Mon LayJanuary 10, 20151min813
၁။ ညို……ကို့ကိုိုစတွေ့ခဲ့တာကတော့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲတစ်ခုမှာပါ။ ထိုမွေးနေ့ပွဲမှာ သီချင်းများနှင့်အနောက်တိုင်းဆန်စွာ ကခုန်နေကြရင်း နှစ်ဦးသားမမျှော်လင့်ဘဲ တိုက်မိသွားခဲ့ကြသည်။ ထို့နောက် ညိုနှင့်ကိုတို့ပြိုင်တူ ”ဆောရီး” ဟု ပြောမိကြကာ မျက်လုံးချင်း ခေတ္တမျှဆုံဆည်းသွားခဲ့ကြသည်။ ညိုသည်သာမန်ယောက်ျားတစ်ယောက်နှင့် အကြည့်ချင်းဆုံမိလျှင် လျင်မြန်စွာ အကြည့်လွှဲပစ်တတ်သော်လည်း ကို့ကိုကား ဂရုတစို်က်ပြန်ကြည့်မိခဲ့သည်မှာ ကိုကအခြားယောက်ျားလေးများကဲ့သို့အကြည့်ရဲရဲနှင့် ကြည့်ခြင်းမဟုတ်ဘဲ တိတ်တခိုးကြည့်တတ်သောမျက်လုံးညိုများကြောင့်ပင် ဖြစ်လေသည်။ ၂။ ကိုရဲ့ ဇာတိက ဆောင်းရာသီဆို်လျှင် အလွန်ချမ်းအေးပြီး နွေရာသီဆိုလျှင် အေးမြတတ်သော တောင်ပေါ်ဒေသတစ်ခုဖြစ်ပြီး ညိုကရန်ကုန်သူဖြစ်ကာ အနေချင်းဝေးနေကြသော်လည်း အင်တာနက်ခေတ်မှာ ကြီးပြင်းလာကြသူများဖြစ်သောကြောင့် အင်တာနက်နှင့် ချိတ်ဆက်ရင်း သံယောဇဉ်တစ်စစီသီခဲ့ကြသည်။ နောက်ပိုင်းတွင် ကိုက ရန်ကုန်သို့ပြောင်းလာပြီး အဒေါ်ဖြစ်သူဧ။်အလုပ်၌ခေတ္တအလုပ်ဝင်လုပ်ခဲ့ရင်း အချစ်ကြိုး တွေပိုရှည်လာခဲ့တော့သည်။ ၃။ ကိုနှင့်ညိုတို့ နှစ်ယောက်သည် ဘဝတစ်သက်တာချစ်ခရီးလမ်းကို အတူတူလျှောက်လှမ်းကြမည်ဟုစိတ် ကူးတွေ ယဉ်ခဲ့ကြသည်။ ကိုက […]


Mon LaySeptember 9, 20132min40821
၁။ မြောက်လတ္တီတွဒ် (၂၂˚-၅၀΄) နှင့် (၂၂˚-၅၅΄) ကြား၊ အရှေ့ဘက်တွင် မိုင်းလုံမြို့နှင့် (၂၁) မိုင်၊မြောက်ဘက်တွင် မိုးမိတ်မြို့နှင့် (၂၈) မိုင်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နှင့် (၆၀)မိုင်၊ မန္တလေးမြို့နှင့် (၁၂၈)မိုင်တို့နှင့် အသီးသီးကွာဝေးသည့် ပြင်ဦးလွင်ခရိုင်တွင် ပါဝင်သော မိုးကုတ်မြို့သို့ ကျွန်မရောက်ရှိလို့လာပါသည်။ မိုးကုတ်သို့မရောက်ခင် ရန်ကုန်ကနေမိုးကုတ်အထိ ကားတိုက်ရိုက်မရောက်သောကြောင့် မန္တလေးမှတဆင့် ဗန်ကားလေးဌားပြီး မိုးကုတ်သို့ဆက်လက်ထွက်ခွာခဲ့ရသည်။     မိုးကုတ်မြို့ ရှုခင်း အကွာအဝေးကြာချိန်ကိုမှတ်သားချင်သောကြောင့် နာရီကိုကြည့်လိုက်ရာ (၁၀)နာရီထိုးနေပြီဖြစ်သည်။ မန္တလေးမြို့မှစထွက်လာတော့ အပူဓာတ်ကအရှိန်ကောင်းနေတုန်းပဲဖြစ်သည်။ ထို့နောက် နာမည်ကြီးလှသည့် ကိုးသုံးလုံးကွေ့ (၉၉၉) ကွေ့ကို ကျွန်မတို့ရင်ဆိုင်သည့်အခါ အအေးဓာတ်လေးကလွှမ်းမိုးစပြုလာတော့သည်။ တစ်ကွေ့ကို ကွေ့လို့မဆုံးသေးဘဲ နောက်ထပ်တစ်ကွေ့ကိုထပ်ကွေ့ရသည်။ လမ်းကမကြမ်းသော်လည်း အကွေ့ပေါင်းများစွာကို ကွေ့ပတ်ပြီးသွားရသောကြောင့် ခေါင်းမမူးရအောင် ကျွန်မကတော့မျက်လုံးလေးစဉ်းပြီးလိုက်ပါသွားသည်။ ထို့ပြင် တောင်တန်းတွေကို […]


Mon LayJuly 15, 20131min25720
ဤဩကာသ လောက၌လူသားတစ်ဦးရှင်သန်ကြီးပြင်းရာတွင် ဖခင်၏မေတ္တာတရားများကိန်းဝပ်နေသည်မှာ မထူးဆန်းလှပါ။ ထို့ပြင်လူသားတို့၏ ဘဝသည်လည်း မချမ်းသာလျှင်နေဦးတော့ တင့်တောင်းတင့်တယ်နေနိုင်သည်။ ဘဝကို သတိ္တ၊ တွန်းအားနှင့်လိုအပ်ချက်များကို ဖြည့်စွမ်းပေးနိုင်သည့် ဖခင်ရှိသော သားသမီးများသည် လောကဓံကို ကြံ့ကြံ့ခံနိုင်ကြ်သည်။ ကျွန်မသည်လည်း လူသားတစ်ဦးပင်ဖြစ်သည်။ လူသားတစ်ဦးဖြစ်သည့် ကျွန်မ၌လည်းဖခင်ရှိပါသည်။ သို့သော် ကျွန်မဘဝကအဖေကြောင့်မစိုပြည်နိုင်ခဲ့ပါ။ ၁။ ကျွန်မကို လွယ်ထားရသည့်အမေကဆေးရုံမွေးခန်းထဲ၌ရှိနေသည့်အချိန်တွင် အဖေက ဖဲဝိုင်းထဲ၌ရှိနေခဲ့သည်။ ကျွန်မကို မွေးနေသည့်အချိန်နှင့် အဖေ၏ ဖဲရှုံးသည့် အချိန်ကအချိန်ကိုက်ပဲမို့ အဖေကကျွန်မကို တစ်နှစ် ကျော်တဲ့အထိ မချီခဲ့ပါ။ ပွေ့ပိုက်နမ်းမြူ ုဖို့ဆိုတာ ကမ္ဘာအဝေးပင်။ ထို့ပြင် ကျွန်မကို ဗိုင်းတာမလေး ဟုပင် အမည်မှည့်ခဲ့သေးသည်။ သည်အကြောင်းများကို ကျွန်မအရွယ်ရောက်မှပြန်သိရတော့ ဝမ်းနည်းလိုက်တာအဖေရယ်။“ ယောက်ျားဖောင်စီး၊မိန်းမမီးနေ” ဆိုသည့်အချိန်သည် အခန့်မသင့်လျှင် ဆိုးဝါးသည့် အခြေအနေကိုတောင် ရောက်သွားနိုင်သည်မဟုတ်ပေလား။ အခုတော့ အဖေက […]


Mon LayMay 29, 20131min23415
ကျွန်မက ယခုခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုမှာ လုပ်နေသူတစ်ဦးပါ။ ကျွန်မတွေ့ကြုံဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုထဲက တစ်ခုကို စာဖတ်သူကို မျှဝေပေးချင်လို့ပါ။ ဧည့်သည်တွေနှင့် အွန်လိုင်းမှတိုက်ရိုက်ထိတွေ့ဆက်ဆံမှုလုပ်ငန်း Sales & Marketing ဌာနကိုမရောက်ခင်က ဟိုတယ်တွေနှင့် ဆက်နွယ်နေသည့်၊ ဧည့်သည်တွေမြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ် နေစရာရှာဖွေပေးနေရသည့် Reservation ဌာနမှာ လုပ်ကို်င်ခဲ့ဖူးပါသည်။ Reservation ဆိုသည် အခန်းဘွတ်ကင် တင်ခြင်းဖြစ်ကာ ကြိုတင်နေရာယူခြင်းဟု အဓိပ္ပါယ်ရသည်။ Reservation လုပ်ငန်းကို ယခင်တခြားကုမ္ပဏီတစ်ခုမှာ (၇)လ ကျော်လောက် ကျွန်မလုပ်ကိုင်ခဲ့ဖူးပါသည်။ (၇)လကျော်ဆိုသည့် ကာလသည် ရင့်ကျက်သည့်အတွေ့အကြုံရရန် ကြိုးစားနေသည့် ကာလဟုခေါ်ဆိုနိုင်ပြီး မျက်ကန်းတစ်ယောက်လို စမ်းတဝါးဝါးနှင့် အလုပ်ကိုလုပ်ဆောင်နေသည်ဟု မခေါ်ဆိုနိုင်ပါ။ ဘွတ်ကင်တင်လျှင် ဖြစ်တတ်သည့် ပြဿနာလေးများကို တီးမိခေါက်မိသိရှိထားသော၊ အင်္ဂလိပ်စာအခြေခံအဆင့်ထက် တတ်မြောက်ထားသော ကျွန်မ လွန်ခဲ့သည့် သုံးလက Aureum Palace Hotel […]


Mon LayApril 22, 20131min1966
၁၅၀ဝ တန် Sim Card တွေကို ရိုးရိုး CDMA 800 Mhz Handset တွေနဲ ့သုံးလို ့မရဘူးလို့ကြားပြန်ပါသေးတယ်…၊ပြီးတော့ထွက်ထားတဲ့ အရင်ဖုန်း လောက်လည်း လိုင်းဆွဲအားမကောင်းဘူးတဲ့။ (ကောင်းတာတော့ .Sim Card ငွေကျပ် ၁၅၀ဝ သာပေးရခြင်းပါပဲ။) Samsung Company အပါအဝင် ကျန်တဲ့ Company သုံးလေးခုကို မြန်မာနိုင်ငံမှာထုတ်မယ့် ၁၅၀ဝ တန် Sim Card အတွက် Hand set ကိုထုတ်ခိုင်းထားပါတဲ့….၁၅၀ဝ တန် Sim Card တွေက Network 20001X ဖြစ်ပြီး CDMA 800 Mhz တွေက 2000 Mhz တွေဖြစ်လို့သူ့အတွက်ဟမ်းဆဒ်ကလည်း သက်သက်ဖြစ်မယ်လို့လည်းသိရပါတယ်.။.အသစ်ထွက်ရှိလာမယ့် ၁၅၀ဝ တန် Sim […]


Mon LayApril 21, 20133min16011
၁၅၀ဝ ကျပ်တန်ဖုန်းဆင်းမ်ကဒ်တွေထွက်လာတော့မယ်ဆိုတော့..အခြေခံလူတန်းစားတွေအတွက် အဆင်ပြေသွားတာပေါ့..အချို့ရှိတယ်..ဆင်းမ်ကဒ်တွေဈေးကြီးလို့တဲ့.မဝယ်နိုင်ပါဘူးတဲ့.၊သူများဖုန်း ဆက်တာကိုပဲငေးပြီး..အော်ကို်ယ်တို့တွေဘယ်တော့များမှဒီလိုဖုန်းလေးကိုင်ရပါ့မလဲတဲ့..အဲလိုညီးညူ ခဲ့ကြတယ်..အခုတော့..ပြောင်းလဲလာတဲ့အစိုးရသစ်တစ်ရပ်ရဲ့စွမ်းဆောင်မှုကြောင့်..၁၅၀ဝတန်ဖုန်းဆင်းမ်ကဒ်တွေ ဧပြီ(၂၄)ဆိုလူတွေလက်ထဲရောက်လာတော့…ကံဆိုးထဲကကံကောင်းတစ်ခုလိုပဲဆိုမလား…ကံကောင်း ထဲကကံဆိုးတစ်ခုလိုပဲဆိုမလား….၁၅၀ဝဖုန်းဆင်းမ်ကဒ်တွေက CDMA 800 တွေဖြစ်ပြီး အရင်ရောင်းချပေးတဲ့ CDMA 800 တွေလိုမျိုးprepaid card နဲ့ထည့်လို့မရဘူးပြန်ဘူးတဲ့။ ပြီးတော့သတ်မှတ်ထားတဲ့စည်းမျဉ်းတွေကလည်းများပါ့..။နောက်ပြီး ဖုန်းဆင်းမ်ကဒ်တွေက တအားကိုနည်းသွားတော့…စကားပြောလာမှာက ဟမ်းဆဒ်တွေပဲ…။၁၅၀ဝဖုန်းဆင်းမ်ကဒ်ကို အခြေခံလူတန်းစားတွေအဖို့ဝယ်နို်င်တယ်ဆိုပေမယ့်  ..ငွေကျပ်၄၀၀၀ဝ နဲ့အထက်မှကောင်းကောင်းလေးရနို်င်တဲ့ ဟမ်းဆဒ်ကို သူတို့တွေများဝယ်နို်င်ပါ့မလားလို့ ကျွန်မစိုးရိမ်မိပြန်တယ်..။ပြီးတော့လဲ..ရနို်င်တဲ့ဆိုင်များကိုလည်းဖော်ပြထားပါသေးတယ်….ဆိုင်တွေ ကိုပြေးရှာရမှာလဲတစ်ဒုက္ခ၊..ဘာပဲဖြစ်ဖြစ်သူတို့လေးတွေနိုင်ငံတကာအဆင့်မှီ ဖုန်းကိုင်နိုင်ပြီဆိုတော့..ဝမ်းသာစရာပါပဲလေ…..၊ဟိုတစ်လောကလူကြီးမင်းဖုန်းဆိုင်မှာလုပ်သလိုမျိုး ဟမ်းဆဒ်ကိုဈေးနည်းလို့ဆိုပြီးလိုချင်ကြတဲ့လူတွေတစ်ပုံတစ်ပင်ကြီးတိုးကြဝှေ့ကြနဲ့ဆိုင်ကမှန်တွေ တောင်ကွဲသွားတယ်ဆိုပဲ..ဂျာနယ်ထဲမှာကျွန်မဖတ်လိုက်ရတယ်..။အခုလည်းအရမ်းကြီးတိုးမကြိတ်ကြပါစေနဲ့လို့ပဲမျှော်လင့်ရပါမယ်..   ၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့်  MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA – 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် […]


Mon LayApril 11, 20131min4317
  ၅။ နောက်တစ်နေ့တွင် ပြင်သစ်ယဉ်ကျေးမှုဌာနက ဖွင့်လှစ်သော ပြင်သစ်စာသင်တန်းအချိန်က စောစောဆင်းပြီး ညနေစောင်းသာသာ သာရှိသေးသောကြောင့် ကျွန်မလမ်းလျှောက်ပြန်ခဲ့သည်။ ထိုစဉ်သူက ကျွန်မကိုမြင်တော့ မကြီးကြီးလမ်းကထွက်လာပြီး ကျွန်မရှေ့ကကော့ကော့၊ ကော့ကော့နှင့် ထွက်သွားသည်။ ကျွန်မကလည်းထူးထူးခြားခြား ဂရုစိုက်မနေခဲ့ပါ။ ကိုယ့်ဖာသာခပ်အေးအေးလျှောက်လာခဲ့သည်။ လမ်းတစ်ဝက်ရောက်တော့သူကနောက်ပြန်လှည့်ကြည့်ပြီးကျွန်မကလမ်းလျှောက်အတော်နှေးသည်ဟု ဆိုသည်။ အို……။ ကျွန်မကသူနဲ့ လမ်းလျှောက်ပြိုင်နေတာမှမဟုတ်တာ။ကိုယ့်လမ်းကိုယ်သွားနေတာပဲ။ကျွန်မမျက်စောင်းထိုးပြလိုက်သည်။ နောက်နေ့များတွင်သင်တန်းကအပြန်ကျွန်မ၏နောက်ကဖြစ်စေ၊ကျွန်မ၏ဘေးနားကဖြစ်စေ၊ ရှေ့နားကဖြစ်စေ သူပါပါလာတတ်သည်။ သူနှင့်ကျွန်မစကားတွေပြောရင်းညနေပိုင်းအချိန်လေးကို ကုန်ဆုံးခဲ့ကြသည်။ တစ်နေ့တွင် သူကကျွန်မကို ရည်းစားစာပေးပြီး စာပြန်ပါဟုပြောသည်။ ထိုနေ့မှစ၍ သူ ကျွန်မဆီသို့ တစ်ပတ်တိတိ မလာခဲ့ပါ။ တစ်ပတ်ကြာသောအခါ ကျွန်မကစာမပြန်ရသေးသောကြောင့် သူကျွန်မဆီက အဖြေတောင်းသည်။  `ကိုယ့်ကိုချစ်နေတဲ့လူတစ်ယောက်အတွက်အကောင်းဆုံးလုပ်ပေးနိုင်ခြင်းကတော့ သူ့ကိုပြန်ချစ်လိုက်ဖို့ပဲတဲ့။ ပြန်ပြီးမချစ်နိုင်ဘူးဆိုရင်တောင် ကြိုးရှည်ရှည်နဲ့ဆွဲထားဖို့တော့မကောင်းပါဘူး`ဆိုတဲ့စကားကို ကျွန်မသိသော်လည်း သူ့အားချစ်မချစ်စဉ်းစားရသည်မှာ အတော်ခက်ခဲသော ပြဿနာတစ်ခုဖြစ်သည်။ အချစ်ဆိုတာ ဘာမှန်းမသိတတ်သေးသောကြောင့် ကျွန်မပြန်မဖြေခဲ့ပါ။ ကျွန်မနှင့်သူဘာတွေလဲဟု မရေရာ၊မသေချာနေရင်းကနေ […]


Mon LayApril 10, 20131min919
အနည်းငယ်ဝါကြန့်ကြန့်ဖြစ်နေသော သစ်ရွက်အကြွေရွက်များ၊ ကြည်လင်ရှင်းသန့်နေသည့် မနက်ခင်းတစ်ခု၏အလှ၊ အတော်အသင့်ပြုပြင်ပြောင်းလဲနေပြီဖြစ်သော မြေနီလမ်းကလေးပေါ်မှာ ကျွန်မနှင့်သူ ပြန်လည်တွေ့ဆုံခဲ့ကြသည်။ သူနှင့်မတွေ့ဖြစ်ခဲ့သည်မှာ မည်မျှရက်ရှည်လများကြာသွားခဲ့ပါသနည်း။ ဆယ်နှစ်မကသည်မှာ သေချာပါ၏။ မည်မျှပင်အချိန်များကြာညောင်းခဲ့ပါစေ။ အဝေးမှာလှမ်းမြင်နေရသည့် လူကတော့ သူပဲဖြစ်ပါလိမ့်မည်။ ၁။ သူနှင့်ကျွန်မ အကြောင်းကို ပြန်ပြောရလျှင်တော့ ဆယ်တန်းကျောင်းတက်ခါစကဖြစ်ပါလိမ့်မည်။ ကျွန်မက နဝမတန်းနှစ်မှစပြီး အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း (သူတက်နေသောကျောင်း) ကိုရောက်ခဲ့သော်လည်း သူနှင့်မဆုံဖြစ်ခဲ့သေးပါ။ သူကကျောင်းသားဟောင်းဖြစ်သောကြောင့် အေခန်းသို့ရောက်ပြီး ကျွန်မကကျောင်းသူသစ်ဖြစ်သောကြောင့်ဒီခန်းသို့ရောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ နဝမတန်းအောင်၊ဒသမတန်းတက်ချိန်တွင် စာတော်၊စာညံ့သည့်သူများကို ဆိုင်ရာဆိုင်ရာအခန်းများခွဲကြရာတွင်ကျွန်မက အေခန်းသို့ရောက်ပြီးသူကလည်း အေခန်းသို့ရောက်သောကြောင့် ကျွန်မတို့ဆုံဖြစ်ခဲ့ကြခြင်းဖြစ်သည်။ ကျွန်မတွင်ခင်သောမိန်းကလေးသူငယ်ချင်းငါးယောက်နှင့် ယောက်ျားလေးသူငယ်ချင်းနှစ်ယောက်ခန့်သာရှိသည်။ အကြောင်းအားလျော်စွာ ကျွန်မ၏နည်းပါးလှသော သူငယ်ချင်းများအနက်မှ စပ်စုတတ်သော၊သဘောကောင်းသောမိန်းကလေးတစ်ဦးနှင့် ယောက်ျားလေးနှစ်ယောက်ကြောင့် ကျွန်မသူ့နာမည်နှင့်ကျွမ်းဝင်ခဲ့သည်။ ကျွန်မတို့ကျောင်းသည် နှစ်ချိန်ကျောင်းဖြစ်သောကြောင့် ကြားတွင်(၁၅)မိနစ်ခန့်တိုတောင်းလှသော အားလပ်ချိန်တစ်ချိန်ရှိသည်။ ထိုအားလပ်ချိန်တွင်ကျွန်မသည် ရေအိမ်မှလွဲ၍မည်သည့်နေရာမှသွားလေ့မရှိခြင်း၊ အိမ်စာများ၊ကျူရှင်စာများကိုသာ လုပ်လေ့ရှိခြင်း၊ တစ်ခါတစ်ရံ ကိုယ်စိတ်ဝင်စားရာ အင်္ကျီဒီဇိုင်းပုံလေးများဆွဲနေခြင်းဖြင့်သာ […]


Mon LayJanuary 12, 20131min1116
၁။              နိုင်ငံခြားမှာ အလုပ်လုပ်နေသော ယောက်ျားဆီမှ မနေ့   ကပို်က့်ဆံလက်ခံရရှိခဲ့သည်။ ထို့ကြောင့် သည်ကနေ့   ကျွန်မမြဝတီဘဏ် မှာပို်က်ဆံထည့်မည်ဆိုပြီး ထွက်လာလိုက်သည။် မြဝတီဘဏ်ကလည်း သည်နေ့  လူအတော်ရှင်းနေသည်မို့   ပိုက်ဆံထည့်ပြီးသည်နှင့် ကျွန်မအပြင်ကို ထွက်လာလိုက်သည်။ ဟား..ပြောင်းဖူးပြုတ်နံ့လေးက မွှေးလိုက်တာ။ အရှေ့ကပြောင်းဖူးသည် ဆီကထင်ပါရဲ့။ ပြောင်းဖူးသည် အဒေါ်ကြီးကမြေကြီးပေါ် မှာ ဆောင့်ကြောင့်ထိုင်နေပြီး ပြောင်းဖူးနံ့လေးသင်းအောင်၊ ယင်လည်း အနားမကပ်ရအောင် ပုခုံးမှာတင်ထားတဲ့ တဘက်နွမ်းလေးနှင့် ခါ ယမ်းနေရင်း ဝယ်သူအလာကို စောင့်နေရှာသည်။ ပြောင်းဖူးသည်အဒေါ်ရဲ့ဆံပင်ဖြူအချို့က လေထဲမှာ ဖွာလန်ကျဲနေသည်။ အကျႌနှင့်ထဘီကလည်း အရောင်အဆင်းရယ်လို့   တိတိကျကျအပြောရခက်အောင်ပင် ညစ်ထေးထေးဖြစ်နေပေပြီ။ နေပူစပ်ခါးထွက်ခဲ့ရလွန်းသည့် အသားသည် ဘယ်တော့မှပြန်မစို၊ပြန်မဝင်း လောက်အောင် ခြောက်သွေ့ခဲ့ပြီထင်ပါရဲ့။ ပြောင်းဖူးနံ့လေးကလည်းမွှေးဆိုတော့….. `ပြောင်းဖူး..ဘယ်လိုရောင်းလဲ´ `တစ်ဖူး…နှစ်ရာ၊သုံးဖူး..ငါးရာနဲ့ပဲယူသွားပါ´ […]


Mon LayDecember 30, 20121min17815
ည(၇)နာရီဆိုလျှင် မြဝတီရုပ်မြင်သံကြားက တီဗွီ၏ဇာတ်လမ်းတွဲများ ပြသတတ်သည်။ထိုသို့ဇာတ်လမ်းတွဲများ ပြသနေသည့်အချိန် တစ်နည်းအားဖြင့် ဇာတ်ရှိန်ကောင်းနေသည့်အချိန် ဆိုလျှင် အမြဲလိုလိုကြားဖြတ်ဝင်လာတတ်သည့် ကြော်ငြာများ ကိုမလိုလားသော ကျွန်မသည် သည်တစ်ခါတွင်တော့ ကြော်ငြာတစ်ခုကို မျက်စေ့မမှိတ်တမ်း အစအဆုံးကြည့်မိသွားရပါသည်။ ထိုကြော်ငြာကား ‘က” ချည်းများနှင့်ရေးစပ်သီကုံးထားသည့် ‘ကာကာ” ကော်ဖီကြော်ငြာပင် ဖြစ်သည်။ တချို့သောကြော်ငြာများသည် တီဗွီတွင် ပြသသွား၍သာ ကြော်ငြာဟုသိရှိလိုက်ရခြင်းဖြစ်သည်။ မည်သည့်ကြော်ငြာအမျိုးအစားမှန်းမသိရလောက်အောင်ဖြစ်ရသည်။ တချို့ကြော်ငြာများမှာလည်း ကုန်ပစ္စည်း၏ အရည်အသွေးကိုဦးစားမပေးဘဲ နာမည်ကြီး မင်းသား၊မင်းသမီးများ၏ အိုက်တင်လုပ်ဆောင်ချက်များကိုသာဦးစားပေးသောကြော်ငြာများ ကိုလည်း တွေ့ရပြန်သည်။ ယခု ‘ကာကာ” ကော်ဖီကြော်ငြာလေးကိုနှစ်ခြိုက်သွားရခြင်းသည်ကား တေးရေးဆရာ၏ပညာတန်ခိုးများကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ကြော်ငြာ၏ခေါင်းစီးစာတန်းတွင် ဤကြော်ငြာတွင် “က” များသာပါသည် ဟူသော စာတန်းကိုရေးသားထားသည်။ တယ်ဟုတ်ပါလား။ ကျွန်မတို့ငယ်ငယ်တုန်းကရွတ်ခဲ့သည့် “မ” နှင့် “သ” ချည်းတို့သာပါဝင်သည့် စာကြောင်းလေးများကိုပြေးမြင်မိသည်။ “မင်းမိန်းမ..မေမြတ်မွန်၊မေမြို့မှာ..မိုးမိမယ်၊မြန်မြန်မောင်း” နှင့် […]


Mon LayDecember 23, 20121min21115
၁။         သည်ကနေ့ ကျွန်တော် ဦးအေးမြင့်သည် လူစည်ကားတတ်သည့် သိမ်ကြီးဈေးကားပါကင်တွင် ခါတိုင်းလို ပါစင်ဂျာရရန် ကားရပ်ထားလို်က်သည်။ မနက်စောစောကတည်းက ကားကိုချွတ်ယွင်းချက် မရှိအောင် ဆီလိုလျှင်ဆီ၊ရေလိုလျှင် ရေ စသည် တို့ကိုလိုက်ဖြည့်သည်။ နို့မဟုတ်လျှင် ခရီးသည်တွေကို တင်ဆောင်ရင်း လမ်းတွင်တစ်ခုခုဖြစ်မှ ခရီးသည်ကငြိုငြင်၊ ကားခလည်းမရ၊ အချိန်လည်းဆုံး။ အဲ့ဒီအခါကျမှ ဟုတ်ပေ့ဖြစ်မှာ။ ယခုအချိန်ထိ ပါစင်ဂျာမရသေးပါ။ ကားရပ်ရန် ပါကင်အဖိုးအခက အရင်ဖြစ်သည်။ စိတ်ရှည်..စိတ်ရှည်။ ငွေရရန်အတွက် လုပ်နေခြင်း သာဖြစ်သည်ဟု စိတ်ကိုမနည်းချုပ်တည်းထားလိုက်ရသည်။ အိမ်ကထွက်လာကတည်းကိုက ဇနီးသည်၏ ဆီဖိုး၊ဆန်ဖိုး၊ရေဖိုး၊မီးဖိုး ဆိုသည့် တေးသံမာမာနှင့် သမီး၏ကျူရှင်ဖိုး ဆိုသည့် နားဝင်ပီယံ မငြိမ့်ညောင်းသံတို့ကို အံတုပြီး ငါဒီနေ့ တစ်သောင်း၊ နှစ်သောင်းကျန်အောင် ရပြီး မှပြန်မည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ဟော..စိန်နားကပ်တွဲလောင်းနှင့် အဝတ်အစားသန့်သန့်ပြန့်ပြန့် ဝတ်ထားသည့် […]


Mon LayOctober 19, 20121min2448
သတ္တလောကကြီးထဲမှာနေကြတဲ့သူမှန်သ၍အချစ်အကြောင်း ပြောကြမယ်ဆိုလျှင်  မြန်မာလူမျိုး အများစုက “၁၅၀ဝ အချစ်” နဲ့ “၅၂၈မေတ္တာ” ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြပါတယ်။သမီးရည်းစား အချစ်ကို “၁၅၀ဝ အချစ်” ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ “၅၂၈ မေတ္တာ” ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ပြောဆိုလေ့ ရှိပါတယ်။ ၁၅၀ဝ ဆိုတာဘယ်လိုပေါ်လာတာလဲ? ၅၂၈ ဆိုတာဘယ်လိုပေါ်လာတာလဲ? မထင်မှတ်ဘဲ ၁၅၀၀/၅၂၈ ဆိုတဲ့ ဂဏန်းတွေ ဘာလို့ အဲလို ဖြစ်နေရတာလဲ ဆိုတာကို ဆရာမ “ဂျူး” ရေးတဲ့”မျှော်လင့်ချက် နှင့် အခြား မျက်နှာဖုံးဆောင်းပါးများ” စာအုပ်လေး ဖတ်လိုက်ရတယ်။ အဲဒီ […]


Mon LayOctober 10, 20121min1867
ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို ့မျှဝေလိုက်ပါတယ်။ မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့် ဆဲလ်ဖုန်း (မိုဘိုင်းဖုန်း)ကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့- skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် […]