ShwemannmayMay 11, 20101min582
ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ပေးနေပြီဆိုတာကို ဒီလပိုင်းတွေမှာကြားနေကြရတာကြာပါပြီ။ ကျောင်းဖွင့်ချိန်နီးလာတာနဲ ့အမျှ အမျိုးမျိူးသောသတင်းတွေလည်းပေါ်ထွက်လာပါတယ်။ သိန်း ၃ဝ အထိ ဈေးပေါက်နေပြီလို ့ ဂျာနယ်တစ်ခုမှာဖတ်လိုက်ရပါတယ်။ ပညာရေးသည်လူတိုင်းအတွက်ဆိုတဲ့ဆောင်ပုဒ်အတိုင်း ပညာရေးပာာမြန်မာပြည်သူပြည်သားတိုင်းအတွက် သက်သာလွယ်ကူသော ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော အရာဖြစ်သင့်ပါတယ်။ ဈေးပိုပေးတိုင်းပိုပြီးကောင်းမွန်တဲ ့ပညာရေးမျိူးရနိုင်မယ်လို ့မျှော်မှန်းလို ့မရနိုင်ပေတဲ ့ ငွေပေးပြီးရယူတယ်ဆိုကတည်းက ဝန်ဆောင်မှူကိုမကြိုက်ရင် မကျေနပ်ရင် ပြောရေးဆိုခွင့်ရှိလာတာအမှန်ပါ။ ပညာရေးဝန်ဆောင်မှူကို ဝယ်ယူသူဖြစ်လာတဲ့အတွက် ကိုယ်လိုချင်တဲ ့ပုံစံ ၊ ကိုယ်မကြိုက်တဲ ့ပုံစံတွေကို ပွင့်လင်းစွာ ဝေဖန်ပြောဆို ခွင့် တောင်းဆိုခွင့်ရှိလာပါပြီ။ ရှိတဲ့အတိုင်းလည်း ပြောရဲဆိုရဲ တောင်းရဲ ဝေဖန်ရဲ ဖြစ်လာကြပါပြီ။ မိဘဆိုတာတော့ သားသမီးကို အကောင်းဆုံးဆိုတာတွေကိုပေးဆပ်ဖို ့စေတနာရှိကြတာပါပဲ။ ကြိုးစားအားထုတ်ကြတာပါပဲ။ မိမိတတ်နိုင်တဲ့ ဘောင်၊ ပမာဏအတွင်းကနေပြီး မိမိတို ့သားသမီးများကို အကောင်းဆုံးသော ပညာရေးကို သင်ကြားစေလို […]


ShwemannmayMay 11, 20101min876
အန္တရာယ်ကြီးလာသည့် မြန်မာဗီဒီယို ရုပ်ရှင် မြန်မာ ရုပ်ရှင်ကား တွေဟာ 18+ တွေချည်းပဲ ဖြစ်ကုန်ပြီ” ဟု မိတ်ဆွေ တယောက်က ပြောဖူးသည်။ အစကတော့ သိပ်နားမလည် လက်မခံနိုင်ခဲ့။ သို့သော် အခုတော့ ကောင်းကောင်းကြီး နားလည်သွားပါပြီ။ ကျနော့် ဆွေမျိုးတွေ အလှူတခုရှိသဖြင့် ညအိပ်သွားကူပေးခဲ့စဉ်က ညဘက် မြန်မာ ဗီဒီယို ဇာတ်ကားများ ငှားပြီး ကြည့်ကြသည်။ အတူ ထိုင်ကြည့်နေကြသူတွေက ကျနော်တို့ ညီအစ်ကို ၂ ယောက်၊ ကျတော့်အစ်မများ အဒေါ်များနှင့် ကျနော့် တူ၊ တူမလေးများ လည်း ပါနေသည်။ ကျနော့် သဘောအရတော့ တူ၊ တူမလေးများကို “မကြည့်နဲ့ သွားအိပ်တော့” ဟု ပိတ်ပင်ချင်သည်။ သို့မဟုတ်လည်း “ကလေးတွေ ကြည့်လို့ရတဲ့ တခြားကား […]


ShwemannmayMay 10, 20101min511
မြန်မာနိုင်ငံနေရာအနှံ့ အပူချိန်လွန်ကဲမှုဒဏ် ခံစားနေရကာ မြို့ပြများတွင် လျှပ်စစ်မီးလာချိန်မမှန်သည့်အတွက် သောက်သုံးရေ အခက်အခဲ တွေ့နေရကြောင်း သိရသည်။ “မီးမမှန်တော့ ရေလည်းပျက်တာပေ့ါ။ ရေတွင်းကလည်း ပူတော့ခမ်းကုန်တယ်လေ။ အဲ့ဒီတော့ ဝယ်သုံးရတယ်။ ရေက တစည်ကို ကျပ် ၆၀ဝ ပေးရတယ်။ တချို့ကျတော့လည်း ရှိတဲ့အိမ်မှာ သွားချိုးကြရတာပေါ့”ဟု ရန်ကုန်တိုင်း သန်လျင်မြို့တွင် နေထို်င်သူတဦး က ပြောသည မန္တလေးမြို့ခံတဦးကလည်း“ရေက ည ၁၁ နာရီဆို ပုံမှန်လွှတ်ပေးနေကျ အဲ့ဒါကို မမှန်တော့ဘူး။ အခု တော်တော်ဆိုးတယ်။ တကယ်လို့ လာပြီဆိုရင် မော်တာ ရှိတဲ့သူကလည်း မော်တာနဲ့မောင်းဖြည့်ပေ့ါ။ မရှိတဲ့သူ ကျတော့လည်း ခပ်ထည့်ကြပေါ့။ အဲ့ဒီအချိန်မှာ မီးပျက်သွားတယ်ဆိုရင် နောက်နေ့အတွက် သုံးစရာ ရေမရှိဘူး။ မီးမပျက်ပါစေနဲ့ ဆုတောင်းရတာပေါ့”ဟု ဆိုသည်။ မန္တလေးမြို့ကျုံးမြောက်ပြင်ရှိ လမ်းထောင့်များတွင် […]


ShwemannmayMay 10, 20101min410
ရက်စွဲ ။ ။ ၂၀၁ဝ ခုနှစ် ဧပြီလ ၅ ရက် ၁။မြန်မာနိုင်ငံ ဂျပန်ပညာသင်ဟောင်းများအသင်း (MAJA)မှတဆင့် ဂျပန်နိုင်ငံသို့ ပညာတော်သင်စေလွှတ်မည့် သုတေသနပညာသင်ဆုအတွက် အသင်းသားများနှင့် နီးစပ်ရာသင့်တော်သူများ ရှိပါက ဤရုံးသို့ ဆက်သွယ်၍ လျှောက်ထားနိုင်စေရန် အကြောင်းကြားအပ်ပါသည်။ လျှောက်ထားသူများမှာ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်သည်။ (က)၂၀၁ဝ ခုနှစ် ဧပြီလ (၁ )ရက်နေ့တွင် အသက် (၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရပါမည်။ (ခ)ဘွဲ့(မည်သည့်ဘွဲ့မဆို) ရရှိသူဖြစ်ရပါမည်။ဘွဲ့လွန်ရရြှိ ပီးသူများအား ဦးစားပေးမည်။ (ဂ)မိမိသင်ကြားသော အဓိကဘာသာရပ်တွင် ပညာသင်နှစ် အနည်းဆုံး (၁၆) နှစ် ရှိရပါမည်။ (ဃ)ပထမနှစ်မှ နောက်ဆုံးနှစ်အထိ အမှတ်စာရင်း တင်ပြနိုင်သူဖြစ်ရပါမည်။ (င)သုတေသနခေါင်းစဉ် နှင့် အသေးစိတ်အကျယ်တဝင့် တင်ပြနိုင်သူ ဖြစ်ရမည်။ ၂။အထက်ပါအကြောင်းအရာ အချက်အလက်များနှင့် […]


ShwemannmayMay 6, 20101min20012
Time to Time journal မှာဖေါ်ပြထားတာပါ။ Facebook အသုံးပြုသူများအနေဖြင့် တစ်လ တစ်သိန်း ရရှိနိုင်သော အခွင့်အရေး ABC Computer Center သည် Facebookု အသုံးပြုသူများ အတွက် တစ်လတစ်သိန်း ရရှိနိုင် သော အစီအစဉ်တစ်ရပ်ကို စမ်း သပ်စတင်နေကြောင်း သိရသည်။ အဆိုပါ အစီအစဉ်တွင် ပါ ဝင်လိုသူများအတွက် Facebook ၌ Friend အရေအတွက် ၁၅၀ဝ ရှိနေရန်လိုအပ်ပြီး Profile Photo တွင် လုပ်ငန်းကြော်ငြာ ထည့်သွင…်းခွင့်ပြုရမည်ဟု သိရ သည်။ စမ်းသပ်ဆဲကာလ၏ ပထမ အဆင့်အနေဖြင့် လူ ၅ ဦး ရွေး ချယ်သွားမည်ဖြစ်ပြီး တစ်လလျှင် တစ်သောင်းကျပ် ထုတ်ပေးသွား မည်ဖြစ်ကာ မကြာမီကာလများ […]


ShwemannmayMay 6, 20101min1306
သိပ်မကြာသေးတဲ့ကာလအတွင်းတုန်းက ရန်ကုန်မြို  ့က အထူးကုဆေးခန်းကြီးတစ်ခု ရဲ  ့  ကျန်းမာရေးဝန်ဆောင်မှူ နဲ ့ပက်သတ်ပြီး ဂျာနယ်တွေ ဘလော့ဂ်တွေ အင်တာနက်စာမျက်နှာတွေမှာ ဝေဖန်သံတွေ ၊အကြံပြုသံတွေနဲ ့ဆူညံခဲ့ဘူးတာ မှတ်မိကြဦးမှာပါ။ အဲဒီနောက်ပိုင်းမှာတော့  အစိုးရဆေးရုံကြီးတွေမှာရော ပုဂ္ဂလိကဆေးရုံ ၊ ဆေးခန်းတွေမှာပါ ဆရာဝန်လေးများ ၊အထူးကုဆရာဝန်ကြီးများ အပါအဝင် ကျန်းမာရေးဝန်တမ်းများ အားလုံးဘက်က ဆက်ဆံရေးကအစ ကုသမှူအဆုံး တတ်နိုင်သမျှ အမှားအယွင်းကင်းအောင် အထူးသတိထားလာကြတာကိုတွေ ့လာရပါတယ်။ ဒီနောက်ပိုင်းမှာတော့ ထုံးစံအတိုင်း အားလုံးပြန်လည်ငြိမ်သက်အေးဆေးသွားခဲ့ပါတယ် ။ မနေ ့ကသူငယ်ချင်းက အထူးကုဆရာဝန်ကြီးတစ်ယောက်နဲ ့သွားပြတာမှာ အဖော်လိုက်သွားတော့မှ CF ကြေးက ၄၅၀ဝ ဖြစ်သွားတာကိုတွေ ့ရပါတယ်။ အရင်ကကိုယ်သိထားတာ ၄၀၀ဝ ပါ။  သူငယ်ချင်းကိုမေးကြည့်တော့  အရင်လကတည်းကတက်သွားတာလို ့ပြောပါတယ်။  စိတ်ထဲမှာ CF ကြေး […]