True AnswerJuly 31, 20111min1655
ဒီခံစားချက် ဝေဒနာများ တို့အပေါ် ကျွန်ုပ်တို့ တန်ဖိုးထားလွန်း နေသည်။ ခံစားချက်ဝေဒနာများအပေါ် ငါ့ခံစား ချက်၊ ငါ့ဝေဒနာ၊ ငါ့ဖီလင် ထင်ပြီး (သို့) စိတ်ခံစားချက်-ဝေဒနာ-ဖီလင် များအပေါ် တစ်ခုတည်း တစ်ဆက်တည်းအဖြစ် အရှိအဟုတ်ထင်ကာ အတည်ယူဆုပ်ကိုင် – အဓိကထားနေမှုကြောင့် (ဝေဒနာ ပစ္စယာ တဏှာ ဖြစ်ပြီး) ကျွန်ုပ်တို့ လောဘ၊ ဒေါသ (တဏှာ) တို့ ဆက်လက် ဖြစ်ပေါ် လာကာ အာရုံ အမျိုးမျိုးအပေါ် စွဲလန်းမိပြီး မဆုံးနိုင်အောင် ခံစားပြီးရင်း ခံစားချင်နေကြပါတယ်။ တကယ်တော့ ဒီဝေဒနာ-ခံစားမှု တို့ဟာ ဖြစ်လိုက်ပျက်လိုက် နှင့် တရစပ် ဖြစ်ပြီးပျက်၊ ခံစားလိုက်၊ ကုန်ဆုံးလိုက်နှင့် မပိုင်ဆိုင်သော သဘော၊ ထိန်းချုပ် မထားနိုင်သောသဘော၊ အဖတ်မတင်သောသဘော၊ ဘာမှသိမ်းထားလို့မရသော၊ ဆုပ်ကိုင်လို့မရသော၊ […]


True AnswerJuly 31, 20111min1768
ရာထူး၊ အာဏာ၊ ငွေ ကို တန်ဖိုးထားစွဲလန်းနေသူများ၊ လောင်းကစား၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး များအပေါ် စွဲလန်းကာ ထိုအရာများ မသုံးရ၊ မစွဲရ လျှင် မနေနိုင်အောင် ဖြစ်နေကြသူများ၊ မိမိ စွဲလန်းနေသော ထိုအရာများ ဆုံးရှုံးရမှာ မသုံးစွဲရမှာ စိုးရိမ်၍ ကြီးစွာသော သောကဖြင့် မလုပ်သင့် မလုပ်ထိုက် သော အကုသိုလ်များကို ပြုလုပ်ကြသူများ ကျွန်ုပ်တို့တွေ့ဖူးကြပါတယ်။ တကယ်တော့ ထိုသူများဟာ ရာထူး၊ အာဏာ၊ ငွေ၊ မူးယစ်ဆေးဝါး တို့ကို အမှန်တကယ်ချစ်မြတ်နိုးခြင်းမဟုတ်ပါ။ မိမိရဲ့ ခံစားချက်ဝေဒနာ Feeling / perceptions/ sensations များကို ချစ်မြတ်နိုးခြင်းသာ အမှန်ဖြစ်ပါသည်။ မိမိ၏အာရုံခံစားမှုများ၊ သာယာသည်ဟုထင်သော ခံစားစရာများ (သုခဝေဒနာ) များကို ဒီရာထူး၊ အာဏာ၊ […]


True AnswerJuly 21, 20113min560
ဘ ဝ အ မော-အ ခ က် အ ခဲ ပြ ဿ နာ အား လုံး ဖြေ ရှင်း နည်း အ စစ် (အပိုင်း ၄ အဆုံးပိုင်း) (ဆရာတော် ဦးဥတ္တမသာရ) ကောင်းကင် အမိုး၊ မြေကြီး အခင်း၊ လေထု အကာ သဘာဝတရားရဲ့ သဘာဝတရားရိပ်သာ။ သန်လျင်သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရ (ဆူနာမီဆရာတော်) လမ်းညွှန်သင်ပြပေးသော လောကီ၊ လောကုတ္တရာ ကောင်းကျိုးအတွက် တိုက်ရိုက်ကျေးဇူးပြုမည့် မှန်ကန်တဲ့နားလည်မှု ကို ဖြစ်စေသော အနတ္တအဆုံးအမများ (အပိုင်း -၄)(အဆုံးပိုင်း) ကို ဓမ္မဒါနပြု တင်ပြအပ်ပါသည်။ မှတ်ချက်။ ။ ယခု အပိုင်း-၄ အဆုံးသတ် အဆုံးအမများသည် လောကီ […]


True AnswerJuly 15, 20112min993
ဘ ဝ အ မော-အ ခ က် အ ခဲ ပြ ဿ နာ အား လုံး ဖြေ ရှင်း နည်း အ စစ် ကို သိနားလည်ဖို့အတွက် မှန်ကန်တဲ့ နားလည်မှု သဘောထား အမြဲရှိဖို့လိုအပ်ပါသည်။ ထို မှန်ကန်သည့် သဘောထားဖြစ်ပေါ်ရေး တိုက်ရိုက်ကျေးဇူးပြုသည့် အဆုံးအမများ spiritual motto များဖြစ်ပါသည်။ spiritual motto များကို နှလုံးသွင်းလက်ခံမှု ကြိမ်ဖန်များစွာ ပြုလုပ် ရန်လိုအပ်ပါသည်။ အသိဉာဏ်ကြီးခြင်း – အသက်ကြီးလို့ လူကြီးဖြစ်တာထက် အသိဉာဏ်ကြီးလို့လူကြီးဖြစ်တာ ပိုကောင်းတယ်။ – အသက်ကြီးတာ၊ မကြီးတာထက် ကံကြီးဉာဏ်ကြီးဖို့ ပိုအရေးကြီးတယ်။ ရှိခြင်း မရှိခြင်း – ဝေးလို့ရှိနေတယ်ထင်ရတဲ့ နှင်းတွေလို […]


True AnswerJuly 11, 20112min914
ဘ ဝ အ မော-အ ခ က် အ ခဲ ပြ ဿ နာ အား လုံး ဖြေ ရှင်း နည်း အ စစ် ကို သိနားလည်ဖို့အတွက် မှန်ကန်တဲ့ နားလည်မှု သဘောထား အမြဲရှိဖို့လိုအပ်ပါသည်။ ထိုသဘောထားဖြစ်ပေါ်စေရေး သတိတရ နှလုံးသွင်း လက်ခံ ယုံကြည်ရမည့် အဆုံးအမ spiritual motto များဖြစ်ပါသည်။ ဒဏ် – ဒဏ်ခံနိုင်ဖို့အတွက် ဒဏ်ခံဖို့လိုတယ်။ – ခံရပါများလေလေ ခံနိုင်ရည်ပြည့်ဝလာလေလေ။ အတွေ့အကြုံ – အတွေ့အကြုံတွေနဲ့ ရင်းနှီးပြီး ရင့်ကျက်ရမှာ … မတွေ့မကြုံရဲရင် ဘယ်လိုရင့်ကျက်မှာလဲ။ – လောကဓံဆိုတာ တွေ့ကြုံဖို့သက်သက်၊ – အတွေ့အကြုံတွေကို တွေ့ကြုံရုံသက်သက် တွေ့ကြုံရမယ်၊ […]


True AnswerJuly 8, 20111min972
ဘဝပြဿနာများရဲ့ ဖြေရှင်းနည်းအမှန်ကို မသိခင် ပြဿနာများအားလုံးကိုဖန်တီးပြုလုပ်နေသော တရားခံအစစ်ကို အရင်သိဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့ကို အခြေအနေတစ်ခုကို ပြဿနာအဖြစ် ထင်မြင်ကာ….ယောက်ယက်ခတ်အောင်၊ ပူပန်မှုများဖြစ်အောင်၊ စိတ်သောကရောက်အောင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် ကျွန်ုပ်တို့၏ သတ်မှတ်ချက်အစွဲများက ပြုလုပ်နေပါသည်။ သတ်မှတ်ချက်အစွဲများ တရစပ် ဖြစ်ပေါ်နေအောင် ပြုလုပ်နေသော အဓိကတရားခံ real Criminal မှာ ဖြစ်ပေါ် နေတဲ့ စိတ်အမျိုးမျိုး- ဝေဒနာအမျိုးမျိုး တို့အပေါ် ငါ့စိတ်၊ ငါ့ဝေဒနာ၊ ငါ့ခံစားချက်တွေ ဟု အထင်မှားအောင် (အဝိဇ္ဇာ)စိတ်၏ ပြုလုပ်နေမှု၊ ဖန်တီးနေမှု ပဲ ဖြစ်ပါသည်။ `ငါ့ကိုယ်၊ ငါ့စိတ်၊ ငါ့ဝေဒနာ၊ ငါ့ခံစားချက် ဟု သတ်မှတ်နေမှု၊ အဟုတ်ထင်နေမှု၊ အတည်ယူနေမှု´ ဟာ ကျွန်ုပ်တို့ အတွက် တကယ့်ကို ပြဿနာကောင်အစစ် ဖြစ်ပါသည်။ […]


True AnswerJuly 3, 20111min906
ဆင်းရဲ ချမ်းသာမရွေး၊ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် လူမျိုး၊ ဘာသာ၊ လူတန်းစားမရွေး၊ အချိန်-ရက်မရွေး၊ ဘဝပြဿနာများအတွက် ဖြေရှင်းနည်းအစစ်ကို သင်ကြားပေးရာ တရားသန်လျင်သဘာဝရိပ်သာ နှင့် ရောက်လာသူမှန်သမျှကို ဘဝအမော-ပြဿနာအခက်အခဲများကို မှန်ကန်သော သဘောထား right understanding ကို ထားတတ်စေအောင် သင်ပေးခြင်းဖြင့် (ဓမ္မနုပဿနာတရားနည်းလမ်းဖြင့်) ကူညီလက်ခံဖြေရှင်း ဟောပြောလမ်းညွှန်ပေးနေသော သဘာဝရိပ်သာဆရာတော်ဦးဥတ္တမသာရ နှင့် ပတ်သက်ပြီး ယောဂီတချို့၏ ပေးစာများ စုစည်းမှု ဒုတိယပိုင်း ebook (သစ္စာတရားကုထုံး (သို့) အနတ္တဆောင်းပါးများ-၂) စာအုပ်လေးကို ဓမ္မဒါနမျှဝေအပ်ပါသည်.။ မှတ်ချက်စကားအချို့ လောကဓံနဲ့ တွေ့ကြုံတဲ့အခါမှာ ငါကတရားတွေ အားထုတ်ထားတယ်၊ တရားစခန်းတွေ (၁)နှစ် (၂)ကြိမ်၊ (၃)ကြိမ် ဝင်နေတာ၊ သူများထက်စာရင် ဒေါသလျော့ရမယ်၊ စိတ်ကောင်းထား ရမယ်၊ သူများ အပေါ်မှာ မကျေနပ်တဲ့စိတ်တွေကို […]


True AnswerJune 18, 20111min1358
သဘာဝတရားရိပ်သာသည် ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ တာဝတက္ကသိုလ်အနီး (သို့) သန်လျှင်ဘုရားကုန်း ကျိုက်ခေါက်ဘုရားအနီး တွင် ရှိပြီး၊ ဧက ၆ဝ ကျော် ကျယ်ဝန်းပါသည်။ ဘုရားရှင်၏ သာသနာကျယ်ပြန့်ဖို့ ဘုရားရှင်ကို နမူနာယူပြီး တရားအားထုတ်သော အလုပ်ကိုသာ အဓိက ထားသည့် ရိပ်သာဖြစ်ပါသည်။ တရား ရိပ်သာ အဖြစ် ဝိပဿနာ-ပရိပတ်လုပ်ငန်းကို အဓိကထားသင်ကြားပေးသည့်အပြင် – တရားအားကိုးချင်သော်လည်း အခြားရိပ်သာများမှ လက်မခံ နိုင်သော သက်ကြီး ရွယ်အိုများ၊ လူမမာများကိုပါ ကူညီစောင့်ရှောက် ပေးသောနေရာဖြစ်သဖြင့် သက်ကြီးရွယ်အိုများ၊ အဖေါ်မဲ့ အထီးကျန် ခိုကိုးရာမဲ့များ မှီခိုအားထားရာ နေရာ ဖြစ်ပါသည်။ တရားအားထုတ်သဖြင့် စိတ်ပူပန် ဖိစီးမှု လျော့နည်း သွားသော ကြောင့် လူမမာများ အတွက်လည်း ရောဂါသက်သာပျောက်ကင်းရာ နေရာ ဖြစ်ပါသည်။ […]


True AnswerJune 7, 20111min711
ကျွန်ုပ်တို့ကို ယောက်ယက်ခတ်အောင်၊ ပူပန်မှုများဖြစ်အောင်၊ စိတ် သောကရောက်အောင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် ကျွန်ုပ်တို့၏ သတ်မှတ်ချက်အစွဲများက ပြုလုပ်နေပါသည်။ သတ်မှတ်ချက်အစွဲများ တရစပ် ဖြစ်ပေါ်နေအောင် ပြုလုပ်နေသော အဓိကတရားခံ real Criminal မှာ ဖြစ်ပေါ် နေတဲ့ စိတ်အမျိုးမျိုး- ဝေဒနာအမျိုးမျိုး တို့အပေါ် ငါ့စိတ်၊ ငါ့ဝေဒနာ၊ ငါ့ခံစားချက်တွေ ဟု အထင်မှားအောင် (အဝိဇ္ဇာ)စိတ်၏ ပြုလုပ်နေမှု၊ ဖန်တီးနေမှု ပဲ ဖြစ်ပါသည်။ `ငါ့ကိုယ်၊ ငါ့စိတ်၊ ငါ့ဝေဒနာ၊ ငါ့ခံစားချက် ဟု သတ်မှတ်နေမှု၊ အဟုတ်ထင်နေမှု၊ အတည်ယူနေမှု´ ဟာ ကျွန်ုပ်တို့ အတွက် တကယ့်ကို ပြဿနာကောင်အစစ် ဖြစ်ပါသည်။ ၁။ အရှုံးအစစ် ဥပမာအနေနဲ့ ဘောလုံးပွဲတစ်ပွဲကိုကြည့်မိပြီဆိုပါစို့။ ဒီဘောလုံးတစ်ပွဲမှာ အနီအသင်းနဲ့ အပြာအသင်းကန်ကြပါတယ်။ ပွဲအပြီးမှာ […]


True AnswerJune 6, 20112min1220
ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား- ဆူနာမီ ဆရာတော်ဦးဥတ္တမသာရ ဟောကြားသော သစ္စာတရားတော်များကို ပိုမို နားလည်စေရန် အတွက် သက်သက် သာ ကျွန်ုပ်ဉာဏ်မီသလောက် တင်ပြခြင်းဖြစ်ပါသည်။ ဆရာတော်မှ တည်းဖြတ်ခြင်း ဖတ်ရှုခြင်းမပြုရသေးသဖြင့် တစုံတရာ ချွတ်ချော်မှုများရှိခဲ့ပါကစာရေးသူ ၏ တင်ပြချက် အားနည်းမှုကြောင့်သာ ဖြစ်ပါသည်။ တင်ပြထားသော အချက်တချို့ မှာ ထပ်သယောင် ထင်ရသော်လည်း ပိုမိုရှင်းလင်းရန်အတွက် တင်ပြခြင်းဖြစ်ပါသည်။ ဖတ်ရှုသူ ဓမ္မမိတ်ဆွေအပေါင်းတို့ open-minded စိတ်ထားဖြင့် နှလုံးသွင်းမှန်မှု တကယ်ဟုတ်မဟုတ် တကယ်ဖြစ်မဖြစ် ကိုယ်တိုင်စမ်းသပ်ကြည့်ပါကုန်။ အမှန်တရားအတွက် မှတ်ကျောက်သည် မိမိ လောဘ-ဒေါသ-မောဟ (ပညတ်များကို အဟုတ်ထင်ငြိတွယ်မှု) မည်မျှ ကင်းနေ (သို့) မည်မျှ ကင်းလာသလဲ ဆိုသောအချက် ကိုတော့ ကျွန်ုပ်တို့ မမေ့ရန် အထူးလိုအပ်လှပေသည်။ ခြားနားချက် (၁)။ မိရိုးဖလာ။ […]


True AnswerMay 24, 20111min1522
သန်လျင်သဘာဝ ရိပ်သာ ဆရာတော် (ဆူနာမီ)ဆရာတော် ဦးဥတ္တမသာရ နှင့် တရားပြ ဆရာမ မချစ်မြတ်နိုးတို့ ဟောကြားသောသစ္စာတရား နှလုံးသွင်းပုံ နှင့် ယနေ့ ယောဂီများတရားရှုမှတ်ပုံ နှိုင်းယှဉ်ချက် ကို ကျွန်တော်ဉာဏ်မီသလောက် တင်ပြအပ်ပါသည်။ မိမိ ဉာဏ်မီသမျှ နားလည်သလောက် တင်ပြထားခြင်းသာဖြစ်ပြီး ဆရာတော်မှ ဖတ်ရှု- edition မပြုလုပ်ရသေးပါ။ ယနေ့ ယောဂီများ၏ ယေဘူယျတရားအားထုတ်ပုံ နှင့် မဂ္ဂင်လမ်း နှိုင်းယှဉ်ချက်ပြဇယား အပိုင်း(၁) အဖြစ် အမည်ပေးထားပါသည်။ http://www.scribd.com/doc/56132204/%E1%80%99%E1%80%AD%E1%82%90%E1%80%AD%E1%80%AF%E1%80%B8%E1%80%96%E1%80%9C%E1%80%AC%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%95%E1%80%B6%E1%80%AF-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%99%E1%80%82%E1%81%A2%E1%80%84%E1%80%B9%E1%80%9C%E1%80%99%E1%80%B9%E1%80%B8-%E1%82%8F%E1%80%AD%E1%82%88%E1%80%84%E1%80%B9%E1%80%B8%E1%80%9A%E1%80%BD%E1%80%A5%E1%80%B9%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%BB%E1%80%95%E1%80%87%E1%80%9A%E1%80%AC%E1%80%B8-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%81 မှတ်ချက်။ ဆူနာမီ ဆရာတော်ဦးဥတ္တမသာရ ဟောကြားသော သစ္စာတရားတော်များကို ပိုမို နားလည်စေရန် အတွက် သက်သက် သာ ကျွန်ုပ်ဉာဏ်မီသလောက် တင်ပြခြင်းဖြစ်ပါသည်။ ဆရာတော်မှ တည်းဖြတ်ခြင်း ဖတ်ရှုခြင်းမပြုရသေးသဖြင့် တစုံတရာ ချွတ်ချော်မှုများရှိခဲ့ပါက စာရေးသူ ၏ […]


True AnswerMay 13, 20111min1519
ဓမ္မမိတ်ဆွေများခင်ဗျား- သစ္စာတရားကုထုံး (သို့) သန်လျှင်သဘာဝရိပ်သာနှင့် ပတ်သက်ပြီး ယောဂီအများမှ ပေးစာများကို စုစည်းတင်ပြထားသော တရားစာအုပ်လေး ဓမ္မဒါန မျှဝေအပ်ပါသည်။ အပူ နှင့် အအေး၊ အလင်း နှင့် အမှောင်၊ ဒေါသ နှင့် မေတ္တာ၊ ဝန်တိုမှု နှင့် စေတနာ၊ မနာလို မှု နှင့် မုဒိတာ၊ ပူလောင်မှု နှင့် အေးငြိမ်းမှု၊ နှောင့်ယှက်ဖျက်ဆီးမှု နှင့် ကူညီရိုင်း ပင်းမှု၊ ဓမ္မ နှင့် အဓမ္မ စသည်ဖြင့် ဆန့်ကျင်ဘက် သဘာဝများသည် သဘာဝတရားတွင် အမြဲ ယှဉ်တွဲ ဖြစ်ပေါ်နေလေသည်။ အဆိုပါ ဆန့်ကျင်ဘက်တရားများသည် ပဋိပက္ခ သဘော ဆောင်နေ သော်လည်း..မှန်မှန်ကန်ကန် နားလည် အသုံးချတတ်သူများကိုမူ အကျိုးကျေးဇူး များစေလေသည်။ ဤစာအုပ်တွင် […]


True AnswerMay 8, 20111min1087
၂၀၁၁- ဧပြီ ၉ ရက် ကွယ်လွန်သွားသော ဆရာကြီးပါရဂူ အတွက်……မနက်ဖြန် ဆိုလျှင် ဆရာကြီးကွယ်လွန်သွားသည်မှာ…..တစ်လတင်းတင်းပြည့်ခဲ့လေပြီ။ ပန်းချီဆရာကြီး ဦးစံတိုး၏ နာရေးရက်လည်နေ့တွင် ဆရာကြီးအား လူချင်း တွေ့ဖူးခဲ့သည်မှလွဲ၍ ဆရာကြီး နှင့် ရင်းနှီးခဲ့ခြင်း မရှိသော်လည်း ဆရာကြီး ၏ ကျေးဇူးတရားတို့ ကျွန်တော့်ထံ တွင်ရှိနေသည်ဟု ခံစားရပါသည်။ ….တက္ကသိုလ်ကျောင်းသားဘဝ….. ကျွန်တော်မှာ တရားစာပေများကို စတင်လေ့လာနေစဉ်……ဆရာကြီး၏ စာပေများကို တရှိုက်မက်မက်ဖတ်မိရာမှ….ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာဟောကြားသောတရားများကို ဆရာကြီးမှ…..”ဓမ္မ (သို့) ဘဝတစ်လျှောက်နေသွားနည်း” ဟူသော နာမည်ဖြင့် စာအုပ်ထုတ်ဝေရာမှ ..ထို စာအုပ် ကို ဖတ်မိပြီး ….အလွန်နှစ်သက်သဘောကျသွားရာမှတဆင့် ထိုစာအုပ်မှ ဆောင်းပါး နှစ်ပုဒ်နှင့် အတူ ကျွန်ုပ် မတောက်တခေါက်….ရေးထားသော တရားစာအချို့ကို ကိုယ်တိုင် စာစီလျှက် စာအုပ်လေးပြုလုပ်….မိတ္တူကူးကာ… မိတ်ဆွေ […]