ShwemannmayJune 14, 20101min691
ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ကို ရန်ကုန်မြို့ပေါ်တွင် ဇွန်လ ၁ဝ ရက်နေ့မှ စတင်ဖွင့်လှစ် ရောင်းချပြီဖြစ်ကြောင်းနှင့် ဒီဇယ်ဆီဈေးမှာ တစ်ဆိုင်နှင့် တစ်ဆိုင် ကွာခြားမှု အချို့ရှိကြောင်း သိရသည်။ လက်ရှိ ဖွင့်လှစ်ရောင်းချသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များထဲတွင် မြဝတီ၊ နီလာရိုးမအမည်ရှိ စက်သုံးဆီဆိုင်များမှ ရောင်းချသည့်ဒီဇယ်ဆီ တစ်ဂါလန်လျှင် ကျပ် ၂၈၅ဝ ဟူသည့် ဈေးမှာ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ အားလုံးထဲတွင် အသက် သာဆုံးနှုန်းဖြင့် ရောင်းချသည့်ဆိုင်များဖြစ်ကြောင်း သိရသည်။ ရန်ကင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် PETRO K အမည် ရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ဒီဇယ် အား လီတာဖြင့်ရောင်းချခြင်းဖြစ်ကြောင်းနှင့် တစ်လီတာ ကျပ် ၆၅ဝ နှုန်းအား ဂါလန်ဈေးဖြင့် ပြန်လည်တွက်ချက်မည်ဆိုပါက ဒီဇယ် တစ်ဂါလန်လျှင် ၂၉၂၅ ကျပ်ဝန်းကျင် […]


ShwemannmayJune 14, 20101min692
လာမည့်ဇွန်လ ၂၆ ရက်နေ့၌ လတစ်စိတ်တစ်ပိုင်း ကြတ်မှုဖြစ်ပေါ်ရန်ရှိကြောင်း နက္ခတ်ပညာရှင် များထံမှ သိရှိရပါသည်။ အဆိုပါ ဖြစ်စဉ်သည် မြန်မာ နိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၊ ဩစတြေးလျ၊ အမေရိက အနောက်ပိုင်းနှင့် ပစိဖိတ်သမုဒ္ဒ ရာတို့တွင် ဖြစ်ပေါ်မည်ဖြစ်ကာ နှစ် နာရီ ၄၄ မိနစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။ ဖြစ်ပေါ်မည့်အချိန်မှာ အဆိုပါနေ့ ညနေ ၄ နာရီ ၁ရ မိနစ်တွင် ဖြစ်ပေါ်မည်ဖြစ်ပြီး မြင်ကွင်း အကောင်းဆုံး အချိန် မှာညနေ ၅ နာရီ ၃ရ မိနစ်ဖြစ်ကာ ညနေ ၆ နာရီ ၁၁ မိနစ်တွင် လကြတ်မှု ဖြစ်စဉ် ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။ ”အခုချိန်က မိုးရာသီကာလ ဖြစ်တဲ့အတွက် လကြတ်မယ့်နေ့မှာ တိမ်ထူထပ်တာ […]


ShwemannmayJune 12, 20101min550
ရန်ကုန်မြို့ကမာရွတ်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကပိုင်ရေခဲစက်တစ်ခုမှ အမိုးနီးယားဓာတ်ငွေ့ပိုက် ပေါက်ကွဲမှုဖြစ်ပွား၍ အနီးတဝိုက်ရှိ အများပြည်သူများအထိတ်တလန့်ဖြစ်မှုနှင့် ဓာတ်ငွေ့သက်ရောက် မှုများခံစားခဲ့ရသည်အပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသတင်း ရရှိသည်။ ဖြစ်စဉ်မှာ ၂၀၁ဝခုနှစ် ဇွန်လ ၁ဝရက်နေ့ ညနေ ၆နာရီ၁ဝမိနစ် ခန့်က ကမာရွတ်မြို့နယ် အင်းစိန် လမ်းမပေါ်ရှိ ဆင်ရေတွင်းကားမှတ်တိုင်အနီး ရေခဲစက်မှပေါက်ကွဲသံတစ်ခုကြားခဲ့ရပြီး ပတ်ဝန်းကျင်သို့ ဓာတ် ငွေ့များပျံ့နှံ့ခဲ့ကြောင်း၊ အဆိုပါဓာတ်ငွေ့များသည် ပတ်ဝန်းကျင်တွင် နေထိုင်သူများ၊ ဖြတ်သန်း သွားလာသည့်သူများအပေါ်တွင် သက်ရောက်မှုများရှိခဲ့ကြောင်း သိ ရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့်  အသက်ရှုကြပ်ခြင်း၊ မူးမေ့လဲခြင်း၊ အော့အန်ခြင်း၊ မျက်စိစပ်ခြင်း၊ မျက်ရည်ပူများကျဆင်းခြင်းနှင့် နှာခေါင်းသွေးယိုခြင်းများ ဖြစ် ပေါ်ခဲ့ကြောင်းသိရသည်။ ထို့အပြင် ရန်ကုန်-အင်း စိန်လမ်းမပေါ်တွင် ပြေးဆွဲနေသော ယာဉ်များမှာ အဆိုပါစက်ရုံအနီး တဝှိက်တွင် ရပ်တန့်ခဲ့ပြီးယာဉ်မောင်းများ၊ ခရီးသည်များ ယာဉ်ပေါ်မှာ […]


ShwemannmayJune 12, 20101min652
သိန်း ၃ဝ လောက်ဆိုရပြီ။ ဘာကားစီးချင်လဲ။ တော်ပြီဗျာ မတော် လို ့သိန်း ၃၀  ပလုံသွားမှဖြင့်… ဘာတွေပါလိမ့်လို ့စူးစမ်းမိသည်။ ကိုယ့်အကြည့်ကို ရိပ်မိသည့်မိတ်ဆွေ က ဝလုံးအကြောင်းပြောနေတာဗျ လို ့ရှင်းပြသည်။  ဝလုံးဆိုသောစကားလုံးက အသစ်ဖြစ်ရပြန်သည်။ ဝစ်သောက်ကား ကို ပြောတာဗျ။ ခင်ဗျား တတ်နိုင်ရင် ၃ဝ လောက်နဲ ့ကားစီးလို ့ရတယ်။ စီးရဲဖို ့တော့လိုတာပေါ့။ ဒီလိုဆိုတော့ ရီစရာအကောင်းသား။ ဒီအသက်အရွယ်ရောက်မှတော့ ကားများ ဘာခက်တာမှတ်လို ့နော်။ မန်းလေးသူ ပဲ ငယ်ကတည်းက ဘီးနှစ်လုံးကို ပာန်ချက်ညီအောင် ထိန်းပြီး ကျူံးပတ်ဘီးစီးလာတာပဲ။ စက်ဘီးပြီးတော့ ဆိုင်ကယ်တွေခေတ်စားလာပြန်ရော ။အဲဒီတော့လည်း အိမ်ကဝယ်ပေးတဲ့ဆိုင်ကယ်ကို တက္ကသိုလ်တက်တဲ့ ၄ နှစ်လုံးလုံး စိတ်ကြိုက်စီးလာတာပါ။ ကားတော့ မောင်းဖူးဘူးပေါ့နော ။ […]


ShwemannmayJune 11, 20101min510
သူရဲကောင်းတို ့စံမြန်းရာ မြောက်ပိုင်းအင်္ဂလန် ၊ယော့ခ်မြို ့အနီးတစ်နေရာမှာ ဦးခေါင်းမဲ့နေတဲ့ ၊ တိရစ္ဆာန်တွေရ ဲ့ကိုက်ဖြတ် ကုတ်ချစ်ခံထားရပာန်တူတဲ့ ရုပ်ကြွင်းပေါင်း ၈ဝ လောက်ကို တူးဖော်တွေ ့ရှိပြီးတဲ့နောက်မှာ သမိုင်းသုတေသီတွေက သူတို ့ပာာ ကမ္ဘာအကြီးဆုံး သူရဲကောင်းတွေ ရဲ ့ နောက်ဆုံးစံမြန်းရာ သချိုင်းကို တူးဖော်တွေ ့ရှိပြီဆိုတာကို လက်ခံလိုက်ပါတော့တယ်။ အခုလောလောဆယ် လက်ရှိတူးဖော်ပြီးသားအခြေအနေအရတော့ ကျွန်တော်တို ့တွေ ့နေရတဲ့အရိုးစုတွေပာာ ရောမလူမျိူး သူရဲကောင်းတွေဖြစ်ပာန်ရှိတယ်လို ့ ဒီတူးဖော်မှုကိုဦးဆောင်တဲ့ ယောခ်သမိုင်းသုတေသီ Kurt Hunter-Mann ကဆိုပါတယ်။ ဒီရုပ်ကြွင်းတွေကိုစစ်ဆေးမှုကို University of Central Lancashire မှ  Michael Wysocki က ကမာ္ဘမှာ အကြီးကျယ်ဆုံးတူးဖော်တွေ ့ရှိမှုလို ့ပြောဆိုလိုက်ပါတယ် ။ ကျွန်တော်တို […]


ShwemannmayJune 11, 20101min681
မကြာမီဖွင့်လှစ်တော့မည့် ပုဂ္ဂလိကဘဏ်သစ်များတွင် အကြွေးဝယ်ကတ်(Smart Card) ဝန်ဆောင်မှုကို ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ “ဖွင့်မယ့်နေ့ရက်ကို အတိအကျ မသိရသေးပေမယ့် ပြင်ဆင်နေပါတယ်။ ဘဏ်ဖွင့်ရင် အကြွေးဝယ်ကတ်ထဲက စနစ်တစ်မျိုးဖြစ်တဲ့ Smart Card ဝန်ဆောင်မှုကို ပေးသွားနိုင်ဖို့ ရှိပါတယ်” ဟု ပုဂ္ဂလိက ဘဏ်သစ်တည်ထောင်ရန် ပြင်ဆင်ဆောင်ရွက်နေသူ တစ်ဦးက ပြောကြားပါသည်။ အကြွေးဝယ်ကတ်များကို Credit Card, Debit Card, Smart Card စသည်ဖြင့် ခွဲခြားနိုင်ပြီး ငွေကြေးလည်ပတ်မှုနှင့် ငွေပေးချေမှုများကို ပိုမိုအဆင်ပြေနိုင်စေရန် ရည်ရွယ်အသုံးပြုခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေးဘဏ်များမှ ဝန်ဆောင်မှုပေးနေသည့် Smart Card များရှိပြီး အသုံးပြုနိုင်ရေးအတွက် ကျပ် ၁ဝ သိန်းပေးသွင်းရန် လိုအပ်ကြောင်း သိရပါသည်။ “ပုဂ္ဂလိကဘဏ်တွေက လုပ်တယ်ဆိုရင်တော့ အကြွေးဝယ်ကတ်အသုံးပြုဖို့ […]


ShwemannmayJune 11, 20101min1125
ဂျီအက်စ်အမ်ဖုန်းများကို ပြည်ပတွင် အသုံးပြုနိုင်ရန်နှင့် ပြည်တွင်း၌ ဖုန်းအသုံးပြုရာတွင် လိုင်းဆွဲအား ပိုမိုကောင်းမွန်လာစေရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရှိရသည်။ ”ဂျီအက်စ်အမ်ဖုန်းတွေကို ပြည်ပကိုယူဆောင် အသုံးပြုနိုင်ဖို့ စီစဉ်နေပါတယ်။ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ် ဖုန်းနံပါတ်တွေကို နိုင်ငံခြားဆက်သွယ်ရေး Network တွေမှာ အလုပ်လုပ်နိုင်အောင် စီစဉ်နေတာဖြစ်ပါတယ်။ ဂျီအက်စ်အမ်ဖုန်း တွေကိုပြည်ပနဲ့ outgoing, incoming   ရအောင်စီစဉ်နေတာပါ။ ဒီအတွက် ဂျီအက်စ်အမ်ဖုန်းတွေကို ပြည်ပကိုယူဆောင် သွားလို့ ရမယ်။ ပြည်ပကနေ ပြည်တွင်းကို ခေါ်ဆိုလို့ ရမယ်။ ပြည်တွင်းဖုန်းတွေကနေ ပြည်ပမှာ ရှိနေတဲ့ မြန်မာဂျီအက်စ်အမ်ဖုန်းတွေကို ခေါ်ဆိုလို့ရမယ်။ ဒီလိုယူဆောင်သွားလို့ရတဲ့ နိုင်ငံတွေကအရှေ့တောင်အာရှ နိုင်ငံတွေပဲဖြစ်မလား၊ တခြားနိုင်ငံတွေရော ပါမလားဆိုတာတော့ အတိအကျ ပြောလို့မရသေးပါဘူး။ ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက […]


ShwemannmayJune 11, 20101min752
၂၀၀၉-၂၀၁ဝ ပညာသင်နှစ်တွင် ဖြေဆိုထားခဲ့သော တက္ကသိုလ် ဝင်တန်း စာမေးပွဲအောင်စာရင်းများ  ဇွန်လလယ်ပိုင်းတွင် ထွက်ရှိမည်ဟု တက္ကသိုလ်ဝင်တန်း ပညာရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါသည်။ ဆရာ၊ ကျောင်းသား၊ မိဘများမှ အောင်စာရင်းအတွက် ကြိုတင်ရင်ခုန် စောင့်မျှော်နေကြပြီ ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ယမန်နှစ်က တက္ကသိုလ်ဝင် တန်းအောင်စာရင်းအား ဇွန်လ ရ ရက်နေ့က ထုတ်ပြန်ခဲ့ကာ ယခုနှစ်အတွက် ဇွန်လလယ်ပိုင်းတွင် ထွက်ရှိမည်ဖြစ်သည်ဟု သိရှိရပါသည်။ အောင်မြင်မှု၊ ကျရှုံးမှုဟူသည် ကျောင်းသားတစ်ဦးချင်းစီနှင့် သက်ဆိုင်မှု ရှိသကဲ့သို့ အောင်မြင်မှုအား ကျောင်းသား၊ မိဘတိုင်းကလိုလားကြသည့် အရာပင်ဖြစ်ကာ ထွက်ရှိလာတော့မည့် ရလဒ်အပေါ်စောင့်မျှော် ရင်ခုန်နေကြပြီ ဖြစ်ကြသည်ဟု သိရသည်။ ထို့ပြင် ထွက်ရှိလာတော့မည့် စာမေးပွဲရလဒ်သည် လူတန်းစားအသီးသီး၌လည်း ကွာဟမှုများ ရှိလာနိုင်ကြသည်ကို တက္ကသိုလ်ဝင်တန်း သင်ကြားသူ ဆရာတစ်ဦးက ”အမှန်ကတော့ တက္ကသိုလ်ဝင်တန်းက […]


ShwemannmayJune 11, 20101min654
အာဆီယံနိုင်ငံ အချင်းချင်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့ တင်သွင်းသော သတင်းပြန်ကြားရေးနှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပစ္စည်းများ၏ အခွန်အား သုညရာခိုင်နှုန်း အထိ လျော့ချပြီးဖြစ်ကြောင်းနှင့် သို့သော် ယင်းတို့အနက် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ စသော အာဆီယံပြင်ပနိုင်ငံများမှ တင်သွင်းသော ပစ္စည်းများ မပါဝင်ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ ICT ပစ္စည်းများ ကို သွင်းကုန်ခွန် လျှော့ချပေးသည့် အစီအစဉ်မှာ E-Asean Framework Agreement အရ ဖြစ်လာခြင်းဖြစ် ပြီး ၂၀၀ဝ ပြည့်နှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သော စတုတ္ထအကြိမ်မြောက် အာဆီယံအလွတ် သဘောအစည်းအဝေးမှ ဆင်းသက် လာခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ စာချုပ်အရ သတင်း ပြန်ကြားရေးနှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ကုန်ပစ္စည်းများ […]


ShwemannmayJune 11, 20101min520
မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါ ‘ဘီ’ ပိုးကူးစက်ပြန့်ပွားမှုနှုန်းမှာ နိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးခန့်ရှိပြီး အသည်းရောင်အသားဝါ ‘ဘီ’ ရောဂါပိုး သယ်ဆောင်ထားသူဦးရေမှာ နိုင်ငံလူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။ လူကြီးများတွင် အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရပါက ၁ဝ ရာခိုင်နှုန်းမှာ နာတာရှည် ရောဂါပိုးသယ်ဆောင်သူ (Chronic carrier) များ ဖြစ်သွားနိုင်ပြီး ၎င်းတို့အနက်မှ ၅ဝ ရာခိုင်နှုန်းသည် နောက်ဆက်တွဲ အသည်းရောဂါများ ဖြစ်လာ နိုင်ကြောင်းနှင့် မွေးကင်းစကလေးငယ်များတွင် အသည်းရောင် အသားဝါ ဘီပိုး ကူးစက်ခံရပါက ၉ဝ ရာခိုင်နှုန်းသည် နာတာရှည်ရောဂါပိုး သယ်ဆောင်သူဖြစ်သွားပြီး ၎င်းတို့အနက် ၃ဝ ရာခိုင်နှုန်းသည် နောက်ဆက်တွဲ အသည်းရောဂါများ ဖြစ်လာနိုင် ကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးကြောင့် ဖြစ်တဲ့ […]


ShwemannmayJune 11, 20101min661
၂၀၁ဝ ပြည့်နှစ်ဇွန်လ ၃ ရက် နေ့ နံနက် လင်းအားကြီးတွင် မုံရွာမြို့ ချင်းတွင်း ရတနာဈေး အရှေ့ဘက်တန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဈေးအပေါ်ထပ် ၂၅၃ ခန်း၊ ဈေးအောက်ထပ် ဆိုင်ခန်း ၁၅၃ ခန်းမီးလောင်ကျွမ်းခဲ့ရာ ကျပ်သိန်းပေါင်း ၁၆၅၆ သိန်းဆုံးရှုံးမှု ဖြစ်ခဲ့ကြောင်း သတင်း ရရှိသည်။ ၂၀၁ဝ ဇွန်လ ၃ ရက် နံနက် ၃ နာရီ မိနစ် ၃ဝ ခန့်က မုံရွာမြို့ အလယ်ရပ်ကွက် ဗိုလ်ချုပ်လမ်း (မုံရွာ-မန္တလေးလမ်း)နှင့် မိတ်ဆက်လမ်းကြားရှိ ချင်းတွင်းရတနာနှစ်ထပ် ဈေးအောက်ထပ်မှ မီးစတင်လောင်ခဲ့ရာ ဈေး၏အပေါ်ထပ်မှ ဈေးဆိုင် ခန်း ၁၅၃ ခန်း၊ အောက်ထပ်မှ ၂၅၃ ခန်း စုစုပေါင်းဈေးဆိုင်ခန်း ၄၀၆ ခန်းကို မီးလောင်ကျွမ်းခဲ့ကြောင်း […]


ShwemannmayJune 11, 20101min400
Shared from a forwarded mail. ကျန်းမာရေးနဲ ့ပက်သတ်ပြီး အစားအသောက်ချက်ပြုတ်ရောင်းချသူများနဲ ့ ၊ အိမ်ရှင်မများအတွက် သိသင့်တဲ့အကြောင်းလေးပါ။ စားအုန်းဆီထဲတွင် ဆပ်ပြာမှုန့်တွေရောကာ မခဲအောင်လုပ်ပြီး ရောင်းချနေကြောင်း သိရှိရပါတယ်။ အီလန်ဆပ်ပြာမှုန့်က ဈေးပေါတော့ စားအုန်းဆီ တစ်ပီပါ (၄၂) ဂါလံကို အီလန်တစ်ထုပ် (၂၀ဝ ဂရမ်) ထည့်တယ်လို့ ကြားရပါတယ်။ “ဆီကို ရေချိုး ဆေးရိုး မီးလှုံ ကောက်ရိုးတောင်လိုပုံ” ဆိုတဲ့ စကားပုံကို အမြတ်တနိုး ရွတ်တတ်တဲ့ ဗမာလူမျိုးဟာ ဆီစားကြတာ ကြမ်းပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဆီပေါလို့လားဆိုတော့ မဟုတ်ပါဘူး။ မပေါတော့တာ ကြာလှပါပြီ။ ဒီစကားပုံက ရှေးဟောင်းပစ္စည်းဖြစ်သွားပါပြီ။ မြန်မာတိုင်းမ်ရဲ့ အဆိုအရ ဗမာတယောက်ဟာ တနှစ်ကို စားသုံးဆီ (၅) ပိဿာနဲ့ […]


ShwemannmayJune 11, 20101min1058
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားပေးဝေမှုကို ဇွန်လအတွင်း တိုးမြှင့်ပေးသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ သတင်းရရှိသည်။ လျှပ်စစ်မီးတိုးမြှင့်ပေးရေးအတွက် အသစ်တပ်ဆင်ထားသော ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြစ်သည့် ၂၄လက်မပိုက်လိုင်းမှ ဓာတ်ငွေ့များ မကြာမီ ပို့လွှတ်တော့မည် ဖြစ်သည်။ ယင်းမှရရှိသော ဓာတ်ငွေ့များဖြင့် အင်းစိန်ရွာ၊ အလုံ၊ လှော်ကား၊ သာကေတရှိ တာဘိုင်ဓာတ်အားပေးစက်ရုံ လေးလုံးမှ လျှပ်စစ်မီးတိုးမြှင့်ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “အခုလက်ရှိပေးနေတဲ့ ဂက်စ်ပိုက်လိုင်းက ပေါက်နေလို့ မီးအားက ပုံမှန်မပေးနိုင်တာ။ အခုပိုက်လိုင်းအသစ်နဲ့ပေးဖို့ကို စီစဉ်ပြီးသွားပြီး ဓာတ်ငွေ့လွှတ်ဖို့ပဲ ကျန်တော့တယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ ယခုနှစ်နွေရာသီတွင် လျှပ်စစ်မီးပေးမှု လျော့နည်းသွားရခြင်းမှာ ရေအားလျှပ်စစ်ဖြင့် ဓာတ်အားထုတ်လုပ်မှုသည် အပူရှိန်ကြောင့် ရေနည်းသွား၍ ဓာတ်အားပေးမှု နည်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းက ၂၄လက်မပိုက်လိုင်းကို မုတ္တမကမ်းလွန် ရတနာဓာတ်ငွေ့မြေမှ ဖျာပုံခရိုင် ဒေါ်ငြိမ်းကျေးရွာရှိ […]