ShwemannmayJune 11, 20101min592
မြို့မငြိမ်းနှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ဆောင်ရွက်လျက်ရှိသော မြို့မငြိမ်းပုံတူ ကြေးသွန်းရုပ်တုမှာ ယခုအခါမြေပုံကြမ်းအဆင့် ပြီးစီးသွားပြီဖြစ်ရာ အဆိုပါ အဆင့်ပြီးစီးပါက ဖယောင်းပုံကြမ်း အဆင့်ကြေးသွန်းခြင်း အဆင့်များကို ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရသည်။ ပြည့်ဝမြန်မာမှု ကြေးသွန်းလုပ်ငန်းမှ ဦးလှမြင့်က”တစ်ဆခွဲလောက် လုပ်ကြည့်တဲ့အခါမှာ ဆရာမြို့မငြိမ်း ရဲ့ဟန်နဲ့အချိုးအစားက သိပ်ပြီး မကိုက်ညီသလို ဖြစ်နေတာကြောင့် လူအချိုးအစားရဲ့နှစ်ဆ အမြင့်ငါးပေလောက်ရှိတဲ့ အချိုးကိုပြောင်းလုပ် လိုက်ရတယ်။ အရုပ်အရွယ်အစား ကြီးလာတာမို့ ကြေးချိန်လည်းများ လာမှာပဲ။ ဖယောင်းပုံတူ လုပ်ပြီးချိန်လောက်မှကြေးချိန်ကို ခန့်မှန်းနိုင်ပါမယ်”ဟု ပြောကြား ပါသည်။ ရုပ်တုသွန်းလုပ်ပြီးစီးချိန်ကို ကန့်သတ်ထားခြင်း မရှိသောကြောင့် မည်သည့်အချိန်တွင် ပြီးစီးနိုင်မည်ဟု မပြောနိုင်သော်လည်း လက်ရာမြောက်စွာပြုလုပ်ရန်သာ စီစဉ်ထားသောကြောင့် စိတ်တိုင်းကျသည် အထိ ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ရုပ်တုပြီးစီးပါက မန္တလေး မြို့မတူရိယာအသင်း၏ အသင်းခန်းမတွင် ထားရှိသွားမည်ဟု သိရှိရသည်။ […]


ShwemannmayJune 6, 20101min641
နိုင်ငံရေးပါတီအချို့ ပါတီဝက်ဘ်ဆိုက်များ လွှင့်တင်ရန် စီစဉ်နေကြောင်း စီစဉ်နေသူများ၏ ပြောကြားချက်အရ သိရပါသည်။ ”ပါတီ ဝက်ဘ်ဆိုက်ကို လွှင့် တင်ဖို့ အစီအစဉ်ရှိပါတယ်။ အကြမ်း ရေးသားထားပြီး ဖြစ်ပါတယ်။ လွှင့်တင်နိုင်ဖို့ မှတ်ပုံတင်ကြေး၊ အာမခံကြေးတို့အတွက် လုပ်နေပါတယ်။ လွှင့်တင်နိုင်ပြီဆိုရင် ကြေညာသွားပါမယ်”ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက ပြောကြားခဲ့သည်။ ”စာပေစိစစ်ကို မှတ်ပုံတင်ကြေး တစ်သိန်း၊ အာမခံကြေး ငါးသိန်း ပေးသွင်းပြီး နိုင်ငံရေးပါတီ ထုတ်ဝေခွင့်မှတ်ပုံတင် ခွင့်ပြုချက်ရပြီးရင်တော့ ဝက်ဘ်ဆိုက်ကို လွှင့်တင်သွား ပါမယ်”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ပြန်ကြားရေးမှူးဦးလှမြင့် က ပြောကြားခဲ့သည်။ တပ်မတော်အား ထိပါးပုတ်ခတ်သွေးခွဲမှု မပြုရခြင်း၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နှင့် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဆင့်ဆင့်၊ နိုင်ငံတော် အစိုးရတို့အား ဆန့်ကျင်ခြင်းမပြုရ […]


ShwemannmayJune 4, 20101min460
၂၀၀၉ ခုနှစ်မှစတင်ကာ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်မှု အရေအတွက် သိသာစွာ မြင့်တက်လာခဲ့သည်။ ဆင်ဆာကျပြီး ပရိသတ်ရှေ့ချပြရန်တန်း စီစောင့်ဆိုင်းနေသည့် မြန်မာရုပ်ရှင်ဇာတ်ကားများမှာ ယခုရုံတင်စနစ် နှင့်တွက်ပါက ၂၀၁၁ ခုနှစ်အထိ ရောက်ရှိနေပြီး လက်ရှိရိုက်ကူးနေသော ဇာတ်ကားများသည်၂၀၁၂ခုနှစ် အတွက် ရည်ရွယ်ရိုက်ကူး နေခြင်းဖြစ်ကြောင်း ရုပ်ရှင်လောကသားများနှင့် တာဝန်ရှိသူများထံမှ သိရှိရသည်။ ရုပ်ရှင်တစ်ကား ကုန်ကျစရိတ်၊ စောင့်ဆိုင်းရမည့် အချိန်နှင့် အကျိုးအမြတ် ယနေ့ခေတ် ရုပ်ရှင်ဇာတ်ကားတစ်ကား ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်သည် ကျပ်သိန်းထောင် ဂဏန်းဝန်းကျင်ရှိပြီး ရင်းနှီးထား သည့် ငွေကြေးပြန်လည်ရရှိရန် အချိန်တစ်နှစ်ကျော်ကြာ စောင့်ဆိုင်းရမည်ဟု သိရသည်။ ယင်းသို့ သိန်းတစ်ထောင်ဝန်းကျင်ကို တစ်နှစ်ကျော်ကြာ ရင်းနှီးမြှုပ်နှံထားသော်လည်း ပြန်လည်ရရှိမည့် အကျိုးအမြတ်ကိုမူ တွက်ဆရန် ခက်ခဲကြောင်း ရုပ်ရှင် လောကသားများက ဆိုပါသည်။ ”လက်ရှိရိုက်နေတဲ့ ရုပ်ရှင်ဇာတ်ကားသစ်က ၂၀၁၂ […]


ShwemannmayJune 3, 20101min621
အညာဒေသရှိ ကျေးရွာများတွင် ဂါလန်တစ်ထောင်ဆန့် မီးသတ်ကားများ ကိုကိုယ့်အားကိုယ်ကိုး ဝယ်ယူထားရှိလာကြောင်း သတင်းရရှိသည်။ “စိုင်ပြင်ကြီးကျေးရွာမှ ကျေးရွာလူထုက ၆၈ သိန်း၊ တ.ယ.က က သန်း ၃ဝ ပါဝင်ပြီး Good Brothers ထုတ် ဂါလန်တစ်ထောင်ဆံ့ မီးသတ်ယာဉ်ငယ်တွေကို ကိုယ့်အားကိုယ်ကိုးပြီး ဝယ်ယူလာပါတယ်။ လယ်တီ မေတ္တာလူမှုကူညီရေးအသင်းက ဦးစီးပြီး အလှူခံပြီး ကျေးရွာအရန် မီးသတ်တပ်ဖွဲ့ထံမှ လှူဒါန်းနိုင်ခဲ့ပါတယ်။ စိုင်ပြင်ကျေးရွာက စုပေါင်းလှူဒါန်းခဲ့တဲ့ မီးသတ်ကားနဲ့ ပါဆိုရင် နှစ်စီးရှိပါတယ်”ဟု စိုင်ပြင်ကြီးရွာ လယ်တီမေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးဇော်လွင်က ပြောသည်။ “ဘုတလင်နယ်၊ ဒီပဲယင်းမြို့နယ်၊ အရာတော်နယ်က ကျေးရွာတွေက မုံရွာ-ရေဦး လမ်းမပေါ်မှာရှိ တဲ့ စိုင်ပြင်ကြီးရွာမှာ ကုန်စည်ဖလှယ်တဲ့နေရာလို ဖြစ်နေပါတယ်။ ဧပြီလတုန်းက ဖယောင်းတိုင်မီးနဲ့ ဓာတ်ဆီထည့်ရာကနေ အမျိုးသမီးနှစ်ဦး မီး […]


ShwemannmayJune 3, 20101min591
မန္တလေးမြို့ရှိ လမ်းမီးတိုင်များကို ယခင်အသုံးပြုသော Sodium မီးလုံးများထက် လျှပ်စစ်ဝပ်အား ပိုမိုသက်သာစေသော LED မီးလုံးများဖြင့် ပြောင်းလဲတပ်ဆင်လျက်ရှိကြောင်း သတင်းရရှိပါသည်။ လက်ရှိတွင် မန္တလေးမြို့ကျုံးတောင်ဘက် လမ်း (၂၆လမ်း) ပေါ်ရှိ လမ်းမီးတိုင်များမှ မီးလုံးများကို လိုက်လံပြောင်းလဲလျက်ရှိနေပြီး နောက်ပိုင်းတွင် လူစည်ကားမန္တလေးမြို့ရှိ လမ်းမီးတိုင်များကို ယခင်အသုံးပြုသော Sodium မီးလုံးများထက် လျှပ်စစ်ဝပ်အား ပိုမိုသက်သာစေသော LED မီးလုံးမျ်ိ်ိ်ားဖြင့် ပြောင်းလဲတပ်ဆင်လျက်ရှိကြောင်း သမမန္တလေးမြို့ရှိ လမ်းမီးတိုင်များကို ယခင်အသုံးပြုသော Sodium မီးလုံးများထက် လျှပ်စစ်ဝပ်အား ပိုမိုသက်သာစေသော LED မီးလုံးများဖြင့် ပြောင်းလဲတပ်ဆင်လျက်ရှိကြောင်း သတင်းရရှိပါသည်။ လက်ရှိတွင် မန္တလေးမြို့ကျုံးတောင်ဘက် လမ်း (၂၆လမ်း) ပေါ်ရှိ လမ်းမီးတိုင်များမှ မီးလုံးများကို လိုက်လံပြောင်းလဲလျက်ရှိနေပြီး နောက်ပိုင်းတွင် လူစည်ကားရာလမ်းများမှစတင်၍ တစ်မြို့လုံးအတိုင်းအတာအထိ ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ “အရင်ကအသုံးပြုတဲ့ […]


ShwemannmayJune 2, 20101min792
သို ့ကိုအက်ဒမင်ေ၇ ပို ့စ်တွေက တင်ကြတာ စာလုံးဘိုးအေလောက်ကြီးတွေနဲ ့ ဖတ်ရတာခေါင်းစဉ်နဲ ့တင် စာမျက်နှာကြီးကို ပြည့်သွားတာမို ့ အဲဒါလေးသတိပြုမိအောင် လက်တို ့လိုက်တာပါ ရွှေမန်းမေ


ShwemannmayJune 1, 20101min613
လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စဝင်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။ တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် “ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ” ဟု စဉ်းစားမိသည်။ တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။ လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်က ို မေးချင်သော်လည်း […]


ShwemannmayMay 28, 20101min550
တစ်နှစ်တစ်ခါဆိုသလို Lau Minh Pao ပာာ ဒီနေရာလေးမှာ သူ ့ချစ်သူပောာင်းနဲ ့ဆုံနေကြဖြစ်တယ် ။ ချစ်သူပောာင်းနဲ ့ဆို လို ဖောက်ပြန်နေတယ်လို ့ သူတို ့ချစ်သူနှစ်ဦးရ ဲ ့ တွေ ့ဆုံခြင်းမှာ ဆန် ကျင်ဘက်လိင်တွေကြားမှာဖြစ်ကြတဲ ့ လိင်ကိစ္စမျိူ းမပာုတ်ပါဘူး။မိတ်ဆွေနဲ ့ နှစ်ယောက်သား တောင်တောင်အီအီ ရောက်တတ်ရာရာ စကားလက်ဆုံကျကြတာမျိူးပါ ။ ရှေးပောာင်းနှောင်းဖြစ်တွေ ပြန်ပြီးပြောဖြစ်ကြတာမျိူးပါ။  ဒါပာာ ဗီယက်နမ်မြောက်ပိုင်း က လူမျိူးစုတွေရဲ  ့ထူးဆန်းတဲ့ စိတ်ဝင်စားဖွယ်ရာ ဓလေ့တစ်ခုပါ။ “ အတိတ်တုန်းကဒို ့တွေသိပ်ချစ်ခဲ့ကြတာပေါ့။ ဒါပေမယ့် ဒို ့တွေ လက်မထပ်ဖြစ်ခဲ ့ကြဘူး “ လို ့ ပို က ပာာဂျန်းပြည်နယ် […]


ShwemannmayMay 25, 20101min390
ဆရာဝန်နဲ့ သူ ့လူနာ (၁) ‘’ခင်ဗျားရဲ့ ချောင်းဆိုးသံကို ကျွန်တော်မကြ ိုက်ချင်ဘူး။ ကျွန်တော်တစ်ခြားလို မဆိုးတတ်ဘူး ဒေါက်တာရယ်။’’ (၂) ‘’ဒေါက်တာ ကျွန်တော့်ရောဂါပာာ ဒီလောက်တောင်ပဲ မျှော့်လင့်ချက်နည်းရသလား။” “မျှော့်လင့်ချက်နည်းတဲ့လို့ ကျွန်တော်မပြောဘူး။ ခင်ဗျား ရောဂါကို ပျောက်အောင်ကုနိုင်ရင် ကျွန်တော် ကမာ္ဘကျော်မယ်လို့ပဲ ပြောတာပါ။” (၃) ဒေါက်တာ ကူပါအုံး။ ကျွန်တော့်မိန်းမ စိတ်ဖောက်ပြန်သွားပြီ ထင်တယ်။ ‘ဘာဖြစ်လို့လဲ။’ ကျွန်တော့်တို့ အိမ်ခန်းထဲမှာ မြင်းဖြုတွေ ပြေးနေတာ ၁ဝ ရက်လောက်ရှိပြီ။ ဒင်း… တစ်ကောင်မှ မမြင်ဘူးတဲ့။ (၄) သူ့ဒုက္ခနဲ့ သူ အိမ်အကူမ နှစ်ယောက်ဆုံကြသည်။ တစ်ယောက်က အသက်ကြီးကြီး။ နောက်တစ်ယောက်က ခပ်ငယ်ငယ်။ အသက်ကြီးသူက ပြောသည်။ ‘ငါတော့ အေ။ အားလုံးကိုငြီးငွေ ့လှပြီ။’ […]


ShwemannmayMay 25, 20101min1218
သွေးအမျိုးအစားအလိုက် လူတွေရဲ့ စရိုက်က ဘယ်လိုရှိသလဲဆိုတာ ဖတ်ကြည့်ပါဦး။ မှန်မမှန်တော့ ကိုယ့်ဘာသာကိုယ်သာ ဆုံးဖြတ်ကြပါလို့။ A သွေး စေ့စပ်သေချာသူတွေပါတဲ့။ အရာရာကို စနစ်တကျ၊ သပ်သပ်ရပ်ရပ် လုပ်ကိုင်လိုပြီး လူကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာကြပါတယ်တဲ့။ လူမှုရေး စည်းကမ်းတွေ၊ လူ့ဘောင်အသိုက်အဝန်းတွေကို အလွန်ဂရုစိုက်တတ်ကြသူတွေတဲ့ ။ လွယ်လွယ်ကူကူ ဥပမာပေးရရင်တော့ အေသွေးပိုင်ရှင်တွေက စာမေးပွဲရှိပြီဆိုတာနဲ့ စာကျက်ဖို့ ပြင်လိမ့်မယ်။ သူတို့ရဲ့ ဖတ်စာအုပ်တွေမှာ စာရှင်းပြတာကို မှတ်ထားတာကလွဲပြီး တခြားဘာအရာမှ တွေ့ရမှာမဟုတ်ဘူး။ နောက်ပြီး ဆရာဆူမှာတို့၊ ကျောင်းနောက်ကျမှာတို့ကို တော်တော်စိုးရိမ်တတ်ကြတဲ့ လူတွေပေါ့။ သမားရိုးကျဆန်ပြီးတော့ စာမှန်မှန်ကျက်တဲ့လူတွေ၊ အလုပ်အကြွေးမထားတဲ့လူတွေ၊ စိတ်လွတ်ကိုယ်လွတ် မနေတတ်တဲ့လူတွေတွေ့ရင် အေသွေး လို့သာ မှန်းလိုက်တော့။ ဂျပန်လူမျိုးတွေရဲ့ ၈၀% ဟာ အေသွေးပိုင်ရှင်တွေပါတဲ့။ B သွေး အေသွေးနဲ့ […]


ShwemannmayMay 24, 20101min720
သူငယ်ချင်းတစ်ယောက်ဆီက ရတဲ့လင့်ခ် လေးပါ။ နာဂစ်ပြီးတဲ့နောက်ပိုင်းမှာ မိုးလေဝသသတင်းပာာ လူတိုင်းစိတ်ဝင်စားလာကြတာ အမှန်ပါပဲ။ စိတ်ဝင်စားရကောင်းမှန်းသိလာကြတယ်ဆိုရင်ပိုမှန်ပါမယ် ။ ခုနောက်ပိုင်းမှာ အပူချိန်လွန်ကဲလာတာ ၊ ရေတွင်းရေကန်တွေခန်းခြောက်လာတာ က အစ လိုင်လာမုန်တိုင်းအကြောင်းအဆုံး လူတွေစိတ်ဝင်တစားနားထောင်ကြပါတယ်။ ရွှေမန်းမေဆိုလည်း တစ်နေ ့တစ်နေ ့ပြဒါးတိုင်ကြည့်ပြီး အပူချိန်ကြည့်ရတာလည်း အလုပ်တစ်ခုကိုဖြစ်လို ့ပါ။ ခုတော့လည်း မိုးတွေရွာပြီး အပူအတော်ကြီးလျော ့လို ့ လူတွေ သက်သာရာရကြပါတယ်။ မနေ ့ကလည်း ညနေပိုင်းမိုးတွေရွာလို ့။ အခုလည်း အပြင်မှာမိုးတွေရွာလို ့ပါ။ လိုင်လာမုန်တိုင်းကြောင့်လား ၊ ငရ ံ့မင်းပူဇော်ကြလို ့ပဲလား ၊ လွန်ဆွဲလို ့ပဲလားတော့မသိ မိုးရွာတာကတော့ အမှန်ပါပဲ။ ငရ ံ့မင်းလည်း မန္တလေးမြို ့ကို ဘယ်နှစ်ပတ်လောက်ရှိပြီလဲတောင်မသိလောက်တော့ပါဘူး။ ပာိုရပ်ကွက်က ပင့်လိုက် […]


ShwemannmayMay 24, 20101min650
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာရှိ ဆုတောင်းပြည့် စေတီတော်သည် မေလ ၁၆ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်အပါအဝင် ဖောင်းရစ်အပေါ်ပိုင်း ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ တောင်ပြုံးပွဲတော်မတိုင်မီ အပြီးပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “ဆုတောင်းပြည့်ဘုရား ဂေါပက အဖွဲ့နဲ့ သက်ဆိုင်ရာတို့ ပူးပေါင်းပြီး ဘုရားကို ပြုပြင်တည်ဆောက်သွားမှာပါ။ပြုပြင်တဲ့နေရာမှ ဘုရားဘဏ္ဍာငွေနဲ့ အဓိကပြုပြင်တည်ဆောက်သွားမှာဖြစ်ပြီး လှူဒါန်းလိုသူတွေရှိရင်လည်း အလှူငွေလက်ခံပေးသွား မှာပါ”ဟု ဆုတောင်းပြည့်ဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။ “ဘုရားကို ရွှေသင်္ကန်းကပ်လှူဖို့ အပေါ်ပိုင်းပတ်ပတ်လည်မှာ ငြမ်းစဉ်ထိုးပြီးဖျာတွေနဲ့ အုပ်ထားပါတယ်။ ဒါ့ကြောင့် လေတိုက်လိုက်တဲ့အခါ လေကာပုံစံမျိုးဖြစ်သွားတယ်။ လေကအရမ်းပြင်းတော့ ပြိုကျသွားတာပေါ့။ ဘုရားပြိုတာကိုလည်း လေငြိမ် သွားမှသိကြရတာ”ဟု ရွှေသင်္ကန်း ကပ်လှူခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူတစ်ဦးက ပြောသည်။ လေပြင်းတိုက်ခတ်မှုသည် မေ လ ၁၆ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က စတင်ခဲ့ခြင်းဖြစ်ပြီး […]