တနေ့… ဂေဇက်ရွာထဲမှာ ဒန်အိုးဒန်ခွက်များ လှည့်လည်ရောင်းလာတဲ့ အထမ်းတောင်းကြီးနဲ့ ဈေးသည် ဘကြီးမိုးကြီး …ဂေဇက်ရွာရဲ့ ရွာလည်မန်ကျည်းပင်ကြီးအောက်က ကွပ်ပျစ်မှာ အမောဖြေနေခိုက်….. ဂေဇက်ရွာရဲ့ နာမည်ကျော် ကိုဗိုက်ကလေး….ရွာထဲက ကာလသားတွေ တစု တဝေးနဲ့ မန်ကျည်းပင်ကြီးအောက် ရောက်လာခဲ့ပါတယ်။ “ ဟဲ့…ဗိုက်ကလေးတို့ ဘာလုပ်ကြမလို့လဲ…အဖွဲ့တောင့်လှပါလား” “နေကပူ…မိုးကမရွာနဲ့ဆိုတော့ မိုးရွာအောင် ကျွန်တော်တို့ရွာက အမျိုးသားတွေနဲ့ အမျိုးသမီးတွေ လွန်ဆွဲပွဲကျင်းပကြမလို့ဘကြီးမိုး” “ဟေ….လွန်ဆွဲရင် မိုးကရွာသလား……… အေး…လူကြီးတွေက လူငယ်တွေ ကို လက်ဆင့်ကမ်းအမွေတွေ ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် မှားယွင်းတဲ့ အမွေတွေ ပေးခဲ့မယ်ဆိုရင်တော့ မပေးတာကမှ ကောင်းဦးမယ်နော်။ စည်းလုံးညီညွတ်ရေး…မြန်မာ့ အားကစား မတိမ်ကော မပပျောက်ရေး..ပြည်သူတွေ ပျော်ရွင်ရေး စတဲ့ ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လွန်ဆွဲပွဲ ကျင်းပကြတယ်ဆိုရင်တော့ ကောင်းပါတယ်ဗျာ။ မိုးတွေခေါင်လို့ မိုးရွာအောင် […]


“ဦးပေရယ်…မြို့ပေါ်ကလူတွေကလဲ ခက်ပါတယ်ဗျာ။ ဘာတဲ့ဆို ဆန္ဒပြ။ ဘာတဲ့ဆို ဆန္ဒပြ..နဲ့ ဆန္ဒပြနေကြတာပဲ။’’ မြို့ပေါ်ကပြန်လာတဲ့ မောင်သန်းထွဋ်ဦးက မြို့ပေါ်မှာ ဆန္ဒပြသူတွေကို မြင်ခဲ့ရ လို့ ဦးပေနဲ့တွေ့တော့ ယခုလိုပြောလိုက်ခြင်းဖြစ်သည်။ “ဟဲ့…မောင်သန်းထွဋ်ဦးရဲ့..ဒါက လူ့အခွင့်အရေးပဲကွ။ လူဆိုတာ လူ့အခွင့် အရေးကို တောင်းဆိုရမှာပဲ” “လူ့အခွင့်အရေးတော့လဲ ဟုတ်ပါတယ်။ ဒါပေမယ့် ၃၈=ဖြာမင်္ဂလာမှာ ခန္တီ= သီးခံရမယ်လို့ ဘုရားပြောခဲ့တယ်မဟုတ်လား..ဦးပေရဲ့။ အနည်းအပါးတော့ လဲသီးခံမှုလေးတော့ရှိဦးမှပေါ့” “အေး…အဲဒါတွေ ခက်တာပဲ။ မင်းကပြောလာတော့လဲ ဦးပေသိသလောက် တော့ ပြောမယ်ကွာ…ဒို့မြန်မာတွေ အများစုက ဗုဒ္ဓဘာသာတွေပဲ။ ဒို့..ဗုဒ္ဓ ဘာသာမှာကလဲ…ကံနဲ့ကံရဲ့အကျိုးတို့…အရာရာသီးခံတို့ကလဲ အလွန်ပြော ကြတယ်။ ပြောတဲ့သူတိုင်းကလဲ သူများပြောလို့ ပြောသံကြားနဲ့ဆက်ပြောနေ ကြတာ…မှန်လား…မှားလား…လူ့တွေနဲ့ကိုက်ညီရဲ့လား….မကိုက်ညီးဘူး လား မစဉ်းစားဘူး။ မနိုင်လောက်လို့ဖြစ်စေ…ကိုယ့်ကိုသိပ်မထိခိုက်လောက်လို့ဖြစ်စေ..ငြိမ်နေ လိုက်ကြရင်….အို..သီးခံလိုက်တာ ကောင်းပါတယ်။ဘုရားဟောနဲ့ညီတာပေါ့ လို့လုပ်တတ်ကြတယ်။ အဲ….ကိုယ်က နိုင်တာသေချာတာမျိုး..အထိအခိုက် ခံရတာများတာမျိုးကြတော့ […]


မရှိတာထက်…မသိတာက ခက်တယ်။ မသိတာထက်..မသိချင်တာက ပိုခက် တယ်။ မသိချင်တာထက် …သိချင်ယောင်ဆောင်သူက အခက်ဆုံးတဲ့။ အကြံပေးအရာရှိဆိုသူကတော့ သတင်းစာရှင်းလင်းပွဲမှာ…။ မီးကိစ္စအဆင်ပြေအောင်..ကိုယ့်အိမ်ထဲမှာ ဖယောင်းတိုင်လေးထွန်းပြီး မီးပိတ် နေလိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်တဲ့…ကဲဟုတ်ဘူးလား….ဘာခက်လဲ။ နောက် မိုးရွာတော့မှာမို့ မကြာခင် အားလုံးအဆင်ပြေသွားမှာတဲ့။ ဒါလဲ ဟုတ်ဘူးလား…. သိပ်မကြာခင်ပါဆို…..ဒါလေးမှ မစောင့်နိုင်ကြဘူးလား။ မသကာ….လေးငါးနှစ်ပေါ့။။။။ ဟီး စတာ..အဲဒီ စကားတွေကတော့ မကောင်းပါဘူး။ မစဉ်းစားပဲ ပြောလိုက်သလိုလဲ ဖြစ်သွားတယ်။ နောက်ကချော်ကချက်ပြောင် လိုက်သလိုလဲ ဖြစ်သွားတယ်။ ဒါပေမယ့်လဲ မမှားသောရှေ့နေ..မသေသော ဆေးသမားမရှိဆိုသလိုပေါ့။ တခါမှားတာကို အပြစ်တွေအများကြီးပွားနေကြမယ်ဆိုရင်လဲ “အာဃာတတွေပွားနေရင်..အာဃာတတွေပဲ များမှာပဲ။ မကောင်းတာတွေ များတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး” ပြောခဲ့တဲ့ပုဂ္ဂိုလ်အနေနဲ့လဲ…သမ္မတကြီးရဲ့အကြံပေးဆိုတဲ့ နာမည်နဲ့လိုက်အောင် အသိကြီးဖို့..သဘောထားကြီးဖို့…အမျှော်အမြင်ကြီးဖို တွေလိုအပ်ပါတယ်။ ကိုယ်မှားတာကို မှားမှန်းသိရင်…လူတော်ပါပဲ။ မှားတာကို မှားပါတယ်လို့ဝန်ခံရဲတာကလဲ သူတော်ကောင်းစိတ်ဓာတ်ပါ။ ဒါကြောင့် ကိုယ့်ကြောင့် […]


ကိုဗိုက်ကလေးက လျှပ်စစ်မီးကိစ္စပြောပါ လျှောက်တင်လာ၏။ အမိန့်တော်ကို နာခံလျှက်ပါ……. တစ်နေ့ ဂေဇက်ရွာရဲ့ ရွာလည်မန်ကျည်းပင်ကြီးအောက်တွင် ဘကြီးမိုးနှင့် ဂေဇက်ရွာမှ လူငယ်တစ်စု စကားကောင်းနေကြစဉ်…ကိုဗိုက်ကလေး ရောက်လာပြီး….. ဘကြီးမိုး…ဘကြီးမိုး…မန္တလေးမှာ. လူထုကလျှပ်စီးမီးရရှိရေးတောင်းဆိုဆန္ဒ ပြနေသတဲ့ဗျ….ညမှာ ဖယောင်းတိုင်တွေထွန်းပြီး ပြကြသတဲ့…. ဟေ…ဟုတ်လား..ဒါဆို ရန်ကုန် စတဲ့မြို့တွေပါ ပျံနှံ့လာဦးမှာပဲ ဗိုက်ကလေးရေ…… အဲဒါ ကောင်းပါ့မလား ဘကြီးမိုးရဲ့..တော်ကြာ လွန်ကဲလာပြီး အစကိုပြန်ရောက်မှာစိုးသဗျာ……. ဟဲ့ဗိုက်ကလေးရဲ့….ဒို့သမ္မတကြီးက ဘယ်တော့မှ အစကိုပြန်မသွားဘူး လို့ပြောထားတာပဲ။ နောက် ဒို့ပြည်သူတွေကလဲ နိုင်ငံရေး အမြင်တွေ ကျယ်လာပါပြီ..လုပ်တတ်ကိုင်တတ်ရှိလာပါပြီ…..သိပ်မစိုးရိမ်ရလောက်ပါဘူး နေပါဦးဘကြီးမိုးရဲ့…ခုလိုဆန္ဒပြတောင်းဆိုတော့ကော..မီးက ပိုရလာပါ့မ လား….မရှိမှန်းသိရက်နဲ့ တောင်းရင် မကောင်းဘူးထင်ပါတယ်ဗျာ။ ဘကြီးမိုးအထင်ကတော့….တာဝန်ရှိသူတစ်ဦးက ..ကျွန်တော်တို့ နိုင်ငံက လျှပ်စစ်မီးတွေပိုလျှံနေလို့ ရောင်းစားရပါတယ်ဆိုတဲ့..စကားပြောခဲ့ဖူးတယ်။ အဲဒီစကား မှန်…မမှန်…ထောက်ပြလိုက်တာလဲဖြစ်နိုင်တယ်။ အဲဒီလူကြီး အဲဒီလို ပြောလိုက်ကတည်းက ပြည်သူတွေက သိပ်မကျေနပ်ကြဘူး။ အဲဒါကို […]


“ကဲ….ဒကာမိုး စောင့်နေရတာ ကြာသွားတယ်နော်…. “မကြားပါဘူးဆရာတော်….ကိုဗိုက်ကလေး အဆင်ပြေသွားပြီးလားဘုန်းဘုန်း” “ ပြေသွားပါပြီ ဒကာမိုး…ကဲ ….စောစောက ဘုန်းကြီးနဲ့ နိုင်ငံရေးလေး ဆက်ကြဦးစို့…စကားလက်စသိမ်းရမှာပေါ့ဗျာ…အတိုချုပ်ပြောရရင်တော့…ဒကာမိုးရယ်.. အရေးတွေအားလုံးရဲ့ထိပ်မှာ ဘာသာရေးရှိရမယ်။ အရေးတွေအားလုံးထဲမှာ ဘာသာရေးပါရမယ်။ အထူးသိရမှာက ကိုယ်ပါရမယ့်နေရာကိုတော့ ကိုယ်သိ ရမယ်။ နောက်ထပ်ပြောမယ်။ ဂရုလေးစိုက်ပေးပါနော်….နိုင်ငံအတွင်းမှာ လုပ်တဲ့ နိုင်ငံအရေးတိုင်းမှာ ဘာသာရေးပါရမှာ..အဲဒီနိုင်ငံအရေးကိုလုပ်တဲ့လူတိုင်း ဆီမှာလဲ ပါရမယ်။ ဒါပေမယ့် ကိုယ်ဟာ လုပ်သူလဲမဖြစ်ရဘူး။ အရေးထဲပါသူ လဲမဖြစ်ရဘူး။ အဲဒီလုပ်သူနဲ့အရေးတွေမှာ တရားသူတွေနဲ့ ..တရားတဲ့ အလုပ် တွေဖြစ်ဖို့ညွှန်ပြနေရမှာ… ဥပမာ..လူငယ်တွေ မင်္ဂလာဆောင်ဆိုပါတော့…သတို့သမီးအရံ..သတို့သား အရံ..မဏ္ဍာပ်ဆောက်…ရက်ရွေး…ဈေးဝယ် တွေမှာပါရမှာမဟုတ်ဘူး။ လင်ကျင့်ဝတ်…မယားကျင့်ဝတ်တွေပြောပြတဲ့နေရာမှာ ပါရမှာ။ အဲဒါတွေ သိဖို့က ဘာသာရေးအလုပ်ပဲ။ သီလပေးရုံ ရေစက်ချရုံ မဟုတ်ဘူး။ ဘာသာ ရေးဆိုတာ အလင်းရောင်..သူတို့ အသိအလင်းရောင်တွေပေးရမှာ.. သီလ ပေး […]


‘”ဘုန်းဘုန်းဘုရား…ဘုန်းဘုန်းဘုရား….” ကိုဗိုက်ကလေးပြန်သွာလို့သိပ်မကြာခင်မှာပဲ ကိုဗိုက်ကလေး အိပ်ဆေးတွေ သောက်ပြီးမထလို့ ဆိုပြီး ရုပ်ရုပ်ဖြစ်သွားပါတော့တယ်။ (မိဘမရှိလို့ ဘုန်းကြီးမှမွေးထားပြီး ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသား မောင်ကံကောင်းမှ ကျောင်းကြီးပေါ်သို့ကဗျာကယာ ပြေးတက်လာပါသည်။) “ဟဲ့ မောင်ကံကောင်း ဘာဖြစ်လာတာလဲ…..” “ဘုန်းဘုန်းကိုဗိုက်ကလေးအိမ်လာပါဦးတဲ့ဘုရား…” “ဟဲ…ဘယ်သူဘာဖြစ်လို့တဲ့လဲ….” “ကိုဗိုက်ကလေး ကျောင်းကအပြန် အိပ်ဆေးတွေသောက်လို့လို့ကြားပါ တယ်ဘုရား…..ရွာရဲ့ကျန်းမာရေးမှူးကတော့ ရောက်နေခဲ့ပါပြီဘုရား။ မစိုး ရိမ်ရတော့ဘူးလိ်ု့လဲ ပြောလိုက်ပါတယ်ဘုရား။” ဆရာတော် အိမ်ရောက်သွားသောအခါ………… “….ဟဲ..ဗိုက်ကလေးဘာဖြစ်တာလဲ။ ကျောင်းကပြန်သွားတာ မကြာသေးပါ ဘူး။…..” “….ဘုန်းဘုန်းပဲ အရက်ပြတ်အောင် အရက်သောက်ချင်တဲ့စိတ်ကို နိုင်အောင် လုပ်ရမှာဆိုလို့ တပည့်တော်က အိပ်ဆေးသောက် အိပ်နေရင်တော့ အရက် သောက်ချင်စိတ်ဖြစ်မှာ မဟုတ်တော့ ဘူးလို့စိတ်ကူးပြီး ခုလိုသောက်လိုက် တာပါဘုရား…..” “ဟဲ့ဗိုက်ကလေးရဲ့…အိပ်ဆေးသောက်နေလို့ အရက်သောက်ချင်စိတ်မဖြစ် တာက သောက်ချင်စိတ်ကိုအအိပ်ခိုင်းထားလို့ပဲ။ မအိပ်တဲ့အခါကျတော့ ပြန်သောက်ချင်စိတ်ဖြစ်မှာပေါ့။အိပ်ယာကနိုးရင်ပြန်သောက်ချင်မှာပေါ့။ ဒေါသမထွက်အောင် အိပ်ဆေးသောက်အိပ်နေရင် […]


“ကိုယ်ဗိုက်ကလေး..ဘုရားကို အရက်လှူချင်လို့ဆို..ဘုရားက အရက်လိုလို့ တဲ့လား” “တပည့်တော်သောက်နေတာကို ဘုရားလှူမှာပါဘုရား” “ဘယ်လိုသောက်နေတာကိုလဲ..လက်ထဲပါလာတဲ့ပုလင်းထဲကလက်ကျံလား ဘုန်းဘုန်းကလဲ သိရက်သားနဲ့…ဟီး တပည့်တော် အရက်ဖြတ်ချင်လို့ မသောက်တော့ပါဘူးလို့ ဘုရားကို ကတိပြုဝန်ခံမလို့ပါဘုရား” “အော်…..ဒီလိုလား…ကိုယ်မသောက်ချင်လို့မသောက်တာကို ဘာကြောင့် ဘုရားထံ လာပြီးဝန်ခံကတိပြုနေရတာလဲ။ ဘုရားထံဝန်ခံကတိပြုထားတော့ မလွတ်မလပ်ကြီးဖြစ်နေမှာပေါ့။ ကိုယ့်ဖာသာကိုပေါ့ပေါ့ပါးပါးလေးဖြတ်ပါ လား” “ကိုယ့်ဘာသာကိုယ်ကြတော့ ကိုယ့်စိတ်ကိုမနိုင်တော့ ပြန်ပြန်သောက်နေ လို့ ဘုရားရှေ့မှာ လှူထားပြီးကတိပြုထားတော့ ကြောက်ပြီး မသောက်ဖြစ် အောင်လို့ပါဘုရား” “ကြောက်ပြီးမသောက်ဖြစ်အောင်လို့ဆိုတော့ ခုလိုကတိပြုပြီး ပြန်သောက် ရင် ဘုရားကဘာလုပ်မှာမို့လဲ…ကတိမတည်သူဆိုပြီး ဘုရားက ဒဏ်ပေး တတ်သူလား။ ဘုရားကို သိက္ခာကျအောင်တော့ မလုပ်ပါနဲ့ ဒကာဗိုက်ရယ်။ ကမ္ဘာ့ ဘာသာတွေထဲမှာ ကျုပ်တို့ဘုရားက ဘယ်လိုသူကိုမှ သူကနေ ဒဏ် ပေး တယ်ဆိုတာမရှိဘူး။ သူ့ကိုကြိုက်ကြိုက် မကြိုက်ကြိုက်..သူ့စကား နားထောင်ထောင် ..မထောင်ထောင်.. […]


…ဒကာကြီး ဦးမိုးလာဗျာထိုင် နံက်စာလေးသုံးဦး…. …ညက တပည့်တော် ရောက်တာ နောက်ကြသွားလို့ ဆရာတော်ဆီ မလာပဲ အိပ်လိုက်တော့တာဘုရား။ ညက ရွာလည်မန်ကျည်းပင်အောက်မှာ လူကလဲစုံတော့ညဉ့်နက်သွားတယ်။ ဆရာတော်ကိုလျှောက်ချင်တာလေးရှိ လို့ စောစောပြန်ဖို့စိတ်ကူးထားတာကို မရလိုက်ဘူး။ ညဉ့်နက်သွားတယ် ဘုရား။ …ဘာများလျှောက်ချင်လို့လဲ ဒကာကြီး ဦးမိုး… ..ဒီနေ့ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်သင့် ..မလုပ်သင့်ဆိုတာ တပည့်တော် မစဉ်းစားတတ်ဖြစ်နေတယ်ဘုရား။ နိုင်ငံတကာက သတင်းဋ္ဌာနတွေမှာလဲ ဒီ အကြောင်းတွေကိုပဲ မေးဖြေတွေလုပ်နေကြတယ်။ အမေးခံရတဲ့ ဆရာတော် တွေကလဲ နိုင်ငံရေး မကင်းတဲ့ဆရာတော်တွေကများတော့ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်သင့်ကြောင်း။ ဘုရားတောင် ဆွေမျိုးတွေ ရေလုပွဲမှာ ဝင်ပါ ကြောင်း။ ဝိဋဋူပကိစ္စမှာလဲ ဘုရားက ဆွေမျိုးတွေ မသေအောင် ပါဝင် ခဲ့ကြောင်း ဒါတွေပဲကြားနေရတယ်။ တချိုကတော့လဲ ဘုန်းကြီးတွေ နိုင်ငံ […]


ကျွန်တော်တို့ ဂေဇက်ရွာကြီးကို မကြာမကြာရောက်လာတတ်တဲ့..ဦးမိုးတိမ်. ဆိုတဲ့ အထန်းဈေးသည်ကြီးအကြောင်းကို ပြောချင်ပါတယ်။ အသက်အား ဖြင့် ၆၀-ကျော် ၇၀ဝန်းကျင်ရှိနေပြီး တောင့်တောင့်တင်းတင်း သန်သန်မာမာ ရှိတဲ့ အထန်းဈေးသည်ကြီး ဦးမိုးတိမ်ဟာ ရွာမှာရှိတဲ့ဒန်အိုးဒန်ခွက်အဟောင်း တွေကို ပိဿာချိန်နဲ့ပြန်ဝယ်ယူပြီး…ဒန်အိုးဒန်ခွက် အသစ်တွေကိုလဲ ရောင်း ပါတယ်။ အဟောင်းနဲ့အသစ်လဲ အလဲအထပ်လုပ်ပါတယ်။ ဦးမိုးတိမ်ရဲ့ ဇာတိက တောမက..မြို့မကျ နယ်မြို့လေးတစ်မြို့ကလို့သိရပါတယ်။ ဦးမိုးတိမ်က ဝါသနာနဲ့ ကျန်းမာရေးအတွက် ဗဟုသုတအတွက် ယခုလို အထမ်းသမားဈေးသည်ဘဝကို လုပ်နေပြီး…စားဝတ်နေရေး အတွက် မဖြစ် မနေလုပ်နေရတာတော့ မဟုတ်ဘူးလို့သိရပါတယ်။ သူနဲ့ သူ့မိ သားစု တွေရဲ့ ဘဝရပ်တည်မှုက ချောင်လည်ပြည့်စုံတယ်လို့လဲ သိရပါတယ်။ ဦးမိုးတိမ်ကိုယ်တိုင်ကလဲ ငါက ဒီအလုပ်မလုပ်ရရင် မနေတတ်တော့ဘူးကွ။ အထမ်းလေးနဲ့လျှောက်သွားနေတော့ ကျန်းမာရေးလဲ ကောင်း။ကိုယ်နဲ့ သိ တဲ့ရွာက မိတ်ဆွေတွေဆီကိုလဲ […]


ကျွန်တော်တို့ ဂေဇက်ရွာရဲ့ ရွာလယ်မှာ အလွန်ကြီးမားပြီး အရိပ်လဲ အလွန်ကောင်းတဲ့ ဗိုင်းငင်မကျည်းပင်ကြီးရှိပါတယ်။ ဗိုင်းငင် မကျည်းပင်လို့ ခေါ်ကြတာကတော့ ရွာကအမျိုးသမီးများ ဗိုင်းငင်ကြလို့ ဗိုင်းငင်မကျည်းပင် လို့ခေါ်တွင်ပုံပါပဲ။ အလွန်ပူပြင်းတဲ့ ခုလို နွေရာသီရဲ့ နေ့လည်ခင်းများမှာ အမျိုးသမီးများက ဝိုင်းဖွဲ့ဗိုင်းငင်ကြသလို ရွာသားများကလဲ ဝိုင်းဖွဲ့ပြီး ဂုံညင်း ထိုးကြ။ဒိုးလိမ့်ကြပေါ့။မုံ့လက်ဆောင်းသည်…ရွှေရင်အေးသည်စတဲ့ ရွာဈေး သည်များကလဲ အဲဒီ မန်ကျည်းပင်ကြီး အောက်မှာပဲ…လာရောက် ရောင်းကြ ပါတယ်။ရွှေလသာတဲ့ ညအခါမှာတွေတော့ အမျိုးသား လူငယ်လူလတ်များ ဝိုင်းဖွဲ့စကား ပြောတတ်ကြပြန်ပါတယ်။ ဂေဇက်ရွာ ရဲ့ မမေ့နိုင် စရာတွေ ထဲမှာ ဗိုက်ကလေး ပါသလို…ဗိုင်းငင်မန်ကျည်းပင်ကြီးလဲကျန်မနေခဲ့ပါဘူး။ ဗိုင်းငင်မကျည်းပင်ကြီးဟာ ရွာသူတွေရဲ့အလုပ်လုပ်ရာ။ ရွာဈေးသည်များရဲ့ ဈေးခင်းကြီး။ လူလတ် လူကြီးများရဲ့ တရားဆွေးနွေးရာ မဏ္ဍာပ်။ လူငယ်များ ရဲ့ လောင်းကစားကွင်း။ ကလေးများရဲ့ကစားကွင်း။လသာတဲ့ […]


ဂေဇက်ရွာသူ ရွာသားအားလုံးကို ကျွန်တော်မှားတာရှိလျှင်ခွတ်လွှတ်ပါရန် တောင်းပန်ပါတယ်။ ကျွန်တော် ဂေဇက်ရွာကိုရောက်တာမကြာသေးပါဘူး။ ဂေဇက်ရွာမှာ ရေးသားနေသူများရဲ့စာများကိုဖတ်ပြီး ပျော်ခဲ့ပါတယ်။ ကျွန်တော်မှာ မိတ်သစ်ဆွေသစ်တွေတိုးခဲ့တယ်လို့လဲ ခံစားခဲ့ရပါတယ်။ ဂေဇက်ရွာမှာ ရေးသားကြတဲ့ ရွာသူရွာသားများရဲ့စာများကိုဖတ်ရင်းနဲ့ နာမည်လေးများကို မှတ်မိသမျှစာရင်းလေးပြုပြီး ဂေဇက်ရွာကို အပြင်မှာ တကယ်ရှိနေတဲ့ရွာကြီးတစ်ရွာလိုဖန်တီးပြီး ဂေဇက်ရွာထဲမှာရေးနေသူတွေကို လဲ ရွာသူရွာသားတွေလိုသဘောထားကာဇာတ်လမ်းလေးဆင်ပြီး စိတ်ကူးနဲ့ ရူးခဲ့ရသလို..လက်တွေ့လေးလဲ စမ်းရေးကြည့်မိပါတယ်။ သူကြီးခိုင်ကိုတော့ စာတွေဖတ်ရင်းနဲ့ပဲ သိသွားခဲ့တာပါ။သူကြီးခိုင်ဆိုတဲ့ အသုံးတွေကိုတွေ့လို့ပါပဲ။ နောက် ကိုဗိုက်ကလေးပုံလေးကိုကျွန်တော် အရမ်းသဘောကျသွားပြီး ကိုဗိုက်ကလေးကို ဂေဇက်ရွာရဲ့ချစ်စရာ အရက် သမား လေးပုံဖော်ခဲ့ပါတယ်။ ထိုအတူ အခြားအခြားသောရွာသူ ရွာသားများ ကိုလဲ ပျော်ရွင်ဖွယ်ဇာတ်ဆောင်လေးအဖြစ်ပဲဖန်တီးမယ်။ နစ်နာစရာ ဇတ်ဆောင်အဖြစ်ကိုတော့ မည်သူကိုမျှမဖန်တီးဟုလဲ စဉ်းစားထားခဲ့ပါတယ်။ ကိုကြောင်ကြီးဟာ ကျွန်တော်ကိုဦးဆုံးနှုတ်ဆက်သူဖြစ်သလို နာမည်နဲ့ ကြောင်ရုပ်ကြီးကလဲ ခန့်တာနဲ့ ကာလသားခေါင်းဆိုပြီး စိတ်ကူးခဲ့ပါတယ်။ ဂေဇက်ရွာမှာ […]


ဒီနေ့ ည ၇=နာရီမှာ တစ်အိမ်တစ်ယောက် အိမ်ထောင်ဦးစီးများကိုယ်တိုင် သူကြီးအိမ်လာကြဖို့..ဆင့်ခေါ်ထားပါတယ်။ ည ၇=နာရီ ခေါ်တာကတော့ နေ့ခင်းမှာအလုပ် မပျက်အောင်ဆိုပြီးခေါ်တာပါ။ဒါက ဂေဇက်ရွာရဲ့ထုံးစံ။ ည ၆=နာရီ မိနစ် ၄၀=လောက်မှာ လူစုံပါတယ်။ တက်ရောက်လာကြတဲ့ ရွာသားအားလုံးကလဲ တက်ရောက်ကြောင်းလက်မှတ်ထိုးကြပါတယ်။ လူစုံတာနဲ့ သူကြီးကထပြောပါတယ်။ “ ဒီနေ့ခေါ်ရတဲ့အကြောင်းကတော့…တရွာလုံးရဲ့ ဆန္ဒနဲ့ အိမ်တိုင်းအိမ် တိုင်းက ထမင်းချက်ခါနီးတိုင်း ဆန်တဆုပ်တဆုပ်စုပြီးလာခဲ့တာ ခုဆို ဆန်ဖိုးငွေ အတော်များများ စုမိနေပါပြီ။ ဒီ တဆုပ်ဆန်ဖိုးငွေတွေကို ဘယ်လို အသုံးချကြမလဲ…ဘာလုပ်ချင်ကြသလဲ..ဆိုပြီးအများသဘောဆန္ဒခံယူဖို့ခေါ် လိုက်တာပါပဲ။“ ““ဟုတ်ကဲ့ ကျွန်တော့်သဘောကတော့ ကိုယ်ချက်မယ့်ဆန်ထဲက တစ်နေ့မှ ဆန် တစ်ဆုပ်တစ်ဆုပ် ဘေးဖယ်ပြီးစုလာကြတာဖြစ်လို့ အများကြီးမပင်ပန်း ပေမယ့်နေ့စဉ်၊ လစဉ်စုလာကြတဲ့ ချွေးနည်းစာလေးဖြစ်လို့ အမြတ်ဆုံး ကုသိုလ်ဖြစ်အောင်..ဘုရားတည်ချင်ပါတယ်ကျွန်တော်တို့ ရွာမှာရှစ်မျက်နှာ ဘုရားလဲ မရှိသေးပါဘူး။ ဒါကြောင့် […]


““ဗျို့သူကြီး..ဗျို့သူကြီး…ကျွန်တော်တို့လင်မယားမပေါင်းနိုင်တော့ဘူး။အဲဒါ လင်ခန်းမယားခန်းဖြတ်ပေးပါ။အခုဖြတ်ပေးပါ။ဒီမသာမကို မပေါင်းတော့ဘူး” ““ဟဲ့ ခင်လတ်တို့လင်မယားဘာဖြစ်လာကြတာလဲ အေးအေးသက်သာ ပြောဆိုကြစမ်း”” ““ဟုတ်တယ် သူကြီး..ကျွန်မမဝေကလဲ သူ့ကိုမပေါင်းနိုင်တော့ဘူး။ အခု ချက်ခြင်းဖြတ်ပေးပါ။ သူ့ကိုဆက်ပေါင်းနေမယ့်အစား ခွေးကိုအမြီးဖြတ်ပြီးယူ ပေါင်းလိုက်မယ်။”” ““ဟေ့ မိဝေ..မင်းငါ့ကိုခွေးနဲ့မနှိုင်းနဲ့။ မသာမ။သူကြီး ကျွန်တော်တို့ကို အခု ပဲဖြတ်ပေးပါ။ ဒီခွေးမကို လုံးဝကိုမပေါင်းနိုင်တော့ဘူး။”” ““ကဲ….အေးအေးဆေးဆေး ပြောကြလို့ပြောတာ မရပါလား။ ဒီမယ်မင်းတို့ ကို ငါပြောမယ်။ ငါက လူတွေကိုပဲ စစ်ဆေးမေးမြန်းပြီးဆုံးဖြတ်ပေးတာ။ လူမဟုတ်တဲ့သူတွေကို ငါစစ်ဆေးမေးမြန်းလေ့မရှိဘူး။ဆုံးဖြတ်ပေးလေ့ မရှိဘူး။”” ““ဘာဂျ…သူကြီးခိုင်..ဘာစကားပြောတာလဲ၊ လူတွေကိုပဲ စစ်ဆေးမေးမြန်း ပြီး ဆုံးဖြတ်တာဆိုတော့…ကျုပ်တို့ကို သူကြီးခိုင်က လူမဟုတ်ဘူးလို့ပြော လိုက်တာလား။ဒီစကားက သူကြီးပြောတဲ့စကားလား။ကျုပ်တို့ကို လူမဟုတ် တဲ့ သူတွေဆိုတော့ ခွေးတွေလို့ပြောလိုက်တာပေါ့။ သူကြီးဆိုပြီး ငုံ့ခံနေမှာ တော့ မဟုတ်ဘူးနော် သူကြီးခိုင်”” ““ဟေ့ကောင်…ငါက လူမဟုတ်တဲ့သူတွေကို […]