ကမ္ဘာဦးအစ…အဲ…ရွာဦးအစတုန်းကနဲ့…မတူတော့သော…ကျွန်ုပ်တို့၏ရွာကြီးသည်…တည် ထောင်ဦးစီးသူတို့၏ကျေးဇူးကြောင့်…အမှန်ပင်စည်ပင်ဝပြောလာကာ…တိုးတက်ဖွံ့ထွားလာခဲ့ပြီပေါ့..။ ဟိုအရင်…ရွာထဲမဝင်ခင်…ရွာအကြောင်းကိုလေ့လာမိစဉ်ကလည်း…စိုပြေလန်းဆန်းစွာဖြင့်…. ဖျတ်လတ်တက်ကြွနေသော..ရွာသားတို့၏..ဓလေ့စရိုက်တို့မှာ….လွန်စွာမှပင် အားရနှစ်သက်စရာ ကောင်းခဲ့ရပြီးသကာလ…ရွာသားတစ်ယောက်အဖြစ်…အသင်းဝင်ခွင့်ရပြန်တော့…. ကိုယ်တိုင်ပင်ဂုဏ်ယူမဆုံး..ဖြစ်ရပြန်သည်ပဲ…။ အခုလား….?…။ ဟင့်အင်း….။ မတွေ့မိပါဘူး…။ ရွာထဲမှာ..စိတ်ရှုပ်စရာတွေ.. ပူပင်စရာတွေ တွေ့နေရတယ်လို့…မထင်မိပါဘူး…။ အော်….ရွာဆူတာလား…။ ရှိပါတယ်…။ ရှိမှာပေါ့…။ ရွာဆိုမှ တာ့..ဆူတတ်တာက..သဘာဝပဲလေ…နော့ဗျာ..။ ဒါကလည်းဗျာ…တစ်ရွာလုံးမှာဆူနေတာမဟုတ်ပါဘူး..။ မမြင်သာပေမယ်..ထင်သာတဲ့နေရာ လေးတစ်တစ်ခုလောက်မှာသာ..ကွက်ပြီးဆူနေတာပါ…။ ရွာပိုင်သူကြီးခင်ဗျား…လွတ်လပ်စွာဆူခွင့်ရှိပါ စေ..။ (ဒါက…ချွင်းချက်အနေနဲ့တောင်းဆိုမှုပါ..) ဘာ့ကြောင့်လဲဆိုတော့…လွတ်လပ်တဲ့ဆူညံမှုဆိုတာမရှိရင်..တိုးတက်မှုဆိုတာမျိုးက နှေးကွေး တတ်တယ်လို့ ထင်မိလို့ပါ…။ ခုလည်းကြည့်လေ..။ တစ်ထောင့်တစ်နေရာက..ဆူညံနေမှုကိုကြည့်ရင် ရည်ရွယ်ချက်အားလုံးဟာ…အကောင်းဘက်ကိုချည်းဦးတည်ပြီး…ဆူနေကြတာမဟုတ်လား..။ ဒါမျိုးက ရွာထဲမှာတင်မကပါဘူး..။ ရင်းနှီးလွန်းတဲ့ မိသားစုဆွေမျိုးအဝန်းအဝိုင်းအတွင်းမှာတောင်..ဆူတတ်ကြ တာပဲလေ..။ ဆူပါစေ…. အဲ….အဲ့ဒီကမှ…တစ်ချို့တွေကျတော့လည်း..မင်းတို့ဆူညံမှုက…အကြံအဖန်ကွ..။ ငါတို့ဆူညံ မှုကမှ..အမှန်အကန်ကွ..ဆိုပြီး..ဖြစ်နေရင်တော့….ဒါဟာ…တစ်ဦးချင်းစီနဲ့ဆိုင်တဲ့…ပုဂ္ဂလ..ဆူညံမှုလို့သာ ပြောရမှာပါ..။ ဒါဆိုရင်တော့….ဆူညံမှုဆိုတဲ့အဆင့်ထက်ကျော်လွန်တဲ့…ရမ်းကားတဲ့အမှုလို့..ဆုံး ဖြတ်ရမှာပါပဲ…။ ရှိနေမှာပါ…။ သူကြီးနဲ့ရွာသူရွာသားအပေါင်းတို့ရေ….ဘယ်သူမှလည်းတားလို့တတ်နိုင်မယ်မ ထင်ပါဘူး..(အထင်ကိုပြောတာနော်)..။ မြင်တာပြောရရင်လည်း…တားလည်းမတားသင့်ပါဘူး..။ ဒါက.. ရွာတစ်တရွာတည်ပြီဆိုရင်..မရှိမဖြစ်လို့ပြောရမလိုကိုပဲ…လိုအပ်တာမျိုးမဟုတ်လား…။ သို့သော်… မိမိလေ့လာသင်ယူမိသလောက်မှာ…တွေးခေါ်မျှော်ဆပြီး…ကျင့်ကြံနေထိုင်ပြောဆိုခြင်းနဲ့ထပ်တူ အခြေအနေတစ်ခုကို တင်ပြတဲ့အခါမှာတော့…ရိုးသားသူမဖြစ်နိုင်သေးရင်တောင်မှ…အတတ်နိုင် ဆုံး ရိုးသားမယ်ဟေ့…ဆိုတဲ့ […]


သစ္စာနဲ့ယှဉ်သော မေတ္တာသက်ဝင်သော လူနဲ့လူတို့ပေါင်းသင်ခြင်းမှာ ရောင်းရင်းမိတ်ဆွေတို့ရေ လူစော်နံ လူနံ့သင်းလို့ ပျံ့ထုံးမွေးခြင်းဖြင့် အလျဉ်းရှိနိုင်ကြပါစေကြောင်း…။


လူရယ်လို့ဖြစ်လာခဲ့ပြီး…သိတတ်စအရွယ်ရောက်လာတာနဲ့..လူတွေဟာမိမိကြံစည်တွေးခေါ်မှု၊ ပြောဆိုပြုမူနေထိုင်မှုအလိုက်၊ အရောင်တွေထွက်ပေါ်တတ်တာပါပဲ…။ ဒီနေရာမှာ..အရောင်ဆိုတာ..တတ်ထားတဲ့ပညာ၊ သိထားတဲ့အသိ၊ လေ့လာထားတဲ့ ဗဟုသုတ..စတာတွေကို..လုံးဝဆိုလိုတာမဟုတ်ပါဘူး…။ မိမိရဲ့ပြောဆိုချက်၊ ပြုလုပ်ချက်၊ နေထိုင်ချက်တွေကိုသာ ရည်ညွှန်းတာပါ..။ အဲဒီအရောင်ဆိုတဲ့.. ကြံစည်ချက်၊ ပြောဆိုချက်၊ ပြုမူနေထိုင်ချက်တွေဟာ..လူမဟုတ်ပါဘူး…။ ဘာ့ကြောင့်လဲဆိုတော့..လူဆိုတာ..အပြောင်းအလဲလုပ်လို့ရတဲ့အရာမဟုတ်ပါဘူး..။ မွေးမှ သည်..သေသည်အထိ၊ သဘာဝအတိုင်းသာရှင်သန်နေတာပါ.။ဒါပေမယ့်လည်း..ကျမ်းမာရေး မကောင်းလျှင်တော့..ဆေးကုသရမှာပါ။ ဆာလာရင်လည်းစားပေးရမှာပါ..။ ဝတ်စရာရှိရင်လည်း ဝတ်ပေးရမှာ။ သို့သော်…ထိုလူသားကိုအမှီပြုပြီးနေစဉ်ဖြစ်တည်နေတဲ့ ထိုသူ့ရဲ့စိတ်နေစိတ်ထားနဲ့..ပြောဆိုပြုမူနေထိုင်ချက်တွေကတော့..ထိုသူထံမှာ မူလကတည်းကရှိနေတဲ့..အရောင်မဟုတ်တဲ့အတွက်..ကိုယ့်ရဲ့ဉာဏ်စွမ်းရှိသမျှနဲ့..ပြောင်းလဲ လို့တော့ရပါတယ်..။ ရေဟာ..သဘာဝအရ..သန့်ရှင်းကြည်လင်ပေမယ့်..ဆိုးလိုက်မိတဲ့အ ရောင်အတိုင်းလိုက်ပြီး..ပြောင်းလဲတတ်တဲ့သဘောကိုကြည့်ရင်..သိနိုင်မှာပါ..။ ဆိုရရင်…လူတစ်ယောက်မှာ..အိပ်ယာကနိုးထတာနဲ့ထပ်တူ..အရောင်တွေက တပါတည်းတွဲပါလာတတ်ပါတယ်.။ အဲဒီအရောင်ကိုသာ လူတွေ(ရွာသားရွာသူ)ကသာ သတိမထား မိကြတာပါ..။ သို့သော်လည်းပဲ..ရူးသွပ်သူမဟုတ်သရွေ့..ဉာဏ်ရှိစွာနဲ့ကြည့်တတ်ရင်တော့ သိမြင်ကြမှာပါပဲ..။ ဥပမာဆိုရရင်တော့..လူတစ်ယောက်ဟာ…စိတ်ထားဖြူစင်စွာနဲ့..အပြောအဆို၊ အပြု အမူ(ရေးသားမှု)၊ နေထိုင်ရှင်သန်နေထိုင်ရင်း..မိမိနဲ့ပတ်သက်သမျှပတ်ဝန်းကျင်တိုင်းကို ဆက် ဆံပြီး..ဘဝကိုဖြတ်သန်းပြီး..သူ့ရဲ့ရပ်တည်ချက်ဖြစ်တဲ့အရောင်တွေကိုဆိုးလိုက်တယ်ဆိုပါစို့..။ အဲ့ဒီအရောင်ကြောင့်..သူ့ပါတ်ဝန်းကျင်ရဲ့ ရောင်ပြန်ဟတ်မှုကိုကြည့်မယ်ဆိုရင်… “ ဟော..ရွာသား..ကိုအဝှာပါလား…လာဗျို့..။ မျှော်နေတာဗျ..။ ကျမ်းမာရဲ့လား..။ မတွေ့တာကြာပြီနော်.။ အတွေ့အကြုံကောင်းလေးတွေရှိရင်လည်း..ပြောအုံးနော..။ ခင်ဗျားနဲ့ ဆုံရတာကိုက..ဗဟုသုတတွေရသလို..အကျိုးကောင်းရှိသဗျာ..။ ခင်ဗျားရဲ့စကားသံကိုက ကျက်သရေရှိလိုက်တာဗျို့..။ […]


ဘဝတွေဆက်ကာဆက်ကာ ဖြစ်နေတဲ့အခြေအနေမျိုးကို သံသရာတွေလည်နေတာလို့ပြောခဲ့၊ ဟောခဲ့တာတွေကို ကြားဖူးခဲ့ပါတယ်။  ကိုယ်တိုင်က သံသရာဆိုတာကိုလည်း လူဖြစ်ခြင်းနဲ့လည်လိုက်၊ ခွေးဖြစ်ခြင်းနဲ့လည်လိုက်၊ နတ်ဖြစ်ခြင်းနဲ့ လည်လိုက် သရဲ၊ ပြိတ္တာဖြစ်ခြင်းနဲ့လည်လိုက်၊ တိရစ္ဆာန်ဖြစ်ခြင်းနဲ့လည်လိုက် စတဲ့အဖြစ်ပုံစံမျိုးနဲ့ သံသရာကို လည်နေခဲ့တာလို့ သိထားခဲ့တယ်လေ။ ဒါပေမယ့်မျှော်လင့်မထားပဲ  စာအုပ်တစ်အုပ်မှာပါတဲ့ မေးခွန်းလိုလို စာစုတစ်ခုက ရင်ကိုလှုပ်ခတ်သွားစေခဲ့တယ်ဗျာ။ အဲ့ဒီမေးခွန်းက “လူက သံသရာမှာလည်နေတာလား။ သံသရာကလူမှာလည်နေ တာလား”တဲ့။ အဲ့ဒီမှာ စဉ်းစားစရာရှိတာက လူဟာသံသရာမှာလိုက်လည်နေတာဆိုရင်တော့ နဂိုကနားလည်ထားတဲ့အတိုင်းမို့ ပြသနာ မရှိပေမယ့် (လက်ရှိဆိုတဲ့) လူအပေါ်မှာသံသရာလည်နေတာဆိုရင်တော့ သံသရာဖြစ်စေဖို့အတွက် ဘဝတွေဖြစ်နေတာကို သိဖို့လိုအပ်တယ်လေ။ ဟုတ်တယ်မလား။ အဲ့ဒီလိုအတွေးလေးဝင်လာလို့ စဉ်းစားနေရင်းနဲ့မှပဲ စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးခဲ့တာလေးကို သွားပြန်ပြီးသတိရတယ်။ “တစ်ခါတုန်းက…တဲ့။ ရသေ့ကြီးတစ်ပါး တောထဲမှာတရားအားထုတ်နေတုန်း တောလိုက်မုဆိုးတစ်ယောက်ဟာ ရသေ့ကြီး တရားအားထုတ်တဲ့နေရာကိုရောက်လာသတဲ့။ မုဆိုးကြီးလည်း ရသေ့ကြီးကိုမြင်လိုက်တော့ ကြုံတောင့်ကြုံခဲမြင်ဘူးတာနဲ့ ပဲ ကြည်ညိုတဲ့စိတ်တွေဖြစ်သွားသတဲ့။ […]