ဆုိးဆုိးAugust 14, 20121min1077
ခေတ်ကိုက လူကြမ်းတွေ ပျက်လုံးထုတ်နေရတဲ့ ခေတ် ခေတ်ကိုက ဟာသ သရုပ်ဆောင်တွေရဲ့ ခေတ် ခေတ်ကိုက ဟာသ ခေတ်။ ခေတ်ကိုက ကော်ပီ ခေတ် စာသားကလည်း ကော်ပီ သံစဉ်ကလည်း ကော်ပီ ဒီဇိုင်းကလည်း ကော်ပီ ကျွန်တော်လည်း ကော်ပီ ၊ သူလည်းကော်ပီ၊ အားလုံးကော်ပီ ခေတ်ကိုက ကော်ပီ ခေတ်။ ခေတ်ကိုက ရေပေါ်ဆီ ခေတ် ခေတ်ကိုက ကျီးအာသီးယဉ်ကျေးမှုနဲ့ ခေတ် ခေတ်ကိုက ဘွဲ့ရပြီး ကွမ်းရောင်းရတဲ့ ခေတ်၊ ပန်းရောင်းရတဲ့ ခေတ် ခေတ်ကိုက ပိုင်ဆိုင်မှုစာရင်းမထုတ်ပြန်ရဲတဲ့ ခေတ် ခေတ်ကိုက ခရိုနီတို့ရဲ့ ခေတ်။ ခေတ်ကိုက ဗိုလ်ချုပ် ပြောသလို “xxx” ဖြစ်နေတဲ့ခေတ်။ ခေတ်ကိုက ပါဝါရှိသူတို့ရဲ့ ခေတ်………….။


ဆုိးဆုိးAugust 7, 20121min744
ကျွန်တော်ပြောချင်တာက မော်တော်ပီကယ် ကိုကိုမမဦးဦးဒေါ်ဒေါ်ညီငယ်ညီမငယ် တို့ကိုပါ။ 69 လမ်း 35 လမ်းမှာ အလုပ်ဆင်းချိန် 5နာရီ 20 မီနစ်လောက်ဆို လမ်းမှာ ယဉ်တွေပိတ်နေပြီး ဟိုဘက်ကမောင်း ဒီဘက်ကမောင်းနဲ့ လုမောင်းနေကျတော့ ပိတ်ပြီးပေါ့။ သူတို့ကိုလဲ အပစ်ပြောလို့မဖြစ်ဘူး မီးပွိုင့်မရှိဘူး၊ ပီကယ် လဲမရှိဘူးလေ။ အမြဲတမ်းတော့မဟုတ်ပါဘူး တစ်ပတ်ကို 5 ရက်လောက်။ နောက်တစ်နေရာကတော့ နန်းရှေ့ ရေနီမြောင်း တံတားမှာ ဖြစ်ပါတယ်။ အဲနေရာ လမ်းခြောက်ခုဆုံတဲ့နေရာဆိုတော့ ပိုဆိုးတာပေါ့။ ဆိုင်ကယ်၊ ကား ၊စက်ဘီးတင်မဟုတ်ဘူး ထော်လာဂျီ နဲ့ ဆယ်ဘီးကားကြီးတွေပါတယ်။ နံနက် 8 နာရီ 30 လောက်ဆို သွားပြီ။ အလုပ်သွားသူ၊ကျောင်းပို့သူ ထော်လာဂျီတွေ နဲ့ လမ်းကို ပိတ်ညက်နေတာပဲ။ ဟိုဘက်ကမောင်း ဒီဘက်ကမောင်းနဲ့ လုမောင်းနေကျတော့ […]


ဆုိးဆုိးOctober 24, 20101min1805
ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက နိုင်ငံတော်အလံ ၊ နိုင်ငံတော်သီချင်း၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်နှင့် ပတ်သက်သည့် ဥပဒေများကို  ၂၀၁ဝ အောက်တို ဘာလ ၂၁ ရက်နေ့တွင်  နိုင်ငံပိုင် ရုပ်သံမီဒီယာမှ တစ်ဆင့် ထုတ်ပြန် ကြေညာခဲ့ပါသည်။ နိူင်ငံတော်သီချင်းမှာ အရင်တိုင်းမပြောင်းလဲပေ။ မြန်မာနိုင်ငံတော်အလံ နှင့် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


ဆုိးဆုိးOctober 24, 20103min1355
‎22.10.2010 မှာ ရွှေဘိုမြို့ သက်သာပန်းတောင်းအမှတ်(၉)ရပ်ကွက် လေးမှာ ဆီးမီးတစ်ထောင်ပူဇော်ပွဲအမှတ်တရလေးပါ။ မှတ်ချက်။   ။ သူငယ်ချင်း နန်ဒါ မှ ပေးပို့လိုက်ခြင်းဖြစ်ပါသည်


ဆုိးဆုိးOctober 23, 20101min610
(၁) လူတယောက်ဟာ လယ်ခင်းကို ကြည်ပြီး ပြုံးနေသတဲ့။ လယ်ပိုင်ရှင်သူနားရောက်လာသောအခါ သူက လယ်ပိုင်ရှင်ကို ပြောလိုက်သည်။ “ဦးရဲ့ စပါးခင်းကကောင်းလိုက်တာနော်” လို့လယ်ပိုင်ရှင်ကိုပြောလိုက်သတဲ့ အဲဒီမှာ လယ်ပိုင်ရှင်က မျက်မှောင်ကုတ်ပြီး ပြန်မေးသတဲ့ “မင်းကဘယ်ကလဲကွ” အဲဒီမှာပဲ အဲဒီလူက “ကျွန်တော်က အခုမှ မြန်မာနိူင်ငံ စိုက်ပျိုးရေးဘွဲ့ယူပြီး လိုက်လေ့လာနေတာပါ” လို့ပြန်ပြောသတဲ့ လယ်ပိုင်ရှင်က “မှားနေပြီ ဒါစပါးခင်းမဟုတ်ဘူးကွ ဂျူံခင်း…ဂျူံခင်းပါ” စိုက်ပျိုးရေးဘွဲ့ယူထားတဲ့လူမှအသံထွက်လာသည် “ဗျာ……..ဂျူံခင်းလား” (၂) “မြန်မာနိူင်ငံကလမ်းတွေက အရမ်းဆိုးတဲ့ပဲ ဟိုနားကချိုင့် ဟိုနားဘုနဲ့” လို့ ခရီးသွား တိုးရစ် တယောက်က မြန်မာနိူင်ငံသားပြောလေသည်။ မြန်မာနိူင်ငံသားကလည်း “လမ်းဆိုးတာမဟုတ်ဘူးဗျာ အထက်ကလူတွေကအမျှော်အမြင်ကြီးတာပါ တကယ်လု့ိလမ်းတွေများ ကောင်းခဲ့လိုရှိရင် ယဉ်တိုက်မှုတွေဖြစ်မှာဆိုးလို့ပါဗျာ” လို့ ပြန်ဖြေလိုက်သည်။ (၃) လူတယောက်သည် စလုံတခုကို ရေထည့်ပြီး ယူလာသည်။ အဲဒါကိုမြင်သောလူတယောက်လာပြီး […]


ဆုိးဆုိးOctober 11, 20101min690
မန္တလေးမြို့ ဘာသာပေါင်းစုံ၊လူမှုရေးအဖွဲ့များ မှ သဘာဝဘေးအန္တရာယ် ကျရောက်သူများအား လူမှုကူညီမှုအစီအစဉ် မှာ ပါဝင်ကြဖို့  ဖိတ်ခေါ်အသိပေး ပါတယ်………………. မှတ်ချက်။            ။facebook မှ သူငယ်ချင်း မစ်စတာ မန်ယူ နိူင် page တွင် ဖော်ပြထားသည် ။ လူသားတိုင်း ကိုယ်ချင်းစာပြီ အကူအညီပေးနိုင်ကြပါစေ။


ဆုိးဆုိးSeptember 25, 20101min571
သားသမီးအတွက်ဆို ခွန်အားကိုသုံး နွားတကောင်လို ရုန်းပြရမလား လက်သီးလက်မောင်းတန်း အမှားအမှန်မခွဲခြား လောကကြီးကို စိန်ခေါ်လိုက်ရမလား လိုအပ်မယ်ဆိုရင် သူစားမယ့်ထမင်း သားသမီးကိုကျွေး သားသမီးတွေပျော်ရင် သူလည်းပျော်တယ်တဲ့ သားသမီးတွေ ဗိုက်ပြည့်တာ သူဗိုက်ပြည့်တာပဲတဲ့လေ…….။ ချိုသာတဲ့ စကားလုံးတွေနဲ့ သာသမီးတွေကို ဆုံးမခဲ့ချင်ပေမယ့် မရတဲ့အဆုံး သူ့မျက်နှာကို မုန်တိုင်းအသွင်ဖန်ဆင်း တုတ်တစ်ချောင်းကို လက်မှာကိုင်လို့ အမုန်းတွေကို ခံယူ သူ့ရင်ထဲမှာတော့ အတိုင်းအဆမရှိ ကြေကွဲလို့နေပါသတဲ့လေ……..။ ဘယ်လောက်ဆိုးဆိုး ဘယ်လောက်မိုက်ခဲ့မိုက်ခဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြစ်တင်သံတွေနဲ့ အကြည့်တွေကို ခေါင်းကိုငုံ နားကိုပိတ် အားလုံးကို ခွင့်လွတ် လမ်းကြောင်းမှန်ပေါ်ရောက်အောင် ခွန်အားတွေပေး သားသမီးတွေကို ပြုံးပြခဲ့တာလည်း ဒီ ဖေဖေ ပဲ………………။ ဘာမှရယူခြင်းမရှိတဲ့ ပေးဆပ်မှုတွေနဲ့ ပေးဆပ်ခဲ့တဲ့ အဖေ့ မေတ္တာ ဂုဏ်ကျေးဇူး …………………အန န္တ ပါ […]


ဆုိးဆုိးSeptember 25, 20101min742
၂၀၁ဝခုနှစ် စက်တင်ဘာ ၂၄ ရက် နေ့တွင် AFC President’s Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲအဖြစ် မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၃ဝ မီနစ်တွင် ရတနာပုံ FC နှင့် ဗာကက်ရှ်အသင်းတို့ မြန်မာနိူင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပွဲအစပိုင်းတွင် တစ်သင်းကိုတစ်သင်းသွေးတိုးစမ်းရင်း ထိန်းကစားခဲ့ကြသည်။ နောက်ပိုင်းတွင် ရတနာပုံအသင်း တိုက်စစ်ကို ဗာကက်ရှ်အသင်း တော်တော်ထိန်းယူနေရသည်။ ရတနာပုံအသင်းသည် ဝမ်းတူးတွဲလုံးများဖြင့်ထိုးဖောက်ပြီး အဝေးကန်ချက်များဖြင့်ဂိုးရရန်ကြိုးစားခဲ့သည်။ဗာကက်ရှ်အသင်းကတော့ သူတို့ရဲ့ အရပ်အမောင်းကို အားကိုးပြီး တောင်ပံတွေမှ တဆင့် ဂိုးရှေ့ကို ကန်တင်ပြီး ဂိုးသွင်းယူဖို့ကြိုးစားခဲ့သည်။ မီနစ် လေးဆယ်ထိ ထိထိရောက်ရောက်သော ဂိုးသွင်းခွင့် တသင်းနှင့်တသင်းသိပ်မရခဲ့ပေ။၄၃မီနစ်မှာတော့ ကိုးနေး နဲ့ ရန်ပိုင် ဝမ်းတူးတွဲလုံးဖြင့် ရန်ပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့သဖြင့် ရတနာပုံအသင်းအတွက် အပိုင်ဂိုးတစ်ဂိုး နစ်နာခဲ့ရသည်။ […]


ဆုိးဆုိးSeptember 13, 20101min693
သူ့အဖေ က အလုပ်က ပြန်လာပြီး ညနေတိုင်း အိမ်တွင် အရက်သောက်သည်။ အမြဲတမ်း သူ့ အရက်ခွက် နှင့် အမြည်း တို့ကိုသိမ်းရသည်။ အရက်ခွက်ကို ကိုင်လိုက်တိုင်း အနံ့ ကိုသူမခံနိုင် ဘာကြောင့်များ အရက်ကို ကြိုက်နေကျလည်း သူမတွေးတက်ပေ။ တနေ့တွင် သူ့အဖေ အရက်ခွက်ထဲ တွင် အရက်အနည်းငယ်ကျန်နေခဲ့သည်။ သူသည် အရက်ကို စမ်းသပ်ချင်စိတ်ပေါ်လာသည်။ အနံ့တောင်မခံနိုင်သော အရက်ခွက်ကို မော့လိုက်သည်။ အာခေါင်ကိုပူဆင်းသွားသည်။ခံတွင်းတွင်လည်း တမျိုးခံစားရသည်။ ရှတတ ခံစားရသည်။ ရေသောက်လိုက်မှ ရှတတ ပျောက်သွားတော့သည်။ ခေါင်းထဲတွင် ရီဝေဝေနေနှင့် နေရတာ ဘယ်လိုမှန်းမသိပေ။ နောက်နေ့တွင် လည်း အရက်မကျန်ခဲ့လျင် အရက်ခွက် ကို ရေနှင့် ကျင်းပြီး သောက်တော့သည်။ထိုသိုသောက်နေခြင်းကို မိဘတွေ မသိပေ။ အချိန်တွေကလည်း တဖြည်းဖြည်းနဲ့ […]


ဆုိးဆုိးSeptember 10, 20103min1033
ဒီရက် ကို စောင့်နေရတာ ကြာပါ ပြီ ။ စောင့်နေရတာ တောင် ရင်တထိတ်ထိတ် နဲ့ပါ ။ သတ်မှတ် ထားသည့် ရက် မတိုင်ခင် ၂ ပတ် အလို ထိ အလှူငွေ က ၃ – သိန်း ကျော်သာ ရရှိပါသေး သည် ။ ဒါပေမယ့် တကယ့် လှူ မယ့်နေ့စာရင်းပိတ်တော့ ၆၂ဝ ဝ၀ဝ ( ၆ သိန်း ၂ သောင်း ) ရရှိပါသည် ။ ကျမ ပျော် ရွှင်ပါတယ် ။ အားလုံး လည်း ပျော် ရွှင် ကြပါ တယ် ။ ချိန်းဆို ထား […]


ဆုိးဆုိးSeptember 9, 20101min670
မလှပတဲ့ ပုံရိပ်တွေနဲ့ ကြွေလွင့်ခဲ့တဲ့ အတိတ်အတွက် ဝမ်းနည်း ပူဆွေးနေခဲ့ရင် ကို်ယ့်ဘဝကို ကိုယ့် အဆိပ်ခတ်ပြီး သတ်နေတာ။ မရောက်ရှိသေးတဲ့ အနာဂတ်နဲ့ ရှေ့မှာ ကြုံတွေ့ရမယ့်အခက်အခဲတွေ အတွက် တွေးတော ပူပန် နေခဲ့ရင် ကိုယ့် ယုံကြည့်မှု ကို မယုံကြည်ခဲ့တာ။ တကယ်တော့ အတိတ်ဆိုတာ ပြီးဆုံးခဲ့တဲ့ ပစ်စုပ်ပန် အနာဂတ်ဆိုတာ ရောက်ရှိလာမယ့် ပစ်စုပ်ပန် နောင်လာမယ့် အတိတ် နဲ့ အနာဂတ် ဆိုတာ အခု ပစ်စုပ်ပန် ရဲ့ လက်ထဲမှာ………..။ (လက်ရေးဆင့် စာလုံးများ မရသောကြောင့် သည်းခံ ဖတ်ပေးပါရန်)


ဆုိးဆုိးSeptember 8, 20101min391
လက်ရေးဝိုင်း နဲ့ ဒသန ဖွဲ့ဖို့ ရတနာပုံ လေးမျဉ်းထဲ အက္ခရာတွေ ရေးကြည့်တယ်…။ မတူရာ အရပ်က မြစ်လက်တံတွေမှာ လူတွေရဲ့ အပယ်ခံ အမှိုက်တွေ ကမ်းတွေမှ နားရတဲ့  ဗေဒါ အားလုံး………. လူဖြူ လူမဲ လူတန်းစားခွဲခြားခြင်းမရှိတဲ့ ကျောင်းတော်မြစ်ထဲ စီးဝင်သွားလေရဲ့….။ တယောက်အကြောင်း တယောက်မသိ နားလည်မှုတွေနဲ့စကားပြော ပြုံးရင်းနဲ့သူငယ်ချင်းဖြစ် အစွန်းရောက် သံယောဇဉ်နဲ့ ရင်ထဲက မီးပွိုင့် အမြဲတမ်း အစိမ်း မီးနီဆိုတာ မရှိကြေးတဲ့……..။ ရင်ထဲမိုးရွာလို့ကောင်းတုန်း ခွဲခွာခြင်းဆိုတဲ့ မိုးကြိုး နှလုံးသား တည့်တည့် ပစ်ခွင်းလိုက်တယ်……..။ သုံးနှစ်ဆိုပေမယ့် သိပ်ချစ်ခဲ့ကြတဲ့ သူငယ်ချင်း ငါတို့…………………ခွဲခွာရတော့မယ်….. သတိရခြင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းတော်ကြီး ငါတို့………………….ခွဲခွာရတော့မယ်…..။ ဦးပိန်တံတားပေါ် ခြေအချ တောင်သမန်အစပ် လှေတစ်စီးရပ်တယ် လူတွေဟာ ဦးတည်ချက်မတူတဲ့ […]


ဆုိးဆုိးSeptember 8, 20101min864
ငါအိုသွားသောအခါ ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်ဘူး။ ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။ ချည့်နဲ့နဲ့လက်တွေန ဲ့ထမင်း ဟင်းတွေ အင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ ၊ အင်္ကျီ၊ လုံချည်၊ ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို သတိရပေးပါ။ ငါအိုသွားသောအခါ အပ်ကြောင်းထပ်မက ပြောဘူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲကျေးဇူးပြုပြီးနား ထောင်ပေးပါ။ငယ်ငယ်တုန်းက ငါအိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ပုံပြင်တွေကိုမရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေ ကိုသတိရပေးပါ။ ငါအိုသွားသောအခါ မလှုပ်ရှားနိုင်လ ို့ရေချိုးဖို့အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့၊ ငယ်ငယ်တုန်းကချော့တလှည့်၊ ခြောက်တစ်လှည့်ရေချိုးပေးခဲ့ဘူးတဲ့ ပုံလေးကိုပြန်မြင်ယောင်ပေးပါ။ ငါအိုသွားသောအခါ ခေတ်သစ်နည်းပညာသစ်တွေကိုမသိနားမလည်ခဲ့ရင်မလှောင်ပါနဲ့၊ငယ်ငယ်တုန်းက’ဘာကြောင့်’ ဆိုတဲ့မေးခွန်းတိုင်းကိုစိတ်ရှည်စွာငါပြန်ဖြေပေးခဲ့တာကိုသတိရပေးပါ။ ငါအိုသွားသောအခါ စိတ်သွားတိုင်းကိုယ်မပါ နွမ်းလျှပြီးလမ်းမလျှောက်နိူင်တဲ့အခါ ခွန်းအားပါတဲ့လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ။လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းချင်းလမ်းလျှောက်သင်ပေးခဲ့တာတွေ ကိုသတိရပေးပါ။ ငါအိုသွားသောအခါ တစ်နေ့ထက်တစ်နေ့အိုစာသွားတဲ့ငါ့က ိုကြည့်ပြိးဝမ်းမနည်းပါနဲ့ နားလည်ပေးပါ။ အားပေးပါ။ […]