်ကိုယ်တိုင်တော့တစ်ခါမှမသွားဖူး ကြည့်သေးပါဘူး။ ခုလုပ်နေတဲ့ Exo Travel က မိုးတွင်းမှာ Staff Day trip လေးတွေစီစဉ်ပေးတော့ အဲ့ခရီးစဉ် တွေထဲကမှ မွန်လေးကတော့ ဒလဘက်ကိုသွားတဲ့ခရီးစဉ်လေးကိုဒီနှစ်အတွက်ရွေးချယ်ခဲ့ပါတယ်။ ဒလမသွားခင်မွန်လေးတို့ ကြည်မြင်တိုင်ဘူတာကနေ ရန်ကုန်မြို ့ထဲကို ရထားစီးခဲ့တဲ့ အတွေ့အကြုံလေးလည်း ပြန်ရှယ်ချင်ပါတယ်။ #ရရထားကြီးပျော်ပျော်စီး🚞🚋🚃 ရုံးကနေကားနဲ့ မနက် ၉နာရီ ၂၅မိနစ်မှာ စထွက်ခဲ့ကြပါတယ်။ ဟိုလည်းရောက်ရော ကိုယ်တွေကပ်သီလေးပဲ။ ကံကောင်းလို့ ၁ဝနာရီရထားကဆိုက်ရောက်လာပြီးလက်မှတ်ကို မြန်မြန်ဝယ်ပြီး ရထားပေါ်တက်ကြရတာပေါ့။ သူက ၁၅မိနစ်လောက်ပဲကြာတယ် ရန်ကုန်ဘူတာကြီးကိုရောက်ရော။ ရထားဆိုတဲ့အတိုင်း လူမျိုးစုံတွေ့ ရတာပေါ့။ မွန်လေးကဒီမြို ့ပတ်ရထားနဲ့မစိမ်းပါဘူး။ ဘာလို့ဆို ၂တန်းနှစ်လောက်တုန်းကအမေနဲ့ […]


Mon LayAugust 29, 20171min1945
အသက်(၁၀)နှစ် မပြည့်သေး သည့် ကလေးငယ်  (ယောကျာ်းလေး)ကို အိမ်အကူက အတင်းအကျပ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုပြုလုပ်သည့်ဖြစ်ရပ် တစ်ခု ရန်ကုန်မြို့တွင် မကြာမီကဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်က  သားယောက်ျားလေး မွေးဖွားသည့် မိခင်များကို စိုးရိမ်ပူပန်စိတ် တိုးလာစေသည်။ ယောက်ျားလေးဆိုတာက ‘ထောင်အပြင် တန်းမရှိဘူး။  ဒေါင် ကျကျ ပြားကျကျ လွှတ်ထားရုံပဲ’ စသဖြင့် ယခင်ခေတ်ကာလက ထားရှိခဲ့သည့် မြန်မာစကားပုံ အချို့သည် ယခုခေတ်ကာလတွင် အံမဝင်တော့ပေ။ တစ်နေ့တခြား စာရိတ္တယိုယွင်းပျက်စီးလာသည့် လူမှုခေတ်ပျက်ကြီးထဲတွင် ယောက်ျားလေး၊ မိန်းကလေး မရွေးဘဲ ကလေးသူငယ်လိင်အ စော်ကားခံရမှုတွေ ဖြစ်နိုင်သည်။ ‘‘သားယောက်ျားလေး မွေး ထားတာပဲ။ စိတ်ပူစရာမရှိဘူးဆို တဲ့ခေတ်က ကုန်သွားပြီ။ သမီး မိန်းကလေးမှ မုဒိမ်းမှုရှိတာ မဟုတ်ဘူး။ သားယောက်ျားလေး လည်း အနိုင်ကျင့်ခံရနိုင်တာပဲ လေ’’ဟု […]


Mon LayAugust 25, 20171min1572
ကျွန်မ ကလေးဆန်..တဲ့ အတွေးတွေ..ရှိချင်ရှိနေမိမယ်☺☺ ကျွန်မ ကလိမ်ကကျစ်..ဆန်တဲ့ ယုတ်မာတဲ့..အတွေးမျိုးတော့ မရှိဘူး😣😣 ကျွန်မ စပ်စုတတ်တဲ့ စကားမျိုးတော့..ဆိုချင်ဆို မေးချင်မေး…နေမိမယ်😉😉 ကျွန်မ လှည့်ဖျားတတ်တဲ့ မာယာများတဲ့…စကားမျိုးတော့ မဆိုတတ်ဘူး😃😃 ကျွန်မ သံသယကြီး…တတ်တဲ့ စိတ်ထားမျိုးတော့ ရှိချင်ရှိ…နေမိမယ်😒😒 ကျွန်မ သစ္စာမဲ့တဲ့ လုပ်ရပ်မျိုး…တော့ မလုပ်နေ..တတ်ဘူး😄😄 ကျွန်မ စိတ်ကောက်နေ..မိတတ်တဲ့ အချိန်အခါမျိုးတော့..ရှိချင်ရှိမယ်😌😌 ကျွန်မ မရိုးသားတဲ့ စိတ်သဘောထား..မျိုးတော့ မပိုင်ဆိုင်..ထားဘူး😀😀 ကျွန်မ မျက်ရည်ကျ..တတ်တဲ့ အချိန်အခါ…မျိုးတော့ ရှိနေတတ်..တယ်😔😔 ကျွန်မ ကလဲ့စားချေတဲ့ အပြုအမူမျိုး…တော့ မလုပ်ဆောင်…တတ်ဘူး😊😊 Credit ဒီစာလေးကိုဖတ်ကြည့်တော့မှ.. ကိုယ်နဲ့တိုက်ဆိုင်မှုတွေရှိပါလားလို့တွေးမိတယ်..ကိုယ့်အပေါ်မကောင်းမြင်တာရှိမယ် အကောင်းမြင်တာရှိတယ် ကိုယ့်ဘက်ကစေတနာသန့်သန့်နဲ့ လိပ်ပြာသန့်နေရင် နေရမှာကော သေရမှာပါအေးဆေးပဲ ဘယ်သူမှဂရုစိုက်စရာမလိုဘူး ငါသာသည် ငါ့ရဲ့အရှင်ပဲ


Mon LayAugust 21, 20171min4256
တကယ်တမ်းကျတော့လေ..လူတစ်ယောက်ကိုဘယ်လောက်ချစ်ချစ်..ကိုယ့်ကိုချစ်တဲ့သူကကိုယ့်အလုပ်ကိုလည်းနားလည်ပေးနိုင်မှ.. သည်းခံပေးနိုင်မှရေရှည်လက်တွဲလို့ဖြစ်မှာလေနော်..ဥပမာ မွန်လေးဆို၁နှစ်ကိုခရီးက၄ ၅  ခုလောက်မသွားရရင်မနေနိုင်တာ… အဲလိုတွေအနေဝေးတာကိုသည်းခံနိုင်ပေးရမယ်.. မိတ်ဆွေအပေါင်းအသင်းယောကျာ်းလေးတွေနဲ့အလုပ်ကိစ္စနဲ့တွေ့ရင်လည်းနားလည်ပေးရနိုင်မယ်.. အဲလိုမျိုးတွေသည်းမခံပေးနိုင်ရင်တော့.. ၂ယောက်ထဲက၁ယောက်ကအလုပ်က်ုစွန့်လွှတ်ရင်လွှတ်၊မလွှတ်ရင်ကိုယ်ချစ်ရတဲ့သူကိုစွန့်လွှတ်ရမှာပဲလေနော်


Mon LayAugust 16, 20173min1322
ကိုယ့်အတွက်အရေးပါဆုံးသူနဲ့ အတူတူကြည့်ရှုခံစားနိုင်မယ့် Philippines က Romantic အဖြစ်ဆုံး Sunset ကြည့်ရှုရာ နေရာ (၁၁) ခု Philippines နိုင်ငံက Romantic အဖြစ်ဆုံး sunset ရှုခင်းတွေကို ကိုယ်အချစ်ရဆုံးသူရဲ့ ရင်ခွင်ထဲကနေ ကြည့်ရှုရင်း သင့်ရဲ့တစ်နေ့တာကို အလှပဆုံးအဆုံးသတ်လိုက်ပါ။ နေဝင်ဆည်းဆာရှုခင်းတွေက တစ်နေ့တာရဲ့အကောင်းဆုံး ရှုခင်းတွေပါ။ ဘာလို့လဲဆိုရင် အဲ့ဒီ့ရှုခင်းတွေက မိမိ တစ်နေ့တာမှာဆောင် ရွက်ခဲ့တဲ့အပြုအမှုတွေ၊လုပ်ငန်းတွေကို ပြန်လည်မှတ်မိစေပြီး နောက်တစ်နေ့အတွက် မကောင်းတာတွေကို ပယ်ဖျက်ပြီး ပိုကောင်းတဲ့ အရာတွေဖန်တီးနိုင်ဖို့ အခွင့်အရေးကိုပေးစွမ်းလို့ပါ။ ဒါ့အပြင် အဲ့ဒီ့ရှုခင်းတွေကို ကိုယ်အချစ်ရဆုံးသူနဲ့ ကြည့်ရှုခံစားတဲ့အခါ ပိုအသက်ဝင်ပြီးတန်ဖိုးပိုရှိလာမှာပါ။ Philippines နိုင်ငံတစ်ဝှမ်းက အကောင်းဆုံး sunset ရှုခင်းတွေကို ရှာဖွေဖို့ အဆင်သင့်ဖြစ်ပြီလား….။ Bangui, Ilocos Norte Image credit: Jhay […]


Mon LayAugust 15, 20171min2752
#Water boom @Yangon ဒီတစ်ခေါက်လည်းမွန်လေး Water boom ကို Team Building အတွက်တစ်ဖန်ရောက်ရှိလာခဲ့ပါတယ်… ဒုတိယအကြိမ်ရောက်လာခဲ့တော့..ပထမအကြိမ်တုန်းကစီးခဲ့..ရင်ထိတ်ခဲ့တာတွေကအရမ်းကိုပျော်စရာဖြစ်နေတော့တာပေါ့..အထူးသဖြင့် Octopus Slideတွေပေါ့..ပထမအကြိမ်မစီးရဲဘူးဖြစ်နေခဲ့တာ… ဒုတိယကြိမ်ကျအရမ်းကိုစီးကောင်းလို့၃ခါတောင်စီးခဲ့တာ..ဒါတောင်လှေကားတွေအမြင့်ကြီးတက်ရလို့..မတက်ရဘူးဆို…ဘယ်နှစ်ခါပြန်တောင်စီးမလဲမသိ😜😜 အရမ်းပျော်ဖို့ကောင်းပါတယ်…ပြည့်ပြည့်စုံစုံလေးသိချင်ရင်တော့ ပထမအကြိမ်သွားတုန်းကreviewလေးကိုပြန်ရှာဖတ်လို့ရပါတယ် မန်းလေးမှာလည်းဖွင့်နေပြီကြားပါတယ်..မန်းလေးရောက်လို့အချိန်ရရင် မန်းလေးwater boomလည်းသွားဆော့ပါဦးမယ် #ချစ်ရတဲ့သူတွေနဲ့အတူဆော့ပြီးအပျော်ကြီးပျော်နိုင်ကြပါစေ


Mon LayAugust 9, 20171min1814
မြန်မာပြည်မှစီးပွားရေးလုပ်ငန်းအများစုသည် နိုင်ငံတကာမှ လုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် လုပ်ငန်းရှင်၏ နာမည်ကို ပိုမိုရှေ့တန်းတင်ပြီး အလုပ်လုပ်ကိုင်ကြသည်ကို တွေ့ရသည်။ ဒါကတော့ ဘယ်သူပိုင်တဲ့ဘဏ်၊ ဘယ်သူပိုင်တဲ့ လေကြောင်းလိုင်း၊ ဘယ်သူပိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်း စသည်ဖြင့် လုပ်ငန်းနာမည်ထက် လုပ်ငန်းရှင်၏နာမည်ကို အဓိကထားကာ အလုပ်လုပ်ကိုင်ကြသည်။ နိုင်ငံတကာတွင် အောင် မြင်နေသော လုပ်ငန်းများကိုကြည့်လျှင် Citibank ပိုင်ရှင်၏ နာမည်ကို စဉ်းစား၍မရ၊ Microsoft ကို Bill Gates ထူထောင်ခဲ့သည် မှန် သော်လည်း လက်ရှိအုပ်ချုပ်နေသူမှာ နာမည်သိပ်မကြီးသည့် အိနိ္ဒယမှ အမှုဆောင်အရာရှိချုပ်တစ်ဦး၊ နိုင်ငံတကာလေကြောင်းလိုင်းများသည် မည်သူပိုင်သည်ထက် ဝန်ဆောင်မှုနှင့် အန္တရာယ်ကင်းမှုကို မူတည်ပြီး သူ့ခရီးသည်နှင့်သူ ရှိကြသည်။ ထိုကုမ္ပဏီအများစုသည် ပိုင်ရှင်မည်သူဆိုသည်ထက် လုပ်ငန်းအမှတ်တံဆိပ်များကို ပိုမိုအလေးထားကြသည်။ လုပ်ငန်းအမှတ်တံဆိပ်ပေါ်မူတည်ပြီး ထိုလုပ်ငန်းများ၏ တန်ဖိုးကို သတ်မှတ်ထားသည်။ တစ်ကမ္ဘာလုံးတွင် […]


Mon LayJuly 22, 20178min3165
#Yangon  Water  Boom‍♂️ #Thar Kay Ta Water boom ဖွင့်နေတာတော့ တော်တော်ကြာနေပါပြီ။ ဒါပေမဲ့ကိုယ်ကတော့ ဒီတစ်ခေါက်မှပဲရောက်ဖြစ်တော့တယ်။လူညှိုတာမရတာနဲ့..တကယ်တန်းသွားတော့လည်းသယ်ရင်း၃ယောက်ထဲရယ်ပါ။ ၃ယောက်ထဲဆိုတော့ပျော်ဖို့ကောင်းပါ့မလားလို့စိုးရိမ်နေခဲ့တာ..နိုးနိုးနိုး..အရမ်းပျော်ဖို့ကောင်းတာ..လျှောက်ပတ်ဆော့ရင်းနဲ့သိလာခဲ့ရတယ်။ ပြောမပြတတ်အောင်ပျော်ဖို့ကောင်းတာ။ ရေဆိုလာထားအာဘွားသမား တွေအတွက်ကတော့ ရှယ်ပဲပေါ့(ကိုယ်လေ) ကိုယ်တွေအိမ်ကနေထွက်လာခဲ့ကြတာတော့ မနက်၁ဝခွဲ၊ ဟိုရောက်တော့ ၁၁နာရီကျော်နေပြီ။ ဒီထက်ခပ်စောစောလေး သွားနိုင်ရင်တော့ ပိုကောင်းတယ်။ #ဘယ်မှာရှိတာလဲ ရှုခင်းသာပန်းခြံ၊ ယမုံနာလမ်းမကြီး ဒေါပုံမြို ့နယ်မှာရှိပါတယ်။ #ဝင်ကြေး ခုလိုမိုးတွင်းမှာဆိုတော့ ၂ယောက်သွားရင်၂ယောက်ဖရီးရပါတယ်။ Tue – Fri (20,000ks), Sat – Sun & public holiday (25,000 ks), Monday ကတော့ပိတ်တယ်။ဒီဈေးက ဇူလိုင်လကုန်အထိပဲနော်..နောက်ထပ်လည်းAmazing Saleတွေလာဦးမယ်တဲ့။ #ဘယ်အချိန်သွားလို့ကောင်းလဲ တစ်နှစ်ပတ်လုံးသွားလို့ကောင်းတယ်။ မွန်လေးကတော့မိုးတွင်းပဲကြိုက်လို့မိုးတွင်းပဲသွားလိုက်တာ အသားမဲမှာကြောက်လို့လေ..နေပူရင်။ #အထူးသတိပြုချက် အထဲကိုအပြင်က အစားအစာနဲ့ရေသယ်ဆောင်ခွင့်မပေးပါ။ […]


Mon LayJune 29, 20176min26210
#Laos #Vang Vieng #Tubing #Hot Air Balloon #ဘယ်လိုသွားခဲ့ကြလဲ ရန်ကုန်ကနေဘန်ကောက်ကိုလေယာဉ်Transit စီး၊ ပြီးရင်ဘန်ကောက်ကနေ နယ်စပ်Nong Khaiကိုညအိပ် ရထားနဲ ့သွားပြီး အဲကနေမှလာအိုကိုကူးပြီးသွားတယ်ပေါ့နော်။ ထုံးစံအတိုင်းလေယာဉ်လက်မှတ်သက်သာရင်အကုန်အဆင်ပြေတယ်ဆိုတော့ကာမေလထဲသွား မယ့်ဟာကို ဇန်နဝါရီထဲကကြိုဝယ်တာပေါ့။ မွန်လေးတို့ကတော့ ဘန်ကောက်ဆိုNok Air traveler ဆိုတော့ Nok Air ပဲစီးသွားတာပေါ့။ အသွားအပြန်မှဒေါ်လာ ၈၄ ရယ်၊ လာအိုကနေပြန်လာတော့ လာအို-ဘန်ကောက်က ၆၀+ ၉ (ကီလို)ဆိုတော့ လေယာဉ်ခက၂နိုင်ငံကို ၁၅၃ နဲ့သွားလို့ရသွားတာပေါ့…တန်တီးတီးတန် Nok Air လေယာဉ်မှာကျွေးတာလေး..ခုလိုပြောင်းသွားတော့ ဝမ်းသာမိတယ် Nok Air ကိုယ်နဲ့ငယ်ငယ်လေးထဲကကစားဖော်ကစားဖက်ညီမလေး #ချစ်ဖို့ကောင်းတဲ့ညအိပ်ရထားလေး ဘူတာရုံ ဘန်ကောက်လေဆိပ်ကနေဆင်းတာနဲ့ မြို ့ထဲမှာရှိတဲ့Hualamphong Station ရထားဘူတာဆီကိုပြေး ကြတာပေါ့..ဘယ်တိုးနဲ့မှသွားတာမဟုတ်တော့ရထားလက်မှတ်မရရင်ဘန်ကောက်မှာတစ်ည သောင်တင်မှာလေ..အပြန်တင်ချင်တင်..အသွားကစိတ်ဇောနေတော့တင်လို့မဖြစ်ဘူးဆိုပြီး သုတ်ချေတင်ကြတာပေ့ါ။ […]