skbmintharMarch 20, 20111min760
ဒုလ္လဘဆိုတာ “ဒုလ္လဘဆိုတာ.. `ရခဲခြင်း´လို့ အဓိပ္ပါယ်ရတယ် ရဖို့ခဲယဉ်းတယ်လို့ပြောတာ၊ အဲဒီ.. ရခဲတဲ့ဒုလ္လဘတရားက ငါးပါးရှိတယ်.၊ အဲဒါတွေကတော့ ပါဠိတွေနဲ့ပြောပြမယ်နော်… နံပါတ်တစ် ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသ္မိံ=လောကမှာ ဘုရားပွင့်တော်မူတဲ့အချိန်အခါနဲ့တွေ့ဖို့ ခဲယဉ်းသတဲ့..၊ အခု ကံအလွန်ကောင်းလို့… ဘုရားပွင့်တဲ့အချိန်… ဘုရားသာသနာနဲ့တွေ့နေရတာပေါ့..၊ ပြောမယ်ဆိုရင်… အကျယ်ကြီးပြောရမှာ..၊ ဘုရားတစ်ဆူပွင့်ဖို့ရာ… တော်တော်မလွယ်ဘူး.၊ ဘုရားပွင့်တယ်ထားဦး… အဲဒီအချိန် ကိုယ်က လူဖြစ်ဦးမှ…၊ လူဖြစ်တယ်ထားဦး… ကိုယ်က ဘုရားသာသနာကို ယုံကြည်တဲ့… ဗုဒ္ဓဘာသာဝင်ဖြစ်ဦးမှ…၊ ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ထားဦး… ဗုဒ္ဓတရားတွေကို နာယူနိုင်စွမ်းရှိတဲ့… ဉာဏ်အမြင်ရှိဦးမှ…၊ ပြောမယ်ဆိုရင်.. အရှည်ကြီးပြောရမှာ…၊ ဒီလောက်ပဲ အကျဉ်းမှတ်ထားလိုက်ပေါ့…´´ နောက်နံပါတ်နှစ်ဒုလ္လဘက… မနုဿတ္တ ပဋိလာဘော ဒုလ္လဘော=လူ့အဖြစ်ကိုရဖို့လည်း အတော်မလွယ်ဘူးတဲ့၊ ဘယ်လောက်ထိမလွယ်သလဲဆိုရင်… မြေပြင်မှာ အပ်တစ်စင်းထောင်ထား…၊ မိုးပေါ်က အပ်တစ်စင်းချလိုက်…၊ အဲဒီအပ်နှစ်စင်းရဲ့… အဖျားချင်းသာ ထိဖို့လွယ်ကူလိမ့်မယ်…၊ လူ့ဘဝရဖို့က… […]