“ဘဝမှာဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးရတယ် တဲ့” ဖြစ်ချင်တာက တစ်မျိုး ဖြစ်သွားတာကတစ်ခု . အဲဒါကတော်တော်များများဖြစ်တတ်ပါတယ်….. ကိုယ်ဖြစ်ချင် တာတွေကိုတော့ အချိန်ယူပြီးဖြစ်အောင်ကြိုးစားရမှာပဲလေ….. တစ်ခါတစ်လေတော့လဲ “ဘဝဆိုတာဘာလဲ” ပေါ့ အကြိမ်ကြိမ်တွေးဖူးပါတယ်…… ရှင်းသန့်လိုပဲ သူငယ်ချင်း တွေလဲ တွေးကြည့်ဖူးမှာပါ……    ဟိုနေ့က ရှင်းသန့် ရဲ့ အကိုတစ်ယောက်နဲ့စကား ပြောဖြစ်တော့မှ အကိုပြောပြတဲ့ “ဘဝဆိုတာ ကြံချောင်းလေးတစ်ချောင်းနဲ့တူတယ်” ဆိုတဲ့ အဓိပ္ပါယ်လေးကို သဘောကျတာနဲ့ သူငယ်ချင်းတွေကို သိစေချင်လို့ တင်လိုက် တာပါ… ဘဝဆိုတာကြံချောင်းလေးတစ်ချောင်းနဲ့တူတယ်တဲ့ ဟုတ်တယ်နော်….. ကြံချောင်းလေးမှာကအဆစ်အပိုင်းလေးတွေပါတယ်…ကြံကို စုပ်တယ်လို့ပဲအပြောများ တယ်… စားတယ်လို့ပြောလဲရတာပေါ့နော်… သူငယ်ချင်းတွေလဲကြံကိုစားဖူးမှာပါ…… ချိုမြ တဲ့ကြံကို စားဖို့အတွက် မာကြောတဲ့အဆစ်လေးတွေကိုတော့ ကိုက်ဖဲ့ရတာပါပဲ ဘဝဆိုတာကလဲ ကြံချောင်းလေးအတိုင်းပဲ… ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုုင်ဖို့အတွက် ဆင်းရဲ မှုတွေကို ကျော်ဖြတ်ရတယ်……အောင်မြင်တဲ့ဘဝကိုရရှိဖို့ အတွက် အခက်ခဲမှန်သမျှကို ရင်ဆိုင်နိုင်ရတယ်…ဆင်းရဲမှုတွေ […]


  အားလုံးကို ရှင်းသန့်ပြောပြချင်တာလေးတစ်ခုရှိပါတယ်ရှင့် ရှင်းသန့်ခုပြောမယ့်အကြောင်းအရာလေးက ဖတ်ဖူးတဲ့သူတွေရှိသလို မဖတ်ရသေးတဲ့လူတွေလဲရှိမယ်ထင်ပါတယ် သိပြီးသားဆိုတော့လဲပိုပြီးမှတ်မိသွားတာပေါ့နော်… မောင်မြနှင့်မောင်လှဆိုပါတော့…… သူတို့နှစ်ယောက်ကဟိုဘက်ဒီဘက် မျက်နှာချင်းဆိုင်အိမ်မှာနေကျတယ်… နှယောက်လုံးကလူပျိုလူလွတ်တွေပေါ့…. မောင်မြမှာကစုဆောင်းထားတဲ့ရွှေတိုရွှေစလေးတွေရှိတယ်… သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်အိမ်မှာတာနေကျတာ တစ်ယောက်နဲ့တစ်ယောက်ကခေါ်ပြောနှုတ်ဆက်မရှိကျဘူး တစ်နေ့ မောင်မြစုဆောင်းထားတဲ့ရွှေထုပ်လေးကပျောက်သွားတယ်  မောင်မြက မျက်နှာချင်းဆိုင်အိမ်က မောင်လှကိုလှမ်းကြည့်လိုက်တယ် မောင်လှကတော့ သူလုပ်နေကျအတိုင်းပေါ့ သူအိမ်မှာသူအလုပ်လုပ်နေပါတယ် မောင်မြရဲ့အမြင်ကတော့ မောင်လှဟာသူ့ရဲ့ရွှေထုပ်ကိုခိုးထားလို့ ဘယ်နေရာမှာဝှက်ရမယ်ဆိုတာနေရာလိုက်ရှာနေတယ်လို့မြင်နေတယ်လေ..  ဘယ်နေ့ပဲဖြစ်ဖြစ် မောင်လှကလဲသူ့ +အလုပ်ကိုအရင်တိုင်းပဲလုပ်မြဲလုပ်တယ် မောင်မြကလဲ သူ့ရွှေထုပ်ကိုခိုးထားလို့ ဝှက်ဖို့ကြံစည်နေတယ်လို့ပဲမြင်တာပေါ့……………….. ဒီလိုနဲ့  ….. မိုးရာသီကိုရောက်လာပါတယ်.. တစ်နေ့မှာ မောင်မြဟာသူ့အိမ်ရေတံလျှောက်မှာ မိုးယိုနေလို့ ဖာထေးဖို့ပြင်ဆင်တဲ့အခါမှာမထင်မှတ်ပဲ သူ့ရဲ့ရွှေထုပ်ကို တွေ့လိုက်ရပါတယ် အမှန်တကယ်တော့ရွှေထုပ်ကိုကြွက်ချီသွားတာပါ အစာမဟုတ်မှန်းသိတော့ကြွက်က ရောက်ရာမှာပဲထားခဲ့ တယ်..အဲဒီအချိန်မှာ မောင်မြဟာ မောင်လှကိုလှမ်းကြည့်လိုက်ပါတယ်..ဒီတစ်ခါမောင်မြကြည့်လိုက်တဲ့အကြည့်ကအရင်လိုမဟုတ်တော့ဘူး မောင်လှအပေါ်မှာသံသယကင်းကင်းနဲ့သူကြည့်လိုက်တာပါ…   လူတစ်ယောက်ကဘယ်လောက်ပဲကောင်းတာလုပ်လုပ် ကိုယ်ကသူ့ကိုအမြင်မကြည်တော့ဘူးဆိုရင် အကောင်းမမြင်နိုင်ပါဘူး………… ရှင်းသန့်လဲကြုံဖူးတာပါပဲ… ဒီစာလေးကိုဖတ်ပြီးကတည်းက လူတိုင်းအပေါ်မှာ […]


ခုလိုရေခြားမြေခြား အိမ်နဲ့ဝေးရာကိုရောက်နေတော့ အိမ်ကိုလွမ်းတဲ့စိတ်ကဖြေဖျောက်မရ…….. ဘယ်နေရာကိုပဲကြည့်ကြည့် သစ်ပင်တွေ တောင်တန်းတွေပဲမြင်နေရတော့လွမ်းတဲ့စိတ်ကပိုဆိုးလာသလိုလို…. သစ်ပင်တောင်တန်းတွေကိုငေးမောရင်း      လွန်ခဲ့တဲ့ ငါးနှစ်လောက်ကအဖြစ်ပျက်လေးတစ်ခုကိုသတိရလာလိုက်တာ…. ၁ဝတန်းနှစ်ကပေါ့… ရှင်းသန့်တို့ရွာနဲ့၂မိုင်ဝေးတဲ့ရွာလေးမှာကျောင်းတက်ရတယ်လေ  အသွားအပြန်ပင်ပန်းတာနဲ့ဆိုတော့ ကျောင်းလိုက်တဲ့ရွာမှာပဲသူငယ်ချင်းတွေနဲ့အိမ်ငှားနေဖြစ်ကြတယ်လေ……..ရွာကလူတွေနဲ့လဲခနတိုင်းတွေ့ရတယ် လိုတာရှိရင်လဲလှမ်းမှာလို့လွယ်တယ်လေ….၉တန်းမှာတက်နေတဲ့ညီမတွေရှိတာကိုး….ဒါပေမယ့်  အိမ်ကိုပြန်ချင်တာပဲလေ တစ်နေ့ပေါ့ ရွာ ကျောင်းမှာဆုပေးပွဲရှိတယ်လေ…. ရွာကိုမပြန်ရတာလဲကြာပီ… စိတ်ထဲမှာကြိတ်ပျော်နေတာပေါ့   ငါ ကျောင်းဆုပေးပွဲနေ့ကျရင်တော့ ရွာကိုပြန်ရတော့မယ်ဆိုပြီး……..အဲဒီနေ့ကကျောင်းပိတ်တယ်လေ…ကျူရှင်တော့ရှိတာပေါ့   စိတ်ထဲမှာတော့ နက်ဖြန်ရွာပြန်ရတော့မယ်ဆိုပီးပျော်နေလိုက်တာ… ဆရာ့ဆီကိုခွင့်တောင်းတာပေါ့….. ဆရာကလဲမပြန်ရဘူးတဲ့လေ… လိုတာရှိရင်ပြောတဲ့လေ..အပျော်တွေဘယ်ရောက်သွားမှန်းမသိလိုက်တော့ဘူး အဲဒီနေ့ကစာသင်ရတာလဲ ဘာမှန်းမသိလိုက်ဘူးလေ…. ဆရာ့ကိုလဲစကားသိပ်မပြောတော့ဘူး  …နောက်နေ့ကျ စိတ်မပါတစ်ပါနဲ့ ကျူရှင်ကိုသွားခဲ့တယ်လေ  အချိန်ကနဲနဲစောနေတော့ ကျောင်းသား/သူတွေ အကုန်မရောက်သေးဘူးလေ   ဒီတိုင်းပဲစာထိုင်ကြည့်နေလိုက်တယ် အဲဒီချိန်မှာပဲ   ” ကျနော့်စိတ်က ရေဝေးပန်းနယ်  အမေနဲ့ရွာကိုလွမ်းတယ်..” ဆိုတဲ့သီချင်းသံကိုလဲကြားလိုက်ရော မျက်ရည်ကျမှပဲ ကိုယ့်ကိုယ်ကိုသတိထားမိလိုက်တယ်လေ  ဆရာကလဲငိုနေတာကိုမြင်သွားတယ်လေ   နောက်ပီးပြောသေးတယ် တကယ်ပြန်ချင်တာလားတဲ့….ဆရာကမသိလို့တဲ့ သီချင်းသံအတိုင်း စနေလိုက်သေးတယ် ”  သမီးစိတ်ကရေးဝေးပန်းနယ် အမေနဲ့ရွာကိုသမီးနွယ်လွမ်းတယ်” တဲ့လေ…. […]


ချစ်သူ…. တိမ်လွှာတွေ ညိုမှိုင်း မြူတွေဆိုင်းနေပေမယ့် မိုးမရွာဘူးဟာ…….. မိုးအေးအေး ငါ့ရဲ့နှလုံးသားလေး အလွမ်းမိုးတွေရွာနေတာ နင်ကလွဲရင်ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူးဟာ…. နင်နဲ့ငါ လူချင်းဝေးနေပေမယ့် နှလုံးသားချင်းနီးနေတာများလား????? ငါနင့်ကိုလွမ်းသလို နင်ငါ့ကိုလွမ်းနေမယ်ဆိုတာ ငါအလိုလိုသိနေတယ်…… ဘယ်လိုပဲဖြစ်ဖြစ်ပါလေ….. နင်နဲ့ငါတစ်နေ့မှာဆုံဆည်းခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးတစ်ခုနဲ့တင် ဆုံဆည်းရမယ့်နေ့လေးကိုငါစောင့်မျှော်နေတယ်ဆိုတာ နင်သိမှာပါနော်……..       လိုတာလေးတွေရှိခဲ့ရင် ပြင်ဖတ်ပေးပါနော်…..  


ဟော..ညီမလေးရောက်လာပီလား အစ်ကိုကြီးရောက်နေတာကြာပီလားဟင်….. သိပ်မကြာသေးပါဘူး အစ်ကိုကြီး ညီမလေးကိုအရမ်းတွေ့ချင်နေတာ… အစ်ကိုကြီး ခရေပန်းနံ့ရနေသလိုပဲနော်..ညီမလေးပြောမှပဲသတိရတော့တယ် ညီမလေးအတွက်လေ အစ်ကိုကြီး ကိုယ်တိုင်ပန်ပေးမယ်….ဟုတ်ညီမလေးအရမ်း ပျော်တယ်သိလား ..ညီမလေး….. ဟင်…အစ်ကိုကြီး ပြောလေ….ညီမလေးအပေါ် မှာထားတဲ့ အစ်ကိုကြီးရဲ့အချစ်တွေကလဲ ခရေပန်းလေးလိုပဲနော်..ဟင်.ညီမလေး သိပ်ပြီးနားမလည်ဘူး……အင်းဒါဆိုနားထောင် အစ်ကိုကြီးပြောပြမယ်…….. ခရေပန်းလေးတွေကအရမ်းသစ္စာရှိတာလေ…ဟုတ်..ဘယ်လိုသစ္စာရှိတာလဲ ခရေပန်းလေးတွေက ပင်ယံပေါ်မှာရှိနေတုန်းကလဲအနံ့လေးကဒီတိုင်းလေးပဲ.. အချိန်တန်လို့မြေခရပီဆိုပြန်တော့လဲ..ခရေပန်းလေးရဲ့ရနံ့ကပြောင်းလဲမသွား လေ…လေတိုက်တဲ့ဒဏ်ကိုခံရပြန်တော့လဲ အရောင်တာပြောင်းလဲသွားတယ်… မပြောင်းလဲပဲရှိနေတာက ပန်းခရေရဲ့ရနံ့လေးပေါ့…….အင်းဟုတ်တယ်နော်…. ရှိသေးတယ် ညီမလေးရဲ့ …ခရေပန်းလေးကိုပန်ပြီးညှိုးနွမ်းခြောက်သွေ့သွားလို့ စွန့်ပစ်လိုက်တဲ့အခါ လူတွေရဲ့ခြေထောက်အောက်ကိုလဲရောက်သွားကျတာပဲ လေ… လူတကာအနင်းခံရလို့ကြေမွပျက်စီးသွားလည်း ပန်းခရေ ရဲ့ရနံ့လေးက တော့ မွှေးကြိုင်နေဆဲပဲလေ….. ဟုတ်တယ်နော်…ညီမလေးလဲဒီခရေပန်းလေးကို ခြောက်သွေ့သွားတဲ့ထိ သိမ်းထားမယ်သိလား…….နောက်ပြီး အစ်ကိုကြီးအပေါ် မှာထားတဲ့ ညီမလေးရဲ့အချစ်တွေကလဲခရေပန်းလေးရဲ့ရနံ့လေးလိုပဲနော်……… ရာသီတွေဘယ်လိုပြောင်းပြောင်း….အခြေနေတွေဘယ်လိုဖြစ်ဖြစ် အစ်ကိုကြီး တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိချစ်နေမယ်နော်….ဟုတ်ပါပီဗျာ….အစ်ကိုကြီးလဲ ညီမလေးနဲ့ထပ်တူပါပဲကွာ…..အစ်ကိုကြီး…ညီမလေးပြန်တော့မယ်လေ…. ဟုတ်ပါပီဗျာ…ညီမလေးကို တစ်သက်လုံးသစ္စာရှိရှိနဲ့ချစ်သွားမယ်နော်…       ဂေဇတ်ရွာသူရွာသားများရှင့် […]