ရွှေ ကြည်August 20, 20123min25954
ဟုတ်ကဲ့ မိရွှေကြည်တင်ခဲ့တဲ့ ဝါသနာအရဖန်တီးထားတဲ့အနုပညာပါတဲ့ ပို့စ်မှ ရွှံ့  ့ရုပ်ဖန်တီးသူနဲ့ ရွှေကြည်မိတ်ဆွေအစ်မတို့ အဆက်အသွယ်ရသွားကြတဲ့အခါ ဤမည်သောပို့စ်ဖြစ်ပေါ်လာပါတော့သည်။ သူက သည်လိုပြောပါတယ်တဲ့ ” ရွှေကြည်နှင့်တကွအားပေးအကြံပေးသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ မြင်းခြံကိုရောက်ဖြစ်မယ်ဆိုရင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဝမ်းသာစွာဖိတ်ခေါ်ပါတယ်။ လေးမင်းရဲ့  အရုပ်လေးတွေလုပ်ထားတာ ၅ နှစ် ၆ နှစ် ရှိပါပြီ။ နောက်ထပ်ပုံပို့ပေးလိုက်ပါတယ်။ အားပေးကြပါဦး ” လိပ်စာ – ဦးစောလှမင်း(စက်မှုတက္ကသိုလ်-ရေနံဘွဲ့ရပါတဲ့) အမှတ် 10/259 အောင်မင်္ဂလာလမ်း မြင်းခြံမြို့  ။ (ကားကြီးဝင်းနဲ့နီးပါတယ်) ဆန္ဒရှိကဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါအပ်ပါတယ်ရှင့်။                                    


ရွှေ ကြည်August 17, 20121min37039
ရွှေကြည်တို့ အသိအစ်မတယေက်ကမြင်းခြံကသူ့ဦးလေးရဲ့   ဝါသနာအလျောက်ပြုလုပ်ထားတဲ့ ရွံ့  ရုပ်လေးတွေကိုဒါ့ပုံရိုက်ပြီးလာပြပါတယ်။ သူ့ဦးလေးကအနေအေးလွန်းပြီး ဆိုင်တွေကတင်ရောင်းဖို့ကမ်းလှမ်းတာကို ငြင်းဆန်ခဲ့လို့ အားမလိုအားမရဖြစ်နေရတာကတော့ အဲ့ဒီအသိအစ်မပေါ့။ သူက သူ့ဦးလေးလက်ရာကိုသူများတွေ ခံစားဝေဖန် အသိအမှတ်ပြုတာလိုချင်ရှာတယ်။ ရွှေကြည်ကလည်းတော်လိုက်တာလို့ပြောနိုင်တာကလွဲပြီးမသိ။ အဲဒီတော့ အခုလိုပို့စ်တခုဖြစ်လာပါတော့တယ်။ ခံစားကြည့်ပေးကြပါဦး ရွာသူားတို့ရှင့်။ လက်လုပ် ရွံ့ ရုပ်လေးတွေပါ။ ကိုယ်တိုင်ဖန်တီးပါတယ်တဲ့။ အစ်မက ဖေ့ဘွတ် မှာလည်းတင်ထားပါတယ်။   မှတ်ချက်-ကာယကံရှင်ခွင့်ပြုချက်မပါလို့နာမည်မထည့်ထားပါဘူး။သူကသင်တန်းတွေဘာတွေမတက်ပါဘူးတဲ့။ အဲဒီအစ်မကတော့ရွာထဲမှာချပြဖို့ဝမ်းသာအားရခွင့်ပြုပါတယ်။             ကျေးဇူးအထူးတင်ပါတယ်ရှင်။        


ရွှေ ကြည်August 11, 20121min23221
ရှစ်ခွင်တိုင်းမှုန်မှိုင်းတဲ့ပတ်လည်ဆိုတာဒီလိုရာသီပေါ့။ ပတ်ဝန်းကျင်မှာမိုးသားတွေမှုန်မှိုင်းနေပါတယ်။ မိုးဖွဲလေးတွေ ကတဖွဲဖွဲပေါ့။ တိုက်ခန်းအနောက်ဘက်ဝရံတာမှာရပ်ရင်း ကောင်းကင်တခွင်ကိုမော့ကြည့်နေမိပါတယ်။ ကျွန်မတို့ငှါးနေတဲ့ တိုက်ခန်းက ၆ ထပ်တိုက်။ တိုက်နောက်ဘက်ကအနီးဆုံး လမ်းလေးမှာကန်ထရိုက်တိုက်တွေသိပ်မရှိသေးတော့ ငါးလွှာမှာ နေတဲ့ ကျွန်မတို့အခန်းနောက်ဝရံတာကနေကြည့်လိုက်ရင် အားလုံးကိုအပေါ်စီးကနေမြင်ရပါတယ်။ ကောင်းကင်ရဲ့ အလှ အပတွေ ကိုလည်း တမျှော်တခေါ်ခံစားနိုင်ပါတယ်။ အခုလိုမိုးတွေမှောင်နေတဲ့အချိန်မျိုးမှာပေါ့ အဘနေမကောင်းဘူး ဆိုတဲ့ သတင်းကိုကြားခဲ့ရတယ်လေ။ ဒါပေမယ့် မစိုးရိမ်ရပါဘူးတဲ့။ မစိုးရိမ်ရပါဘူးပြောပေမယ့် အဘအသက် အရွယ်ကြောင့်စိတ်ထဲ ထင့်သွားမိပါတယ်။ ဒါပေမယ့်ပြန်ကောင်းလာမယ်ပဲထင်ခဲ့တယ်လေ။ အဘကအဲလိုပါပဲ နေမကောင်းဖြစ်ရင်ခဏပဲလေ။ နောက်တစ်ရက် အဘဆုံးပြီအမြန်ပြန်လာခဲ့ပါတဲ့။ ဟုတ်ရဲ့လားမယုံနိုင်ခဲ့ဘူး။ ပူလောင်နေတဲ့စိတ်နဲ့ နယ်ကအိမ်ကို ပြန်သွားခဲ့တယ်။ ဆုံးတဲ့နေ့ညနေကသိရတော့ နောက်နေ့မနက်အစောကြီးကားစီးပြန်ပါတယ်။ ရန်ကုန်ကနေ ၆ နာ ရီခွဲလောက်ကြာအောင်ကားစီးပြီးလမ်းမှာဆင်း အိမ်ကလာကြိုပေးတဲ့ဆိုင်ကယ်နဲ့ နာရီဝက်လောက်ထပ်သွားမှ ကျွန်မ တို့ဇာတိတောမြို့လေးကိုရောက်ပါတယ်။ ကျွန်မကိုလာကြိုပေးတဲ့သူကပြောလိုက် တဲ့စကားတခွန်းတည်းက ကျွန်မအတွက် တလမ်းလုံးစကားဆွံ့အစေခဲ့ပါတယ်။ နင့်ကိုစောင့်နေတာ […]


ရွှေ ကြည်August 9, 20126min26632
ရွှေကြည်နယ်ကိုပြန်သွားရင်း ရွှေကြည်တို့နယ်ရဲ့ နယ်လုံးဆိုင်ရာစေတီတစ်ဆူကိုMGရွာထဲကရပ် ဆွေရပ်မျိုးတွေ၊ မောင်နှမတွေကိုဖူးစေချင်လို့ ရန်ကုန်ကိုအပြန်ခရီးမှာကတိုက်ကရိုက်ဝင်ပြီး ဓါတ်ပုံလေး တွေရိုက်ယူလာခဲ့ပါတယ်။ ရွှေကြည်ကိုမွေးဖွားရာဒေသဖြစ်တဲ့ကျီးသဲဆိုတဲ့တောမကျမြို့မမည် တောမြို့ လေးကိုသွားရာလမ်းမှာရွှေနတ်တောင်စေတီတည်ရှိပါတယ်။ ဝါဆိုလပြည့်နေ့ကနယ်ကိုပြန်သွားခဲ့ပြီး အဲဒီ နေ့မှာဝါဆိုပန်းခူးကြပုံ၊ ဝါဆိုပန်းကပ်ကြပုံတွေကိုမှတ်တမ်းတင်နိုင်ဖို့မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်း မှာတော့မဝင်နိုင်ခဲ့ပါဘူး။ ရွှေကြည်တို့နယ်ဆိုပေမယ့် ရွှေကြည်တခါမှဝါဆိုပန်းခူးချိန်မှာ ရွှေနတ်တောင်ကို မရောက်ဖူးခဲ့ပါဘူး။ နယ်ဓလေ့မို့သာငယ်ငယ်ကတည်းက ကြားဖူးနားဝရှိခဲ့တာမို့ အခုအခေါက်တော့ဝင် လိုက်မယ် တခါတည်းမှတ်တမ်းလည်းယူမယ် စိတ်ကူးထားတာပေါ့။ ရွှေတောင်အထွက်လမ်းမှာကတည်းက ဆိုင်ကယ်တွေနဲ့ လူငယ်တွေအုပ်စုလိုက်တွေ့နေရတာတောက်လျှောက်ပါပဲ။ တချို့အုပ်စုတွေမှာကာင် မလေးတွေပါပါတယ်။ မနက်ခင်းဆိုရင်တော့ သာတောင့်သာယာရှိနိုင်ပေမယ့် နေ့လည်စောင်းရောက် နေပြီဆိုတော့ တချို့လူငယ်တွေသောက်စားထားတာတွေ့ရပါတယ်။ ပျော်တာလဲပျော်ကြတာဆိုပေမယ့် အခါကြီးနေ့ကြီးလည်းဖြစ်ပြန် မိန်းကလေး၊ယောက်ျားလေး လူငယ်တွေလာကြတာများတော့မဖြစ်သင့် တာတွေဖြစ်ကုန်မှာစိတ်ပူမိပါတယ်။ စကြနောက်ကြနဲ့လူငယ်တွေပျော်ကြတဲ့ အချိန်ဆိုပေမယ့် အပျော်တွေလွန်၊ စတာနောက်တာတွေလွန်ကုန်မှာစိုးရိမ်မိပါတယ်။ တောင်ခြေရောက်တော့လည်း ဆိုင်ကယ်အပ်တဲ့နေရာမှာ ဆိုင်ကယ်တွေအပြည့်၊ အစားအသောက်ရောင်းတဲ့ဆိုင်တွေမှာလည်း လူတွေ အပြည့် နောက်ပြီးယောက်ျားလေးတွေအတော်ကိုများပါတယ်။ ရွှေကြည်လည်းအဖော်မပါပဲဝင်ဖူးရမှာ မရဲ […]


ရွှေ ကြည်July 21, 20121min38039
15-7-2012 တနင်္ဂနွေနေ့ကရွှေကြည်အလှူတစ်ခုကိုအားဖြည့်ကူညီခဲ့ပါတယ်။ ဘာအလှူလဲဆိုတော့ Better Life Group ဆိုတဲ့စေတနာရှင်ပရဟိတအဖွဲ့လေးတစ်ခုရဲ့ ၅ ကြိမ်မြောက်ပညာရေးထောက်ပံ့တဲ့အလှူလေးပါ။ ဘယ်မှာလုပ်ခဲ့ သလဲဆိုရင်အောက်ရှမ်းတဲကြီး သီလရှင်သင်စာသင်ကျောင်းလေးတစ်ခုမှာပေါ့။ ဒဂုန်မြို့သစ်တောင်ပိုင်းအပိုင်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးမှာပါဝင်ပါတယ်။ အဖွဲ့မှာပါဝင်လှုပ်ရှားသူတွေတော်တော်များများဟာ အလုပ်တဖက်နဲ့မအားလပ်ကြသူတွေ ဖြစ်လေတော့ ၄ လမှာ တကြိမ်သာလှူတန်းဖြစ်ခဲ့တယ်။ ငွေကြေးအရလည်းစုဆောင်းဖို့အချိန် ယူတာလည်းပါတာပေါ့ရှင်။ ငွေကြေးမတတ်နိုင် အစိုးရကျောင်းလည်းမရှိရှာတဲ့ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း လေးတွေမှာလှူဖြစ်ခဲ့ကြပါတယ်။ ကလေးတွေစာတတ်မြောက်ရေးနဲ့သူတို့လေးတွေအသိဉာဏ်တိုးတက်စေဖို့ ရည်ရွယ်ပြီး လှုပ်ရှားခဲ့ကြတဲ့အဖွဲ့လေးတခုပါ။ အဖွဲဝင်ရယ်လို့သတ်မှတ်ထားတာမရှိပဲစိတ်ဝင်စားပါကလိုက်ပါလှူဒါန်းနိုင်ပါတယ်။ ပင်တိုင် လှုပ်ရှားသူအမာခံတွေကတော့အမြဲလိုပါဝင်မြဲပါ။ ဒီတစ်ခေါက်မှာတော့ အဖွဲ့အင်အား ၁၉ ယောက်ပါဝင်ခဲ့ပြီးရန်ကုန်နဲ့သိပ်မဝေးတဲ့လယ်ကွင်းတွေကြားက သီလရှင် သင်စာသင်ကျောင်းလေးကိုရောက်ခဲ့ကြပါတယ်။  အလုပ်နားရက်တနင်္ဂနွေနေ့ကိုပဲ အမြဲသွားလှူဖြစ်လေတော့ ကလေးတွေ ခမျာတော့ကျောင်းပိတ်ရက်ကျောင်းတက်ရရှာတယ်လေ။ ဒါပေမယ့်သူတို့ပျော်နေကြပုံပါပဲ။ ငွေကြေးတတ်နိုင်သူတွေ အတွက်ကျူရှင်တွေ အမျိုးမျိုးထားနိုင်ပေမယ့် တကယ့်ကိုနွမ်းပါးရှာသူတွေအတွက်တော့ကျောင်းဆိုတာတောင်အနိုင် နိုင်ရယ်ပါ။ ဆရာဝန်တွေအင်ဂျင်နီယာတွေမွေးထုတ်မပေးနိုင်ခဲ့တောင်မှ ဒီလိုဘကကျောင်းလေးတွေကြောင့် အသိပညာ အလိမ္မာလေးတွေအတော်အသင့် သင်ကြားခွင့်ရမယ်ဆိုရင်သူတို့ဘဝနည်းနည်းတော့လှပနိုင်မှာပါ။ […]


ရွှေ ကြည်July 7, 20121min45538
ဒီလိုတွေးမိသောကြောင့်ဒီလိုရေးလိုက်မိပါသည်။ အားမနာတန်းဝေဖန်ကြပါကုန်(စကားအဖြစ် ပြောတာနော်တကယ်ပြောရင်အော်ငိုမှာ)။ ဒီလိုပါ ယေက်ျားလေး နဲ့ မိန်းကလေး ကိစ္စပေါ့ရှင်။ ကျွန်မကအပျိုကြီးဆိုတော့ကာတော်တော် များများ က ကျားမကောင်း ကြောင်းပြောလိမ့်မယ်ထင်ပါလိမ့်မယ်။ လောကသဘာဝအရယေက်ျားလေးနဲ့ မိန်းကလေးရယ်လို့ အခေါ်အဝေါ်မှအစအသွင်အပြင်ရော၊ စိတ်အခြေခံခြင်းပါကွဲပြားပါတယ်။ တာဝန်ယူမှု အပိုင်းဟာလည်း သူ့ အလိုလိုခွဲခြားထားပြီးသားဖြစ်နေတတ်ပါတယ်။ ဥပမာပေါ့နော် ရေမြောင်းတူးဖို့၊လမ်းဖို့ ဖို့လုပ်အားပေးခေါ်ပြီ ဆိုရင်ယောက်ျားလေးတွေကပေါက်ပြား၊ တူးရွင်းတွေကိုင်ဆောင်ထွက်လာကြပြီး မိန်းကလေးတွေကတောင်းတွေ ခေါင်းခုတွေနဲ့ထွက်လာကြတာတွေ့ရမှာပါ။ မြို့တွေမှာတော့တွေ့ရမှာမ ဟုတ်ပါဘူး။ ဒါကနယ်တွေမှာပါ။ မြို့မှာပြောရမယ်ဆိုရင်တော့ ဈေးမှာ မိန်းကလေးတွေသာအတွေ့များမှာဖြစ် ပြီးယောက်ျားလေးတွေကိုတော့ ဘီယာဆိုင်မှာအတွေ့များမှာပါ (အဲလေ) မှားကုန်ပြီ စီးပွားရေးလုပ်ငန်းခွင်မှာ တွေ့ရမှာပါ။ နောက်တစ်ခုကလုံခြုံရေးဆိုလျှင်ယောက်ျားလေးတွေပဲဖြစ်ပြီး စင်တာတွေကငွေရှင်းကောင်တာ တွေမှာတော့မိန်းကလေးတွေကိုတွေ့ရမှာပါ။ ချွင်းချက်တွေတော့ရှိတာပေါ့ရှင်။ အခုခေတ်မှာမိန်းကလေး ယောက်ျားလေးရင်ဘောင်တန်းနေပြီဆိုပေမယ့် (ရင်ဘောင်တန်းရင်မိန်းကလေးကသာတယ်-အဟဲ) တကယ်တန်းမှာတန်းတူမတူနိုင်ဘူးလို့ထင်ပါတယ်။ ဥပမာပေါ့မိန်းကလေးတွေ ဘောလုံးကန်နေပြီဆိုပေမယ့် မိန်းကလေးနဲ့ယောက်ျားလေး ပြိုင်ပြီးမကန်နိုင်ပါဘူး။ ကန်ခဲ့လို့ယောက်ျားလေးတွေနိုင်သွားပြီဆိုရင် မိန်း ကလေးတွေနဲ့ကန်တာနိုင်မှာပေါ့လို့ပြောကြမှာပါ။ […]