sorrowDecember 4, 20131min36830
” ဘာ…”..ဟိန်းထွက်လာသည့်အသံ… ” ပိုက်ဆံလိုပြန်ပြီလား…ရှင်တို့တောသားတွေဟာလေ.”… ငွေတိုးချေးသည့် ချစ်တီးသူဌေးမ အပျိုကြီး စွာတေးလန် ဖြူဖွေး အသံက ရင်ခေါင်းထဲက ထွက်လာသည် ။ လက်စွပ်အပြည့်ဝတ်ထားသည် ့ လက်ချောင်းများက ယပ်တောင်ကို တဖျပ်ဖျပ် ….. လက်မောင်းတုတ်တုတ်ကြီးအရင်းမှ ဆာရီကိုသပ်တင်လိုက်သည် ။ အဟေးဟေး တောသား…လယ်သမားရုပ်နှင့် တစိုးတစိမှ မလိုက်ဖက်သည့် ကချင်နုထွားကြီး ဆောရိုး မျက်လွှာချ ခေါင်းငုံ့လိုက်ရင်းက … ” အမေ ..နေမကောင်းလို့ပါ..သူဌေးမကြီးခင်ဗျာ…..” ” အဲ့တာ..လယ်လေးပေါင်ထားတဲ့အထဲက ..ငွေလေးထပ်လိုချင်လို့ပါ.” . တိုးညှင်းဖျော့တော့နေသည့်အသံနှင့် တောင်းပန်သံ …. လူမိုက်ရုပ်ပေါက်နေသော အခြံအရံတစ်အုပ်ကြားမှာ… မိန့်မိန့်ကြီးထိုင်ရင် း .. ပရာဒါ အိတ်အပွကြီးထဲမှ ငွေစက္ကူတစ်ထပ်ကို ဘတ်ကနဲ ပစ်ပေးလိုက်သည် ။ “” ဟဲ့အကောင်..စာမတတ်တဲ့ကောင်….လက်ဗွေနှိပ်လိုက်အုံး .. […]


sorrowOctober 15, 20131min29521
စိုက်တဲ့အတိုင်းပဲ…ရိတ်ရမတဲ့….. အဲ့လိုမဟုတ်ခဲ့ပါဘူးကွယ်….. ဘာမှလဲ..မမျှော်လင့်ခဲ့ပါဘူး..လွမ်းတတ်နေယုံ.. ကိုယ်ချစ်တဲ့ပန်း…လန်းနေရင်တော်ပြီ…. မြတ်မြတ်နိုးနိုးနဲ့…ပန်းပျိုးသူအတွက်… ဆုလာဒ်တွေက …ဆူးမဟုတ်ရင်တော်ပြီ…… တိုးတက်ဖို့လား ဒီပုခုံးကို….နင်းတက်သွားလိုက်ပါကွယ်.. ခက်ခဲတဲ့လောကကြီးထဲ …. တရက်တနေ့….မလိုအပ်ခဲ့ရင်…ဒီလွင်ပြင်နဲ့..ဒီရင်ခွင်က ဒီရင်ဘတ်ကြီး..ထားပြီးထွက်ပေးမယ်…ပျော်မယ်မလား မတ်မတ်ဖြောင့်ဖြောင့်..သူ့အကိုင်းနဲ့သူ့အခက်..သူ့ခြေထောက်ပေါ်.မတ်မတ်ရပ်နိုင်ပါစေ. ပျိုးကြဲတဲ့လက်….ရိတ်ဖို့မဟုတ်ခဲ့ဘူးကွယ် စိုက်တဲ့အတိုင်း ပြန်ရိတ်သိမ်းချင်တာ … ခပ်ညံ့ညံ့ ဥယျာဉ်မှုးတွေပါ ….


sorrowOctober 11, 20131min30327
” ကိုကို….သဲလေးကိုချစ်လား..” လေယဉ်မယ်လေး ရုပ်ကပြီတီတီ.ဆက်ဆီ…. စိတ်က ထူးထူးခြားခြား…ကြည်လင်မနေ……တစုံတခုကို ကြောက်လန့်နေသည်…. လေထုသည် အေးစက်ထိုင်းမှိုင်းလျှက်….လပြည့်ညမလင်းတလင်း… အခန်းထဲသူမဘယ်အချိန်ကတည်းကရောက်နေမှန်းမသိ….ဘာကိုကြံစည်လို့ ကြံစည်နေမှန်းလဲမသိ သူ့စပ်ဖြဲဖြဲအမေးမှာ….အခါတိုင်းလိုမသာယာ…သူတခုခုထူးဆန်းနေခဲ့ပါပြီ….. မျက်နှာသွယ်သွယ်လေးက ..ဖြူရော်လျှက်…လှိုင်းတွန့်လေးများဖြင့်ကျော့ရှင်းနေသော..ခါးလယ်လောက်ရှိသော ဆံနွယ်လေးများမှာ…..အနည်းငယ်…ပွယောင်းနေသယောင်……. ”ကိုကို ..သဲလေးကိုနမ်းပါလား….” ထူးဆန်းစွာမနမ်းလိုပါ…..သူပုံစံလေးက ..ခပ်နွဲ့နွဲ့…. တဖြေးဖြေးတိုးကပ်လာသော…ပိုးသားနှုတ်ခမ်းဖူးဖူးလေးများ ..သူ့မျက်လုံးလေးများက …အနားရောက်မှ မီးပွိုင့် မီးနီသွားသလို .ဖျတ်ကနဲနီရဲတောက်ပသွားသည် …. ပြုံးလိုက်သည့်သူ့အပြုံးမှာ …တလက်လက်တောက်ပနေသော ..သွားစွယ်များ…. .သွေးဆာနေသော သားရဲတကောင်လို… ချွန်မြထက်မြိနေသော…လက်သည်းများလားရာ က…ကျွန်တော့်လည်ပင်းဆီ….. ပြေးဖို့ကိုသတိမရ….ကြောက်လန့်စိတ် က…ငယ်ထိပ်တွင်ပေါက်သော တောင်ပို့မှိုသဖွယ်…အထွတ်အထိပ်…ခြေအစုံက ထူးဆန်းစွာ…လှုပ်မရ.. …ကြမ်းပြင်မှာ..သံမှိုနှက်ထားသလို…ရုန်းလို့မရ…. သူရက်စက်စွာပြုံးရင်း…လည်ပင်းကို ငုံ့အကိုက်……” အားးးးးးးးး ….” ဖင်ကျုံ့ အာခေါင်ခြစ်အော်လိုက်သည် …အဟိဟိ ————– ————– ————– ————— ————— ”ကိုကို…ကိုကို…ဘာဖြစ်တာလဲ ” ..စိတ်ပူနေသည့်သူ့မျက်ဝန်းများ……အစောကလိုမဟုတ် ..ကြည်လင်တောက်ပနေသည်… ချွေးစေးတို့ဖြင့်နှင့်နေသော […]


sorrowOctober 8, 20131min31814
(  ဒီအပိုင်း..အချစ်ခန်းပါတီ…အန်ဒါ 18 မဖတ်ရ..စာရေးသူတောင်..ရက်ကလေးစွန်းလို့.) ——— ——— ——— ———   ”ကိုလဒ” လမ်းထိပ်စတိုးဆိုင်မှ…..ရွှေအိုရောင်မှောင်သော..ဆံပင်နီဖွာဖွာနှင့်.. လှပကျော့ရှင်းလွန်းသော သုတိတာ နတ်အနွယ်ဝင်….လပြည့်ဝန်း မေဂရေ့စ်ပယ်ရီလေး..ခေါ်သံအကြားတွင် ..ဆောရိုး..ကြမ်းညှပ်မိသလို…..တုန်တက်သွားသည်…… အခွက်ကိုက..သူ့ဖခင် ကဲ့သို့…..ပြောင်လက်ချောမွတ်သော..စတီးလင်ပန်းသဖွယ်. .အစွမ်းကုန်…ဖြဲပြုံးရင်းက….”‘ ဂျာ…”…ဟုပြန်အထူးတွင်…. .” တဲကိုချစ်ရား…..” ဟုပြီတီတီအမေးတွင်..ကိုလူချောဆောရိုး (ဘီလူးတော)…ရေလည်သဘောခွေ့နေသည်မှာ.. .ဌက်ပျောတောတွေ့သော..မျောက်အုပ်သဖွယ်…တောင်ပြေးရမလိုမြောက်ပြေးရမလို…ခုန်ဆွရွစလူးထလျှက်… ..( ဒီနေရာတွင်…နောက်ခံအသံကို..မျောက်အုပ်နှင့်လိုက်အောင်…….တာဇံအော်သံထည့်မည်….) ” ချစ်ရင်..ဒါလေးစားပြ..”‘ ငရုတ်ကုလားအော်သီးဟဲဗီးကြီးကို မြှောက်ပြရင်းမေးသည်….. အချစ်စမ်းသည့်သဘော..ရှိုူးလျှောက်ရင်း..ရှုတင်ရိုက်ရင်း …သူငယ်ချင်းများမြှောက်ပေးသည်ကို. .အဟုတ်မှတ်သော.မေဂရေ့စ်လေး မှာ. သူ့အလှည်ကျလျှင်အသက်ရှုရပ်မည်ကိုမစဉ်းစား……မွေးရာပါ..စိတ်ကြီးသော…ကျွန်တော်တို့မင်းသားကလဲ. …အသေခံတိုက်မည်ဟူသော..အစား….. ..” လာထား…စားပြီးရင်အာဝါးကျလူးကျလူးနော်….” ပြောရင်းက …..ပလောက်ကနဲ…ကောက်ဝါးပစ်သည်…… ကိုယ်ထောင်သောကြိုးကွင်း…ကိုယ့်လာစွပ်သော….မေဂရေ့စ်ပယ်ရီလေးမှာ…..သူ့စကားနှင့်သူ.. အကျပ်ရိုက်လျက်…..တဖက်မှာကြည်နူးသောစိတ်နှင့်…တဖက်မှာ..ကုလားအော်သီးဝါးထားသော.. …ထော်လန်နီရဲနေသော….နှုတ်ခမ်းကြီး…. အသက်ဘေးအတွက်…ဆုံးဖြတ်ရမည့်အချိန်ရောက်လာပါပြီ…..ချစ်သူကိုချနင်းမည်လော….. .ရိုမီယို & ဂျူးလိယက် လုပ်မည်လော……သို့သော်….အချစ်စိတ်က .ထိပ်တက်သည့်အလျောက်…အံကြိတ်လက်သီးဆုပ်ရင်း..နမ်းလိုက်သည်   …” ပလွတ်..အမငီး..တေပါပြီ..” ….မခံစားနိုင်လွန်းသော…ပူစပ်ပူလောင်ခံစားချက်ကက…အသဲထဲအထိ…တိုးခွေ့ဝင်ရောက်သွားချိန်တွင်.. မေဂရေ့စ်လေး […]


sorrowOctober 4, 20131min24728
ကံဆိုးကောင်…မိုးလိုက်မှောင်သည်မှာ..ထိုမျှနှင့်မပြီးသေးး….၏ဆေးရုံအဆင်းကားဌားရာတွင်လည်း….. ” ဒဂုံကိုဘယ်လောက်လဲဗျ….’မိခင်ကြီး၏ ဖခင်ကြီး ကိုတစ်ဖက်.ကဆွဲရင်း……မှင်စာပေါက်စဆောရိုးကို တစ်ဖက်ကချီရင်း..အမေးကို… ” နှစ်ထောင်…ခင်ဗျားချီထားတဲ့..ဝက်ကလေးပါရင်….ငါးရာထပ်ပေးရမယ်…”’ ကားသမား၏ ဆတ်တောက်ဆတ်တောက်အဖြေတွင်.မိခင်ကြီးဆွေ့ဆွေ့ခုန်သွားသည်….. ” အဲ့တာကျုပ်သားလေးဗျ…ခင်ဗျား..စော်ကားလှချည်လား….” ပေါက်ကွဲသံအကြားတွင်… ကားသမားက .ဖခင်ကိုတစ်လှည့်…ဝက်မှင်စာပေါက်စဆောရိုးကိုတစ်လှည့်ကြည့်ရင်းက….ပြုံးစိစိနှင့် ့….”ထင်သားပဲဗျ…မန်ကျည်းပင်အောက်…….မန်ကျည်းပင်ပဲပေါက်မယ်ဆိုတာ… …ဖအေနဲ့သား..တရုပ်ထဲပဲ..အခွပ်ခွပ်..ဝက်ကိုအမွှေးနှုတ်အဝတ်ပတ်ထားတဲ့ရုပ်.” ဒေါသကအထိပ်ရောက်ပြီ…ထမီကိုစွန်တောင်ဆွဲလိုက်သည်…ဘယ်ခြေနှင့်ညာခြေကိုတစ်လှမ်းစီရှေ့ထုတ်ရင်းက.. ဘယ်ညာကိုယိမ်းလိုက်သည်….ညာလက်ကထမီစကိုလွှတ်ရင်းက ..ဟစ်တလာအလေးပြုသလို…လက်ကိုရှေ့ဆန့်ရင်း…အထက်အောက်ကို…ဂျေမီ စတိုင်အတိုင်း.ယမ်းရင်းက “‘ အဲ့လာ..နင့်အရေးလား…သောက်ကောင်.မျောင်ကောင်….နင့်ရုပ်ကမှ..အဝတ်စုတ်..တုတ်စုတ်ပတ်.ရုပ်ကလပ်ကစုတ်ပြတ်…..အနံအသက်ကပုပ်အက်… နင်အခွက်ကမှ..အရူးမထမီမှာကပ်တဲ့…နှပ်ချေးဖတ်..”” ဟုကတ်ကတ်လန်ရင်းက…..သတိရမှလှည့်အကြည့်တွင်…ဆေးရုံရှေ့…..ဆိုင်ကလေးမှ…စိန်တလုံး..သရက်များကို၎င်း….ကြက်ဥများကို၎င်း… ” နင်လားဟဲ့…စိန်တလုံး…….နင်လားဟဲ့ဥ…ဟိုင်းရား..ဟိုင်းရား…….” အော်ရင်းက.အညိုးတကြီး..နင်းခြေဖျက်ဆီးနေသော.ဖခင်ကြီးကိုတွေ့လိုက်ရသည်….. အဘယ့်ကြောင့်စိန်တလုံးသရက်များနှင့်ဥများကို….စိတ်အနာကြီးနာသွားမှန်းမသိ…… မအောင်မြင်သော….ပုံထွက်မကောင်းလေသော..အဖြစ်မရှိသော….သူ့ဥကိုသူ…မုန်းတီးနေခြင်းလောကား… မပြောတတ်….ပက်ပက်စက်စက်…ကြေကွဲနေသောအသွင်အပြင်က……မချိမဆန့်ခံစားနေသယောင်ယောင်…. —————————— အနှစ်နှစ်ဆယ့်ကိုးနှစ်…လွန်ပြီးနောက်……… ” အမှိုက်ပစ်အုံးမလား…အမှိုက်….” သာယာသောနံနက်ခင်းကိုထိုးခွဲလာသော….ဌက်ဆိုးအော်သံပိုင်ရှင်က… ကျွန်တော်တို့၏မင်းသား….မှင်စာဆောရိုး. ” အောင်မငီး..ဆိုးလိုက်တဲ့အသံ…အသံကြားတာနဲ့..မြစ်တတုံးတယ်…ထွက်ကြည့်အုံးမှပဲ.. ကာလနာလေးကို”‘….ပြောရင်းက…ခြေရင်းလေးလွှာမှအဘွားအိုတစ်ယောက်…ထွက်ကြည့်လိုက်မိသည်….. ” အောင်မငီး…ဂစ်ဂစ်….” အမြုပ်တစီစီထွက်ရင်း..တက်နေသည်…. အဘွားအိုအလွန်မဟုတ်…….. အနည်းငယ်…ပြောင်နေသော..နဖူးနှင့်…..တိုတက်ခွက်ဝင်နေသော….နှာခေါင်းအကြားတွင်…. လက်မဝက်ခန့်ဖုထွက်နေသော….ဦးချိုလေး….(ဖခင်..မွေးမြူရေးသမား..နွားမလေး…များကိုလက်ဆော့ထားသဖြင့်…ဝဋ်လိုက်ခြင်း..ဖြစ်သည်) စပါးခွံသာသာ..မျက်လုံးပေါက်……ကျောက်တူးထားသလို..အခွက်ခွက်နှင့်မျက်နှာတပြင်လုံး…ကို…. မိခင်.နှင့်ဖခင်…..ပယ်ပယ်နှယ်နှယ်သမပေးလိုက်သော…သနပ်ခါး..ထူလပစ်….. ကွမ်းကိုထမင်းလွတ်စားသဖြင့်…နီရဲဂျွတ်တတ်နေသောသွားများ……..နေ့စေ့လစေ့ဗိုက်……… တိုဝင်ကွတနေသော…ခြေထောက်များကိုပေါ်လွင်စေသော…….ပုဆိုးတိုတို.တို့ကိုတဆက်ထည်းမြင်လိုက်ရသော.. အဘွားအိုခဗျာ….တခါတည်းကြွသွားသည်…………. ———————————————————— လမင်းတစင်း..နေ့ခင်းကြောင်တောင်လင်းလိုက်သလို…..ကျက်သရေပိုင်ရှင်. ..မေဂရေ့စ်ပယ်ရီလေး .အိမ်တခါးဝမှပေါ်လာသည်……. […]


sorrowOctober 1, 20131min30419
”အူငဲလ်လ်လ်..”ပြဲကားပြာလန်နေသော အသံအကြားတွင် မွေးခန်းထဲမှ သူနာပြုမလေး မျက်လုံးပြူးထွက်သွားသည် ။ မွေးခန်းအနီး ဓါတ်ကြိုးပေါ်တွင် နားနေသော ကျီးကန်းနှစ်ကောင်….အ ….တစ်လုံးသာအော်နိုင်သည် ။ အဘယ်ကြောင့်မှန်းတော့မသိ.. ဖုတ်ကနဲကျသေသည်…. အနှီးနှင့်ပတ်ထားသည့် လူမမယ်လေးကို ကိုင်အမြောက်တွင် ပြတင်းပေါက်မှမြင်နေရသော ညောင်ပင်ကြီး..သွက်သွက်ခါရမ်းသွားသည်။ “သောက်ကျိုးနည်း….’ ငါကိုက ဖင်ရှည်တာ….သောက်ရုပ်ကလဲဆိုးပါ့…ဂစ်ဂစ်ဂစ်….”‘ ရေရွတ်ရင်းက ..ပါဝါမတူသူကိုမှသွားရှိုးမိသော သရဲတစ်ကောင်အဖြစ်က…ရင်နှင့်ဖွယ် .သရဲခြောက်သည်ဟုနာမည်ကြီးသော အပင်ကြီးက နောက်ရက်မှဘာအသံမှမကြားရတော့ ”အမငီး…သောက်ပလုတ်တုတ်…ဆိုးလိုက်တဲ့ရုပ်…..လူမှဟုတ်ရဲ့လားဟ…” ပတ်ဝန်းကျင်က ဝိုင်းဩဘာပေးသည် ။ ထင်လဲထင်ချင်စရာ… စနူပီခွေးကလေး မျက်နှာကိုပျဉ်ပြားနှင့်အလျားလိုက်ဖြတ်ရိုက်ထားသလို…..ရှုံ့ခွက်တွန့်ဝင်နေသော…အခွက်က…လန်ထွက်နေသော.. .နှုတ်ခမ်းဖြင့်အနားသတ်ထားသည်။ မျက်လုံးနေရာတွင်…ဘလိတ်ဒါးရှထားသလို…မျက်စိဟုခေါ်လို့ရလောက်အောင်သာ.. အရာလေး.စူထွက်နေသော…ဗိုက်ကလေး၏ အောက်ခြေမရောက်တရောက်တွင်…မုန့်လက်ဆောင်းဖတ်လေး.. ကပ်နေသည့်နှယ့်… ဘယ်သောအခါမှ…တိုက်ပွဲဝင်အဆင့်မရောက်လာနိုင်သော…တိုက်ချင်းပစ်ဒုံးကျည်…ပေါက်စနလေး….ဂငယ်ပုံစံခြေထောက်တိုလေးများက. အရွယ်ရောက်လာလျှင်..ကွတိုဟူသော…နာမည်ကိုရလာမည်မှာမဆန်း…. ”ဟင်……တယ်လေ..ဒီမိန်းမ…..ဝက်မမွေးပါနဲ့ဆို..မွေးတယ်…ပုပါးမသွားနဲ့ဆိုသွားတယ်..အခုတော့ဝက်နဲ့မျောက်လေး. .စပ်ထားတာထွက်လာတယ်…မှတ်ပလား….ငါတယ်လေ…” မွေးသဖခင် ကတ်ကတ်လန်အသံအဆုံးတွင် ”အောင်မယ်….ကိုရင်ရဲ့ .ရှင့်အပြစ်လဲပါတယ်..ရှင်တရက်နှစ်ခါနွားမလေးတွေသွားသွားညှစ်လို့ရှင့်ကလေး..ချိုပါတာလဲထည့်ပြော ”” “ကိန်..ကြောက်ပါပြီဂျ..” ရင်ဘတ်ကို…တရုတ်ဗုံတီးသလို…..ဂေါ်ဇီလာအခြောက်..ရန်စွာသလို…ဘယ်ညာထုရင်းက ဒေါသပုန်ထနေသော…ဆောရိုးအလောင်းအလျာ.၏ ဖခင်က ဝလုံးနေသောကိုယ်လုံးနှင့်မလိုက်ဖက်…မွေးခန်းအထွက်ထဲတွင်ခုန်ဆွနေရင်းက ပုဆိုးစုတ်လေးက […]


sorrowSeptember 30, 20131min72046
သူမသည် ကျွန်ုပ်အတွက် လမင်းလဲ ဖြစ်သလို ..ထိခိုက်ကြေကွဲလွယ်သော ပန်းတပွင့်လဲဖြစ်သည် ။ သူမ အဘယ့်ကြောင့် လေယဉ်မယ်အလုပ်ကို စိတ်ဝင်စားသနည်းကားမပြောတတ် ။ ထိုမျှပင်ပန်းဆင်းရဲသည့် အလုပ်ကို နှစ်သက်သဘောကျသော သူမကို တစိုးတစိမျှနားမလည်ပါ ။ Terminal အတွင် း ကျော့ကျော့မော့မော့ လမ်းလျောက်ခွင့်ရသော တခဏကို သာယာသလောကား မသိ ။ နားအလွန်ပူမည့် မျိုးစေ့တစ်စေ့ကို သူမ စိုက်ပျိုးခဲ့စဉ်က ကျွန်ုပ် အိပ်မျှပင်မပျော်ခဲ့ပါ ။ ယခင်ကတဲက သူမသည် လေယဉ်မယ် ပန်းကလေးတစ်ပွင့်ဖြစ်သည် ။ Crew Bag လေးဆွဲပြီး လမ်းလျောက်သွားသော သူမကို အမှတ်မထင်မြင်မိသည့် ခဏတွင် နှလုံးသွေးတို့ ရပ်မတတ်ကြည်နူးမိပါသည် ။ ချစ်ခြင်းသည် ပျံသန်းနိုင်သည့်အတောင်ပံတစ်စုံကို မွေးဖွားနိုင်ခဲ့လျှင် သူမ..လေယဉ်ပျံနောက် တကောက်ကောက် ပျံသန်းပြီးစောင့်ရှောက်လိုက်ချင်ပါသည် […]


sorrowSeptember 28, 20131min26322
ဟာ့ဂျ် သွားမည့် ဟာဂျီလောင်း သူတော်ကောင်းအပေါင်းကို Schedule လေးပြောပြချင်သည့် စိတ်တဖွားဖွားဖြစ်လာသည့်အလျောက် ဆော်ဒီအာရေဘီးယား နိုင်ငံ မြင့်မြတ်သော မက္ကာမြို့သို့ သွားရောက်နိုင်မည့် လေကြောင်းလိုင်းများကို အောက်ပါအတိုင်း လက်ယားမိပါသည် ။ 1) QR ( QATAR AIRWAYS ) RGN DOH 0830 1130 QR 619 DOH JED 1335 1610 QR 766 JED DOH 1613 1833 QR2773 DOH RGN 2105# 0700 QR 618 USD : 1500 ခန့်ရှိပါမည်။ ကာတာအဲဝေးနှင့်သွားရသည့် ခရီးစဉ်ဖြစ်ပါသည် ။ ကာတာနိုင်ငံ၏မြို့တော် ဒိုဟာ တွင် […]


sorrowSeptember 28, 20131min106558
အနှီမှော်ဆန်သော virtual community ထဲသို့ ကျွန်ုပ် လွန်လေပြီးသော တစ်နှစ်ခန့်က မျက်စိလည် လမ်းမှားရောက်ခဲ့လေသည် ။ ” ဟဲ့ ကောင်မလေး …ဒါပဲလုပ်နေတယ် ဟတ်လား ” ဟု မည်သည့်အရာကို ဖတ်နေမှန်းမသိသော ကျွန်ုပ် ဝန်ထမ်းကို ဟောက်စားလုပ်လိုက်သည်။ ဇက်ကလေးပုရင်း ပိတ်လိုက်သည့်ခဏတွင် ကျွန်ုပ်လည်း..မြင်ဖြစ်အောင်မြင်လိုက်လေသည်…myanmargazette.net ဟူသောလိပ်စာ ကျွန်ုပ်သည် ရုပ်ရည်ချောမောခန့်ညားသလောက် စပ်စုတတ်သောသူဖြစ်သည်။ ထိုနေ့မှ စပြီး မှော်အောင်သောသူများကို သိကျွမ်းခွင့်ရခဲ့လေသည် ( တစ်ဖက်သတ် ) ။ ( နံပါတ် 12 အောက်က အနီရောင် စည်းကမ်းနှင့် ညှိနေမလားတော့မပြောတတ် ) ( မှတ်ချက်ပြုပါမည် ဖြစ်ချင်ရာဖြစ် ကချင်ကွ…ခပ်မိုက်မိုက်ပဲ အာဟိ ) ပထမဆုံး မှတ်ချက်ပြုရမည့် ပုဂ္ဂိုလ်မှာ အရှေ့ကျွန်းမှ […]


sorrowSeptember 25, 20131min1378
ပင်လယ်ကြီးလား…တောင်တန်းလား…စမ်းချောင်းလား ဟင့်အင်း…ကြယ်တွေအကြောင်းပါ……သိမ်မွေ့တယ်..နက်နဲတယ်တဲ့…. ကျယ်ပြောတယ်….နက်ရှီုင်းတယ်… ကြယ်တွေအကြောင်းမပြောချင်ပါဘူး….ဂုဏ်ယူစရာမှမဟုတ်တာ….. မြေကြီးအကြောင်းပဲ…ပြောရအောင်.. ငါ…မြေကြီးပိုဆန်တယ်မလား…… တမျှော်တခေါ်ကြီးပါ…လွင့်ချင်တိုင်းလွင့် ရအောင်….. လွင်ပြင်တွေ..တောအုပ်တွေ…မြက်ခင်းတွေ…. မင်းရှေ့မှာ …ကြယ်တွေကြွေကောင်းကြွေမယ်….လမင်းတော့မဟုတ်ဘူး….. မျှော်မနေပါနဲ့ကွာ….. စိမ်းလန်းတဲ့မြက်ခင်းပေါ်မှာ …ကျောခင်းရင်း…. လာ..သူငယ်ချင်း….သူ့ကိုငေးရအောင်…. ရွှန်းရွှန်းပပ လှနေတာများ….. လင်းချင်တိုင်းကိုလင်းလို့ … ကြုံရင်သာပြောလိုက်ပါ… ပင်ပန်းတဲ့အချိန်လဲလျောင်းဖို့…ငါ့ရင်ဘတ်မှာအိပ်ယာခင်းထားတယ်…


sorrowSeptember 23, 20131min20813
အများကြီးမဟုတ်ပါဘူး…. သူ့လက်ကလေးကိုသာကိုင်ခွင့်ရချင်ရဲ့. အရာအားလုံးကို.မပိုင်ဆိုင်ချင်ခဲ့ပါဘူး…မျက်ဝန်းရွှန်းရွှန်းလေးကို…. မြင်နေရုံနဲ့ကျေနပ်တတ်ခဲ့တဲ့ကောင်.. အချစ်အစစ်က..ပိုင်ဆိုင်ခြင်းမှမဟုတ်တာပဲ….ချစ်နေဖို့ပဲလိုတာပါ….. တိမ်တွေကဘယ်တော့မှမပြိုပါဘူး…. ပြိုခဲ့ရင်လည်း..တိမ်မဟုတ်ဘူးတဲ့… လေထုက ..တစ်ကိုယ်စာ…လွင့်ပါးပျောက်ကွယ်သွားသလိုမျိုး… အေးစက်…..ဆို့ပိတ်မွန်းကျပ်လို့…. ကောင်းကင်တောင်မှောင်သွားသလိုမျိုး….. အရာရာဟာ..မှုန်ဝါးလို့… နွမ်းပါးတဲ့ဘဝကိုပဲ…ဆဲချင်တယ်… ကျိုးကြောင်းဆင်ခြင်ဉာဏ်တိမ်တဲ့သူတွေကြား… မင်းနဲ့ငါ မိုးခါးတွေပဲ တစ်ကိုယ်စာရွာ


sorrowSeptember 20, 20131min15411
အချစ်စိတ်နဲ့..မင်းမျက်ဝန်းတွေ.. သူ့အတွက်…တဖိတ်ဖိတ်လက်.. အိပ်မက်ဆန်တဲ့…အတိတ်မှာ… ကိုယ့်ကိုကိုယ်ပြန်ခတ်တဲ့ခြေထိပ်နဲ့ ငါကြီးက …ပုလဲခတဲ့ကြယ်…. အားပေးဖူးခဲ့တဲ့လက်… ခဏတာ အတွက်… နားခိုဖို့ဖွင့်ထားတဲ့ ရင်ဘတ်. တမ်းတမိနေတဲ့မနက်တွေမှာ.. ငါ့ကိုယ်ငါ ပြန်သတ်နေသလိုပဲ… နမ်းမိတဲ့အနမ်းနဲ့.. မတန်တဲ့အလွမ်းတွေနဲ့.. မင်းရဲ့ငိုမဲ့မဲ့အသံ… …ငါပင်ပန်းလွန်းပြီ …ကြယ်… ထားရစ်ခဲ့တာလား…ကျန်နေခဲ့တာလား.. ဆိုတဲ့အတွေးတွေနဲ့… အိပ်မက်မျှားသူတွေထဲမှာ… ဟန်ဆောင်တယ်ဆိုတဲ့ပညာ… မင်းရောငါရော မတတ်ခဲ့တာပါ… မချစ်နိုင်တာသိရက်နဲ့… တပ်မက်နေတာဆိုရင်..အရူးလို့ခေါ်မလား…. ငါက လွင်ပြင်ကြီးထဲမှာ….မင်းအရိပ်ကို တရှိုက်မက်မက်…လိုက်ရှာနေသလိုမျိုး….. မင်းစိတ်ရဲ့စေရာ… ခဏတာလေးသာယာတာကို…. အခွင့်အရေးယူ… တိမ်တအုပ်ကို ဖမ်းဆုပ်မိသူလိုမျိုး… ငါစိုက်တဲ့အတိုင်း..ငါရိတ်သိမ်း… ငါ့တလင်းမှာ..အလွမ်းတွေအပြည့်….. တပ်မက်ခဲ့တဲ့အိပ်မက်တွေထဲက.. လှည့်ထွက်ဖို့ဆိုတာ..မင်းအတွက် ပေါ့ပေါ့ပါးပါးတောက်ထုတ်လိုက်တဲ့…စီးကရက်တို လောက်ပါပဲလား…. ငါ့မာနကိုငါချနင်း… ငါ့အချစ်တွေကိုရင်းရင်… မင်းရှေ့မှာ ပန်းတခင်း…ဖြစ်ပါရဲ့လား………


sorrowSeptember 19, 20131min18513
ဟုတ်လား… ငိုနေတဲ့ကလေးကို..ဆဲမလို့လား..မလုပ်ပါနဲ့ကွာ …ငါပေးပါ့မယ်…. အဲ့လောက်တော့ရှိပါတယ်….. မင်းဝတ်ထားတဲ့အကျီလောက်တော့ ..မသားနားပေမယ့်….ငါ့ဟာလဲ ..အရောင်ရှိပါသေးတယ်… တွဲမသွားရဲဘူးမလား …. တဆိတ်..ဟိုဘက်လှည့်ပြီးပြောပေးပါလား… မင်းပါးစပ်က ငွေနံ့နံတယ်…. ဒေါ်လာအကြွေပဲသုံးပါရစေ….စိတ်မသန့်လို့ပါ…. ကျူးဘားကမှမဟုတ်ပါဘူး….ငါ့လက်ထဲက ဆေးပေါ့လိပ်လဲ ..အရသာရှိပါတယ်… အစစ်ပါ..ဈေးကပေါတော့..ဘယ်သူမှလိုက်မတုဘူးလေ… လမ်းပေါ်မှာဖြန့်ခင်းထားတဲ့ ….ချရောင်းတဲ့ ..အရာတွေလို .. .ကိုယ့်တန်ဖိုး ကိုသတ်မှတ်တာပါ… မီးတတို့လား….ဟင့်အင်း..ရေတမှုတ်ပဲယူပါ… မင်းကလောင်မြိုက်နေပြီးသားပဲ… ကျင်လည်တဲ့အသိုင်းအဝိုင်းက …. အတုကြားမှာ..မင်းမမောသေးဘူးလား….ချွေးတွေတောင်စို့လို့ ….