Shwe EiNovember 24, 20122min35739
Beer was the first alcoholic beverage known to civilization. ဘီယာဆိုတာ တိုးတက်ဖွံ့ဖြိုးလာတဲ့ လူ့အဖွဲ့အစည်းရဲ့ ပထမဆုံးသော သောက်စရာ အယ်လ်ကိုဟောဖြစ်ပါသတဲ့ရှင့်။ သို့သော် ပထမဦးဆုံးသောဘီယာကို သောက်ခဲ့ရတာ ဘယ်သူဆိုတာတော့ အတိအကျမသိပါရှင်။ သမိုင်းပညာရှင်တွေရဲ့ သီအိုရီကတော့ လူသားမျိုးနွယ်ရဲ့ ဘီယာအပေါ်နှစ်သက်စွဲလမ်းမှုနဲ့ အခြားသော အယ်လ်ကိုဟောပါဝင်တဲ့ သောက်စရာများဟာ ကျမတို့ရဲ့ ပြောင်းရွှေ့ကျက်စားတတ်သောအမဲ လိုက်မုဆိုးများလူ့အဖွဲ့အစည်းမှ တဆင့် ကောက်ပဲသီးနှံတွေကို အခြေတကျထွန်ယက်စိုက်ပျိုးကျသော (ရှင်းရှင်းပြောရရင် သောက်စရာရဖို့အတွက်ပေါ့လေ) လူ့အဖွဲ့အစည်းရဲ့ ပေါင်းစည်းမှုကိုရောက်ရှိသွားပါတယ်တဲ့။ လူသားတွေအနေနဲ့ အစေ့ အဆန်တွေနဲ့ရေကနေတဆင့် ပေါင်မုန့်လုပ်လို့ရမှန်းမသိသေးခင် ပထမဦးဆုံးထုတ်လုပ်ခဲ့တဲ့ ထုတ်ကုန်က ဘီယာပါတဲ့ရှင်။ နှစ်သက်မိသော အတွဲအစပ်များ ယဉ်ကျေးမှုချင်းမတူညီကျသော နေရာတော်တော်များများက လူ့အဖွဲ့အစည်းတော်တော်များများဟာ သူတို့ကိုယ်ပိုင်ဘီယာကို မတူကွဲပြားသော အစေ့အဆန်တွေသုံးပြီးထုတ်လုပ်ခဲ့ကျတယ်ရှင့်။ အာဖရီကန်တွေက နှံစားပြောင်း၊ ပြောင်းဖူး […]


Shwe EiJuly 29, 20121min23025
အခုတလော တွေ့ တွေ့နေရတဲ့ အလိုမကျစရာ ဝန်ဆောင်မှု (Customer Service) ချို့တဲ့ပုံလေးတွေအကြောင်း မပြောရမနေနိုင်လို့ ပြောပါရစေရှင့်။ တကယ်တော့ ပြီးခဲ့တဲ့ ၂၀၁၂ အစောပိုင်းကာလတွေကတည်းက ခံစားနေရတွေကို အခုမှရင်ဖွင့်ဖြစ်တယ်ဆိုပါတော့။ အခုပို့စ်ထဲမှာ ထဲ့ရေးမဲ့အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး နာမည်ဖျက်လိုစိတ်နဲ့ ရေးခြင်းမဟုတ်ကြောင်းကြိုပြီးတောင်းပန်ထားပါရစေ။ —————————————————————–(၁)———————————————— ရုံးအတွက်ဝယ်ထားတဲ့ Copy,Print , Scan & Fax လေးမျိုးရတဲ့ Multifunction Printer လေး မီးအားမမှန်တဲ့ ကျေးဇူးကြောင့်(အခုလာ တော်ကြာပျက်ဖြစ်လွန်းလို့ Breaker မနိုင်တော့ခြင်း) မီးမဝင်တော့ပါဘူး။ ထုံးစံအတိုင်း ၁နှစ်အာမခံရှိတဲ့ ပစ္စည်းတွေအတွက် Service center ကိုအကြောင်းကြားတော့ လာပြင်ပေးပါတယ်။ ဒါပေမဲ့ Power Supply ကြောင့်ဖြစ်တဲ့ ပြသနာတွေကို ဘယ်ကုမ္မဏီမှ အခမဲ့မပြင်ပေးတာကြောင့် နောက်တကြိမ်ဆိုရင် Service Center […]


Shwe EiNovember 1, 20111min26021
ကျမက စနေသမီးရှင့်။ မောင်နှမ လေးယောက်ထဲမှာ အကြီးဆုံး။ သားဦးစနေလို့ပြောရင်လဲရတယ်။ ကျမမွေးစတုန်းက ဖေကြီးနဲ့ မေကြီးက ကျမကို ဖွားဖွားကြီးဆီမှာ တမတ်နဲ့ ရောင်းတယ်တဲ့။ ပီးတော့ ဖေကြီးက ကျမပေါ်ကနေ ဓါးထမ်းပီးကျော်ရသေးတယ်ဆိုဘဲ။ သူတို့ပြောတာတော့ သားဦးစနေ မီးလိုမွှေတတ်လို့တဲ့လေ။ ကျမကလဲ စနေသမီးပီပီ စိတ်တော့ဆတ်တယ်ရှင့်။ ကိုယ့်စိတ်နဲ့မတွေ့လို့ကတော့ အိမ်ကမောင်သုံးယောက်အပြင် အဖေရော အမေရောပါမချန် နှုတ်သီးကောင်းလျာပါးနဲ့ ရန်တွေ့တော့တာဘဲ။ အဲ၊ ဒီလိုပြောလို့ ကျမတယောက်ထဲလူဆိုးမဖြစ်နေတယ်လို့တော့ မထင်လိုက်နဲ့အုံး။ အငယ်ကောင်သုးံယောက်က ကျမထက်လက်စောင်းထက်သေးတယ်။ ထားပါလေ။ ယောက်ကျားလေးကတော့ ထုံးစံအတိုင်းပေါ့။ ကျမတို့မောင်နှမလေးယောက်မှာ အကြီးသုံးယောက်က ၁ဝတန်းမအောင်ကျဘူးရှင့်။ အဖေက တပ်ထဲကအရာရှိ၊ ဝင်ငွေအလွန်ကောင်းနေတဲ့အချိန်။ အမေက အသုံးအဖြုန်းကြီးတာကို ဂုဏ်တခုလို့ယူဆတဲ့အချိန်။ လူလတ်တန်းစားဆွေမျိုးအသိုင်းအဝိုင်းကြားမှာ ကျမတို့မိသားစုခေတ်ကောင်းတဲ့အချိန်ပေါ့ရှင်။ အမေကတော့ ၁ဝတန်းမအောင်လဲ ပူစရာမလိုဘူးတဲ့။ ဖြေချင်စိတ်ရှိရင်လဲ ဖြေ၊ မဖြေချင်တော့ရင်လဲနေဆိုတော့ […]


Shwe EiOctober 31, 20111min64
ကျမက စနေသမီးရှင့်။ မောင်နှမ လေးယောက်ထဲမှာ အကြီးဆုံး။ သားဦးစနေလို့ပြောရင်လဲရတယ်။ ကျမမွေးစတုန်းက ဖေကြီးနဲ့ မေကြီးက ကျမကို ဖွားဖွားကြီးဆီမှာ တမတ်နဲ့ ရောင်းတယ်တဲ့။ ပီးတော့ ဖေကြီးက ကျမပေါ်ကနေ ဓါးထမ်းပီးကျော်ရသေးတယ်ဆိုဘဲ။ သူတို့ပြောတာတော့ သားဦးစနေ မီးလိုမွှေတတ်လို့တဲ့လေ။ ကျမကလဲ စနေသမီးပီပီ စိတ်တော့ဆတ်တယ်ရှင့်။ ကိုယ့်စိတ်နဲ့မတွေ့လို့ကတော့ အိမ်ကမောင်သုံးယောက်အပြင် အဖေရော အမေရောပါမချန် နှုတ်သီးကောင်းလျာပါးနဲ့ ရန်တွေ့တော့တာဘဲ။ အဲ၊ ဒီလိုပြောလို့ ကျမတယောက်ထဲလူဆိုးမဖြစ်နေတယ်လို့တော့ မထင်လိုက်နဲ့အုံး။ အငယ်ကောင်သုးံယောက်က ကျမထက်လက်စောင်းထက်သေးတယ်။ ထားပါလေ။ ယောက်ကျားလေးကတော့ ထုံးစံအတိုင်းပေါ့။ ကျမတို့မောင်နှမလေးယောက်မှာ အကြီးသုံးယောက်က ၁ဝတန်းမအောင်ကျဘူးရှင့်။ အဖေက တပ်ထဲကအရာရှိ၊ ဝင်ငွေအလွန်ကောင်းနေတဲ့အချိန်။ အမေက အသုံးအဖြုန်းကြီးတာကို ဂုဏ်တခုလို့ယူဆတဲ့အချိန်။ လူလတ်တန်းစားဆွေမျိုးအသိုင်းအဝိုင်းကြားမှာ ကျမတို့မိသားစုခေတ်ကောင်းတဲ့အချိန်ပေါ့ရှင်။ အမေကတော့ ၁ဝတန်းမအောင်လဲ ပူစရာမလိုဘူးတဲ့။ ဖြေချင်စိတ်ရှိရင်လဲ ဖြေ၊ မဖြေချင်တော့ရင်လဲနေဆိုတော့ […]


Shwe EiAugust 29, 20111min15412
အိမ်ကထွက်တယ်ဆိုရင်ဘဲ လမ်းပေါ်ရောက်တာ ၅မိနစ်မပြည့်သေးဘူး မီးပွိုင့်မိပါလေရော(လှည်းတန်းပွိုင့်လေ၊ သိတယ်မို့လား) ။ ရုံးချိန်က ၉နာရီ၊ အိမ်ကထွက်တော့ ၈နာရီ ခွဲ၊ မီးပွိုင့်မိတာ နာရီဝက်။ ကွက်တိဘဲ ရွှေအိတို့ကတော့။ တက်ကစီ ဆရာနဲ့တော့ ကောင်းကောင်းလေပစ်လို့ရတာပေါ့လေ။ ကုတ်ကိုင်းနဲ့ လှည်းတန်း ၁၅၀ဝ ခရီးကို ၂၀၀ဝ အတင်းတောင်းနေလို့ မနည်းချော့မော့ဆစ်လာရတယ်။ ပွိုင့်လဲမိရော စပွါးတော့တာဘဲ။ တက်စီ ။ ။ ကျွန်တော်တို့ တက်စီသမားတွေအားလုံး စက်တင်ဘာ ၁ရက်နေ့ကစပြီး မီတာချိုးမောင်းရတော့မှာဗျ။ မီတာမှာ ပြတဲ့အတိုင်းရတာက ပိုကိုက်တယ်။ တိလဲတိကျတယ်။ ကဘာမှာ ဘယ်နိုင်ငံမှ ပါးစပ်ဈေးနဲ့ တက်စီ မစီးဘူး။ မီတာအတိုင်းပေးတာ။ ဒီမှာ က လှည်းတန်းနဲ့ မြို့ထဲဆို ၂၀၀ဝ ဘဲ၊ အလွန်ဆုံးပေးတာ။ ခရီးသည်က နားမလည်ဘူး၊ စွတ်ဆစ်တော့တာဘဲ။ […]


Shwe EiAugust 25, 20111min1227
နောက်တနေ့ကစပြီး ကျွန်မတို့ဝန်ထမ်းများ (ရန်ကုန်သား၂ယောက်၊ နယ်ခံ၈ယောက်) ကျွဲကျောင်း၊ ဘဲကျောင်း၊ ဝက်စာကျွေးရပါတယ်။ ကျွန်မတို့မိန်းကလေး၂ယောက်ကတော့ ဘိုကလေး ခဏရောက်နေလို့ လွတ်သွားပါတယ်။ ပြန်လာတော့ ဝေခြမ်းရေးလက်စသတ်ရပါတယ်။ အပ်ချုပ်စက်ဝေတယ်၊ ငါးဖမ်းပိုက်ဝေတယ်၊ လှေဝေတယ်။ မိုးဦးကျစဆိုတော့ မိုးယိုပေါက်အပြည့်နဲ့ ရုံးခန်းထဲမှာ ဖြစ်သလိုနေရင်း အလုပ်ပြီးအောင်ဘဲ ကြိုးပမ်းရပါတယ်။ ဒါပြီးရင် တံတားဆောက်၊ လမ်းပြင်ကိတ်စတွေရှိသေးတာကိုး။ ကျွန်မနဲ့မလေးအမကတော့ တနေကုန်ပင်ပန်းထားသမျှ ညနေစောင်းတာနဲ့ တီရှပ်တထည်၊ ဘောင်းဘီတိုတထည် ကောက်စွပ်ပြီး ချောင်းထဲခုန်ဆင်းတာဘဲ။ ဆားငန်ရေနဲ့ရေချိုးပြီးရင် အမောတွေအကုန်ပြေ မှတ်တယ်။ ရုံးပြန်ရောက်တာနဲ့ အိမ်ရှေ့အိမ်က ကြီးတော်ကို ညစာဘာချက်လဲမေးရင်း တလက်စတည်း သူချက်ပြီးသား အိုးတွေခွက်တွေသွားမပြီး ထမင်းဝိုင်းပြင်တာဘဲ။ အဲဒါပြီးရင် ဘောလုံးကန်သွားကြတဲ့ကောင်လေးတွေ အကုန်လုံးရယ် ရွာစဉ်လှည့်ပြီးအတင်းတုတ် အဲလေ စကားပြောရင်း စနည်းနာရင်း လျှောက်သွားနေတတ်တဲ့ ကန်ဘောဒီးယားသားရယ် ပြန်အလာကိုစောင့်ပြီး ထမင်းစားကြပါတယ်။ ညနေစာထမင်းဝိုင်းကိုတော့ […]


Shwe EiAugust 24, 20111min16511
ကြက်တွေ၊ ဘဲတွေ ပြီးတော့ ဝက်တွေပါ။ ဝက်သားပေါက်လေးတွေ (နို့ခွဲပြီးခါစ) ၃ကောင်စီဝေပါတယ်။ ဒါပေမဲ့ စုန်းပြူးဆိုတာ နေရာတိုင်းမှာရှိတတ်တော့ ကိုယ်လိုချင်လို့တောင်းထားပြီးမှ မယူတော့ဘူးလို့ငြင်းတဲ့ အိမ်ထောင်စု သုံးစုလောက်တွေ့ ရပါတယ်။ ဒီဝက်တွေကို ကိုယ်တွေဘဲထိန်းသိမ်းရပြန်တာပေါ့။ အဲ ရှေ့ဆင့်နောက်ဆင့် ဆိုသလိုဘဲ ဟိုဘက်ရွာက ကျွဲဝယ်ပြီးပြန်လာတဲ့ ကောင်လေး၂ယောက်ကို အခြေနေသွားကြည့်ရပါတယ်။ ကျွဲ(၇)ကောင်ကို ချောင်းထဲကဖြတ်သယ်လာရတော့ ၂ယောက်လုံးကြည့်ရတာ အတော်ပြိုင်းနေပုံပါ။ ကမ်းပေါ်ရောက်လို့ ကြည့်လိုက်တော့ သူတို့ကျွဲတွေကခိုင်းလို့ မရသေးတဲ့အရွယ် ပိစိကွေးတွေ။ ဒွတ်ခဘဲ၊ ဒါကပြသနာဖြစ်လာအုံးမဲ့နောက်တခု။ အဲဒီ ကျွဲနဲ့အတူပါလာတဲ့ ပြသနာအကြီးကြီးက အုတ်ကဌ (သဂျီး) အိမ်ပေါ်ရောက်နေပြီ။ ရုံးကကောင်လေးတယောက်က” အမ၊ ခဏလိုက်ခဲ့အုံး၊ ကျွဲကိတ်စ ပြသနာတက်နေပြီ၊ ကျွဲဖြတ်သယ်လာတဲ့ရွာက လူမိုက်တယောက်ရောက်နေတယ် (ကြားဖူးတာတော့ လူ၃ယောက်သတ်ဖူးတယ်ဆိုဘဲ)။ သူ့ရွာကို ကျွန်တော်တို့ကျွဲတွေ ဖြတ်သယ်တာသူ့ခွင့်ပြုချက်မပါဘူးတဲ့။ ရွာခံတွေကျ ဘာမှမပေးဘဲနဲ့ […]


Shwe EiAugust 23, 20111min1128
၂၀၀၉ ဖေဖော်ဝါရီ ဖေေဖော်ဝါရီ တလလုံးလည်း ရှေးနည်းအတိုင်း ဆက်သွားကြရပါတယ်။ စာရင်းတွေ အချောသတ်တယ်(ထပ်ခါထပ်ခါ)၊ ဒီရေတောပျိုးပင်တွေလိုက်စစ်တယ်ပေါ့။ ပျိုးပင်တွေကလည်း စီးပွါးဖြစ်စိုက်ရောင်းနေသူသာ စိတ်ဝင်တစားပျိုးထားတာမျိုးဖြစ်ပြီး ကျန်ရွာသားတွေက လှည့်တောင်မကြည့်ကြတော့ပါဘူး။ ဒါပေမဲ့ ဒီအတိုင်းကြီးဆက်သွားရင် ရုံးကိုပါမီးတက်ရှို့ခံရေတော့မယ်ဆိုတာ သဘောပေါက်တဲ့ ကျွန်မတို့ဆရာ Pilot Project (ရှေ့ပြေး ဝေခြမ်းရေး) စခိုင်းပါတယ်။ တရွာကိုအိမ်ထောင်စု ၅စုစီလောက် စ ဝေပါတယ်။ ဝက်တောင်းထားတဲ့ အိမ်ထောင်စုတွေကို ဝေတာပါ။ အဲဒီမှာ ကျန်ရွာသားတွေက သူတို့မရတော့ဘူးထင်ပြီး ရထားတဲ့သူတွေကို မကျေမနပ်ပြောကြတာတွေရှိလာပြန်ပါတယ်။ ပြီးတော့ နောက်ထပ်သတင်းဆိုးတခုက ဝေခြမ်းရေးကို စံနှုန်းသတ်မှတ်ချက်ဘောင်ဝင်အောင်လုပ်ရမယ်ဆိုပြီး ရန်ကုန်ကဖုန်းနဲ့အမိန့်ပေးလာပြန်တာပါ။ ကျွန်မပြောတဲ့ စံနှုန်း (criteria) ဆိုတာဝေခြမ်းရေးလုပ်တိုင်း လိုက်နာရမဲ့ ဦးစားပေးအချက်အလက်တွေပါ။ ရွာတိုင်း ရွာတိုင်း မှာရှိကြသော သက်ကြီးရွယ်အို၊ မုဆိုးဖို၊ မုဆိုးမ၊ မသန်မစွမ်း နဲ့ […]


Shwe EiAugust 22, 20111min807
၂၀၀၉ခုနှစ် အစောပိုင်း (နာဂစ်မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးကာလများ) ဒီတခါတော့ သင်တန်းဆရာမဘဝကနေ တဆင့်တက်ပြီး Project တာဝန်ခံဘဝရောက်သွားပါပြီ။ အလှူရှင်က ASEAN Humanitarian Task Force ကပါ။ ဘိုကလေးပတ်ဝန်းကျင်ကဘဲ အစ်စလမ် ဘာသာဝင်တွေများတဲ့ ရွာနဲ့ အနီးပတ်ဝန်းကျင်ရွာလေးရွာ ပေါင်း ၅ရွာအတွက် ထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ရွေးလိုက်ပါတယ်။ သင်တန်းပေးရတဲ့ဘဝကတော့ မလွတ်သေးပါဘူး။ ထောက်ပံ့ရေးနဲ့ အတူသင်တန်းပေးရေးဘဝက နောက်ဆက်တွဲ နည်းနည်းပါနေပါသေးတယ်။ Field ထဲကိုကျွန်မရောက်သွားတဲ့ အချိန်က အတော်လေး အထိုင်ကျနေပြီဖြစ်တဲ့ သုံးပင်၂ခန်း (ချောင်းစပ်တွင်ဆောက်ထားသော)ရုံးနဲ့ ကမ်းရိုးတန်းအထိုင်ဖုံး (ဖုန်းခွက်မရှိသောကြောင့် Speaker မှအော်ပြောရသည်။)၊ ပြီးတော့ လက်ဆွဲမီးစက်တလုံးစတဲ့ Facility တွေကိုအားတက်ဖွယ်တွေ့ရပါတယ်။ ASEAN Volunteer (ထိုင်းမတယောက်၊ မလေးရှားမတယောက်၊ ကန်ဘောဒီးယား သားတယောက်) တွေကို လည်းရွာသားများနဲ့ အတော်ရင်းနှီးနေပြီဖြစ်တာတွေ့ရလို့ […]


Shwe EiAugust 12, 20111min16110
၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းအလွန်ကာလများ ကျွန်မတို့ အဖွဲ့အစည်းက မြန်မာတိုင်းရင်းသားထူထောင်တဲ့ လူမှုရေးအဖွဲ့အစည်းလေးပါ။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းက ကျေးရွာတွေမှာ သဘာဝဘေးနဲ့ပတ်သတ်တဲ့အသိပညာပေးသင်တန်းတွေ ပို့ချဖို့ ရန်ကုန်မှာ နိူင်ငံတကာအဖွဲ့အစည်းတွေက လာပေးတဲ့သင်တန်းတွေအရင်တက်ပြီး အစမ်းလေ့ကျင့်မှုတွေ အထပ်ထပ်အခါခါပြုလုပ်ရပါတယ်။ အဲဒါပြီးတော့မှ နယ်ကိုဆင်းဖို့ အဖွဲ့ငယ်လေးတွေပြန်ခွဲပြီး စေလွှတ်ခြင်းခံရပါတယ်။ အဖွဲ့တဖွဲ့ကိုရွာ ၄ ရွာတာဝန်ယူရပါတယ်။ အဲဒီအထဲကမှ ကျွန်မက တခုသောအဖွဲ့ရဲ့ခေါင်းဆောင်ပေါ့။ ယောက်ကျားလေး ၂ယောက်၊ မိန်းကလေး ၃ယောက်ရှိတဲ့ကျွန်မတို့အဖွဲ့မှာ ရန်ကုန်ကဆိုလို့ ကျွန်မတယောက်တည်းပါပြီး ကျန်တာနယ်ခံတွေပါဘဲ။ ဆိုတော့ သွားရေး လာရေးကအစ နေရေး ထိုင်ရေးကော စားရေးသောက်ရေးပါ အစစအရာရာ အဆင်ပြေနေပါတော့တယ်။ ရွာတွေကိုသင်တန်းပေးဖို့ရောက်သွားတော့လည်း ရာအိမ်မှုးကအစ ကလေးပိစိကွေးပါမကျန် ကျွန်မတို့အဖွဲ့တွေကို ဆရာတို့၊ ဆရာမတို့ ဘာလုပ်ပေးရမလဲဆိုပြီး တလေးတစား ဆက်ဆံကြတော့ အားနာရပါသေးတယ်။ နယ်ခံအချင်းချင်းမို့ ဆိုပြီးကျန်အဖွဲ့သားများကို မလေးမစားပြောဆို ဆက်ဆံတာမျိုးမလုပ်တာလည်း […]


Shwe EiAugust 10, 20111min820
စွန့်ပစ်ခြင်း ကျွန်မတို့ ဝယ်ယူတဲ့ပစ်စည်းတွေ နောက်ဆုံးဘာဖြစ်ကုန်ကြသလဲ။ ဒီနှုန်းနဲ့ဝယ်ယူစားသုံးနေမှတော့ ကျွန်မတို့ရဲ့အိမ်တွေမှာ ပစ်စည်းတွေထားဖို့နေရာက မရှိတော့ဘူးပေါ့။ ဒါတောင် အမေရိကန်ပြည်ထောင်စုက အိမ်တွေရဲ့ပျမ်းမျှအရွယ်အစားက ၁၉၇ဝ ကျော်ကာလနေစလို့ နှစ်ဆကြီးမားလာခဲ့တာ။ စောစောကမေးခွန်းရဲ့အဖြေကတော့ ပစ်စည်းတွေအမှိုက်ပုံကိုရောက်ကုန်တယ်ဆိုတာပါဘဲ။ ဒါက ဒီကုန်ထုတ်လုပ်မှုစနစ်ရဲ့ စွန့်ပစ်ခြင်းအပိုင်းပေါ့။ ဒီအပိုင်းက ကျွန်မတို့အသိဆုံးအပိုင်းလို့လည်း ဆိုနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီစွန့်ပစ်ပစ်စည်းတွေကို ကျွန်မတို့ကိုယ်တိုင် အိမ်ထဲကနေ ခက်ခက်ခဲခဲဆယ်ထုတ်ပြီး၊ အမှိုက်ကား၊ အမှိုက်လာသိမ်းမဲ့ ပလက်ဖေါင်းစွန်းဆီ သွားပို့တာကိုး။ အမေရိကန်ပြည်ထောင်စုမှာတော့ ကျွန်မတို့ဟာ တနေ့ကိုအမှိုက် ၄.၅ ပေါင်ထုတ်လုပ်ပါတယ်။ ဒါက အိမ်ထောင်တခုချင်းစီရဲ့ အမှိုက်ထုတ်လုပ်မှုပမာဏနော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ နဲ့ယှဉ်ရင် ၂ဆပေါ့။ ဒီအမှိုက်တွေကို ကျင်းတူးပြီးမြေမြုပ်တာဘဲ။ ဒါမှမဟုတ် မီးအရင်ရှို့ပြီးမှ မြေမြုပ်တာ။ ဒါဆိုရင်တော့ ရှင်တော်တော်ကံဆိုးလို့ဘဲ။ အဲဒီနည်းနှစ်ခုထဲက ဘယ်နည်းကိုဘဲသုံး သုံး၊ ရေ၊ […]


Shwe EiAugust 9, 20111min1084
ဝယ်ယူစားသုံးခြင်း (အပိုင်း ၂) ၁၉၅ဝ နှစ်လွန်ကာလတလျောက်က ဒီဇိုင်းဂျာနယ်တွေမှာပါတဲ့ မှတ်လောက်သားလောက်စကားတွေကို ကျွန်မရှာဖွေ ဖတ်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီကာလက ”ပစ်စည်းများ အသုံးမသင့်တော့သည့် အခြေအနေဖြစ်ပေါ်လာစေရန် အကွက်ချစီမံခြင်း” စီမံချက်က အတော်အရှိန်ရနေတာပေါ့။ အဲဒီ ဒီဇိုင်နာတွေက အတော့်ကိုပွင့်ပွင့်လင်းလင်းရှိတာကလား။ အသုံးအဆောင်ပစ်စည်းလည်း မြန်မြန်ပျက်၊ စားသုံးသူရဲ့ယုံကြည်မှုကိုလည်း ရမဲ့နည်းတွေကို သူတို့ဆွေးနွေးကြတော့တာပေါ့။ တကယ့်ကိုရည်ရွယ်ချက်ပါပါလုပ်ခဲ့ကြတာ။ ဒါပေမဲ့ ဝယ်ယူစားသုံးခြင်းကို အလျင်အမြန်စီးဆင်းစေဖို့အတွက်ဆို ပစ်စည်းပျက်မဲ့အချိန်ကို စောင့်နေလို့မဖြစ်ဖူးတဲ့။ ဒီတော့ ”စားသုံးသူကိုယ်တိုင်က မိမိပိုင်ဆိုင်သော ပစ်စည်းများအသုံးမဝင်/ ခေတ်မမှီတော့ဟု ခံစားလာစေမည့်အခြေအနေကို ဖန်တီးခြင်း” စီမံကိန်းကိုပါ ထည့်သွင်းလာကြတယ်။ အဲဒီစီမံကိန်းကြောင့် စားသုံးသူတွေဟာ သူတို့ရဲ့ပစ်စည်းတွေ အကောင်းပကတိ အခြေအနေမှာ ရှိနေသော်ငြား အမှိုက်ပုံဆီ ပို့ဆောင်လိုက်ကြပါတော့တယ်။ ဒီလိုဖြစ်လာအောင် သူတို့ဘယ်လိုလုပ်ကြသလဲ။ တခြားတော့ မဟုတ်ဖူး။ သူတို့က အသုံးအဆောင်ပစ်စည်းတွေရဲ့ ပုံပန်းကို အမြဲပြောင်းလဲကြတယ်။ […]