smytu1996September 25, 20102min410
ကြမ်းပိုးတစ်ကောင်၏ အနီးကပ်မျက်နှာ သင့်ရဲ့ မျက်နှာကို တစ်စုံတစ်ယောက်က အနီးကပ်ပြီး မိုက်ကရိုစကုပ်နဲ့ ကြည့်မယ်ဆိုရင် သင်နှစ်သက်လိမ့်မယ် မဟုတ်ပါဘူး ။ Dobsonfly ဆိုတာကတော့ Khing bug လို့လည်း ခေါ်ပါတယ် ။ Corydalinae subfamily အင်းဆက်အမျိုးစားဖြစ်ပြီး သူတို့ကို Oklahoma Microscopy အဖွဲ့အစည်းကနေ ပြုလုပ်တဲ့ ရုပ်အဆိုးဆုံး အင်းဆက်ပြပွဲကြီးမှာ တင်သွင်းခံရပါတယ် ။ ဒီပုံဟာ ပြိုင်ပွဲအတွင်းမှာ ပြထားတဲ့ပုံဖြစ်ပြီး Scanning Electron Microscope ကိုအသုံးပြုပြီး ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။ အဲဒီမိုက်ကရိုစကုပ်က ဒီကြမ်းပိုးကို ဆယ်ဆကနေ အဆ၅၀ဝ လောက်ထိအောင် သူတို့ရဲ့ ကိုယ်ပိုင် အရွယ်အစားကနေ ချဲ့ပေးနို်င်ပါတယ် ။ ဒါပေမယ့်လည်း ဒါဟာ တကယ့် ကြမ်းပိုး တစ်ကောင်ပဲ […]


smytu1996September 25, 20109min740
ဒါဟာ ကမ္ဘာပေါ်မှာ ကုန်ကျမှုအများဆုံးနဲ့ အကြီးမားဆုံး water fountain ဖြစ်ပါတယ် ။ Burj Dubai Lake မှာတည်ဆောက်ထားတာဖြစ်ပါတယ် ။ အရှည်က ပေ ၉၀၀ ကျော်ရှည်လျှားပြီး အမြင့်ကတော့ ပေ၅၀ဝ အထိ ရေပန်းတက်နိုင်ပါတယ် ။ ဒီ fountain ဟာ ရေ ၂၂၀၀ဝ ဂါလန်ကို လေပေါ်မှာ ပင့်တင်ထားပေးနိုင်ပါတယ် ။ ဒီအံ့ဩဖွယ်ရာ ပုံရိပ်တွေနဲ့ ကနေတဲ့ ရေလွှာလေးတွေကို ဖန်တီးဖို့ မီးလုံးပေါင်း ၆၀၀ဝ နဲ့ color projector ၂၅ ခု နဲ့ ပံ့ပိုးပေးထားရပါတယ် ။


smytu1996September 23, 20101min622
မိန်းမချင်းတော့ မတူပါလေ။ မိတ်ဆွေများဖြစ်ကြသည့် ခြင်္သေ့နှင့် နွားသိုးကြီးတို့ ထိုင်ပြီး စားသောက်နေကြသည်။ နှစ်ကောင်စလုံး အားကြီးသူတွေ၊ အားလုံးက လေးစားခြင်း ခံရသူတွေ။ စားသောက်ရင်း မိုဘိုင်းလ်ဖုန်းလာသဖြင့် ဖုန်းကို ခြင်္သေ့ ကောက်ကိုင်လိုက်သည်။ တစ်ဖက်က ပြောသူကို ပျော့ပျောင်းသောအသံဖြင့် ဖြေသည်။ ကောင်းပါပြီ၊ အခုပဲလာခဲ့ပါ့မယ် ဟေ့ ဘယ်သူဆက်တာလဲကွ ကိုယ့်မိန်းမပါ မိန်းမများ အရေးလုပ်လို့၊ မင်းနဲ့ငါ မတွေ့ကြတာကြာပြီပဲ၊ အေးအေးဆေးဆး ထိုင်စမ်းပါ။ မင်းယောက်ျားမဟုတ်ဘူးလား၊ ခေါက်ထားလိုက်စမ်းပါ မင်းပြောတာတော့လွယ်တယ်၊ ငါ့မိန်းမ ဘယ်သူလဲသိလား၊ ခြင်္သေ့မကွ၊ နွားမ မဟုတ်ဘူး။ လူကောင်း စိတ်ရောဂါအထူးကုဆရာဝန်ကို လူနာက ပြောသည်။ ဒေါက်တာ၊ ကျွန်တော့်ကို ကူပါဦး၊ ကျွန်တော် လူတစ်ကိုယ် စိတ်သုံးမျိုး ကွဲနေသလားမသိဘူး၊ စဉ်းစားတာက တစ်ခု၊ ပြောတော့တစ်မျိုး၊ လုပ်တော့ […]


smytu1996September 23, 20101min681
လူ့လောကတွင် ပြသနာ တစ်ခုပေါ်ပေါက်လာပါက အကောင်း နှင့် အဆိုး အမြင်နှစ်မျိုးဖြင့် ကြည့်ရှုတွေ့မြင်နိုင် ပေသည်။ အကောင်းသည် မည်သည့် အခါမျှ အဆိုးမဖြစ်နိုင် သလို အဆိုး သည်လည်း… မည်သည့် အခါမျှ အကောင်း မဖြစ်နိုင် ပေ။ အကောင်းဘက်မှ ကြည့်သောသူသည် မိမိ ကြည့်သောဘက်ကိုသာ အကောင်းဆုံး အမှန်ဆုံး ဟုထင်လျှက် အဆိုးဘက်မှ ကြည့်သူ၏ အကောင်း .. အမှန်ကို ခန့်မှန်းကြည့်ရှု ရှာဖွေနိုင်ခြင်း မရှိပေ.. ထို့ကြောင့် ပြသနာ တစ်ခုပေါ်ပေါက်လာလျှင် တခုတည်းသော မိမိ၏ အမြင် ရှုထောင့်မှ ကြည်၍ မဆုံးဖြတ်ပဲ ရှုထောင့်အမျိုးမျိုးမှ ကြည့်ရှုမှသာလျှင် အမှားအမှန်ကို ကောင်းစွာ စီစစ်၍ ပြသနာကို ပြေပြေလည်လည် ဖြေရှင်းနိုင်ပေမည်။ အမှန်တရားကိုရှာဖွေရာမှာ ကိုယ့်အမြင်အထင် […]


smytu1996September 23, 20101min821
ပလာဇာ၊ ဈေးဝယ်စင်တာနဲ့ အရောင်းဆိုင်တွေဆီက အုပ်စုဖွဲ့ ပစ္စည်းအလစ်သုတ်တဲ့ သူတွေထဲမှာ အသက် ၂ဝ ဝန်းကျင်အရွယ် မိန်းကလေးအဖွဲ့တွေ ရှိလာတယ်လို့ သိရပါတယ်။ “အသက်ငယ်ငယ် မိန်းကလေး လေး၊ ငါးယောက် အုပ်စုဖွဲ့ပြီး ခိုးတာ မကြာခဏ ဖြစ်နေတယ်၊ အခုခတ်ပေါ်စတိုင် စကတ်အတို၊ ဘောင်းဘီအတိုတွေနဲ့ အပျံစားဝတ်ထားတာ တွေ့ရတယ်၊ ထင်ရက်စရာ မရှိဘူး”လို့ ယုဇနပလာဇာက ဈေးဆိုင်ရှင်တစ်ဦးက တွေ့ကြုံရတာ ပြောပါတယ်။ ဈေးဆိုင်တွေဆီကနေ ပစ္စည်းအလစ်သုတ်ဖို့ အနည်းဆုံးနှစ်ယောက်လာပြီး တစ်ခါတစ်လေ လေး၊ ငါးယောက် အုပ်စုလိုက်လာတာ ဖြစ်တယ်။ ရွှေလက်ကောက်၊ ရွှေဆွဲကြိုးအတုတွေနဲ့ စလင်းဘတ်ဆိုလည်း အတော်ကောင်းကောင်းတွေ ဝတ်ဆင်ပြီး သပ်သပ်ရပ်ရပ် လာကြတာ ဖြစ်ပါတယ်။ သည်လိုဝတ်ရတာက ဆိုင်ရှင်က သင်္ကာမကင်း မဖြစ်ရအောင် သေချာပြင်ဆင်တာဖြစ်ပြီး လစ်ရင် လစ်သလို ခိုးတယ်လို့ […]


smytu1996September 22, 20101min1347
ပုံပြင်တစ်ပုဒ်လောက် ပြောပြပါရစေ။ ဒီပုံပြင်မှာ ရည်ရွယ်ချက် ရှိပါသည်။ လူဆိုတာ တစ်ယောက်ထည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်း ထိတွေ့ဆက်ဆံနေရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊ အားမလိုအားမရဖြစ်မှုတွေ ရှိနိုင်ပါတယ်။ ဒီပုံပြင်လေးဟာ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ မိဘနဲ့ သားသမီးအကြား၊ ဆရာနဲ့ တပည့်အကြား၊လင်မယား နှစ်ယောက်အကြား၊ သူငယ်ချင်း နှစ်ယောက်အကြားမှာ ထားသင့်ထားအပ်တဲ့ အတွေးတစ်ခုကို ပေးပါလိမ့်မယ်။ ********* တစ်ခါတုန်းက……….အလင်းမရှိဘဲ မှောင်နေတဲ့ ခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင်ရှိတယ်။ အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင်(၅)တိုင်ရဲ့ အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။ ဒီအခန်းထဲကို လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တစ်ခါတစ်ခါမှာ လေဟာ ပြင်းသွားလိုက်၊ တစ်ခါတစ်ခါမှာ […]


smytu1996September 22, 20101min883
ဗြိတိသျှကောင်စီ မြန်မာမှ ကြီးမှုးကျင်းပသော ပညာရေးဆိုင်ရာပြပွဲတစ်ရပ်ကို အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်၏ ခန်းမ တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီမှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါပြပွဲတွင် ဗြိတိသျှကောင်စီ မြန်မာမှ ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများ၊ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲများ ၊ အင်္ဂလိပ်စာသင်တန်းပို့ချမှုများ နှင့် စာကြည်.တိုက်နှင့် ပတ်သက်သည့် ဝန်ဆောင်မှုများ စသည့် ဝန်ဆောင်မှုများအကြောင်းကို ရှင်းပြပေးမည်ဖြစ်ပြီး အခြားစိတ်ဝင်စားဖွယ် အစီအစဉ်များ နှင့်အတူ ပညာရေး ဆိုင်ရာ ဟောပြောပွဲများလည်း ပါဝင်မည်ဖြစ်ပါသည်။ ဗြိတိသျှကောင်စီရှိ သက်ဆိုင်ရာဋ္ဌာနအသီးသီးမှ ဝန်ထမ်းများကလည်း ၎င်းတို့ သက်ဆိုင်ရာဋ္ဌာနများ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် သိလိုသည်များကို ပြန်လည်ဖြေကြားပေးမည် ဖြစ်ပါသည်။ ပညာရေးဆိုင်ရာပြပွဲအား ဗြိတိသျှကောင်စီ […]


smytu1996September 21, 20104min710
You know you need to work out, but your’re having trouble getting up the enthusiasm. How do you find motivation to exercise when you just don’t feel like getting off your butt? I ask myself this question every now and then, and I have the feeling I’m not the only one. There are a million […]


smytu1996September 21, 20101min610
၁၉၇ဝ ပြည့်လွန် နှောင်းပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ လူဦးရေ လေးပုံတစ်ပုံနီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ခမာရု ထိ်ပ်တန်းခေါင်းဆောင် လေးဦးကို ကုလသမ္မဂ စစ်ရာဇဝတ်ခုံရုံးမှ စွဲချက်တင်လိုက်ပြီ ဖြစ်သည်။ ခမာရု ခေါင်းဆောင်လေးဦးသည် ဂျီနို်ဆိုဒ် ခေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်သော ရာဇဝတ်မှု၊ ဘာသာရေးဆိုင်ရာ နှိပ်စက်သတ်ဖြတ်မှု စတဲ့ ပြစ်မှုများကို ရင်ဆိုင်ကြရတော့မည်။ စွတ်ဆွဲခံရသူ လေးဦးမှာ ခမာအစိုးရလက်ထက် အကိုကြီး နံပါတ် ၂ လို့ ကျော်ကြားခဲ့သူ ဝန်ကြီးချုပ် Nuon Chea ၊ ဒုတိယ ဝန်ကြီးချုပ် Ieng Sary ၊ လူမှုရေးရာ ဝန်ကြီး Ieng Thirith နှင့် နိုင်ငံအကြီးအကဲ လုပ်ခဲ့သူ Khieu Samphan တို့ […]


smytu1996September 21, 20101min810
 “မက်ဒရစ်မှာ အလုပ်လုပ်ဖို့ မလိုတဲ့ အချိန်မှာ ပေါ်တူဂီအတွက် နည်းပြဖို့ ရီးယဲက ဘာကြောင့် ခွင့်မပြု သလဲဆိုတာ ကျွန်တော် နားမလည်ဘူး”ဟု စနေနေ့က ရီးယဲဆိုဆီဒတ်အာ (၂-၁)ဖြင့် အနိုင်ရသည့် ပွဲအပြီးတွင် မော်ရင်ဟိုက ပြောကြားလိုက်သည်။  ကာလို အန်ဆယ်လော့တီက ယခုရာသီ ချယ်လ်ဆီးအတွက် အမှန်အကန်စမ်းသပ်မှုတစ်ခုက ရှေ့မှာဆီးကြိုနေကြောင်း ဘလက်ပူးလ်အား ၄-ဝဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲအပြီးတွင် ပြောကြားသွားခဲ့သည်။  ရီးရဲလ်မက်ဒရစ်နည်းပြ ဂျိုးစ်မော်ရင်ဟိုက မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆာအဲလက်စ် ဖာဂူဆန်၏ အသက်အရွယ် အိုမင်းသည်အထိ နှစ်ပေါင်းများစွာ အောင်မြင်သောနည်းပြ တစ်ဦးအဖြစ် ရပ်တည်နေမှုကို အားကျမိကြောင်း ဝန်ခံပြောကြားလိုက်သည်။  မန်ချက်စတာ ယူနိုက်တက်အသင်း၏ တိုက်စစ်မှူးဖြစ်သူ ဝိန်းရွန်နေသည် မန်ယူအသင်းက ကမ်းလှမ်းသည့် ပေါင် […]