sofiadimpleAugust 26, 20101min420
အန ္တရာယ်နံပါတ်-၈ ဒီနေ့တော့ နောက်ဆုံးနံပါတ်ကို ရောက်လာပါပြီ။ ဒီအန ္တရာယ်ကပြောထားတာကတော့ သစ်တုံးကြီးဟာ ရေထဲမှာမျောလာရင်းနဲ့ တဖြည်းဖြည်း ဆွေးမြေ့ပုပ်ပွပြီး ပျက်စီးသွားရပြီဆိုရင်လည်း သူဦးတည်တဲ့သမုဒ္ဒရာထဲကို ရောက်မှာမဟုတ်ဘူးလို့ပြောထားပါတယ်။ ဒါက လည်းကြုံတွေ့ရမယ့် အန ္တရာယ်တစ်ခုဖြစ်တာကြောင့် သိဖို့လိုအပ်ပါတယ်နော်။ ကဲဒါလေးကို ဒို့ခန္ဓာနဲ့ယှဉ်ပြီးစဉ်းစားကြရအောင်ပါ။ တကယ်တော့ ဒါဟာဘာကိုဆိုလိုသလဲဆိုရင် ကိုယ်ကျင့်တရားကိုပါပဲ။ အင်း..တကယ်တော့ ဘဝကို မြှင့်တင်ပေးနိုင်သောအရာသည် ဓမ္မနှင့်ဆိုင်သော ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ဖြူစင်မြင့်မြတ်ခြင်းပဲမဟုတ်ပါ လား။ ငွေကြေးဥစ္စာ၊ရာထူးဂုဏ်သိမ်အဆောင်အယောင် စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးမြင့်မှုတွေ ဘယ်သို့ပင် ကြီးကျယ်နေပါစေ ၊ကိုယ်ကျင့်သိက္ခာ ပိုင်းဆိုင်ရာမှာမဖြူစင်၊မမြင့်မြတ်ဘူးဆိုရင်ဘဝတန်ဖိုးမှာအနိမ့်ဆုံးအဆင့်မှာရောက်နေပြီလို့သာသတ်မှတ်လိုက်ပေတော့။အင်းဒီကိုယ်ကျင့် တရားပျက်စီးခြင်းကလည်းလေ လောကဓံတွေ အပေါ်မှာစိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ အများကြီးပတ်သက်နေတယ်နော်။ လူရယ်လို့ ဖြစ်လာမှတော့ လောကဓံ(၈)ပါးက အလှည့်ကျတိုက်နေတာ ခံကြရမှာပဲလေ။ အင်း ဒီဒဏ်တွေမခံနိုင်ရာကနေပဲ ကိုယ်ကျင့်တရား တွေ ပျက်စီး သွားကြရ တာပါပဲမလား။ […]


sofiadimpleAugust 22, 20101min600
အန ္တရာယ်နံပါတ်-၇ ဒီနေ့အလှည့်ကျတာကတော့ ဝဲစုပ်လို့မြှုပ်သွားရတဲ့သစ်တုံးကြီး ရဲ့ အဖြစ်ပါပဲ ။ အင်း ဒီသစ်တုံးကြီးဟာ ရှေ့က အန ္တရာယ်(၆) မျိုးကတောင်လွတ် လာပြီးမှ   သူ့ခမျာနော် မထင်ပါပဲ ဝဲစုပ်လို့မြှုပ်သွားရတယ်လို့နော်။ အင်းဒီလို အန ္တရာယ် တွေလည်း မတွေ့နိုင်ဘူးလို့ မပြောနိုင်ဘူးနော်။ ဘာပဲဖြစ်ဖြစ် ဒါဟာလည်းကြုံတွေ့ရမယ့်  အန ္တရာယ် တစ်ခု ပဲမို့ သိထား မှဖြစ်မယ်လေ။ အဲဒါလေးကို စဉ်းစားကြည့်ကြရအောင်။ လူ့ဘဝမှာ အရွယ်(၃)ပါးရှိတယ်နော်။ ပထမအရွယ်မှာ ပညာ ရှာ ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ ၊ တတိယအရွယ်မှာ တရားရှာရယ်လို့ သိထားကြပါတယ်။ အင်းဒီဖော်မြူလာကြီး ကိုပဲ အဟုတ်ထင်ပြီး ငယ်တုန်းတော့ ရှာလိုက်ရတဲ့ပညာတွေ မပြီးနိုင်မစီးနိုင်လေ။ အဲ ဘွဲ့တွေ အသီးသီးရလို့ ပညာတွေစုံပြီဆိုတော့ […]


sofiadimpleAugust 20, 20101min620
အန ္တရာယ်နံပါတ်-၆ ကို ကျော်လွှားနိုင်ဖို့ ကျတော့ ပန်းတိုင်မှန်မှရမယ်ဆိုတာ သိသင့်သလောက်တော့သိခဲ့ပြီနော်။ ဒါပေမယ့် အပြောသာလွယ်တယ် ။ တကယ့်လက်တွေ့မှာက ဒီ ဘုံဘဝ တွေကို တွယ်နေတဲ့တဏှာက ရှိနေသေးလေတော့ အင်း နိဗ္ဗာန်ဆိုတာက အလှမ်းဝေးပါသေးတယ်လေ။ ဒါကြောင့်ဒီ “ နိဗ္ဗာန် မရောက်ခင်ကြားမှာ ဖြစ်လေရာဘဝတိုင်းမှာ လူဖြစ်သော်က လူတကာထက် မြတ်သော အဆင်း၊အသံ၊ အလုံးအရပ် ပိုင်ဆိုင်ရပါလို၏။ နတ်ဖြစ်သော်ကား နတ်တကာထက်မြတ်သော ကိုယ်ရောင်ကိုယ်ဝါ ပိုမိုတောက်ပသော ၊ဘုန်းတန်ခိုးကြီးသောနတ် ဖြစ်ရ ပါလို၏။ ” ဆိုပြီးလေ ဆုတွေတောင်းနေတာတွေ တွေ့ဖူးမှာပေါ့။ နမူနာအနေနဲ့ မိဖုရားဖွားစော ကျောက်စာထဲက ဆုတောင်းပုံလေးကိုတော့ လူတိုင်းသိပြီးဖြစ်မှာပါ။ အင်း…ဒါကိုကြည့် လိုက်ရင်ကိုပဲ နိဗ္ဗာန်ဆုထက်ကို ဘုံဘဝ တွေကိုတွယ်နေတဲ့တဏှာလေး ကိုအထင်းသားတွေ့နိုင်မှာပါ။ ဒီတဏှာလေးရှိသေးသမျှကတော့ဖြင့် ဒီအန ္တရာယ်နံပါတ်-၆ […]


sofiadimpleAugust 20, 20101min390
ဒီနေ့တော့ သစ်တုံးလေးဟာရှေ့က အန္တရာယ်(၅)မျိုးကနေ လွတ်လာခဲ့ပြီမို့ ပျော်ပျော်ပါးပါးကြီး ခရီးဆက်နိုင်သွားရှာပြီဆိုပြီး စိတ်ကလေးအေးထားမလားလို့။ ဟော နောက်ထပ် အန ္တရာယ်နံပါတ်-၆ နဲ့ထပ်တွေ့ရပြန်ပါပေ့ါလား။ ဘယ်လိုဖြစ်သွားတာလဲဆိုရင် သူ့ကိုနတ်တွေကဆယ်သွားတာပေါ့။ ကဲဒီအဓိပ္ပါယ်လေးစဥ်းစားကြည့်ကြစို့။ သူကတော့ရှင်းပါတယ်။ ဒို့အိမ်တွေမှာ ခွေးလေးတွေ၊ ကြောင်လေးတွေမွေးထားတာမရှိဘူးလား ။ အဲဒီအိမ်မှာမွေးထားတဲ့ကြောင်လေးတွေကို ကြည့်ပြီး အော်ဒို့တော့ဖြင့် သူတို့လိုတိရစ ္ဆာန်ဘဝထက် မြင့်တဲ့လူ့ဘဝကိုရလာခဲ့ကြပြီ။ ဒါဘာကြောင့်လဲ ဆိုတော့ အတိတ်ကပြုခဲ့တဲ့ ကောင်းမှုကံတွေကြောင့်ပဲလို့ နားလည်ထားပါတယ်နော်။ အင်းသူတို့ကကျ တော့ဘာလို့တိရစ ္ဆာန်ဖြစ်နေရတာလဲ။သူတို့ရဲ့အတိတ်ကပြုထားခဲ့တဲ့အကုသိုလ်ကံကြောင့်လို့ဆိုရမှာပါပဲ။ လောဘနဲ့သေ ပြိတ္တာပြည်၊ဒေါသနဲ့သေ ငရဲပြည်၊မောဟနဲ့သေတိရစ ္ဆာန် ပြည်ရယ်လို့တောင် ဆိုထားပါလား။ ဒါကြောင့်ပဲ အတိတ်ကပြုခဲ့တဲ့ အကြောင်းတရား တွေကြောင့် ယခုပစ္စုပ္ပန်မှာ အကျိုးတွေခံကြရတာပဲမလား။ အင်းဒါဆို ပစ္စုပ္ပန်မှာပြုတဲ့ အကြောင်းကံ တွေရဲ့အကျိုးကိုတော့ အနာဂါတ်မှာပြန်ခံရမယ်ဆိုတာပေါ်ပြီနော်။ အကြောင်း ကောင်းမှ အကျိုးကောင်းမယ်။ အကြောင်းမကောင်းရင် […]


sofiadimpleAugust 19, 20101min670
ဟိုနေ့ကအန ္တရာယ်နံပါတ်-၅ ကိုပြောခဲ့ပြီးပြီမို့ သူကနေလွတ်အောင် ဘယ်လို နေရပါ့လို့     တွေးကြည့်လိုက်တော့….။အင်း မလိုအပ်သောစကားတွေကို ရှောင်ရမယ်။ တစ်ခါ တစ်လေ ကျတော့ သူများကို အားနာတာနဲ့သူတို့ပြောနေတဲ့ လောဘဖြစ်စရာ အကြောင်းတွေအပေါ်၊ဒေါသထွက်စရာသတင်းတွေအပေါ်လိုက်ပြီး နားထောင်မိနေမယ် ။ နောက်တော့ နားထောင်ရာကနေ ကိုယ်ပါပါလာမယ်ဆိုတာတွေဖြစ်လာမယ်နော်။ ဒါဆိုရင်ပဲ ကိုယ့်ဖက်ကအရင်ဆုံး စကားစကိုဖြတ်လို့ ဘရိတ်အုပ်နိုင်ရမယ်နော်။ အင်း…လူကတော့ ကိလေသာ တောထဲမှာ ဆိုပေမယ့် ဒီအာရုံတွေကပ်လာမယ်ဆိုရင်ပဲ အထူးသတိပေးပြီးတန်းခွာနိုင်မှဖြစ်မယ်နော်။ ကိုယ့်စိတ်ကလေးကို ကိလေသာတောကနေ အရင်ဆုံးလွတ်အောင် ရုန်းထွက်ထားရမယ်နော်။ ဒါမှ နေရင်းထိုင်ရင်းက တောထွက်ပြီးဖြစ်မှာပေါ့။ အဓိက ထွက်ရမယ့်တောကလည်း ကိလေသာတောပဲမလား။ အင်း…တစ်ခါတစ်ရံကျတော့လည်း ကိုယ်တောင်မသိလိုက်ဘူး ပြောရင်းဆိုရင်း လုပ်ရင်းကိုင်ရင်းကပဲ စိတ်တွေညစ်သွားလိုက်တာ။ ဘာလို့လည်း။ ဒီကိလေသာအာရုံတွေအပေါ် စိတ်ကတင်မိနေလို့ပေါ့။ အဲလိုတင်လိုက်တာနဲ့ ဒီစိတ်ကလေးမှာက တခါတည်းကို တန်းပြီးညစ်ပတ်သွားပါပြီနော်။ ဒါကြောင့် စိတ်ညစ်လိုက်တာဆိုပြောကြတာပေါ့နော့။ […]


sofiadimpleAugust 18, 20101min490
သစ်တုံးလေးဟာ ဟိုဖက်ကမ်းကလည်းလွတ်လာခဲ့ပြီ။ ဒီဖက်ကမ်းကလည်းလွတ်လာခဲ့ပြီ။ နောက်ထပ် ရေလယ်မှာလည်းရေတွေအီသွားခြင်း ဘေးကလည်း ကျော်လွှားနိုင်ခဲ့ပြီ။ တွေ့တဲ့ကျွန်းပေါ်မှာလည်း သောင်တင်မနေပဲ ကွေ့ရှောင်တတ်လို့ ဆက်ပြီး သမုဒ္ဒရာဆီကို ခရီးဆက်လာခဲ့ပြီပေါ့။ အင်း…သူ့ခမျာအေးအေးချမ်းချမ်းအန ္တရာယ်ကင်းကင်း နေနိုင်ပြီ အောက်မေ့ပါတယ်။ နောက်ထပ် ထင်မထားတဲ့ဘေးအန ္တရာယ်တစ်ခုထပ်တွေ့ရပြန်ပါပြီ။ အဲဒါကတော့ သူ့သဘောလေးနဲ့သူဆောင်လို့ ဆက်ပြီးရေထဲမျှောနေတာကိုပဲ သူ့ဖာသူမနေရပဲ ဟောသူ့ကိုလူတွေက “ ဟေ့ ဒီသစ်တုံး လေးက အကောင်းလေးတော့ ၊ တို့တော့ အိမ်မှာသုံးရအောင် ဆယ်သွားမှပဲ ”ဆိုပြီး ဆယ်ယူတာခံလိုက်ရတယ်လေ။ သွားပါပြီ။သူ့ခမျာမယ် ရောက်ခါနီးမှ ပြီးကြလေရော…ဘယ်လိုလုပ်ဆက်သွားလို့ရတော့မလဲနော်။ လူတွေကသူ့ကို ဆယ် သွား ပါပြီဆိုမှဖြင့်……..။ ကဲဒီသစ်တုံးလေးကို နမူနာယူပြီးတို့တွေစဉ်းစားကြဦးစို့ ။ အဲဒီရဲ့ဆိုလိုရင်းကတော့ဖြင့် ကိုယ်နဲ့ရင်းနှီးသော သူတွေရဲ့ မြှောက်ပင့်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်အဟုတ်ထင် သာယာသွားပြီး ကိုယ်သွားမယ့်လမ်းကိုမဆက်နိုင်တော့ပဲ လမ်းလွဲသွားတာမျိုးပေါ့နော်။ သူများကကိုယ့်ကိုယ်ချီးကျူးတဲ့အပေါ်သာယာပြီးသူများမြှောက်ပင့်တဲ့နောက် […]


sofiadimpleAugust 18, 20101min440
သစ်တုံးလေးဟာ ဟိုဖက်ကမ်းကလည်းလွတ်လာခဲ့ပြီ။ ဒီဖက်ကမ်းကလည်းလွတ်လာခဲ့ပြီ။ နောက်ထပ် ရေလယ်မှာလည်းရေတွေအီသွားခြင်း ဘေးကလည်း ကျော်လွှားနိုင်ခဲ့ပြီ။ တွေ့တဲ့ကျွန်းပေါ်မှာလည်း သောင်တင်မနေပဲ ကွေ့ရှောင်တတ်လို့ ဆက်ပြီး သမုဒ္ဒရာဆီကို ခရီးဆက်လာခဲ့ပြီပေါ့။ အင်း…သူ့ခမျာအေးအေးချမ်းချမ်းအန ္တရာယ်ကင်းကင်း နေနိုင်ပြီ အောက်မေ့ပါတယ်။ နောက်ထပ် ထင်မထားတဲ့ဘေးအန ္တရာယ်တစ်ခုထပ်တွေ့ရပြန်ပါပြီ။ အဲဒါကတော့ သူ့သဘောလေးနဲ့သူဆောင်လို့ ဆက်ပြီးရေထဲမျှောနေတာကိုပဲ သူ့ဖာသူမနေရပဲ ဟောသူ့ကိုလူတွေက “ ဟေ့ ဒီသစ်တုံး လေးက အကောင်းလေးတော့ ၊ တို့တော့ အိမ်မှာသုံးရအောင် ဆယ်သွားမှပဲ ”ဆိုပြီး ဆယ်ယူတာခံလိုက်ရတယ်လေ။ သွားပါပြီ။သူ့ခမျာမယ် ရောက်ခါနီးမှ ပြီးကြလေရော…ဘယ်လိုလုပ်ဆက်သွားလို့ရတော့မလဲနော်။ လူတွေကသူ့ကို ဆယ် သွား ပါပြီဆိုမှဖြင့်……..။ ကဲဒီသစ်တုံးလေးကို နမူနာယူပြီးတို့တွေစဉ်းစားကြဦးစို့ ။ အဲဒီရဲ့ဆိုလိုရင်းကတော့ဖြင့် ကိုယ်နဲ့ရင်းနှီးသော သူတွေရဲ့ မြှောက်ပင့်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်အဟုတ်ထင် သာယာသွားပြီး ကိုယ်သွားမယ့်လမ်းကိုမဆက်နိုင်တော့ပဲ လမ်းလွဲသွားတာမျိုးပေါ့နော်။ သူများကကိုယ့်ကိုယ်ချီးကျူးတဲ့အပေါ်သာယာပြီးသူများမြှောက်ပင့်တဲ့နောက် […]


sofiadimpleAugust 17, 20101min710
အန္တရာယ်နံပါတ်-၄ ကတော့ဖြင့် မာနကျွန်းခံ နေမယ်ဆိုရင် ရှေ့ဆက်ရမယ့် လမ်းပိတ်သွားပြီလို့ဆိုတာကို သိသွားကြရပြီပေါ့။ အင်း..ဒီလို မဖြစ်ရအောင် ဒီအန ္တရာယ်ကို တွေ့တာနဲ့ သတိနဲ့ရှောင်နိုင်ဖို့ကျတော့ ဘာတွေလိုအပ် သလဲ ဆိုတာလေးဆက်ကြရအောင်ပါ။ အဓိကကတော့ဖြင့် ဆရာကောင်းသမားကောင်းကိုဆည်းကပ်ဖို့ အရေးကြီး ပါတယ်။ ဘာလို့လဲဆိုရင် ကိုယ်လျှောက်နေတဲ့လမ်းဟာ ကိုယ်တစ်ကြိမ်တစ်ခါမှ ရောက်ဖူးသေးတဲ့လမ်းမဟုတ်လို့ပါပဲ။ ကိုယ်မရောက်ဖူး သေးတဲ့လမ်းကို လျှောက်တဲ့အခါမှာ ကြုံရမယ့် အန ္တရာယ်ဆိုတာကလည်း ကိုယ်တစ်ခါမှ မကြုံဖူးတာ မျိုးလည်း ဖြစ်နိုင်တယ်လေ။ ဒီတော့ ဒီလမ်းကိုလျှောက်ဖူးကြကုန်သော လမ်းဆုံးထိရောက်နှင့်နေကြကုန်သော သူတော်ကောင်း ပညာရှိတွေကို တွေ့အောင်ရှာပြီး ဆည်းကပ်လို့ နည်းနာခံနိုင်ရမယ်နော်။ လောကမှာ ဆရာ မလိုပဲ ကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်တာဆိုလို့ မြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓါ ပဲရှိပါတယ်နော်။ ကိုယ်လိုသာမာန်ပုထုဇဉ် အကန်း သမား ကတော့ဖြင့် ဆရာသမားမပါပဲသူ့ဘာသူသိနိုင်တဲ့ဉာဏ်ရှိဖို့ကတော့ မဖြစ်နိုင်တာမို့ […]


sofiadimpleAugust 16, 20101min450
အန္တရာယ်နံပါတ်-၄ကတော့ ဂင်္ဂ ါမြစ်ထဲမျှောနေတဲ့ သစ်တုံးကြီးဟာ ဒီဖက်ကမ်းကို ကပ်ခြင်းဘေးကလည်း လွတ်လာခဲ့ပြီ။ နောက်ထပ် ဟိုဖက်ကမ်းကိုကပ်သွားခြင်းဆိုတဲ့ အန ္တရာယ်ကနေလည်း လွတ်အောင်ကြိုးစားခဲ့ပြီးပြီ။ အဲ နောက်ထပ် ရေလယ်မှာရေတွေအီပြီးနစ်မြှုပ်ရမယ့်ဘေးကလည်း လွတ်သွားနိုင်ပြီထားတော့။ နောက်ထပ်သူဟာ ဘယ်လို  အန ္တရာယ် နဲ့ကြုံရဦးမလဲဆိုတာဆက်လေ့လာကြတာပေါ့ ။ နောက်တွေ့ရမယ့်အန ္တရာယ်ကတော့ ဒီသစ်တုံးလေးဟာ မျှောနေရင်းက ကျွန်းနဲ့တွေ့တဲ့အခါ ကွေ့ရှောင်ရမှာကို မရှောင်မိလို့ ကျွန်းပေါ်မှာသောင်တင်ပြီး ဆက်မသွားနိုင်တဲ့ အဖြစ်မျိုးပါပဲတဲ့။ ဒါဆိုသူဟာ လိုချင်တဲ့ပန်းတိုင် ဖြစ်တဲ့ သမုဒ္ဒရာဆီရောက်ဖို့ မဖြစ်နိုင်တော့ဘူးပေါ့နော်။ ဒါကိုမှ ဒို့က နိဗ္ဗာန်သွားဖို့ ကြိုးစားနေကြသော ပုထုဇဉ်လူသားတွေအနေနဲ့စဉ်းစားကြည့်ကြရအောင်ပါ။ ကဲ ဒို့ဖက်ကတော့ ရှေ့ကကြုံခဲ့ရသော အန ္တရာယ်(၃)ခုကို ကျော်ဖြတ်ဖို့နည်းလမ်းလည်းသိခဲ့ပြီမို့ လက်တွေ့လည်း အကောင် အထည်ဖော်ပြီးကြိုးစားနေတယ်ထားတော့။ ဒါဆို ဒိဋ္ဌိနဲ့တဏှာကနေတော့ ခွာထားနိုင်ပြီပေါ့နော်။ တကယ့် […]


sofiadimpleAugust 15, 20101min782
နောက်ထပ်ဆက်တွေ့မယ့် အန္တရာယ်တွေကို မစဉ်းစားသေးမီ ဒီရှေ့ (၃)ခုကို ပြန်ပြီး အနှစ်ချုပ်ကြည့် ကြပါဦးစို့။ တကယ့်လက်တွေ့မှာ လုပ်ရမယ့်လုပ်ငန်းတွေကို အစဉ် အတိုင်းစီကြည့်ကြရအောင်။ အရင်ဆုံး အရေးကြီးဆုံးက သီလကိုလုံအောင်အရင်ကြိုးစားရပါမယ်။ ဒါကတော့ ရေလယ်မှာမြှုပ်မသွားစေဖို့ အတွက်နော်။ ဆိုလိုတာကတော့ သောင်း ကျန်းလာမယ့်တဏှာကို အရင်ငြိမ်အောင်သီလနဲ့ထိန်းလိုက်တာပါပဲ။ နောက်တော့မှ သမာဓိထူထောင်ရပါမယ်။ အဲဒါကလည်းထကြွတဏှာတွေ မလာစေဖို့ စိတ်တံခါး လေး ကို သတိ နဲ့ အစောင့်ချထားတဲ့သဘောပါပဲ။ ကဲဒီနှစ်ခုကတော့ အန ္တရာယ်နံပါတ်-၃ ကို အရင်ကာကွယ်လိုက်တာပါပဲနော်။ အဲဒါပြီးရင် ဒီဖက်ကမ်းမှာကပ်ခြင်းဆိုတဲ့ အန္တရာယ် နံပါတ်-၁ က လွတ်ဖို့ရုန်းရပါမယ်။ ဘယ်လိုမှတ်ရမလဲဆိုရင်တော့ ဝင်လေ၊ထွက်လေလေးကို ရုပ်၊နာမ် ခွဲပေးဖို့ပါပဲ။ ကိုယ်အာရုံစိုက်ထားတဲ့ အပေါ်မှာရုပ်၊ နာမ်လိုက် ခွဲပေး ရပါမယ်။ ဒီလိုလေး ခွဲပေး နေမယ်ဆိုရင် […]


sofiadimpleAugust 13, 20101min320
အဝိဇ္ဇာအုပ်ချုပ်တဲ့ တဏှာကြောင့် ကျုးလွန်နိုင်မယ့် ဒုစရိုက်(၁၀)ပါးကိုလည်း သိခဲ့ရပြီနော်။ ဒါတွေကတော့ အကုသိုလ်ကံတွေပဲပေါ့။ အဲ..ကုသိုလ်ကံတွေလည်း ဒီ တဏှာ က ဟိုဟာလိုချင်ပြန်လို့ ကုသိုလ်လုပ်ရ၊ ဒီဟာလိုချင်ပြန်တော့ ကုသိုလ်လုပ်ရဆိုရင်တော့ ဒါသည်ပင် ဒုက္ခဖြစ်ကြောင်းကုသိုလ်ဖြစ်လို့ ရလာမယ့် အကျိုးတွေကလည်း ဒုက္ခ ခန္ဓာတွေပဲ ရလာရမှာပါပဲလို့သိသွားပါပြီ။ ဒါဆိုရင် တဏှာရယ် ၊ အဝိဇ္ဇာရယ် ၊ကံရယ်ကြောင့် ဒို့တွေဟာဇာတိတွေရလိုက် ၊ အိုလိုက်၊နာလိုက်၊သေလိုက် မသေခင်ကြား ထဲလဲ ဘာထူးလဲ သောကတွေဗလချာနဲ့ လုံးလည်လိုက်နေရပါတော့တယ်။ ဒါဆိုရင် ကိုပဲ ဒီဒုက္ခတွေရစေသော အဓိကတရားခံသည် တဏှာပါပဲလားဆိုတော့ သူ့ကိုဘယ်လို များ နိုင်အောင်တိုက် ရပါ့မလဲ ဆိုတာအမြန်ဆုံး ဖော်ထုတ်ကြပါစို့နော်။ ဒီတဏှာကို တိုက်ဖို့ သူ့အနေအထားလေးကို လေ့လာလိုက်တော့ သူ့မှာက ခံတပ်(၃)ခုတောင်ပါလား။ ဘာတွေပါလိမ့်ဆိုတော့ အတွင်းမှာ ကိန်းအောင်းနေတဲ့ […]


sofiadimpleAugust 13, 20101min360
အန္တရာယ်နံပါတ် -၃ ရဲ့ ကြောက်စရာ ကောင်းပုံတွေကို သိရပြီးတဲ့နောက်တော့ ဒီကနေဘယ်လို လွတ်အောင်ရုန်း မလဲ ဆိုတာ ဆက်ပြီးနည်းလမ်းလေးစဉ်းစားဖို့ဆိုပြီး ဒီစာလေးကိုစရေးဖြစ်တာပါ။ ဒါပေမယ့် သူနဲ့ပတ်သက်လို့ သိစရာ တွေပေါ်လာပြန်လို့ ဆက်ပြီးလေ့လာ မိနေတာကြောင့် ဒီနေ့တော့နောက်ဆက်တွဲအနေနဲ့ ပဲဆက်လိုက်ကြ ပါစို့နော်။ တကယ်တော့ ဒီအန္တရာယ်နံပါတ်-၃ ကို ရှောင်ဖို့ ဘယ်လောက်တောင် အရေးပါသလဲဆိုရင် မြတ်စွာဘုရားရဲ့ တရားဦး ဖြစ်တဲ့ ဓမ္မစကြာတရားမှာကို ပဲ ဘုရားက ဒါဟာ ပယ်ရမယ့်တရားလို့ကို အရေးတကြီးဟောခဲ့တာနော်။ ပယ်ရမယ့် တရား(၂)မျိုးထဲမှာ သူကထိပ်ကပါနေတယ်ဆိုတော့ ဒါသိပ်ကို အရေးတကြီးရှောင်ရမှာပါလားလို့ မှတ်ထားလိုက် ရပါမယ်။ လောကီအာရုံ ကာမဂုဏ် ငါးပါးတို့မှာ ခုံမင်ပြီး ကိလေသာကာမချမ်းသာ ကို အဖန်ဖန်လိုက်စား ပျော်ပါးခြင်းဆိုတဲ့ ကာမသုခလ္လိကာနုယောဂ အကျင့်သည် အလွန်ပင် ယုတ်ညံ့လှပါတယ်။ […]


sofiadimpleAugust 12, 20101min520
အန ္တရာယ်နံပါတ်-၃ ရှေ့ကပြောခဲ့တဲ့ အန ္တရာယ်(၂)ခုကိုတော့ စာတွေ့ရော၊လက်တွေ့ပါ သိခဲ့ရပြီးပြီမို့ သတိလေးထားလို့ နှလုံးသွင်းတတ်သွားပါပြီ။ ကဲဒို့တွေဟာ ဒီအန ္တရာယ်(၂)ခု ကလွတ်ပြီဆိုပြီး စိတ်အေးထားလို့ မဖြစ်သေးဘူးနော်။ နောက်ထပ်ထပ်ပြီးသတိထားရမယ့် အန ္တရာယ်တစ်ခုကို ဒီနေ့ဆက်ကြပါဦးစို့။ ဟိုဖက်ကမ်းမှာကပ်ခြင်းဆိုတဲ့ ပထမ အန ္တရာယ်တုန်းကလည်း အစကတော့ ကိုယ့်ကိုကိုယ် အန ္တရာယ်စက်ကွင်းမိလို့ မိနေမှန်းတောင် မသိခဲ့ပါဘူး။ ခုသိရတော့ တစ်ခုခုဆို အော..ငါတော့ဖြင့် ဒီအန ္တရာယ် တွေနဲ့တိုးနေပါပေါ့လားလို့တွေးမိနိုင်လို့ အမြန်ဆုံး ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်သွားတာပေါ့နော်။ ခုလည်းနောက်ထပ် ကျလာနိုင်သော အန ္တရာယ်တွေကိုမသိသမျှ    ကာလပတ်လုံး ကိုယ့်မှာ ဒီလို အန ္တရာယ်တွေ တစ်စုံတစ်ရာ နှင့် တွေ့နေရပါသော်လည်း ရန်သူကိုရန်သူမှန်း မသိတာကြောင့် ရှောင်ရကောင်းမှန်းမသိနိုင်တော့ပဲ တဖြည်းဖြည်းချင်းနဲ့ပဲ ဒီရန်သူဝါးမြိုတာကို […]