ကြောင်လေးOctober 11, 20111min1368
ကျွန်တော်တို့ဌာနေမှာ  အိန္ဒြာနန့်  ဆိုတဲ့အမျိုးသမီးနဲ့ဆက်ဆံရတာ တော်တော် အဆင်မပြေပါဘူး။ ဒီအမျိုးသမီးဟာ သူ့နာမည်က နာမည်ကြီးမင်းသမီးတစ်ယောက်နဲ့ ခပ်ဆင်ဆင်ဆိုတော့ ဘဝင်ကြီးတခွဲသားနဲ့။ အကြောင်းရှိလို့သူ့ကိုသွားဆက်ဆံလိုက်ရင် မတူသလို မတန်သလို၊ပြန်ပြောချင်သလို မပြောချင်သလိုနဲ့ ၊လေးတိလေးကန် ပျင်းရိပျင်းတွဲနဲ့ပါ။ တခါတလေ အတော်ဒေါကန်စရာကောင်းပါတယ်။  ဒါပေမဲ့လည်း မဆက်ဆံလို့ကလည်းမဖြစ်လေတော့ မချစ်သော်လည်းအောင့်ကာနမ်းရတာပေါ့။ နာမည်နဲ့လို်က်အောင်လည်း ပျံတန်တန်နန့်တန့်တန့်ပါ။လူတွေကသာသူနဲ့မဆက်ဆံရင်မဖြစ်တော့တဲ့သဘော၊သူနဲ့ဆက်ဆံမှအရာရာအဆင်ပြေနိုင်မယ်လို့ ပြောနေကြတာပါ၊ တကယ်တော့လည်းခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ပါဘူးဗျာ။  သူဆီကရတဲ့သတင်းတွေက ဟုတ်တာတွေပါသလို မဟုတ်တာတွေလည်း အတော်ပါတာပဲ။ တချို့ကိစ္စတွေဟာ ထင်ရာမြင်ရာတွေ့ကရာစွတ်ပြောတဲ့ဟာတွေပါ။ ဟိုလူဒီလူကပြောတဲ့မတိကျတဲ့သတင်းတွေလည်းပြန်ဖောက်သယ်ချပြန်တာပဲ။ သူ့ဆီက သိရသမျှအကုန် အတည်အဖြစ်သတ်မှတ်ပြီး  လျှေက်လုပ်လို့ကတော့ ငါးပါးမှောကရုံတင်မကပါဘူး၊ သံဃာစင်ပါဇောက်ထိုးဖြစ်သွားနိုင်ပါတယ်။ ဟုတ်တဲ့သတင်းတွေ မြင်ရတော့လည်းအတော်တန်ဘိုးရှိတာဗျ။ ကောင်းတာက သူ့ဆီမှာ အခြားဗဟုသုတရစရာတွေကလည်းအများသားကလား၊ ကျွန်တော်တို့ကိုယ်တုိုင်မသိနိုင်တာတွေ ကိုသူ့ဆီမှာမေးလို့စမ်းလို့ရနေတာကိုးဗျ။ လူအများပြောသလိုပါပဲ၊  သူနဲ့ မဆက်ဆံလို့ကမဖြစ်ပြန်ဘူးလေ၊ သူနဲ့ဆက်ဆံရင် ဒူးရင်းသီးတို့  ပိန္နဲသီးတို့စားသလိုဆက်ဆံရမယ်၊ အပေါ်ယံကမကောင်းတဲ့အဆူးတွေကိုအရင်ဖယ်၊ကောင်းတဲ့အတွင်းသားတွေနှိုက်စားမှဖြစ်မယ်။ အဲ နှိုက်စားမယ်သာပြောတာ […]


ကြောင်လေးOctober 10, 20111min1308
“ဘဂဝါ ဘုရား….မိန့်တော်ထား…………..သည် ၊သိကြားသာသနာရောက်ချိန်နီးပါ…..ပြီ။” အိမ်အနီးအနားက ဘုရားကြီး ရဲ့အလှူခံဌာနအော်လံမှထွက်ပေါ်လားသော ကိုလွှမ်းမိုးရဲ့ အောင်မြင်ခန့်ညားတဲ့အသံကိုကြားလိုက်ရပါတယ်။ ညနေ ၅ နာရီထိုးလို့ အလှူခံ ဌာနဖွင့်လျှင်ဖွင့်ခြင်း ဒီသီချင်းကိုနေ့စဉ် အရင်ဆုံးစဖွင့်တာပါ။ ” ကောင်းတဲ့သူကယ်မည်……..မကောင်းတဲ့သူဖယ်ရှားမယ်တဲ့…….ဘုရားတရားတော်နဲ့အညီ လော်မာများ……….. တော်ရာကိုရှား…………သာသနာများ………သိကြားကိုသာပင်အပ်နှင်းခဲ့ပါသည်……………… ဒီသီချင်းကိုဘယ်သူရေးဖွဲ့ခဲ့သလဲမသိပါ။ သီချင်းရဲ့အဓိပ္ပါယ်က ဘုရားသာသနာ ငါးထောင်ပြည့်ပြီးရင်  သိကြားသာသနာကိုရောက်မယ်။ လူ့လောကကြီးမှာ ဘုရားသာသနာကွယ်သွားရင် မကောင်းတဲ့သူတွေက ကောင်းတဲ့သူတွေကို နှိပ်စက်မှာစိုးလို့ ဘုရားက သိကြားမင်းကြီးကိုအပ်သွားတယ်။သိကြားမင်းကြီးက ကောင်းတဲ့သူတွေကိုကယ်တင်တဲ့အနေနဲ့ မကောင်းတဲ့သူတွေကို မိုးကြိုးလက်နက်နဲ့ပစ်ချပြီးဆုံးမမယ် ဆိုတာကို ငယ်ငယ်က လူကြီးတွေပြောတာကြားဖူးထားပါတယ်။ ကျွန်တော် တနေ့ကရေးထားသလို မိုးကြိုးဆိုတဲ့လက်နက် ဆိုတာက ကြေး ၊သံ သတ္ထုတွေနဲ့လုပ်ထားတဲ့ ပုဆိန်လိုလက်နက်လို့ ရှေးလူကြီးတော်များများကလက်ခံယုံကြည်ထားကြပါတယ်။ အသက်အားဖြင့် ၃ဝ အထက် လူများပါ။ အခုအသက် ၂ဝ အောက်လူငယ်တွေဒါကိုပြောသံသိပ်မကြားရတော့ပါဘူး။ မကောင်းတဲ့သူဆိုတာဘယ်လိုလူမျိုးတွေပါပါသလဲ။ ဘယ်လောက်များများရှိနေသလဲ။မကောင်းတဲ့သူတွေများတဲ့နေရာပတ်ဝန်းကျင်ဟာမိုးကြိုးများများအပစ်ခံရမယ့်သဘောပေါ့။ […]


ကြောင်လေးOctober 8, 20111min39011
မိုးကြိုးလက်နက် သိကြား စက်   အခုတလော  တယ်လီဖုန်းလိုင်းတွေ   မကြာခဏပြတ်တောက်နေပါတယ်။ ဆက်သွယ်ရေးနဲ့နီးစပ်တဲ့ သူတွေကို  မေးကြည့်လိုက်တော့   ရာသီဥတုမကောင်းတဲ့အချိန်မှာ စက်တွေ ပိတ်ထားရကြောင်းပြောပါတယ်။  တန်ဘိုးကြီးတဲ့ စက်ပစ္စည်းတွေကို မိုးကြိုးထိပြီး ပျက်စီးမှာစိုးလို့  ဖြစ်ပါတယ်။   ဒီလိုကြိုတင်ပြီးပိတ်လိုက်ရင် နာရီပိုင်းပဲ  အဆက်အသွယ် ပြတ်တောက်နိုင်ပေမဲ့၊  မိုးကြိုးထိသွားရင်ရက်နဲ့ချီပြီးကြာသွားနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ့်မြို့ပေါ်မှာရာသီဥတု ကောင်းနေပေမဲ့ဆက်သွယ်ရေးဆက်ကြောင်းတွေရဲ့အရင်းဖက်ကြတဲ့မြို့နဲ့ ထိမ်းချုပ်တဲ့မြို့တွေက ပိတ်လိုက်ရင်လည်းဆက်သွယ်မှုပြတ်တောက်သွားတယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့  ဆက်စပ်ပြီး မိုးကြိုးအကြောင်းစဉ်းစားမိပါတယ်။ မိုးဦးကျရာသီနဲ့  အခုလို မိုးနှောင်းပိုင်း ရာသီတွေ ဟာ  မိုးကြိုးပစ်မှုအများဆုံးရှိနိုင်တဲ့အချိန်ပါ။ မိုးကြိုး ပစ်ရခြင်း  အကြောင်း အကြမ်းဖျင်းသိထားတာက ပူရာကနေရုတ်တရက်  အေး ၊အေးရာက ရုတ်တရက်ပူ တဲ့ကာလဟာ လေထု သိပ်သည်းဆတွေ အမျိုးမျိုးပြောင်းပြီး တိမ်တွေရဲ့ရွေ့ရှားမှုဟာလည်းအရမ်းများလာ တယ်လို့ဆိုပါတယ်။ ဒီတိမ်တွေထဲမှာ လျှပ်စစ် ဓါတ်ဖိုဆောင်တဲ့ တိမ်တွေနဲ့ […]


ကြောင်လေးOctober 6, 20111min580
ရှင်သန်မှုအတွက် ရတက် မအေးနိုင်   ငါ့နှလုံးသားအဝကို ပိတ်မဲ့တံခါး ခဏ နားထားမယ်  တဲ့။ မင်းတို့တွေ ပြောတဲ့စကား ငါ  ကြားမိခဲ့တယ်။ ယုတ်လျော့သွားမဲ့ ငါ့သွေးအားအတွက် ငါ    အခက်မတွေ့တော့ဘူးပေါ့။ ငါ့သွေးကြောမှာပိတ်ဆို့မဲ့အရာ ငါ   တိုက်စားလို့ရပြီ။ ငါ့ကို မှီခိုအားထား ငါ့သွေးသားကိုစားသုံးမဲ့ မင်းတို့အတွက် ငါ   ဆက်လက်ရှင်သန်နိုင်တော့မယ်။ ဒါပေမဲ့လေ ငါ့သွေးရဲ့ဖြစ်တည်ရာ နှစ်နေရာအတွက် မင်းတို့ဘက်က အလျှော့ပေးကြမှာမဟုတ် တကယ်ကို ဆက်ပြီးလုပ်ကြဦးမှာ……….။   လုပ်လိုက လုပ်ကြပါ ငါ   မတားတော့ပါဘူး ဒီလိုမှ အဆင်ပြေကြမယ်ဆိုရင် ငါသာလျှင် အနစ်နာခံပါ့မယ်။ ငါ့ရဲ့ရှေ့ရေးအတွက်ကိုတော့ မင်းတို့ တွက်ချက်ရပေမပေါ့။ ငါ့ကျန်းမာရေးကိုလည်း အလေးပေးရလိမ့်မယ်။ ငါ့ရဲ့ရှင်သန်မှုဟာ မင်းတို့ရဲ့ရှင်သန်မှုပါ။ ငါ့ရဲ့တည်မြဲမှုဟာ မင်းတို့ရဲ့တည်မြဲမှုပါ။ ငါ  အမြဲတည်ရှိနေမှ […]


ကြောင်လေးOctober 4, 20111min43327
ကျန်ခဲ့တဲ့ ၃-၄  နှစ်လောက်က ရွာတစ်ရွာကို  တာဝန်တစ်ခုနဲ့ကျွန်တော် သွားခဲ့ပါတယ်။ကျွန်တော်တို့နယ်ဘက် ကရေလမ်းကိုပဲအဓိက ထားသွားရတဲ့ပင်လယ်ရေငံ ပိုင်းဒေသပါ။ သိကြတယ်မဟုတ်လား ရေငံကိုဘယ်သူပိုင်တယ်ဆိုတာ။ ကျွန်တော်သွားမဲ့ရွာကို စက်လှေ သုံး နာရီလောက်စီးရတာဆိုတော့ လမ်းမှာပျင်းနေမှာစိုးတာနဲ့ မြို့ပေါ်က သူငယ်ချင်း (၃)ယောက်ကိုခေါ်ပြီးစက်လှေအော်ဒါငှားပြီးသွားတာပါ။ စက်လှေတစ်စီးလုံး လူလေးယောက်ပဲဆိုတော့ ပလောင်ထင်းသွားကြတာပါ..ဟဲဟဲ။ မနက် ၁ဝ နာရီလောက်က ထွက်သွားတာ နေ့လည် ၁ ချက်ထိုးလောက် ရောက်သွားပါတယ်။ ရွာမရောက်ခင် စက်လှေပေါ်မှာ  ၁၁း၃၀ လောက်မှာကျွန်တော်တို့်ဝိုင်းစပါတယ်။ ဝိုင်းမစခင် သူငယ်ချင်းတစ်ယောက်က ဖန်ခွက်ထဲကို အရက်နဲနဲထည့်၊ လှေဦးကိုသွားပြီး ပါးစပ်က ပွစွ ပွစွနဲ့ ရွတ်ဖတ် ပြီးနောက် အရက်ကိုမြစ်ထဲသွန်ချလိုက်ပါတယ်။  သူတို့ဒေသရဲ့အစဉ်အလာဖြစ်မှာပဲဆိုပြီး ကျွန်လည်းဘာမှ မပြောပါဘူး။ ရွာရောက်တော့ ဥက္ကဌနဲ့ ရပ်မိရပ်ဖ  ၃ ယောက်ဆင်းပြီးကြိုဆိုကြပါတယ်။ သူတို့ရွာလေးရဲ့ဖွံ့ဖြိုးတိုးတက်မဲ့ကိစ္စဆိုတော့ ဖော်ဖော်ရွေရွေပြာပြာသလဲပါဘဲ။  […]


ကြောင်လေးOctober 2, 20111min956
“မမ နင်မုန့်ဈေးတန်းသွားဦးမှာလား” “အေးသွားမယ်၊ ဘာဖြစ်လို့လဲ” “ဒါဆိုငါ့အတွက်မုန့်စိမ်းပေါင်း တစ်ရာဖိုးဝယ်ခဲ့ပါဟယ်” “နင်စောင့်နိုင်ပါ့မလား ငါကကြာဥိီးမှာ တုုံတုံရဲ့” “ဘယ်လောက်တောင်ကြာမှာမို့လဲ” “ငါ ဝိတ်လျှော့ဦးမှာ၊  သိတယ်မလား ကျောင်းလွှတ်ချိန်ဆိုရင် တန်းစီစောင့်ရတာ” “အေးပါ ရပါတယ်  ငါထမင်းအရင်စားဦးမှာပဲ” “ဟဲ့မဝေ နင်ဘာဟင်းထဲ့လာသလဲ” “ဘဲကောင်လုံးပေါင်းလေ ..အဟီး…..နင်ကောဘာဟင်းလဲဟဲ့ သီတာ” “ငါက ဆိတ်သားကြော် ဟဲဟဲ” “ဟဲ့ နွယ်နွယ် နဲ့  မနော လာလေ ငါတို့တူတူဝိုင်းစားကြမယ်” အဋ္ဌမတန်းအခန်းတစ်ခုထဲက ချစ်စရာကျောင်းသူလေးတွေရဲ့အသံတွေဟာတစာစာထွက်ပေါ်လာပါတယ်။ နောက်ဖက်တန်းက မောင်မင်းကြီးသား ငပွေငရှုပ်တွေရဲ့အသံ တွေကလည်း ဆူဆူညံညံနဲ့ပေါ့။ “ဟေ့ကောင် ငသစ် ငါအပြင်သွားတုန်း  မင်း ငါ့ထမင်းဗူးထဲက ဟင်းနှိုက်စားထားတယ်မလား” “ဘာလဲ ဟေ့ကောင်စည်သူ  ငါစားတာမဟုတ်ဘူး ၊မင်း  ကြောင်ကြီးကိုမေးကြည့်ပါလား” “ဟာ  ဟေ့ကောင်တွေ ငါ့ဖိနပ်တစ်ဖက် ဘယ်ရောက်သွားသလဲ၊ ဘယ်ကောင်ဖွက်ထားသလဲကွ […]


ကြောင်လေးSeptember 30, 20114min1033
9.25.2011 ဒီညနေ ရေမိုးချိုး၊ထမင်းစားပြီးထမင်းလုံးစီရင်း တီဗွီကြည့်ဖို့ ပက်လက်ကုုလားထိုင်ပေါ်ထိုင်လိုက်ပါတယ်။ UBC စလောင်းထဲက လိုင်ေးတွ လိုက်ကြည့်တော့  AXN  လိုင်းမှာလာနေတဲ့ဇာတ်လမ်းက တဝက်တပျက်ဖြစ်နေတော့ MAX လိုင်းကိုပြောင်းလိုက်တယ်၊ သွေးသံရဲရဲနဲ့သရဲကား ဖြစ်နေပြန်ရော၊ Discovery  နဲ့  Animal planet လိုင်ေးတွကလည်းစိတ်ဝင်စားစရာမရှိ။ အရေးထဲသားတော်မောင်ဘေဘီကြောင်လေးက  Carton network  လိုင်းမှာ Ben ten ကားလာနေတော့ ကြည့်မယ်လုပ်လို့ မနဲချော့လွှတ်လိုက်ရတယ်။ ဒါနဲ့ ပဲ  DVB  လိုင်းဖက်ပြောင်းလိုက်ပါတယ်။နောက်ဖေးက စလောင်းမောင်းတံရဲ့  အသံဟာ  ဆီငတ်နေတဲ့လှည်းပတောင်းက ထွက်တဲ့အသံလို တကွီကွီ မြည်နေပါတော့တယ်။ကျွန်တော့အိမ်မှာ  UBC   စက်   Model T-999   ကို ှsplitter  ခံပြီး  ရှစ်ပေစလောင်းပါတတ်ထားတာပါ။ သတင်းလေးတပုဒ် နှစ်ပုဒ်လောက်ပဲ ကြည့်ရသေးတယ်  မဒမ်ကြောင်လေးရဲ့အသံက ရွဲ့တဲ့တဲ့  ထွက်လာပါတယ်။ […]


ကြောင်လေးSeptember 28, 20111min1146
သတ္တလောကကြီးမှာ သတ္တဝါတွေဟာလောဘ၊ဒေါသ၊ဆန္ဒတွေအရ၊တစ်စုံတစ်ခုကိုရရှိအောင်ကြိူးစားကြ၊အချင်းချင်းပြိုင်ဆိုင်နေကြ၊ အနိုင်တိုက်ခိုက်နေကြပါတယ်။တချို့ကကိုယ့်ရှင်သန်ရပ်တည်ရေးအတွက်ကြိုးစားကြ၊မဖြစ်မနေတိုက်ခိုက်ကြသလို တချို့ကြတော့ လောဘအလိုကိုလိုက်ပြီးတော့သူများထက်သာချင်လို့၊ပြိုင်ဆိုင်ကြ အနိုင်တိုက်နေကြတာပါ။ ဒီလိုကြိုးစားလို့ကိုယ်လိုချင်တာရပြီ၊အောင်မြင်ကြပြီ အောင်နိုင်ကြပြီဆိုရင်ကော တည်မြဲမှာလား?တကယ့်အောင်နိုင်ခြင်းလား? အဲဒီအကျိုးရလဒ်တွေဟာ တကယ့်ပျော်ရွှင်စရာတွေ ကျိန်းသေဖြစ်လာသလား?တွေးကြည့်ရအောင်ပါ။   ဂဠုန်ဦးစော ဦးစောဟာ ဗိုလ်ချုပ်အောင်ဆန်းကိုအထင်တွေလွဲတယ်၊မနာလိုခြင်းတွေဖြစ်တယ်၊ဒါကြောင့်ဗိုလ်ချုပ်ရဲ့နေရာ ကိုလိုချင်တယ်။ ဗိုလ်ချုပ်ကို ယှဉ်ပြိုင်ခဲ့တယ်၊  တိုက်ခိုက်ခဲ့တယ်၊ သူအနိုင်ရခဲ့ပါတယ်။ဒါပေမယ့်…………………. ဗိုလ်ချုပ်နေဝင်း ဦးနေဝင်းဟာ နိုင်ငံအာဏာကို ၁၉၆၂ မှာသမ်းပိုက်ပြီး  ၂၆ နှစ်လုံးအုပ်ချုပ်ခဲ့ပါတယ်။ သူကွယ်လွန်သွားတဲ့အခါကြတော့  နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ မဟုတ်ပဲ မထင်မရှား… ဗိုချုပ်မြင့်အောင် နတခ တိုင်းမှူးဘဝကနေ ဝန်ကြီးဘဝထိရောက်၊ နောက်တော့………. ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်းရေးအကြီးအကဲတစ်ယောက်အနေနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တာပါ။ နိုင်ငံရေးမှာရော ဘာသာရေးမှာပါ ထင်ပေါ်ကြော်ကြားခဲ့ပြီး နေရာတော်တော်ရခဲ့သူပါ။အခုတော့….. မဝေဝေ B.Sc  ဘွဲ့ကနေ  M.Sc ဘွဲ့ ကိုနည်းမျိုးစုံသုံးပြီးရအောင်ကြိုးစားခဲ့တယ်။ သင်တန်းဆင်းလက်မှတ်တွေအများကြီးငွေကုန်ခံအချိန်ကုန်ခံပြီးယူခဲ့တယ်။အခုတော့ရလာပြီး ဘွဲ့ယူတဲ့အခါကြတော့မှ…..    


ကြောင်လေးSeptember 28, 20111min33426
ကျွန်တော် အင်တာနက်ဆိုတာကြီးနဲ့ စထိတွေ့တာ နှစ်လ မပြည့်သေးပါ။အစိမ်းသက်သက်ကြီးတော့မဟုတ်ပါ။ အင်တာနက်ရဲ့သဘောသဘာဝကိုတော့သိနေပါတယ်။မိတ်ဆွေတွေက အင်တာနက်ကဖေးသွားဖို့ခေါ်တော့ကျွန်တော် ငြင်းခဲ့ပါတယ်။ ကိုယ်နဲ့မဆက်စပ်သေးတဲ့အချိန်မှာနေလိုက်ပါဦးမယ်။ဆက်စက်မိတဲ့အချိန်ကြရင်တော့ထဲထဲဝင်ဝင်သိလာမှာပါလို့ပဲပြန်ပြောခဲ့ပါတယ်။ ဆယ်ကျော်သက်ကောင်လေးကောင်မလေးတွေကြားထဲ အသက်ကြီးမှ လက်ပေးသင် ဆိုတာလိုဖြစ်နေမှာစိုးလို့ပါ။ ဒီလိုနဲ့နေလာလိုက်တာ  ဩဂုတ်လ  ပထမပတ်အကုန်မှာပဲ ဒီအင်တာနက်ကြီးနဲ့ထိတွေ့ခွင့် ကြုံလာပါတော့တယ်။ ငွေတစ်သိန်းကျော်ကျော်လောက် ကုန်သွားတော့ မိန်းမက  နှုတ်ခမ်းခပ်စူစူပေါ့။ လာပြီးဆောင်ရွက်ပေးသွားတဲ့ပုဂ္ဂိုလ်လေး အရင်ဆုံးပြခဲ့တာကတော့  မိုးဟေကို နဲ့ ပျူနိုင်ငံပါ။ ပျူနိုင်ငံမှာ ကိုအောင်ရဲ့  သရဲဇာတ်လမ်းတွေဖတ်၊သတင်းလေးတွေကြည့်ပေါ့။ ၃ ရက်လောက်ကြာတော့  မောင်မင်းကြီးသားခြကောင်(ဗိုင်းရပ်)တွေ ဝိုင်းကိုက်ကြတော့  ပြူတင်းပေါက်ကြီးလဲပြုတ်ကျပါလေရော။ အဲဒါနဲ့ ကွန်ပျူတာလက်သမားဆရာကို ပြန်ခေါ်ပြီး ပြူတင်းပေါက်ကြီး ပြန်တတ် ရပါတယ်။ မိန်းမ ကလည်းမျက်စောင်းထပ် ထိုးပြန်ပါတယ်။ အဲဒီမှာ ဟိုဟိုဒီဒီသွားရမဲ့လိပ်စာလေးတွေရေးပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုဒီနဲနဲ သွားတတ်လာပါတယ်။စိတ်ချမ်းသာစရာဓါတ်ပုံလေးတွေကြည့် ၊ ရင်မောစရာဗွီဒီယိုလေးတွေကြည့်ပေါ့။ ရင်မောစရာဆိုတာက ၃ မိနစ်စာလောက်ဆိုတဲ့ ဖိုင်ကို […]


ကြောင်လေးSeptember 26, 20111min1154
ရန်ကုန်ရွေဝါရောင်တော်လှန်ရေး  လေးနှစ်ပြည့် ဆန္ဒ ပြပွဲ ဆူးလေမှာကျင်းပတယ်ဆိုပါတယ်။ မရမ်းကုန်းမှာလည်း လူ  ၂၀ဝ လောက်ချီတက်တာလူစုခွဲ ခံလိုက်ရတယ်ဆိုပါတယ်။ ဓါတ်ပုံသတင်းလေးများရရင်ကြည့်ချင်ပါတယ်။တင်ပေးကြပါ


ကြောင်လေးSeptember 26, 20111min1235
ရှင်သန်မှုကိုဖျက်စီးခြင်း   ငါ့နှလုံးသားကညှစ်ထုတ်လိုက်တဲ့သွေးစီးကြောင်းပေါ်မှာ မင်းတို့ ကူးလူးသွားလာကြ၊ စီးပွားဖလှယ်ကြ။ ငါ့ရဲ့သွေးတွေကို မင်းတို့ ခပ်ယူသောက်သုံးကြ၊ သက်ဆက်ရှင်သန်ကြ။ ငါ့ရဲ့သွေးတွေနဲ့ မင်းတို့အညစ်အကြေတွေကို  ဆေးကြောသန့်စင်ကြ။ ငါ့ရဲ့သွေးကြောထဲ စီးမျောနေတဲ့သတ္တဝါတွေကို မင်းတို့ဖမ်းယူစားသုံးကြ၊ ရောင်းဝယ်ဖောက်ကားကြ။ ငါ့ရဲ့သွေးကြောထဲ မျောပါလာတဲ့ရတနာတွေကို မင်းတို့ထုတ်ယူသုံးစွဲကြ၊ ဝတ်ဆင်ဂုဏ်ယူကြ။ ငါ့ရဲ့ ခန္တာကိုယ်ပေါ် မင်းတို့ရပ်တည်နေထိုင်ကြ၊  မျိုးဆက်ပြန့်ပွားကြ။ ငါ့ရဲ့သွေးတွေက စုစောင်းပို့ချထားတဲ့ အဆီအနှစ်တွေပေါ် မင်းတို့စိုက်ပျိုးစားသောက်ကြ။ ငါ့သွေးကြောမွှာတွေကသွေးတွေနဲ့ မင်းတို့စားသုံးတဲ့အပင်တွေကို  ရှင်သန်ကြီးထွားစေကြ။ မင်းတို့ရဲ့ ရပ်တည်နေထိုင်ရေး၊ရှင်သန်ကြီးထွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွေအားလုံး ငါ့ရဲ့သွေးနဲ့မကင်းကြ၊ငါ့ရဲ့အသွေးပေါ်မှီခိုကြ။ အခုတော့ ငါ့နှလုံးသားအဝကိုပိတ်ဖို့လုပ် ငါ့သွေးအား  ကိုအမြတ်ထုတ် နှေးကွေးအောင် မင်းတို့လုပ်နေကြတယ်။ ငါ့ကျန်းမာရေးချုချာသွားရင် မင်းတို့ရဲ့ ရပ်တည်မှုတွေ ခက်ခဲသွားမှာ…. ငါသေသွားဆုံးရင် မင်းတို့ရဲ့ရှင်သန်မှုတွေသေဆုံးသွားမှာ….. မင်းတို့ မသိလေရော့သလား၊မတွေးမိလေရော့သလား။ ကြီးမားလှတဲ့မင်းတို့ရဲ့အတ္တ ငါဘယ်လိုမှ မမှန်းဆတတ်တော့ပါတကား။     ။


ကြောင်လေးSeptember 24, 20111min750
တလောတုန်းက ရွာထဲလျှေက်ကြည့်ရင်း ဂွေးကြီးဆရာတော်အကြောင်းလေးဖတ်လိုက်ရတယ်။ ဒီအဖြစ်မျိုးကျွန်တော်တို့နယ်ဘက်မှာလည်းရှိပါတယ်။  ပုံပြင်မဟုတ်ပါ၊တကယ်ရှိတာပါ။ မြို့ပေါ်က ဆရာမလေးတစ်ယောက်   တောရွာတစ်ရွာကိုတာဝန်ကျပါတယ်၊အဲဒီရွာလေးကိုမော်တော်  ၃  နာရီလောက်စီးသွားရပါတယ်။ သူက တစ်ပတ်တစ်ခါမြို့ပြန်တတ်ပါတယ်။တစ်လလောက်ကြာတော့မြို့နယ်ပညာရေးမှူးထံလာပြီး ကျွန်မဒီရွာမှာမလုပ်ချင်တော့ဘူး ၊ရွာပြောင်းပေးပါ၊  မပေးရင်ကျွန်မ  အလုပ်ထွက်တော့မယ်လို့ ငိုယိုပြီးပြောပါတယ်။ပညာရေးမှူးလည်းဆရာမရှားနေတဲ့အချိန်ဆိုတော့ ပြောင်းပေးလိုက်ပါတယ်။ ဘာကြောင့်ပြောင်းတာလဲဆိုတော့ သူဆင်းရမဲ့ရွာနားကိုရောက်ရင်မော်တော်သမားက “နောက်ဖေးကုန်းဆရာမ ရွာရောက်တော့မယ်…ဆင်းဖို့အသင့်ပြင်ထားပါ“လို့ထပ်ကာတလဲလဲအော်လို့ပါတဲ့။ ရွာနာမည်က နောက်ဖေးကုန်း ပါ။ ဒီလိုနဲ့လကုန်လို့ ပညာရေးမှူးရုံးမှာလစာထုတ်တဲ့အချိန်ရောက်တော့၊အဲဒီဆရာမနောက်ရောက်သွားတဲ့ရွာကကျောင်းအုပ်က ပညာရေးမှူးကို အစီရင်ခံစာတင်ပါတယ်။ဆရာမဟာ ၂ ပတ်ထဲပဲကျောင်းတက်ပြီးနောက်မတက်တော့တဲ့အကြောင်းပါ။ ပညာရေးမှူးလည်း ဆရာမလေးရဲ့လိပ်စာအတိုင်းလိုက်၊မိဘတွေနဲ့တွေ့ပြောတဲ့အခါမိဘတွေက သမီးလည်းအရမ်းစိတ်ဆင်းရဲနေတယ်။သူ့သဘောပါပဲ၊သူအလုပ်ကထွက်ရင်ထွက်ပါစေတော့လို့ပြောပါတယ်။ ဒါနဲ့ပညာရေးမှူးလည်းမြို့နဲ့  ၂   မိုင်ခွဲလောက်ပဲဝေးတဲ့ရွာက ကျောင်းဆရာတစ်ယောက်နဲ့ချိန်းပေးလိုက်ရပါတယ်။ ကျောင်းဆရာဆိုတော့သိပ်ပြဿနာ မရှိနိုင်ဘူးပေါ့။ ဘာကြောင့်ပြောင်းပေးလိုက်ရသလဲဆိုရင် ဆရာမလေးနောက်ရောက်သွားတဲ့နေရာကလည်းမော်တော်နဲ့သွားရတာပါပဲ။ ရွာနားရောက်တော့ မော်တော်သမားတို့ရဲ့ထုံးစံအတိုင်း တကြော်ကြော်အော်လိုက်တာက “နောက်ဖေးကုန်း အဝပြဲဆရာမ ဆင်းဖို့အသင့်ပြင်ထားပါ“လို့အော်ပါတယ်တဲ့။ သူနောက်ရောက်သွားတဲ့ရွာနာမည်က အဝပြဲရွာ  ပါ။ ဇာတ်လမ်းကဒီမှာမရပ်ပါဘူး၊ဆရာမလေးကတော့ အဆင်ပြေသွားပါတယ်။ အဆင်မပြေတာက ဆရာလေးပါ။ […]


ကြောင်လေးSeptember 24, 20111min1242
  ၁  ဧက ဟာ စကွဲယားပေနဲ့ဆိုရင်  ၄၃၅၆၀  စကွဲယားပေ ရှိပါတယ်။   လူတစ်ယောက်နဲ့တစ်ယောက်   အတောင်  (အတိုင်းအတာ) မတူပေမဲ့   FPS   စနစ်နဲ့ ပြောင်းပြီးအများလက်ခံသုံးစွဲနေကြတာရှိပါတယ်။ ၂   တောင်  တစ်ကိုက် ပါ ။    တစ်တောင်ဟာ   ၁ ပေခွဲ  ဆိုရင် ၁ လံ ဟာ  ၄   တောင်ဆိုတော့   ၆  ပေရှိပါတယ်။ ၃   မိုက်   ၁  တောင်  ဆိုတော့   ၁   မိုက်  က  ၆  လက်မပါ။ ၁   ထွာ ဟာ  ၉  လက်မပါ။ ကိုယ့်လက်ဟာစံနှုန်းကိုက် မကို်က် ပေတံပေါ်မှာ  တိုင်းကြည့်ကြပါ။   မြန်မာတစ်ခွက်(တစ်ကွက်ကိုတစ်ခွက်လို့ခေါ်ဝေါ်သုံးစွဲကြပါတယ်)ဟာ   […]