Shwe Myo ThantDecember 4, 20121min1393
အမှိုက်သိမ်းပွဲ လက်ပံတောင်းတောင်သမိုင်း ရာဇဝင်ရိုင်းခဲ့ပြီ သည်ဖြစ်ရပ်က ပုစ္ဆာတပုဒ် အဖြေထုတ်ပြခဲ့သည်။ ဦးပိုင်၏စီးပွား ထိပါးသူမှန်သမျှ ကြည့်ထားကြလို့ ပြည်သူကိုအံတု ရန်ပြုနေပုံက ဒီမိုကရေစီခရီး ဗိုလ်ချုပ်တွေနဲ့မနီးသေးဘူး။ ပြည်သူရဲ့ထမင်းလုပ် ပုတ်ချယုံနဲ့အားမရ အမေကျော်ဒွေးတော်လွှမ်း သူခိုးဓါးရိုးကမ်း ပြည့်ဝမ်းကိုဖောက် သာသနာပျောက်အောင် လုပ်ဆောင်တဲ့စာရင်းမှာ ဘယ်သူတွေပါလဲ။ တရုတ်ရဲ့အကျိုးစီးပွား ထိပါးတော့ကော ဘာဖြစ်သလဲ၊ ပြည်သူရဲ့ဘဝ အနေလှဖို့ဆိုရင် တိုင်းပြည်ရဲ့အကြွေး အမျိုးသားတိုင်းက ပေးဆပ်မယ် သူ့ကျွန်အဖြစ်နွံနှစ်ရခြင်းထက် ဂုဏ်သိက္ခာရှိစွာ ဆင်းရဲရတာကမြတ်တယ်။ တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်နေပါလျှက် ပြည်သူ့မျက်ရည်ကိုမသုတ် ထမင်းလုပ်မဝေ သာသနာတွေဖျက်နေရင် ဒီမိုကရေစီအရေး ကတိတွေဘယ်လိုပေးပေး ဒီမိုကရေစီစနစ်နဲ့မတန် နောက်ချန်သူများကို အမြစ်က မကျန် မြေလှန်ပစ်ရမယ်။ (သောသီခို)


Shwe Myo ThantJanuary 19, 20121min1105
တမြေထဲမှာ   ဒီမြေပေါ်မှာ လူတိုင်းဟာ လွတ်လပ်စွာ ရှင်သန်ခွင့်ရှိရမယ်။   တချို့ကပျော် တချို့ကမျက်ရည်ကျ မျှတမှုရှိပါစ။   ပျော်နေသူတွေအတွက် မုဒိတာဖက်ပေမဲ့ သွက်လွန်းတဲ့ခြေ ချေးမသင့်ပါစေနှင့်။   ကိုယ်ပျော်တဲ့အခါ မျက်ရည်ကျနေသူတွေကို သုတ်ပေးဖို့များ သတိရပါသလား။   ဒီမြေပေါ်မှာ သွေးချင်းတို့ဟာ တမြေထဲနေ တရေထဲသောက် ဒုက္ခရောက်တော့လဲအတူတူ ချမ်းသာသုခ၊ မျှဝေကြလျှက် အေးအတူပူအမျှ ခရီးဆက်ကြရမယ်။   ဒါပေမဲ့ တချို့ကသိတ်ခက်တယ် တချို့ကသိတ်ကံကောင်း အပြောင်းအလှဲကို ကောင်းကောင်းကြီးအသုံးချ အများအတွက်မှ ဟုတ်ပါလေစ။   ဘာဘဲဖြစ်ဖြစ် ချေလှမ်းတိုင်းမှာ သမိုင်းစာမျက်နှာရှိတယ်။   တမြေထဲမှာ တရေထဲသောက်နေသူတွေအတွက် သင်လှမ်းတဲ့ခြေလှမ်းတိုင်း ရာဇဝင်မရိုင်းဖို့လိုတယ်။   ဒီလိုမှမဟုတ် ငါ့လှေငါစီး ငါ့မြင်းငါစိုင်း စစ်ကိုင်းဘဲရောက်ရောက်ဆိုရင်တော့ စစ်ကိုင်းမရောက်ဘဲ သမိုင်းမှောက်သွားလိမ့်မယ်။   […]


Shwe Myo ThantJanuary 12, 20121min1256
အထက်ကဆောင်းပါးကို ဖတ်လိုက်ရပြီး တိုင်းကလူမျိုးလိုလို၊ မြန်မာပြည်ကလိုလို အသေးစိတ်သိလိုသူများကွန်မန့်ပေးပါလို့တွေ့လိုက်တဲ့အတွက် အမှန်ကို သိရအောင်ဒီပို့ကိုရေးလိုက်ပါတယ်။ အဲဒီလူမျိုးတွေက သူတို့ကိုယ်သူတို့ “ကယန်း” လို့ခေါ်ပြီး တချို့ကသူတို့ကို “ပဒေါင်” လို့ခေါ်ကြပါတယ်။ “ပဒေါင်” ခေါ်တာမမှန်ပါ ပဒေါင် ဆိုတာ ရှမ်းစကား “ပတ်တောင်း” ကလာပြီး ကြေးပတ်သောလူမျိုးများလို့ခေါ်တာဖြစ်ပါတယ်၊ သူတို့ကို ကယန်း လို့ခေါ်တာသူတို့ပိုနှစ်သက်ပါတယ်။ ဒီလူမျိုးတွေဟာ တချိန်က ကရင်နီနယ်၊ အခုကယားပြည်နယ်ထဲမှာနေထိုင်ခဲ့ကြပါတယ်။ နောက်ပိုင်း ဖဆပလအစိုးရကိုတော်လှန်တဲ့အတွက် အခုအချိန်မှာ သူတို့နယ်ဟာ ၄ ပိုင်းပိုင်းခံထားရပါတယ်၊ သူတို့နယ်ဟာ ကယားပြည်နယ်အနောက်ပိုင်း၊ ရှမ်းပြည်နယ်အနောက်တောင်ပိုင်း၊ ကရင်ပြည်နယ်အနောက်မြောက်ပိုင်းနဲ့ မန္တလေးတိုင်း၊ ပျဉ်းမနားမြို့နယ်အရှေ့ဘက်ပိုင်း စသည်ဖြင့်အသီးသီးပိုင်းခြားထားသလိုဖြစ်နေပါတယ်။ ကယားပြည်နယ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ဖဆပလ တပ်တွေကနေ ၁၉၄၈-ခု၊ ဩဂုတ်လ (၉) ရက်နေ့ကတည်းက စတင်ခဲ့ ပြီးယခုချိန်ထိအောင်မဆုံးနိုင်တဲ့စစ်ပွဲတွေကြောင့် မူလကတော့ ထိုင်းနယ်မြေထဲကို အိမ်ထောင်စုတချို့တိမ်းရှောင်တဲ့အထဲမှာပါလာပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့အသွင်အပြင်ကို နိုင်ငံခြားသားတွေက […]