အကိုအမ များ သူငယ်ချင်းများခင်ဗျား ဒီလင့်ကိုလုံးဝအသုံးမပြုကြပါနဲ့ခင်ဗျာ။အထူးသဖြင့်ကိုယ့်ရဲ့ e-mail account နဲ့ login မလုပ်မဖို့အရေးကြီးပါတယ်။ it technician ညီလေးတယောက်သတိပေးတာပါ။ဒီလင့်ကိုသုံးမိရင် ကိုယ်မသိပဲကိုယ့်ရဲ့ password ကိုခိုးယူပြီး အခြားသူတွေဆီကိုမေးလ်တွေအလိုလိုပို့တတ်ပါတယ်။ နောက်ပြီးကိုယ့်ရဲ့အချက်အလက်တွေကိုလည်းခိုးယူတတ်ပါတယ်။ စုံစမ်းလို့ရသလောက်ဆိုရင် နအဖ ဘက်က အစီစဉ်တကျ လုပ်ဆောင်နေတယ်လို့ယူဆရပါတယ်။ လက်လှမ်းမီသလောက်လည်းဖြန့်ဝေပေးကြပါ။ဝင်လာတဲ့မေးလ်တွေကိုလည်းသေချာစိစစ်ပြီးမှ အကြောင်းပြန်တာမျိုးလက်ခံတာမျိုးလုပ်သင့်ပါတယ်။  – http://gtalkbomber.mail2customer.com !!  Dangerous site… who know they steal your password and get mail from inbox.. to look for something that government wants…   ဒါလေးကို မေးလ်ထဲကရတာပါ…. အဲဒါရွာသူရွာသားတွေကိုလဲ သိစေချင်လို.တင်ပေးလိုက်တာပါ…..


ကျွန်တော် မန္တလေးအိမ်ကိုပြန်တုန်း လျှောက်သွားပြီး ကင်မရာတစ်လုံးနဲ.လက်ဆော့ ခဲ့တဲ့ ဓာတ်ပုံတွေကို အားရပါးရ ရွာထဲမှာတင်မယ်ဟဲ့ဆိုပြီး တင်ချင်ဇောနဲ. အိမ်တောင်ပြန်မရောက်သေးဘူး သူငယ်ချင်းတစ်ယောက် ကွန်ပျူတာမှာ မန်မိုရီ ကဒ်ကို သွားထည့်ပြီး ပုံကူးလိုက်တာ အကောင်ကိုက်ခံရပြီး ဓာတ်ပုံအားလုံး ပျက်သွားပါကကောလား.. သွားရှာပြီးပေါ့ ရွာထဲလဲတင်လို.မရ ဓာတ်ပုံတွေလဲဆုံးဆိုတော့.. ပြန်ရိုက်ဖို.ကလဲ မဖြစ်နိုင်ဆိုတော့ ဘယ်သူ.စိတ်တိုရမလဲမသိဘူး ဟိုသူငယ်ချင်းထထိုးရအောင်ကလဲ သူကွန်ပျူတာလဲ ငှားကိုင်သေးတယ် သူလဲ ရန်လုပ်သေးတယ်ဆိုရင် ကိုယ်မထိုးခင်သူက အရင်ထိုးလိမ့်မယ်လေ ဟေဟေ.. ဒါနဲ.ပဲ အင်တာနက်မှာ ခေါင်းစိုက် လိုက်တော့ အခုပြောမယ့် အသုံးဝင်တဲ့ Portable Software လေးတွေ.ရတာပါပဲ.. ရွာသူ။ရွာသား ကင်မရာမန်းတွေလဲ ကျွန်တော်လို မဆုံးရှုံးရအောင် ပြန်လည်မျှဝေလိုက်ပါတယ်.. အခုတော့ မန်းလေးက ရိုက်လာတဲ့ ဓာတ်ပုံတွေပြန်ရပြီ လေ… ရက်က နောက်ကျသွားပြီးဆိုတော့ မတင်တော့ပါဘူး.. […]


ကွန်ပျူတာဆိုတာ သုံးတတ်ရင် ဝန်ထမ်းငါးယောက်လောက်ခန်.ထားသလို.အသုံးဝင်ပါတယ်.. အဲဒါပေမယ့် သူကိုတော့ ချစ်သူ၊အိမ်သူသက်ထားလို. ဂရုစိုက်ပေးရတယ်ဗျ.. ဝန်ထမ်းတွေကို အသုံးဝင်အောင် ခိုင်းတတ်ရင် အလုပ်ပြီးမြောက်သလို. ကွန်ပျူတာလဲ သုံးတတ်ရင် အရမ်းအလုပ်ပြီးပါတယ်… မခိုင်းတတ်ရင်တော့ ကွန်ပျူတာက ကိုယ့်ပြန်ခိုင်းပါလိမ့်မယ်…ကွန်ပျူတာကြီး မပြီး ဟိုဆိုင်ပြေးလိုက် ဒီဆိုင်ပြေးလိုက်နဲ.လေ.. ကွန်ပျူတာကို ဂရုစိုက်တဲ့နေရာမှာ သူက ဘာလုပ်ရင်ဘာဖြစ်လဲဆိုတာ သိထားရင်ဖြစ်ပါတယ်.. လူလိုပေါ့ ဒီဝန်ထမ်း ဘယ်လို သဘောထားရှိလဲ သူကို ခိုင်းရင် ဘယ်လိုခိုင်းရမလဲ ဆိုသလိုပေါ့… အခုကွန်ပျူတာအသုံပြုသူတွေက ကွန်ပျူတာသာသုံးတာ ကိုယ်ကွန်ပျူတာ တစ်ခုခုဖြစ်ရင် ဘာဖြစ်တာလဲ သိပ်မသိကြဘူးဗျ… အဲဒီတော့ ဂရုစိုက်ပုံလေးတွေပြောပြချင်လို.ပါ… ကွန်ပျူတာဆိုတာ သူလုပ်သမျှ Temp File နဲ. Jump File လေးတွေထွက်ပါတယ်.. Temp File ဆိုတာ File လေးတစ်ဖိုင်ဖွင့်တိုင် အလုပ်လုပ်ခဲ့တာတွေကို […]


တိုက်ခန်းလေးငှားပြီး အပိုဝင်ငွေလေးရှာပါတယ် လူလည်ပတ်ကား အိမ်ငှားသမားတွေနဲ. တွေ.တော့ ကိုယ်ခံလိုက်ရတဲ့ အကြောင်းလေး ပါ ရွာသူရွာသား တိုက်ခန်းပိုင်ရှင်များ ကျွန်တော်လို.မကြုံအောင် ဒီပို.စ်ကို တင်လိုက်တာပါ… တိုက်ခန်းက (၆)လွှာပါ.. အိမ်ငှားတဲ့သူတွေက ပထမခြောက်လ ကိုငှားပြီး ပြည့်လို. နောက်ခြောက်လ ထပ်နေမယ်ဆိုလို. ကျွန်တော်တို.က ရောင်းရင်ရောင်းမှာ နောက်ခြောက်လ ဆိုပေမယ့် ဒီကြားထဲ တိုက်ခန်း ရောင်းထွက်သွားရင် တစ်လ ကြိုပြောပါမယ်ဆိုပြီး စာချုပ်ချုပ်ထားတာ.. သူတို.ကလဲ သဘောတူပြီး ဆက်နေကြတာပေါ့ ဒါနဲ. အိမ်ငှားတွေ သုံးလလောက်နေကြပြီး တိုက်ခန်းကရောင်းထွက်သွားတော့ တစ်လမတိုင် ခင်သေသေချာချာ ဖုန်းနဲ.တောင်မဟုတ်ဘူး လူကိုယ်တိုင် သွားပြောထားတာပါ အဲဒီတုန်းက အင်းအင်း နဲ. ပြောပြီး အဆင်ပြေတာပေါ့ အဲဒါနဲ. ကျွန်တော်လဲ တိုက်ခန်းဝယ်တဲ့ဆီကနေ စရံငွေလက်ခံလိုက်တာပေါ့…. ဒါနဲ. ပြောပြီးလို. တစ်လ […]


အီးမေးလ်ထဲရောက်လာတဲ့ ပုံလေးတွေပါ… ကျွန်တော်တို.ဆီမှာ အဲလိုဖြစ်ရင် ဘယ်လို ပြင်ဆင်ရမလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ. တင်ပေးလိုက်တာပါဗျာ… ကျွန်တော်တော့ ဒီပုံတွေကြည့်ပြီး သက်ကယ်အင်္ကျီတစ်ထည်ပြေးဝယ်ထားလိုက်ပြီ ဗျ မြန်မာနိုင်ငံက ကြက်သားဈေးတက်နိုင်တယ်.. သတိထား.. ပါမစ်ရှိသူများ ရေတိမ်နစ်ကားများ အော်ဒါလက်ခံပါသည်။ ယိုးဒယားပစ္စည်းများ ဈေးစတက်ပါပြီ ကျွန်တော်လဲ ရေသန်.ဘူးအခွံစုထားရမယ်.. ကားမဝယ်ပဲ ဆင်တစ်ကောင်လောက်ဝယ်ထားရင်ကောင်းမလားပဲ. HandMake ရှပ်ပြေးဘုတ်ပြားဗျ ဟဟ အဲဒီ စပိဘုတ်က တော်တော်ဈေးကြီးမယ်ဗျ ရေကြီးရတဲ့အထဲ ဧည့်သည်ကလာသေးတယ်… တိရိစ္ဆာန်လေးတွေတောင် အကြင်နာတရားရှိကြတယ်နော်.. ရေတံခွန်နားမှာ ထမင်းလက်စုံစားနေကြတယ်ဗျာ.. ဒီလို ပလပ်စတစ် ပုံးတွေလဲ ဆောင်ထားသင့်တာပေါ့.. ကဲအခုလိုဆိုတော့ ကမာ္ဘမှာ ရေဘေး၊မုန်တိုင်းဘေး အခြားအခြားသော ဘေးတွေ ကျရောက်နေကြပြီး အဲဒီတော့ ဘာပဲပြောပြော တစ်နေ.နေ.တစ်ချိန်ချိန် ကျွန်တော်တို. မကြုံရဘူးလို. သေချာမသိနိုင်ဘူးလေ ဒါကြောင့် ဘုရားတရားသာ […]


မအိတုံရဲ.ကျေးဇူးကြောင့် ကျွန်တော် ဆူရှီကျွေးတဲ့ဆီကို ရောက်ခဲ့ရပါတယ်… တော်တော်လေးကို ပျော်စရာကြည်နူးစရာကောင်းပါတယ်.. ဘာလို.လဲဆိုတော့ ရွာသူ၊ရွာသားတွေ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး ဝါးတီဆွဲကြတာပျော်စရာကြီး.. စိမ်းလန်းစိုပြေကို စဝင်လိုက်တော့ တစ်ခါမှမမြင်ဘူး မဆုံဘူးကြတဲ့လူတွေဆိုတော့ ကိုယ့်ကို ကြည့်ရင် ရွာသူတွေလား ရွာသားတွေလား တထင့်ထင့်နဲ.ပေါ့.. မြင်ဘူးတဲ့ မအိတုံကလဲ အပီအပြင်ပြင်ဆင်လာတော့ ကိုယ့်နောက်မှာ ကပ်ခွာဝယ်ပြီး ထွက်သွားတာတောင် မမှတ်မိဘူးဗျ.. ဟဟဟ.. ဦးဘီလူးကြီးကလဲ ကျွန်တော်တို.ဝင်လာတာမြင်ရဲ.သားနဲ. ခပ်တည်တည်နဲ. အေးလေ သူလဲ တစ်ခါမှ မမြင်ဘူးတာကို.. ဒါနဲ.ပဲ ယောင်တောင်တောင်နဲ. ကပ်ပချိနို မှာသောက်ရတော့တာပေါ့..နောက်ပြီးမှာ ကျောချင်ကပ်ပြီး ဖုန်းတွေခေါ်ကြ တွေ.ကြတော့လဲ မရောက်သေးတဲ့သူတွေ သူလား ငါလား နဲ. မျှော်ကြရတာပေါ့.. နောက်ဆုံးမှ မုန်.ထုပ်တွေဆွဲပြီး မဆူးတို.ရောက်လာကြတယ် ကဲစကြမယ်လဲဆိုရော ထိုင်စရာခုံမလောက်လို. စိမ်းလန်းစိုပြေ KID Zone […]


အခုမြင်နေရတဲ့ အမိုးလေးက သတ်သတ်လွတ်ဘုန်းကြီးကျောင်းပါ.. ရေတံခွန်သွားတဲ.လမ်းမှာရှိတာပါ အဲဒီကျောင်းမှာ သတ်သတ်ထမင်း လူတိုင်းဝင်စားလို.ရပါတယ်.. ဟဲဟဲ ရင်ပြင်တော်ပေါ်က ညနေ ၃ နာရီလောက်က ရိုက်ထားတာပါ.. တော်တော်လေးလှပါတယ်ဗျာ.. ဒီပုံလေးကတော့ ရင်ပြင်တော်ပေါ်က နတ်တောင်ပေါ်တက်ပြီး ရိုက်ထားတာပါ.. အရမ်းကြည်ညိုစရာကောင်းပါတယ် ဘယ်တော့ ဖူးဖူး မရိုးနိုင်တဲ့ မြင်ကွင်းလေပါဗျာ.. ဒီပုံလေးတွေကတော့ ထူးထူးခြားခြား မနက်နေထွက်ချိန် လေးတွေပါ.. ရောက်တဲ့နေ.ကစပြီး တလျှောက်လုံး မြူတွေဆိုင်းနေတာ တရက်မှမမြင်ရတဲ့မြင်ကွင်းပါ.. ပြန်မယ့် မနက်မှ အခုလိုမြင်ကွင်းကို မြင်ရတာပါ.. ဒီပုံကတော့ တည်းခိုတဲ့ သုံးထပ်ဆောင်နောက်ဘက်ကနေရိုက်ထားတာပါ… အခုဆိုရင် ကျွန်တော်ရဲ. မိုးရေထဲက ကျိုက်ထီးရိုးခရီး ကို အောင်မြင်စွာအဆုံးသတ်လိုက်ပါပြီဗျာ… မြတ်စွာဘုရားရှင်ရဲ. ဂုဏ်တော်တွေကို ကြည်ညိုကာ ဘုရားဖူးသွားရင်း မြို.ပြရဲ.မွန်းကျပ်မှူတွေကနေ. ခဏထွက် တောတောင်ရေမြေသဘာဝတွေကို တဝကြီးခံစားရင် ပင်ပန်းနွမ်းနယ်သမျှတွေပြေပျောက်ခဲ့ရပါတယ်.. အဲဒီလိုပဲ ရွာသူ၊ရွာသားအပေါင်းတို.လဲ […]


ဒါလေးကတော့ ကျိုက်ထီးရိုးခရီးရဲ. ကြားဖြတ်ပို.စ်လေးပါ… ကျိုက်ထီးရိုးကပြန်လာတော့ ဘုရားဖူးကားက ဂိုက်က ပဲခူးရွှေမော်ဓော မသွားခင် မြွေအကြီးကြီးရှိတဲ့ဆီသွားချင်လားတဲ့ သွားချင်ရင် တစ်ယောက် ၁၀၀ဝ ပေးရင်လိုက်ပို.မယ် ဆိုလို. သွားဖြစ်ခဲ့ပါတယ်.. ကားအကြီးကြီးနဲ. ပဲခူးမြို. ရဲ.လမ်းကျိုလမ်းကြားကနေ သွားရတာပါ… ဂိုက်ပြောပြတာတော့.. အဲဒီမြွေကြီးက ရှမ်းပြည်ကလာတာတဲ့. ရှမ်းပြည်ကနေ.. သာကေတ ကိုရောက်ပြီး အဲဒီမှာ အဖမ်းခံရလို. တိရိစာ္ဆန်ဥယျာဉ်ပို.မလို.လုပ်တာ.. ကလေးလေးကို ပူးဝင်ပြီး ငါကရှမ်းပြည်ကလာတဲ့ မြွေမယ်တော် စောနန်းဝေ ပါတဲ့. ငါက သာသနာပြုဖို. ပဲခူး က အခုနေရာ (ကျွန်တော် နာမည်မေ့နေလို.) အဲဒီကို လိုက်ပို.ဖို.ပြောတာတဲ့ အဲဒါနဲ. အခု ရှိနေတဲ့နေရာကို.. ပို.ပေးရတာတဲ့. အခုတော့ သူကိုလှူတဲ့ အလှူငွေတွေနဲ. ဘုရားတည်နေတယ်လို.ပြောပါတယ်… ကျွန်တော်လဲ ဗီဒီယို ရိုက်ရင် ဓာတ်ပုံရိုက်ဖို.သတိရတော့ […]


  ဒါကတော့ ကျီးကန်းပါးစပ်ပါ… အဲဒီအောက်ပြန်ဆင်းသွားရင် လှိုင်ဂူကျင်းကျင်းလေးရှိပါတယ်… အဲဒါကတော့ နဂါးမနဲ. ဇော်ဂျီတို. ဟိုဒင်းပြုနေထိုင်ကျတဲ့နေရာပါ… ဝင်ချင်ရင်တော့ အကြွေစေ့လဲတဲ ကောင်တာမှာ တုံကင်ယူရပါတယ်.. လေးဘက်ထောက်ဝင်ရမှာပါဗျာ.. မနက်၁ဝနာရီလောက် ရင်ပြင်တော်ပေါ်ကမြင်ကွင်းပါ.. ကိုယ်လူကိုယ်မပျောက်အောင် မနဲလက်တွဲထားရတယ်ဗျ.. ဒါကတော့ ညနေ ၃နာရီလောက်ကပါ ရေးရေးလေးမြင်နေရတာ က မြစ်ကြောင်းပါ.. မိုးရွာတဲ့ပုံအဆင့်ဆင့်လေးပါ…. မိုးရွာဖို.ပြင်ဆင်နေပါပြီ.. ရွာတော့မယ်ရွာတော့မယ် ကြည့်ထားနော်.. ရွာချပါပြီဗျာ.. အဲလိုရွာလို. ကျောက်ထပ်ကြီးသွားတဲ့ လမ်းက တန်းဆောင်းထဲမှာ မိုးတိတ်တဲ့အထိထိုင်စောင့်လိုက်ရပါတယ် :):) ကဲတော်သေးပြီ… နောက်ဆက်ရန်ကျန်ပါသေးတယ်နော်..


ဒါလေးတွေကတော့ ရှုခင်းပုံလေးတွေပါပဲ…. အပေါ်ပုံနဲ.အောက်ပုံက မိနစ်ပိုင်းပဲ ခြားတာပါ မိုးသားတွေ တက်လာတာလေ… တောပန်းလေးတွေပါ.. ကျီးကန်းပါးစပ်သွားတဲ့လမ်းမှာ ရှိတာလေ.. သဘာဝ ရှုခင်းလေးတွေက စိတ်ကို လန်းဆန်းစေတယ်နော… နောက်ဆက်တင်ပေးအုံးမယ်.. ကော်နတ်ရှင်ကြီး နေကောင်းမှ..


ရွှေတိုက်စိုး လက်ဆော့နေသည်။ အခု ကားနဲ.တောင်ပေါ်စတက်ပါတော့မယ်.. တောင်တက်လမ်းက စိမ်းစိုးနေတဲ့ မြင်ကွင်းလေးပါ.. စိတ်ကို လန်းဆန်း သွားတာပဲဗျ… တောင်တက်လမ်းပါ.. ကားသွားနေတုန်း သက်စွန်.ဆံဖျားရိုက်ထားတာနော်.. လက်ကလဲ မြဲအောင်ကိုင်ထားရသေးတယ်… ဒါနဲ. လမ်းတွေကတော့ ရှယ်ပဲဗျာ.. အန္တရာယ်ကင်းအောင်တော်တော်လုပ်ထားတယ်… ရောက်ပါပြီဗျာ.. အဲဒီကို ရောက်ဖို. တိမ်တွေထဲမှာ ကားစီးလာရတာ မိုက်တယ်ဗျ. စစတက်ချင်း ဘုရားကိုတောင်မမြင်ရဘူးဗျ.. ပိတ်နေတာပဲ မြူတွေဆိုင်းနေတာ ဒီပုံကိုတော့ တည်းခိုခန်း ကိစ္စတွေပြီးမှ သွားရိုက်ထားရတာပါ.. တည်းခိုခန်းကတော့ ၅ ယောက်ခန်းကို တစ်ရက် ၃၀၀၀ဝ ကျပ် ပေးရပါတယ် ဗျာ 🙁 ဆက်လက်ဖော်ပြပေးပါမယ်…


မြစ်ဆုံစီမံကိန်း ကြီး ရပ်နားထားလိုက်ပြီးဆိုတဲ့ သတင်းကို ကြားလိုက်တော့ ဝမ်းသာပီတိဖြစ်မိပါတယ်ဗျာ.. ဧရာဝတီကို ကယ်တင်ခဲ့တဲ့ သမ္မတကြီးကိုလဲ လေးစားဂုဏ်ယူပါတယ်ဗျာ… ဧရာဝတီအတွက် အဘက်ဘက်က ကာကွယ်ဖို.ကြိုးပမ်းပေးခဲ့ကြသော အခြားခြားသော လူများကိုလဲ ကျေးဇူးတင်ပါတယ်.. အရင်တုန်းက ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ကောင်းတာလုပ်ရင် လုပ်သလို အားပေးဂုဏ်ပြုရမှာပါပဲ.. အဲဒီအတွက် ဘာကောင်မှမဟုတ်တဲ့ ကျွန်တော်က ဧရာဝတီ၏ ကယ်တင်ရှင် သမ္မတကြီးအတွက်၊ဧရာဝတီအတွက်  လက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်ရပါတယ်ခင်ဗျားးးး.. ဖြောင်းဖြောင်းဖြောင်း……………… သမ္မတကြီး လဲ ပြည်သူတွေရဲ. သဘောထားနဲ. ကိုက်ညီအဆင်ပြေတဲ့ ဆုံးဖြတ်ချက်တွေများများချနိုင်ပြီး သက်တော်ရာကျော်ရှည်ပါစေ……………   ရွာသူ၊ရွာသားများလဲ ဝိုင်းဝန်းဂုဏ်ပြုပေးကြပါအုံးနော်.


      pali2mya@gmail.com – ကို Add- ပြီး မိမိရှာဖွေလိုတဲ့ ပါဠိ စကားလုံးပဲ ဖြစ်ဖြစ်၊မြန်မာ၊အင်္ဂလိပ် စကားလုံပဲဖြစ်ဖြစ် ရိုက်ထည့်လိုက်မယ်ဆိုရင် အလိုအလျောက် အဓိပ္ပာယ် ပြန်ဆိုပေးပါတယ်။  ဖန်တီးသူ ပည်ရှင်က အိုင်တီ ဦးမောင်မောင်ဖြစ်ပါတယ်။အခုလိုဘာသာစကား(၃)မျိုးနဲ. အဘိဓာန်ကို အင်တာနက်က တဆင့် အလွယ်တကူ ကြည်ရှူနိုင်တဲ့အတွက် တန်ဖိုးရှိတဲ့ ဝန်ဆောင်မှုတခုဖြစ်ပါတယ်။ ပြည်တွင်းကွန်ပျူတာ Software တွေထုတ်လုပ်တဲ့ Mandalay Aplha Company က အဘိဓာန်နဲ. ပတ်သက်လို.ထုတ်ထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ပညရှင် အိုင်တီ ဦးမောင်မောင်က တီထွင်ဖန်တီးခဲ့တာ ဖြစ်တယ်လို.သိရပါတယ်… ရွာထဲက ပါဠိလေ့လာလိုသူတွေအတွက် အဆင်ပြေမယ်ထင်ပါတယ်…..