snow htetApril 8, 20121min562
နင်ထွက်သွားလို့ပြုံးနေပေမယ့် ငါ့ရင်ထဲမှာတော့ ငိုနေတယ် ရင်ထဲက အကြိမ်ကြိမ်တားနေပေမယ့် ငါ့ပါးစပ်ကတော့ လမ်းခွဲပေးပါတဲ့ ငါစဉ်းစားတယ် နင်မရှိရင် ငါ့ကမာ္ဘ၊ ငါ့ အားကိုးရာ ၊မှီတွယ်ရာ နင့်ရင်ခွင်ကို ငါဘယ်လိုမှီတွယ်ရမလဲ အားငယ်တဲ့ အခါ လိုအပ်တယ် လိုအပ်တဲ့အချိန်တိုင်း ငိုမိတယ် ငိုမိတဲ့ အချိန်တိုင်းလည်း ရင်ကွဲမတတ်ပါပဲ ချစ်သူရယ် အတူလျှောက်ဖူးတဲ့လမ်းတွေက နင်မရှိတော့ ရှည်နေသလိုပါပဲ နင်မရှိတော့တဲ့ လမ်းတွေမှာ ခလုတ်တွေပဲတိုက်နေတဲ့ငါ ဥုံဖွလုပ်ပေးမဲ့ နင်မရှိတော့ ဒဏ်ရာတွေဗရပွနဲ့ အသည်းခိုက်အောင်နာနေတုန်း နင့်ရင်ခွင်ကျယ်ကြီးကိုလည်း လွမ်းမိပါရဲ့ ချစ်သူရယ် အကြာကြီးမဟုတ်ရင်တောင် အနာပြေတဲ့ အထိတော့ခိုဝင်ချင်ပါသေးတယ်…. “တစ်ကယ်ဆိုရင်အချစ်ပဲလိုတယ်” တဲ့ တို့နှစ်ယောက်မှာကအချစ်တွေရှိပြီး တစ်ယောက်နဲ့တစ်ယောက် မချစ်ကြရဘူးနော် “အနေဝေးရင်သွေးအေးတယ်” တဲ့…..နင့်အတွက်ဆူပူနေတဲ့ ငါ့သွေးတွေကို အေးချင်တယ်……….. ဟောင်းနေပေမယ့် မကျက်သေးတဲ့ ငါ့ဒဏ်ရာတွေက နင့်ကိုလွမ်းတုန်းပဲ. နင်မှာခဲ့တဲ့ စကားတွေကို […]


snow htetJanuary 26, 20121min14729
ကျွန်မမှာ ကျွန်မအရမ်းချစ်ပြီး ကျွန်မကိုအရမ်းချစ်တဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ သူ့ကိုကျွန်မက “ကို” လို့ခေါ်ပါတယ်။ သူကအလုပ်လုပ်ပါတယ်။ကျွန်မကတော့အလုပ်မရှိသေးပါဘူး။ကျွန်မတို့ချစ်သူသက်တမ်း(၃)နှစ်ကျော်ပြီး (၄)နှစ်ထဲရောက်နေပါပြီ။အိမ်ကသဘောမတူပဲချစ်ကြတာမို့ ပိုချစြ်ပီး ပိုပြီးတော့လည်းတွေ့ချင်ကြပါတယ်။ ကျွန်မက အလုပ်မရှိသေးသူမို့ “ကို” အလုပ်ဆင်းချိန် စောရင် သွားတွေ့ရပါတယ်။ ကို တို့အလုပ်က စနေနေ့ဆိုလျှင် နေ့တစ်ဝက်ဆင်းရပါတယ်။ တစ်ခါတစ်လေတော့ မိုးချုပ်တတ်ပါတယ်။ ကျွန်မကတော့ စနေနေ့ဆို ပုံမှန်(၂)နာရီလောက်ဆိုရင် ကို့ အလုပ်ကိုရောက်နေတတ်ပါပြီ။ မိုးချုပ်ရင်လည်း မိုးချုပ်တဲ့အထိ ထိုင်စောင့်နေတတ်ပါတယ်။ တစ်နေ့သော စနေနေ့မှာ ကို တို့အလုပ်က(၂)နာရီလောက်ပြီးသွားတဲ့တွက် အရမ်းဝမ်းသာသွားပါတယ်။ ဒီလိုနဲ့ ကို နဲ့ ကျွန်မ ကန်ဘောင်ဘက်ကို လမ်းလျှောက်ထွက်လာခဲ့ပါတယ်။တစ်ပတ်လောက်ပတ်ပြီးတော့ ညောင်းလာတာနဲ့ မြက်ခင်းတစ်နေရာမှာထိုင်လိုက်ကြပါတယ်။ ကျွန်မတို့တွေ စကားတွေ ရောက်တတ်ရာရာပြောပြီး ကျွန်မစိတ်ထဲမှာ မေးခွန်းတစ်ခုမေးချင်စိတ် ပြင်းပြလာပါတယ်။ ဒါနဲ့ပဲ ကို တကယ်လို့လေ ကို 24 […]