Shwe EiAugust 8, 20111min560
ဝယ်ယူစားသုံးခြင်း ဝယ်ယူစားသုံးခြင်းက ဒီစနစ်ရဲ့ နှလုံးသည်းပွတ်ဖြစ်တယ်။ ဒီစနစ်ကို မောင်းနှင်တဲ့အရာဖြစ်တယ်။ မှားယွင်းနေတဲ့ ဒီစနစ်ကို ကျားကန်ဖို့ရာ အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တာမို့ ဒါကိုကာကွယ်ဖို့ရာ အစိုးရအတွက်ရော၊ ကော်ပိုရေးရှင်းတွေ အတွက်ပါ အဓိက ဦးစားပေးလုပ်ငန်းဖြစ်လာတယ်။ ၉/၁၁ ဖြစ်ရပ်ပြီးတဲ့နောက် ကျွန်မတို့ရဲ့တိုင်းပြည်ဟာ အရမ်းကိုတုန်လှုပ်ခြောက်ခြားနေခဲ့တယ်။ ဒီအခါမှာ သမတကြီး ဘုရှ် အနေနဲ့ ပြည်သူတွေကို ”ပူဆွေးကြပါ၊ ဆုတောင်းမစ်တာ ပို့သကြပါ၊ ပြီးတော့ မျှော်လင့်ချက်တွေ ထားကြပါ” စသည်ဖြင့် သင့်လျော်တဲ့ စကားကောင်းကို ပြောနိူင်ပေမဲ့၊ သူတကယ်ပြောခဲ့တာကတော့ ”ဈေးဝယ်ထွက်ကြပါ၊ ဈေးဝယ်ထွက်ကြပါ” တဲ့။ ကျွန်မတို့ရဲ့ တိုင်းပြည်ဟာ ”စားသုံးသူတို့ရဲ့တိုင်းပြည်” ဖြစ်လာခဲ့ပါပြီ။ ကျွန်မတို့ဟာ မိခင်တွေ မဟုတ်တော့ဘူး။ လယ်သမားတွေ မဟုတ်တော့ဘူး။ ကျောင်းဆရာတွေ မဟုတ်တော့ဘူး။ စားသုံးသူတွေသာ ဖြစ်ကြပါတယ်။ ကျွန်မတို့ရဲ့ တန်ဖိုးကို […]


Shwe EiAugust 8, 20111min1759
ကုန်ပစ်စည်း ဖြန့်ချိခြင်း အဲဒီသဘာဝအရင်းအမြစ်တွေ အားလုံး ကုန်ပစ်စည်းဘဝ ရောက်သွားပြီးနောက် ဘာဆက်ဖြစ်သလဲ။ ကုန်ပစ်စည်းဖြန့်ချိခြင်းဆီရောက်လာတာပေါ့။ ကနေ့မှာတော့ ကုန်ပစ်စည်းဖြန့်ချိခြင်းဆိုတာ ”အဆိပ်တွေ ခိုအောင်းပါဝင်နေတဲ့ အမှိုက်သရိုက်တွေကို အမြန်ဆုံးကုန်အောင်ရောင်းချခြင်း” လို့အဓိပ်ပါယ်ရပါတယ်။ ဒီနေရာမှာ အဓိကပန်းတိုင်က ဈေးနှုန်းတွေကို လျှော့ချဖို့၊ လူတွေ အမြဲဝယ်ယူနေအောင်လုပ်ဖို့နဲ့ ကုန်ပစ်စည်း ရောင်းချနှုန်းကိုထိန်းသိမ်းဖို့ဖြစ်ပါတယ်။ ဈေးနှုန်းလျော့ကျအောင် သူတို့ဘယ်လိုလုပ်ကျသလဲ။ ရှင်းပါတယ်။ အရောင်းဆိုင် ဝန်ထမ်းတွေကို လစာနည်းနည်းသာပေးပြီး၊ ကျန်းမာရေးအာမခံကိုလည်း အခွင့်သာရင်သာသလိုလျှော့ချကြတာပေါ့။ ဒါကို ”တာဝန်မရှိသော အခြားလူများ/ အရာများအား အဖိုးအခ ပေးဆောင်စေခြင်း ( Externalizing the costs) လို့ခေါ်ပါတယ်။ (ရှင်းလင်းချက်။ ။ ကုန်ပစ်စည်း ထုတ်လုပ်မှုဖြစ်စဉ်မှာ တကယ်ပါဝင်ကုန်ကျရတာတွေ အများကြီးရှိပါတယ်။ ဥပမာ- ရေသုံးစွဲမှု၊ စွန့်ပစ်ပစ်စည်းများကို စွန့်ပစ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းခြင်းတို့ကို […]


Shwe EiAugust 7, 20111min723
ကုန်ပစ်စည်း ထုတ်လုပ်ခြင်း သယံဇာတတူးဖေါ်ထုတ်ယူခြင်းကနေ ရရှိတဲ့ ကုန်ကြမ်းတွေဟာ ”ထုတ်လုပ်ခြင်း” ဆိုတဲ့အဆင့်ဆီ ဆက်လက်ရွေ့လျားရတယ်။ ဒါဟာ အဆိပ်ပါဝင်တဲ့ကုန်ပစ်စည်းကို ထုတ်လုပ်ဖို့အတွက် စွမ်းအင်ကိုသုံးပြီး၊ အဆိပ်ပါဝင်တဲ့ ဓါတုပစ်စည်းတွေနဲ့ သဘာဝသယံဇာတကို ရောနှောတာဖြစ်တယ်။ ကနေ့ ကုန်စည်ကူးသန်းရောင်းဝယ်မှုလုပ်ငန်းမှာ လူလုပ်ဓါတု ပစ်စည်းအရေအတွက် ( ၁၀၀၀၀၀) ကျော်ပါဝင်ပါတယ်။ အဲဒီထဲက အနည်းငယ်သာလျှင် လူ့ကျန်းမာရေးနဲ့ သင့်/မသင့်၊ လူ့ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲ စတာတွေအတွက် စမ်းသပ်စစ်ဆေးခြင်းခံရတယ်။ ဒါပေမဲ့ အဲဒီဓါတုပစ်စည်းတွေရဲ့ စုပေါင်းဘေးဥပါဒ်ကိုသိဖို့အတွက် ဘယ်ဓါတုပစ်စည်းတခုကိုမှ စမ်းသပ်ခဲ့ခြင်း မရှိဘူး။ စုပေါင်း ဘေးဥပါဒ်ဆိုတာကတော့ ကျွန်မတို့ နေ့စဉ် ထိတွေ့စားသုံးနေရတဲ့ ဓါတုပစ်စည်းတွေအချင်းချင်း တွေ့ဆုံရောနှောတဲ့အခါ ပေါ်ပေါက်တဲ့ သက်ရောက်မှုကို ဆိုလိုတာဖြစ်တယ်။ ဒီတော့ ကျွန်မတို့ရဲ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အပေါ်ကျရောက်မဲ့ အဲဒီအဆိပ်ပစ်စည်းတွေရဲ့ ဘေးဥပဒ်အပြည့်အစုံအကြောင်းကို ကျွန်မတို့ မသိရဘူး။ ဒါပေမဲ့ […]


Shwe EiAugust 6, 20111min913
သယံဇာတ တူးဖေါ်ထုတ်လုပ်ခြင်း သယံဇာတတူးဖေါ်ထုတ်လုပ်ခြင်း အကြောင်းကနေစကြရအောင်။ ”သယံဇာတတူးဖေါ်ထုတ်ယူခြင်း” တဲ့။ ဒါကနားထောင်ကောင်းအောင် ဖန်တီးထားတဲ့ စကားလုံး။ တကယ်က ” သဘာဝသယံဇာတအရင်းအမြစ် တွေကို ကိုယ်ကျိုးစီးပွါးအတွက် အမြတ်ထုတ်သုံးစွဲ” တာကိုပြောတာ။ ဒါတောင်နားထောင်ကောင်းနေသေးသလိုဘဲ။ တကယ်တော့ ”ကဘာကြီးကို ဖျက်ဆီး” တာဘဲ။ သစ်ပင်တွေကိုခုတ်၊ အတွင်းက သတ်ထုတွေကိုထုတ်ယူဖို့ တောင်တွေကိုဖောက်ခွဲ၊ ရေကို အလွန်အကျွံသုံး၊ ပြီးတော့ တရိတ်စာန်တွေကို မျိုးပြုန်းအောင်လုပ် စတာတွေကိုဆိုလိုတာဘဲ။ ဒါက ကျွန်မတို့ရဲ့ ပထမအကန့်အသတ်ကို ဝင်တိုးနေတာ။ ကျွန်မတို့မှာ သဘာဝသယံဇာတအရင်းအမြစ် ရှားပါးတဲ့ ပြသနာ ပေါ်နေပြီ။ ကျွန်မတို့ဟာ အရာရာကိုအလွန်အကျွံ သုံးစွဲနေကြတယ်။ ဒီလိုပြောတော့နားဝင်ဆိုးမှာပေါ့။ ဒါပေမယ့် ဒါကအမှန် ဖြစ်နေတာ။ ဒါကိုကျွန်မတို့ ရင်ဆိုင်ဖြေရှင်းရမယ်။ လွန်ခဲ့တဲ့အနှစ်သုံးဆယ်အတွင်းမှာကိုဘဲ ကဘာကြီးမှာရှိသမျှ သဘာဝအရင်းအမြစ်ရဲ့ သုံးပုံ တပုံကို ထုတ်ယူစားသုံးခဲ့ကြပြီးပြီ။ […]


Shwe EiAugust 5, 20111min884
မူရင်း ။ ။ The Story Of Stuff by Annie Leonard ဘာသာပြန်။ ။ ကုန်ပစ်စည်းများဧ။် ရာဇဝင် (မောင်ဒေး) Member Only ဖြန့်ဝေတဲ့ စာအုပ်မို့ လူတိုင်း ဝယ်ဖတ်ဖို့မဖြစ်နိူင်တာကြောင့် မန်းဂေဇက်မှတဆင့် Knowledge Sharing လုပ်လိုက်ပါတယ်။ ရှင့်မှာ iPod ရှိလား။ ကျွန်မကတော့ ကျွန်မ iPod ကိုတမ်းတမ်းစွဲဖြစ်နေမိပြီ။ အမှန်ပြောရရင် ကျွန်မ ပိုင်ဆိုင်တဲ့ ပစ်စည်းအားလုံး ငြိတွယ်စွဲလမ်းမိတာပါဘဲ။ ဒါထက် ကျွန်မတို့ ဝယ်ယူသုံးစွဲနေတဲ့ ပစ်စည်းတွေ ဘယ်ကလာပြီး၊ စွန့်ပစ်တဲ့အခါ ဘယ်ကိုရောက်ကုန်သလဲ ဆိုတာကိုကော ရှင်စဉ်းစားကြည့်ဖူးလား။ ကျွန်မ ကတော့ အဲဒီအကြောင်းကို မနားတမ်းစဉ်းစားခဲ့ဖူးတယ်။ စာအုပ်တွေထဲလည်း ရှာဖွေဖတ်ကြည့်ခဲ့တယ်။ ကျောင်းသင်ရိုးစာအုပ်တွေထဲမှာတော့ ကျွန်မတို့ပိုင် ပစ်စည်းတွေဟာ […]