ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား-နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) နှင့် ငြိစွန်းနေကြောင်းဒီမိုကရစီနှင့်ငြိမ်းချမ်းရေးပါတီမှ အောက်တိုဘာလ ၁၄ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို.ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီအတွင်းရေးမှု.ဦးမျိုးညွန်.မှ တိုင်ကြားထားသည်ဟုမဇ္ဈိမသတင်းမှာတွေ.ရသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) တွင် “နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်း ဖြစ်ကြောင်းတွေ့ရှိခြင်း” ပါက ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဟု ပြဋ္ဌာန်းထားသည်။ သီတင်းတင်ထားသူမှာ-ညီသစ် | သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၄ မိနစ်။ ထိုသတင်းနှင့်ပတ်သက်ပြီးပြောလိုသည်မှာ-ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးအသင်းသည်အသင်းဝင်များစွာနှင့်ဖွဲ.စည်းထားပါသည်။ အသင်းအားလူမူရေးလုပ်ငန်းများလုပ်ဆောင်စဉ်ကလှုဒါန်းသောအလှုရှင်များစွာလည်းရှိခဲ့ပါသဖြင့်အသင်းပိုင်ငွေများရှိခဲ့ပါသည်။ အသင်း၏လုပ်ငန်းများဖြစ်သောမြိုနယ်၊ခရိုင်အဆင့်များဖြင့်ခရီးသည်ပို.ဆောင်ရေးလုပ်ငန်းများစွာလည်းရှိသည်ကိုကျနော်တွေ.မြင်သိခဲ့ရပါသည်။ […]