shwe pontOctober 16, 20121min25119
မုန်လာဥနီရဲ ့လူတွေအပေါ် အကျိုးဖြစ်စေတဲ့အရာတွေပါဝင်မှုကတော့ သိကြပြီးတဲ့အတိုင်း၊ ကင်ဆာရောဂါမှ ကာကွယ်ပေးခြင်း၊ အသားအရေလှပစေခြင်း စတဲ့ ကောင်းကျိုးတွေအပြင် တီဗီ အစီအစဉ်တွေထဲကနေပြီး နောက်တမျိုး ထပ်သိလိုက်ရပါတယ်။ မကြည့်လိုက်ရတဲ့သူတွေ သိစေဖို ့နဲ ့မသိသေးသူများ သိရှိပြီး အသုံးချလို ့ရအောင် ပြန်ပြီး ဂေဇက်မှာ ပွားလိုက်တာပါ။ မနေ ့က မြန်မာ့အသံကလွှင့်တဲ့အစီအစဉ်တခုမှာ ကမ္ဘာ ့နေရာအနှံ ့အပြားက ကလေးများဟာ နှစ်စဉ် ဝမ်းပျက်ဝမ်းလျှော ခြင်းကြောင့် သေဆုံးမှုက မြင့်တက်နေဆဲလို ့ပြောပါတယ်။ အဲဒီ အတွက် ရိုးရှင်းလွယ်ကူတဲ့ ပြီး ပဋိဇိဝဆေးတောင်သောက်စရာမလိုတဲ့ နည်းကောင်းတခုကို လည်း ဖော်ပြပေးသွားပါတယ်။ အဲဒါကတော့ ဝမ်းပျက်ဝမ်းလျှောနေစဉ် ကလေး များသာမက လူကြီးများအတွက်ပါ အကျိုးရှိပြီး လျှင်မြန်စွာသက်သာစေတဲ့ မုန်လာဥနီ စွတ်ပြုတ်စားသုံးပေး ခြင်းပါပဲ။ လုပ်ပုံလုပ်နည်းကလည်း […]


shwe pontAugust 6, 20121min23314
etone ရဲ ့ စွဲလမ်းမိသော ဝေဒနာပိုစ့်ကိုဖတ်ပြီး အိမ်မှာလုပ်စားနေကျ လွယ်ကူရိုးရှင်းတဲ့ ပူတင်း လုပ်နည်းလေးကို မျှဝေလိုက်ပါတယ် နွားနို ့ တစ်ပိသာကို ကျက်အောင်ကျို ကျက်ပြီးသားနွားနို ့ထဲ ကြက်ဥ ငါးလုံး ခေါက်ပြီးထည့် သကြား ဟင်းခပ်ဇွန်းနှင့် အပြည့်သုံးဇွန်း (အချိုကြိုက်ရင် ပိုထည့်) ဆားအနည်းငယ် ထည့် ပြီး အကုန်သကြားကြေအောင်ခေါက် ပြီးရင် ပူတင်းတယောက်စာပန်းကန်(ကော်ဖီပန်းကန်လို ကြွေပန်းကန် ထမင်းပေါင်းအိုးနဲ့ ထည့်လို ့အဆင်ပြေတဲ့ပန်းကန်)လေးတွေထဲကို စောစောက အကုန်မွေခေါက်ပြီးသား နွားနို ့ကိုထည့် ၊ အဖုံးလေးတွေဖုံးထား ပြီး ထမင်းပေါင်းအိုးထဲ ရေထည့် ၊ ပန်းကန်လေးတွေရဲ ့ သုံးပုံနှစ်ပုံလောက်ထိရေရောက်အောင်ထည့် ပြီးရင် ထမင်းပေါင်းအိုးအဖုံးဖုံးပြီး မိနစ်20 လောက် ထားလိုက်ရင် အသင့်စားလို ့ရတဲ့ ပူတင်းလေးတွေ […]


shwe pontMay 30, 20121min27926
မန်းလေးဂေဇက်နဲ ့အကြာကြီးဝေးနေပြီးမှ စိတ်မကောင်းစရာ သတင်းနဲ ့ပြန်လည်ရောက်လာပြန်ပါပြီ။ ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို ့ အနီးရှိ ကျောက်နီမော် ဆိုတဲ့ မြို ့မကျ တောမကျ အရပ်မှာ ရခိုင်တဝက်၊ မူစလင်တဝက်ခန် ့မျှနေထိုင်ကြပါတယ်။အခုကြားရတဲ့ သတင်းတပုဒ်က ရခိုင်မလေး တယောက်ကို ကုလား ၃ ယောက်က ဝိုင်းပြီးအဓမ္မကျင့်ပြီး သတ်ပစ်လိုက်လို ့တဲ့၊ စိတ်မကောင်းတဲ့အပြင် ဒေါသလည်း တော်တော်ထွက်မိပါတယ်။ အဲဒီကျောက်နီမော် ဆိုတဲ့ဒေသရှိ ကုလားတွေဟာ သံတွဲရှိ ကုလားသူဌေးတွေနဲ ့ အဆက်အသွယ်ရှိပြီး၊ တခုခု အရေးကိတ်စပေါ်တိုင်း သူတို ့ကုလားဌာနချုပ်က ငွေကြေး ထောက်ပံ့မှုကြောင့် လူပါးဝနေတာကြာပါပြီ။ အရင်တုန်းကလည်း (ကျွန်မတို ့မမွေးခင်အချိန်ကတည်းက) ကျွန်မအမေ ပြောပြလို ့ သိရတဲ့အကြောင်းတခုလည်း ရှိပါတယ်။ ပိုက်ဆံငွေတိုး ချေးစားတဲ့ […]


shwe pontFebruary 13, 20121min27228
မန်းဂေဇက်ရောဂါ လို ့နာမည်ပေးလိုက်ရတာက ကိုယ့်အကြောင်းနဲ ့ကိုယ်ပါ။ မိတ်ဆက်စာရေးပြီးကတည်းက စာမရေးဖြစ်ဘဲ ထုံးစံအတိုင်းစာပဲ နေ ့တိုင်းဝင်ဖတ်ဖြစ်နေခဲ့တာပါ။ ဒီကြားထဲ အကြောင်းပြချက်များစွာနဲ ့စာပဲကမန်းကတန်းဖတ်ပြီး၊ စာရေးမယ်စိတ်ကူးနဲ ့ကိုယ်တိုင်မိတ်ဆက်ပြီးမှရေးချင်တဲ့အကြောင်းအရာကလည်း ခေါင်းထဲမရောက်သေးတာရယ်။ အင်တာနက်ကို သုံးစွဲတဲ့အချိန်ရယ် အကြောင်းကြောင်းကြောင့် ကြန် ့ကြာမှုများစွာနဲ ့စာဖတ်ပရိတ်သတ်ဘဝမှာဘဲသံသရာလည်နေတုန်းမှာပဲ ဒီနေ ့ ဘလက်ချောရဲ ့ မန်းဂေဇက်ရဲ ့ ပထမဆုံးစုပေါင်းအလှူပွဲ ဓါတ်ပုံများနဲ ့တကွ စည်းလုံးမှုကို မြင်ရ ချိန်မှာ ကျွန်မရောဂါအကြီးအကျယ်တက်လာပါတော့တယ်။ အဲဒါကတော့ မန်းဂေဇက်ရွာသူ ရွာသားစစ်ဖြစ် ချင်တဲ့ရောဂါပါ ။ မန်းဂေဇက် စီနီယာများကနွေးထွေးလှိုက်လှဲစွာ ရွာခံပီသစွာနဲ ့ကြိုဆိုခဲ့ကြပေမဲ့ ကျမကခဏမျက်နှာလာပြပြီးပြန်သွားတဲ့ဧည့်သည်လိုဖြစ်နေခဲ့တော့… ရွာသူရွာသားတွေ ဓါတ်ပုံကြည့်ပြီး စည်းလုံးမှုကိုအားကျတာရယ်  ဒီလို တကယ်လိုအပ်နေတဲ့လူတွေရဲ ့အခက်အခဲကိုကူညီဖြေရှင်းပြီး စိတ်ရောကိုယ်ပါကြိုးစား ပြီးလုပ်နေတဲ့ ဦးကျော်သူတို ့ကို […]


shwe pontJanuary 28, 20121min31727
မန်းဂေဇက်မင်ဘာဝင်တယောက်အဖြစ် အခုမှစာရင်းသွင်းဖြစ်ပေမဲ့ ဒီနေရာကိုရောက်ပြီး စာတွေဖတ်ဖြစ်ခဲ့တာ ၂ နှစ်ခန် ့ရှိတော့မည်ထင်ပါသည်။ မန်းဂေဇက် ရဲ ့စာတွေကို နေ ့စဉ် ဖတ်ဖြစ်ခဲ့လို ့ စာရေးသူများကို စိတ်ထဲကရင်းနှီးကျွမ်းဝင်နေခဲ့တာလည်းအတော်ကြာပါပြီ။ ဓါတ်ပုံတွေလည်းကြည့်၊ စာတွေလည်းဖတ်၊ ကြိုက်တဲ့စာမူတွေ ဗဟုသုတ ရစရာစာတွေကို သိမ်း၊ တွေ ့ဆုံပွဲတွေကိုလည်း အားကျ နဲ ့ မန်းဂေဇက်မင်ဘာတွေရဲ ့စည်းလုံးမှုကိုလည်း အသိအမှတ်ပြုမိခဲ့ပေမဲ့ မိမိကိုယ်တိုင် မင်ဘာတစ်ဦးဖြစ်ဖို ့တော့ ဒီနေ ့မှ အားထုတ် ဖြစ်ခဲ့တာပါ။ အမှတ်တရ ဇန်နဝါရီ 28 ရက်ပါပဲ။ စာရေးကောင်းလှသူတွေကို အားကျလှသလို မိမိကိုယ်တိုင်လည်း စာရေးကောင်းသူတစ်ယောက်ဖြစ်ချင်တာပါ။ ခုထိ မန်းဂေဇက်မှာ စာတတန် ပေတဖွဲ ့ ရေးပြီး တင်ရဲလောက်အောင် မရဲသေးပေမဲ့။ တကယ်ရေးချင်လာတဲ့တစ်ရက်မှာတော့ ကျွန်မရဲ […]