ထွန်း ပြောင်September 25, 20121min1198
ရံဖန်ရံခါ၌ ကျွန်ုပ်တို့ လူသားများသည် မိမိကိုယ်ကိုသော်လည်းကောင်း ၊ မိမိချစ်ခင်နှစ်သက်သော မိတ်ဆွေ အပေါင်းအသင်းများကိုသော်လည်းကောင်း ဝေဖန်ဆန်းစစ်မှု အပိုင်းတွင် လွန်စွာအားနည်းတက်ကြလေသည်။ အမှန်စင်စစ် ဝေဖန်မှုကို မပြတ်တမ်းပြုသင့်လှပေ၏ ။ သို့မှသာ ကောင်းမွန်သည့်အရာများမြင်လာလျှင်လည်း ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်သလို  ဆိုးသည့်အရာများတွေ့လာလျှင်လည်း အချိန်မှီ ပြုပြင်နိုင်မည်ဖြစ်ပေ၏…….. စာရှုသူအပေါင်းတို့ခင်ဗျား  ……… ယခုဆိုလျှင် ကြားဖြတ်ရွေးကောက်ပွဲပြီး၍ NLDမှ အမတ်များ လွှတ်တော်တွင်းသို့ရောက်ခဲ့သည်မှာ လအနည်းငယ်ကြာခဲ့ပေပြီ… NLD ၏ရွေးကောက်ပွဲဝင်ရခြင်း ရည်ရွယ်ချက် သုံးရပ် ဖြစ်သော – (၁)တရားဥပဒေစိုးမိုးရေး (၂)ပြည်တွင်းငြိမ်းချမ်းရေး (၃)အခြေခံဥပဒေ ပြင်ဆင်ရေး ဟူသော အချက်များ မည်မျှထိအောင်မြင် အထမြောက်ခဲ့ပြီလဲ …………….စသည့်အချက်များကို ကျွန်ုပ်ဉာဏ်မီသလောက် အကျဉ်းချုပ်တင်ပြပါမည်။ လက်ရှိကြုံတွေ့နေရသော တရားစီရင်ရေး အပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မီတီ ဥက္ကဋ္ဌ ဖြစ်လာသည်မှလွဲ၍ […]


ထွန်း ပြောင်September 20, 20121min37332
ယခုဆိုလျှင် ၂၁ရာစုသို့ချဉ်းနင်းဝင်ရောက်ခဲ့သည်မှာ ၁၁ နှစ်ခွဲကျော်ကြာမြင့်ခဲ့ပြီဖြစ်လေသည်….. ကမ္ဘာတစ်ဝမ်းလုံးတွင် မရေမတွက်နိုင်သော တိုးတက်မှုများလည်းကြုံတွေ့နေရသလို တိုးတက်မှု၏အခြားတစ်ဖက်တွင်လည်း ဆုံးရှုံးမှုများ၊ ပေးဆပ်မှုများ အများအပြားရှိနေလိမ့်မည်မှာ မလွဲဧကန်ဖြစ်ပေလိမ့်မည်……… . ယနေ့ကမ္ဘာပေါ်တွင် လူသန်းပေါင်းများစွာ အသုံးပြုနေကြသော အင်တာနက်သည်လည်း..နေ့စဉ်လူမှုဘဝတွင် အလွန်တရာအရေးပါအရာရောက်သည်မှာ ငြင်းရန်မလိုသောအချက်တစ်ချက်ပင်ဖြစ်လေသည်…………. ၎င်းအင်တာနက်အား အသုံးပြုရာ၌  မြန်မာစာ. မြန်မာစကားရေးသားရာတွင် သတိမထားမိသောအမှား ၊သေချာမှားသောအမှား နောက်ပြောင်ချင်သောကြောင့်မှားသောအမှား လေးများကို ကျွန်ုပ်ထွန်းပြောင်အပါဝင် စာဖတ်သူလူကြီးမင်းများ ကျူးလွန်မိနေကြသည်ကို သတိထားပြုပြင်နိုင်ကြစေရန်…အလို့ငှာ…. သာဓကပြပါဦးအံ့…. စားပြီးပြီလား = ချားပီးပီယား မသိဘူး =  မတိဝူး မခေါ်ဘူး =  မထော်ဝူး သေပြီလား =  တေဘီယား  …….ဟူ၍နည်းအမျိုးမျိုးဖြင့် မိခင်ဘာသာစကားကို ဖျက်ဆီးမိနေကြပါသည်…. မြန်မာစကားတွင် ‘’အမှားကြာ အမှန်ထင် ”  ” နောက်သလိုနဲ့ အတည်ပြော ” […]


ထွန်း ပြောင်September 18, 20121min25230
သို့ ချစ်လှစွာသော မြရင် သတိရစွာဖြင့် ဝေးတစ်မြေမှ ကျုပ်စာရေးလိုက်ပါတယ်…. မြရင်နဲ့တကွ ကလေးနှစ်ယောက်လုံးနေကောင်းပါစေလို့ အိပ်ရာဝင်ဘုရားရှိခိုးတိုင်း ကျုပ်ဆုတောင်းနေပါတယ်. ကျုပ်ရေးတဲ့စာထဲမှာ မြရင်နားမလည်တာ မဖတ်တက်တာရှိရင် ရွာဦးကျောင်းက ဆရာတော် ဦးသောဘိတ ဒါမှမဟုတ် မြို့မှာတက္ကသိုလ်တက်ပြီး ပြန်လာတဲ့ မောင်ချစ်စိန်ကိုအကူညီတောင်းပြီးဖတ်ပြခိုင်းပါ မြရင်ရေ…… ဘာလိုလိုနဲ့ ကျုပ်ချစ်တဲ့မြရင် နဲ့ ကလေးနှစ်ယောက်ရယ် ကိုထားခဲ့ပြီး ပြည်ပမှာ အလုပ်လာလုပ်တာ တစ်နှစ်ပြည့်ခဲ့ပြီ မြရင်ရေ….. ရောက်ခါစမှာတော့ ကျုပ်ရဲ့ဖြစ်နေကျထုံးစံတိုင်း အိုးနင်းခွက်နင်းနဲ့စခဲ့တာကို မြရင် အသိဆုံးဖြစ်မှာပါ… အိမ်လွမ်းတဲ့ဝေဒနာကိုလဲ တော်တော်ကြိတ်မှိတ်ခံစားခဲ့ရတယ်မြရင်……နောက်ပိုင်းတော့ ကျုပ်လိုလူတွေအများကြီးပါလား ဆိုတဲ့အတွေးလေး ရလာတော့ နည်းနည်း ဖြေသာနိုင်ခဲ့တယ်. ရံဖန်ရံခါ ကိုတိုးကြီး ဆိုထားတဲ့” ကြိုးမဲ့ချည်တိုင်”  သီချင်းလေးလေနားထောင်ပြီးအားတင်းနေမိတယ်လေ . ..မြရင်မှတ်မိအုံးမလား မသိဘူး….(လူ့ဘဝတွက် ရုန်းကန်ရင်ဆိုင်ဖို့ ခရီးထွက်မယ့်လောက အိုလူသား လွမ်းရေးထက် ဝမ်းရေးခက်တယ်ပြောလို့အားတင်းကာကျောခိုင်းထွက်လာစဉ်…….. […]


ထွန်း ပြောင်September 15, 20121min29123
စာရှုသူ မိတ်ဆွေ လူကြီးမင်းအပေါင်းတို့ခင်ဗျား ကျွန်ုပ်ထွန်းပြောင်သည် များမကြာမီကာလတွင် အွန်လိုင်း(အင်တာနက်)လောကမှ နှုတ်ထွက်အနားယူတော့မည်ဖြစ်ကြောင်း ဦးစွာပထမ အသိပေးအပ်ပါသည်ခင်ဗျား……………….. အချို့သောစာရှုသူများက ..ထွန်းပြောင်အနားယူတာ ငါတို့နဲ့ဘာဆိုင်လို့လဲ ဟု… တွေးကောင်းတွေးပါလိမ့်မည်…. မှန်ပါသည်. သို့သော် ကျွန်ုပ်ထွန်းပြောင်အနေဖြင့် မနှုတ်ထွင်ခင် အသေချာ အဖန်ဖန်အထပ်ထပ် စဉ်းစားကြည့်ရာ ဦးကျွန်ုပ်၏အလွန်တရာသေးငယ်လှသော ဦးနှောက်အတွင်းသို့ အကြောင်းအရာများစွာပေါ်လာသဖြင့် ………ရေးသားလိုက်ရပါသည်။ ပထဦးစွာ ကျွန်ုပ်အနေဖြင့် အင်တာနက်အသုံးပြုစဉ်ကာလအတွင်း ကံသုံးပါးတို့ဖြင့် ကျူးလွန်ပြစ်မှားမိခဲ့သည်များကို ခွင့်လွတ်ပေးကြပါရန် ဒီနေရာကနေ အနူးအညွတ် ဝန်ချတောင်းပန်အပ်ပါသည်ခင်ဗျား……….. ကံသုံးပါးဟု ဆိုရာဝယ်…မနောကံဖြင့်  အကြိမ်ကြိမ်အခါခါ ကျူးလွန်မိခြင်း ၊ ရံဖန်ရံခါ အသံထွက်ပြီးဆဲဆိုဖြင်း ပြစ်မှားခြင်း၊ အများဆုံး ကျူးလွန်သည်မိသည်မှာ ကျွန်ုပ်၏လက်အစုံဖြင့် ထွေရာလေးပါး ပေါက်တက်ကရ ၊ ညစ်တီးညစ်ညမ်း ရေးသားပြောဆိုခြင်းဟု ယူဆမိပါသည်။ မြတ်ဗုဒ္ဓ၏အဆုံးများတွင်  ပြစ်မှားကျူးလွန်မိသည်များကို ဝန်ချတောင်းပန်ပြီး ခွင့်လွတ်ပေးမှသာလျှင် […]