SmiegolJuly 11, 20111min1104
သေသူမည်သူလဲ မဟာမြိုင်ဆေးခန်းရောက်တော့ စာနယ်ဇင်းမှ လူများလဲ ပြည့်ကျပ်လို့၊ ရဲဝန်ထမ်းများလဲ သူ့ထက်ငါ အလုပ်ရှုပ် နေကြတာကိုတွေ့ကြရတယ်.. ကျွန်တော်နဲ့ ကိုရန်မင်း ဓာတ်လှေကားမှတဆင့် လာရောက်ခေါ်ယူသူဦးဆောင် တဲ့အခန်းသို့ရောက်ရှိသွားချိန်မှာတော့ ဆေးရုံးကုတင်ပေါ်မှာ အသက် ၂၅ နှစ်ခန့်ရှိသော အမျိုးသမီးတစ်ဦး ပုံမှန်သမားရိုးကျ သေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ ဘေးနားမှာ စတင်တွေ့ရှိခဲ့တဲ့ သူနာပြုှဆရာမလေး ကို ရဲဝန်ထမ်းများ စစ်ဆေးမေးမြန်းနေပြီး၊ ဆရာမလေးမျက်နှာမှာ ကြောက်လန့်နေတဲ့အသွင်အတိုင်းသားပေါ် နေတာကို တွေ့မြင်ရပါတယ်။ ကျွန်ုပ်။          ။ ကိုရန်မင်းရယ်..ဆေးရုံမှာ လူနာတစ်ယောက်သေသွားတယ်ဆိုတာ တော်တော်အရေးကြီးတဲ့အမှုတဲ့လားဗျာ။ ရောဂါကြောင့်သေတာဖြစ်ချင်ဖြစ်မယ်။ မဟုတ်ဘူးလား ရန်မင်း။         ။ ဟားဟားဟား..ကိုဩဘာရယ် အခုဖြစ်နေတဲ့ပြသနာက သေသူက ဒီမှာဆေးရုံတက်နေတဲ့ သူမဟုတ်သလို ဘယ်သူမှန်းမသိပဲနဲ့ ဒီမှာလာသေနေလို့တက်တဲ့ပြသနာဗျ.. ရဲ ။               ။ ဒီမှာတက်နေတဲ့သူက အသက် (၇၀)လောက်ရှိတဲ့သူအဖွားကြီးတစ်ယောက် သိသလောက် ကြောထောက်နောက်ခံရှိတဲ့ပုံမပေါ်ဘူး။ […]


SmiegolJuly 8, 20111min841
အရေးပေးပါ..အရာရောက်ပါလိမ့်မယ်..   ငါ့ဝန်ထမ်းတွေက အသုံးမကျဘူးဆိုတဲ့ သူဌေးတော်တော်များများရဲ့အသံတွေ ကြားဖူးမှာပါ ခန့်တုန်းကတည်းက အသုံးမကျတာတွေရထားတာလား..ကိုယ့်ဆီရောက်မှအသုံးမကျတော့ တာလား။ သိသလောက်ပြောရရင် ကိုယ့်ဆီရောက်မှ အသုံးမကျတော့တာ ၇၀% ပါ သူဌေးတော်တော်များများမှာ အမှားတစ်ခုရှိပါတယ်..ဘာလဲဆိုတော့ အရာရာကို ဝင်ပါချင်တာပါ။ ကိုယ်ကိုယ်တိုင်လဲ သူဌေးဖြစ်လာရင် အစစအရာရာဝင်ပါမိမှာပဲ.. အဲဒီဟာက ဝန်ထမ်းတွေအတွက် တကယ့်ကို ပြသနာအကြီးကြီးဖြစ်လာမယ်ဆိုတာ အမှုမဲ့အမှတ်မဲ့ဖြစ်ခဲ့ ပါတယ်။   သူဌေးတော်တော်များများက Planer ပဲဖြစ်သင်တယ်။ သူတို့က အရေးအကြီးဆုံးနေရာတွေ ကလွဲရင် ဝင်မပါသင့်ဘူး။ အလွယ်ဆုံးပြောရရင် ကိုယ့်ရဲ့ Power ကိုခွဲဝေပေးပါ။ Power ကိုခွဲ ဝေမပေးပဲနဲ့တော့ သင်ဘာမှပြန်ရမှာမဟုတ်ဘူး။ ဌာန Manager တိုင်းမှာ သူတို့လုပ်ပိုင်ခွင့် ရှိပါတယ်။ မဟုတ်ရင် သူတို့ဟာ ကြောက်စရာမကောင်းတဲ့ ဘုရားပေါ်က ဘီလူးရုပ်ဖြစ်သွားမှာ ပေါ့။ အဲဒါဆိုရင် […]


SmiegolJuly 8, 20111min1317
စုံထောက်ရန်မင်းနှင့် မဟာမြိုင်လူသတ်မှု စတင်တွေ့ဆုံခြင်း   တစ်နေ့ (၄၈)လမ်းမှ အိမ်ခြံမြေပွဲစားကုလားမကြီးတစ်ဦး အဆက်အသွယ်ဖြင့် ကျွန်ုပ်တစ်ဦးတည်းနေထိုင်ရာ အမှတ် (၁၉)၊ ပျဉ်းမမြိုင်လမ်း၊ သုဝဏ္ဏရှိ နေအိမ်သို့ အသက် (၃၀)ခန့်ရှိလော အသားလတ်လတ်လူငယ်တစ်ဦးရောက် ရှိလာခဲ့သည်။ ပွဲစားတို့၏ထုံးစံအတိုင်း ကျွန်ုပ်တို့ရပ်ကွက်မီးမှန်ခြင်း၊ သောက်ရေ သုံးရေကောင်းမွန်ခြင်းအကြောင်းများ ကိုအမွန်းတင်းရင်း ပွဲခရရှိရေး အစွမ်းကုန်ကြိုးစားပြောဆိုနေပေသည်။ ထိုလူငယ်မှာ ကျွန်ုပ်နေထိုင်ရန် ခြံဝန်းအတွင်းမှ အိမ်ငယ်လေးတစ်လုံးအား ငှားရမ်းနေထိုင်ရန်ရောက်ရှိလာခြင်းဖြစ်ပေတော့သည်။ လူငယ်ပုံစံဖြစ်သော်လည်း သူ့မျက်နှာတွင် အလွန်တရာထက်မြက်ခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိခြင်း၊ လုပ်ငန်းဆောင်တာများကို မတွန့်မဆုတ်လုပ်ဆောင်မည်ဆိုသော အမူအရာများအပြည့်တွေ့မြင်နေနိုင်သည်။ အားက စားလိုက်စားသဖြင့် ခန္ဓာကိုယ်အချိုးအစားပြေပြစ်သကဲ့သို့ အင်အားတောင့်တင်းသောပုံစံမှာ အထင်းသားတွေ့မြင်နိုင် သည်။ အသက်အရွယ်အားဖြင့် ၄-၅နှစ်ခန့်သာ ကွာမည်ဆိုသော်လဲ ကျွန်ုပ်မှာ မိဘများထားခဲ့သော အိမ်လေးနှင့် ဘဏ်ထဲမှရှိသောငွေကြေးများ၏ အတိုးများကို ငှားစားကာ ကျွန်ုပ်ဝါသနာပါသော စာရေးခြင်းအလုပ်ကိုသာ လုပ်ကိုင်နေသဖြင့် […]


SmiegolJuly 6, 20111min20711
ကိုယ်လုပ်မယ့်စီးပွားအမျိုးအစားကိုရွေးချယ်ခြင်း ငွေကိုအကျိုးရှိရှိအသုံးချဖို့မပြောခင်မှာ အရင်ကျွန်တော်ပြောနေတာတွေက ငွေပိုငွေလျှံလေး (ရေစက်ရေပေါက်)လေးတွေထွက်လာအောင် ညှစ်ထုတ်နည်းလေးအရင်ပေးတာပါ။ လူတော်တော်များများဟာ ဝင်ငွေကို ထွက်ငွေနဲ့ ကိုက်အောင်သုံးနေရင်း အသက်ကြီးပြီး သေသွားကြတာပဲ။ မပူမပင်ရဘူးလို့ပြောပေမယ့် ငွေကြေးနဲ့ပတ်သက်ရင် ထင်ရာစိုင်းလို့မရတဲ့ ဘဝပါ။ ကျွန်တော်တို့တွေသူဌေးဖြစ်ချင်တာ ငွေကြေးနဲ့ပတ်သက်ရင် ထင်ရာစိုင်းချင်တဲ့စိတ် ကြောင့်ဆိုတာ ၇၀% လောက် ပါပါတယ်။ လိုချင်တာဝယ်မယ်။ မိသားစုကို ကောင်းကောင်း ထောက်ပံ့မယ်။ ကိုယ်လဲ အပြင်မှာ ကောင်းကောင်းကဲမယ်ပေါ့။ ကဲ..အဲဒါဆို ကျွန်တော်တို့ ငွေကိုရှာမှဖြစ်မယ်၊ စီပွားရေးတစ်ခုလုပ်မယ်ဆိုရင် စီးပွားရေးအမျိုးအစားကို အရင်ရွေးကြည့်ဖို့လိုမယ်.. ကျွန်တော်တို့နေတဲ့ တိုင်းပြည်နဲ့ သဟဇာတလဲကျ ကိုယ့်အတွက်လဲ ပေါ့ပေါ့ပါးပါးဖြစ်မယ့်ဟာမျိုးပေါ့။ မြောက်ဒဂုံဖက်မှာ ပေ၂ဝ x ၄ဝ မြေကွက်လေးကို သိန်း (၃၀)နဲ့ရလို့ ဝယ်ထားလိုက်မယ်ကွယ်။ ဘယ်လောက်ကြာရင် သိန်း (၃၅)သိန်းဖြစ်မှာလဲ..တစ်လလား၊ တစ်နှစ်လား။ နောက်တစ်ခုက တကယ်ဖြစ်မှာလား၊ […]


SmiegolJuly 5, 20111min1515
ပြောခဲ့တဲ့အတိုင်း..ကျွန်တော်တို့ တာဝန်ခံနိုင်ပြီလားတဲ့ တာဝန်ခံနိုင်တဲ့သူတွေအများကြီးရှိနိုင်ပါတယ်။ ဆက်ပြောကြရအောင် စီးပွားရေးတစ်ခုလုပ်ဖို့အရင်းအနှီးလိုတယ်… ဟုတ်ပြီ..သင်ဘာလုပ်မှာလဲ..အရင်းအနှီးက ဘယ်လောက်လိုမလဲ   ကျွန်တော်ကတော့ အင်တာနက်ဆိုင်ကြီးကို ထောင်ချင်တယ်၊ သိန်း၁၀ဝ လောက်လိုမယ်.. ကျွန်မကတော့ Fashion ဆိုင်တစ်ဆိုင်ဖွင့်ချင်တယ်၊ သိန်း၅ဝ လောက်လိုမယ်.. အရင်ဆုံးစဉ်းစာပါ..အဲဒီပိုက်ဆံတွေအရှုံးခံနိုင်လား.. နောက်တစ်ခုက ရှိသမျှအကုန်ပုံအောပြီး စီးပွားရေးလုပ်တယ်..လုပ်နေရင်းခါးပြတ်သွား နိုင်တယ်။ အဲဒီတော့ တစ်နိုင်တစ်ပိုင်လုပ်နိုင်ဖို့ပဲ စဉ်းစားပါ.. ကျွန်တော်တို့နိုင်ငံမှာ ဘယ်အရာကို စိတ်ချပြီး ရေရှည်ရင်းနှီးမှု လုပ်မှာလဲ.. အဲဒါဆို ကျွန်တော်တို့ တစ်နိုင်တစ်ပိုင် ငွေဘယ်လောက်အရှုံးခံနိုင်လဲလို့စဉ်းစားကြည့်မယ်။ တစ်သိန်းလား၊ နှစ်သိန်းလား..ကိုယ်နေတဲ့ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မယ့် ရင်းနှီးမှုကိုတော့လုပ်ရမှာပေါ့.. အရင်းအနှီးရှိမှ သူဌေးဖြစ်မယ်ဆိုရင်..ဘယ်သူဌေးမှ ငွေထုပ်ပိုက်ပြီးမွေးလာတာမဟုတ်သလို မျှတတဲ့ပြိုင်ဆိုင်မှုမှာ တိုးတက်ဖွံ့ဖြိုးလာတဲ့စီးပွားရေးလုပ်ငန်းအားလုံးဟာလဲ အခွင့်အရေး အလုပ်ကြောင့်တိုးတက်လာတာပါ..အခွင့်ထူးခံလူတန်းစား၊ မိုးကျရွှေကိုယ်တွေရဲ့စီးပွားရေးမျိုး မဟုတ်ပါဘူး။   အဲဒီတော့ အရင်းအနှီးလေးနဲနဲနဲ့ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ.. အရင်ဆုံး လူအများစုရဲ့ငွေကြေးကိုင်တွယ်ပုံလေးကို […]


SmiegolJuly 5, 20111min25813
သူဌေးဖြစ်ချင်လား…ငါတို့ဘာတွေလုပ်ဖို့လိုမလဲ (၂)   မနေ့က ပြောခဲ့သလို ကျွန်တော်တို့တွေ သူဌေးလုပ်ချင်တဲ့သူတွေများပါတယ်…ကျွန်တော်အပါအဝင်ပါ အရှင်းဆုံးပြောရရင် သူဌေးလို ဇိမ်ခံချင်တယ်ဗျာ… ကဲ..အဲဒါဆို သူဌေးဆိုတာ ဘာတွေလုပ်ရလဲ….ဘာတွေကြောင့် ချမ်းသာနေတာလဲ   အရင်ဆုံးအောက်ခြေကနေစပြီးစဉ်းစားကြည့်ကြမယ်.. အရမ်းကြီးမားတဲ့လုပ်ငန်းကြီးတွေကိုအသာထားပြီး လုပ်ငန်းသေးသေးလေးတစ်ခုရဲ့ သူဌေးတစ်ယောက် ခဏလောက်လုပ်ကြည့်ရအောင်   ကျွန်တော်တို့ အလုပ်တွေမှာ ဝန်ထမ်းတွေရှိကြတယ်.. အဲဒီဝန်ထမ်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် အရည်အချင်းတွေပေါ်မှာမူတည်ပြီး လစာနှုန်းထားတွေကွဲပြားကြတယ်.. ဟုတ်ပြီ..အဲဒီလစာနှုန်းထားတွေကို သတ်မှတ်သူတွေက ဘာတွေကိုကြည့်ပြီးဆုံးဖြတ်တယ် ထင်လဲ… တာဝန်ယူမှုဆိုတဲ့အပေါ်မှာ မူတည်ပြီးဆုံးဖြတ်ကြပါတယ်..   တာဝန်ယူနိုင်မှု အလုပ်ထဲမှာကြားနေကျစကားတစ်ခုပေါ့..ဘာမှတတ်တဲ့ကောင်မဟုတ်ပါဘူး ကောင်းစားနေတာ..ဟုတ်ပြီ သူဘာလို့ကောင်းစားတာတုန်း သူက တစ်နေရာရာမှာ တခြားသူတွေထက်ပိုပြီး တာဝန်ယူနိုင်လို့ပါ.. သူတာဝန်ယူနိုင်တာ..တခြားလူအတွက်ကောင်းတာဖြစ်ချင်ဖြစ်မယ်..မကောင်းတာဖြစ်ချင်ဖြစ်မယ်နော်..အဲဒါကျွန်တော်ထည့်မပြောဘူး။   သူဌေးတစ်ယောက်ဟာလူတစ်ယောက်ကို လစာ ၅သိန်းပေးပြီး အလုပ်ခန့်ထားရင် သူတာဝန်ယူနိုင်တဲ့ပမာဏက ၁၅သိန်းဖိုးလောက် ပြန်ပြီးပေးဆပ်နိုင်လို့ပါ.. အဲဒါဆို တစ်လကို သိန်း၁၅ဝ […]


SmiegolJuly 4, 20111min1845
ဘယ်ခေတ်မဆို၊ ဘယ်နိုင်ငံမှာနေနေ၊ ဘယ်ဒေသပဲရောက်ရောက် ကျွန်တော်တို့အားလုံးအတွက် မရှိမဖြစ်က ဘာလဲလို့ စဉ်းစားကြရင် ငွေကြေးဆိုတာကို ထည့်မစဉ်းစားပဲ ဘယ်သူမှမနေနိုင်ဘူးလို့ထင်ပါတယ်။ ရှင်းရှင်းပြောရရင် ငွေရှိရင် ဘာမဆိုဖြစ်နိုင်တယ်ပေါ့… ငွေကြေးနဲ့ ကျွန်တော်တို့ အနှိမ့်ဆုံး နေ့တိုင်းအစားအသောက်တွေစားဖို့၊ လိုအပ်တဲ့ အသုံးအဆောင်တွေဝယ်ဖို့အပြင်၊ ခေတ်မီစက်ကိရိယာတွေ၊ နောက်ဆုံးပေါ်ကားတွေ၊ ခမ်းနားတဲ့အိမ်ဂေဟာတွေကို ဝယ်ယူလဲလှယ်နိုင်ကြတယ်ပေါ့… အဲဒီတော့ ကျွန်တော်တို့ ငွေကြေးကို ဘယ်လိုရှာကြမတုန်း….   တပါးသူတစ်ယောက်ဆီမှာ လုပ်ခစားဝန်ထမ်းလုပ်ကြမယ်… ဝန်ထမ်းလုပ်ဖို့အတွက် လိုအပ်တဲ့ပညာအရည်အချင်းမရှိတဲ့သူတွေအတွက်တော့ ဈေးဗန်းဆွဲပြီး နေပူမိုးရွာမရှောင် ဈေးထွက်ရောင်းကြမယ်ပေါ့…ဒါဟာငွေကြေးရှာဖွေမှုရဲ့ အခြေခံတွေပါ… ရှင်းပါတယ်…ပညာတတ်တဲ့သူတွေဟာ သူတို့တတ်တဲ့ပညာကို တန်ရာတန်ကြေးနဲ့ ရောင်းသလို…ပညာနည်းပါးတဲ့သူတွေဟာ သူတို့ရှိတဲ့ ငွေကြေးလေး၊ ဒါမှမဟုတ် ချေးငှားထားတဲ့ ငွေကြေးနဲ့ ဘဝအတွက် ငွေတိုငွေစလေးများရှာဖွေကြတယ်လေ   ဟုတ်ပီ…အဲဒါဆို ငွေကြေးရှာဖွေတဲ့နေရာမှာ အဓိကရှာဖွေတဲ့ပုံစံ (၂)မျိုးကွဲသွားတယ်လို့ ပြောကြည့်ကြပါစို့.. ၁။ တတ်သိတဲ့ပညာကို […]