sorrowSeptember 18, 20131min1548
တစ်လောကလုံးသည်….မီးဟုန်းဟုန်းတောက်လျှက်…ဖုန်းဆိုးတောအသွင်…..ပျားပန်းခတ်မျှလှုပ်ရှားခဲ့သော…မြို့တော်ကြီးများမှာ.. .ကျီးနှင့်ဖုတ်ဖုတ်….အချိန်က..အမှောင်ခောတ်…..မကောင်းဆိုးရွား…ဖုတ်ကောင်များကြီးစိုးရာ…အချိန်ကာလ…. .လူသားမျိုးနွယ်တို့ရှင်သန်ရပ်တည်ရေးအတွက်….မေးခွန်းထုတ်ခံနေရသည့်အချိန်…   လောက၏တစ်ဖက်ခြမ်းတွင်ကား…လူသားမျိုးနွယ်၏ နောက်ဆုံးခံတပ်… အေးချမ်းတည်ငြိမ်နေသေးသော…..အင်အားတောင့်တင်းလှသော…..ပြင်ဦးလက်နက်အင်ပါယာကြီး… ” အူဝဲ ”..ကလေးတစ်ယောက်၏ စွဲမက်ဖွယ်…ခန့်ညားသော…ငိုသံ… ပြင်ဦးဧကရာဇ်နိုင်ငံတော်၏ ဥလျှောင်…ဘုရင်မင်းမြတ်၏ နန်းမွေခံ …အိမ်ရှေ့စံမင်းသားလေး..မွေးဖွားလာခြင်း…..   အနှီ…မင်းသားငယ်လေးမှာ…မွေးရာပါ..ခန့်ညားတည်ကြည်ခြင်းရှိသည့်အပြင်….ပွတ်သစ်စရွှေကဲ့သို့…ဝင်းမွတ်သောအသားအရောင်ဖြင့်.. လူမက..နတ်မကျ…ချောမောခန့်ညားလေသည်… အပျိုတော်..ရံရွှေတော်…စီနီယာ…ဂျူနီယာများအပြင်..မိဖုရားငယ်များပင်..မနေနိုင်မထိုင်နိုင်ဖြစ်ကာ…ပုခက်အတွင်းမှ.. မင်းသားငယ်လေးအား..” ချစ်စရာလေး..ဟယ်.. ”ဟု ပြောဆိုပြီး…..အာဘွားရှလူးကျသဖြင့်…..ခမည်းတော်..ဘုရင်မင်းမြတ်ပင်.. မနာလိုတိုရှည်ဖြစ်ကာ…..ပလာယာဖြင့်ဆွဲနှုတ်မည်ပြုသည်ကို….မိခင်မိဖုရားခေါင်ကြီး..ငိုယိုတားမြစ်သဖြင့်သာ….ယခုကဲ့သို.. လူတဥ..သူတဥ…ဖြစ်နေသည်…ထိုမျှလောက် …ချောမောခန့်ညားသည်….   ထို့ကြောင့်..အရွယ်ရောက်လာသည့်အခါတွင်…အရပ်ရပ်နေပြည်တော်…ကျော်ချင်တိုင်းကျော်ပြီး…ပြင်ဦးအိမ်ရှေ့စံ..ပါခန့်စော်ကြည် မင်းသားလေးဆိုလျှင်……အရွယ်ရောက်ပြီး…မိန်းကလေးထု၏ အိပ်မက်အရှင်သခင်..စော်အလန်းတသန်း၏.မျှော်လင့်ရာအဖြစ်…နာမည်ကျော်ခဲ့လေသည်… မင်းသားလေးမှာ…အဆင်းတွင်ပြိုင်ဘက်ကင်းသလောက်…အချင်းတွင်လည်း…စစ်တပ်ဆိုင်ရာ.မန်းနေ့ဂျ်မန့်….အက်မင်နစ်စတေးရှင်း.. ..စတတ်တပ်တစ်..လော်ဂျက်စတတ်…ဆပ်ပို့တင်း…ဘက်စုံထူးချွန်လေသည်…ကလပ်စစ်ကယ်…စစ်နည်းပညာပါရဂူ ..ဆွန်ဇူးပင်..သူ၏ အညံ့ဆုံး..တပည့်စာရင်းတွင်ပါဝင်ခဲ့လေသည်….ထို့ကြောင့်ပြင်ဦးလက်နက်နိုင်ငံတော်မှာ.. .မကောင်းဆိုးဝါး..ဖုတ်ကောင်စစ်တပ်ကျူးကျော်မှုမှ…ကြံ့ကြံ့ခံတွန်းလှန်နိုင်ခဲ့လေသည်….. ထို့ကြောင့်..ဖုတ်ကောင်စစ်သူကြီးမှာ.ဆောရိုးမင်းသားလေးကိုလုပ်ကြံရန်အစီအစဉ်ရေးဆွဲလေတော့သည်… အထူးလက်ရွှေးစင်..အားကောင်းမောင်းသန်.မကောင်းဆိုးဝါး…စစ်သည်..တစ်သန်းခွဲဖြင့်…..ဆောရိုးမင်းသားလေး.. .ဂေါ့ဖ်ရိုက်မည့်အချိန်ကိုရွေးပြီး…လျှပ်တပျက်လုပ်ကြံလေသည်….. သို့သော်လည်း…တိုက်ခိုက်ရေးပညာ လက်ကုန်တတ်မြောက်ထားသော….ပါခန့်စော်ကြည် ဆောရိုးမင်းသားလေး.မှာ ..လက်ရည်မမျှလွန်းသဖြင့်..ညာဘက်လက်ကို..ဘယ်ဘက်စတိုင်ပန်အိတ်ထဲနှိုက်ပြီး…ပြန်လည်တိုက်ခိုက်ရာ… ဖုတ်ကောင်စစ်သူကြီး…တစ်ယောက်သာ.အသက်ရှင်လျက်..ကျန်တော့လေသည်…. ထိုအခါ..အနှီငတိမှာ….မနိုင်မှန်းသိလျှင်..ပါခန့်စော်ကြည်မင်းသားလေး.ခြေသလုံးမွှေးအား..ဆွဲနှုတ်လေတော့သည်…   “” ဗြုတ်…ဗြုတ် ”’   “‘ အား….”‘  ဟု အသကုန်အော်ပြီး…မျက်လုံးဖွင့်ကြည့်လိုက်သည်…ခြင်ထောင်နှင့်လူလုံးထွေးလျက်….အိပ်ရာရင်းတွင်ကား…. စပ်ဖြဲဖြဲမျက်နှာပေးများနှင့်မမ.လေယဉ်မယ်.နှင့် တစ်ဥထဲပေါက်ထားသော […]


sorrowSeptember 18, 20131min24918
သိပ်မချုပ်ချယ်ပါနဲ့..အရိပ်ကိုတောင်သော့ခတ်တယ်.. သံခြေကျင်းနဲ့…တခါက လွတ်လပ်ခြင်း… ငါ့ဘဝက နေဆယ်စင်းရဲ့ အကျဉ်းသား… ငါမင်းနဲ့ ဘဝတောင်ခြားချင်တယ်… အိပ်မက်ကိုတောင်..ဆင်ဆာဖြတ်တယ်… ညတိုင်းတော့..မင်းကိုပဲ..ဘယ်မက်မလဲ … ဦးနှောက်နဲ့ဆက်နေတဲ့ နှလုံးသား… တစ်ညတစ်လေတော့…ငါနားပါရစေ… ငါ့ဦးနှောက်ကို ဓါးထောက်တယ်… အတွေးတိုင်းကိုမင်းစိုးမိုး… အိပ်လိုက်လို့…မနက်ဖြန်…မနိုးတော့ရင်ကောင်းမယ်… လွတ်လပ်ခြင်းဆိုတာ…မင်းနဲ့တွေ့မှ.. ပျောက်ကွယ်မျိုးသုဉ်းသွားတဲ့ ငါ့အဘိဓါန်ထဲက ရှားပါးမျိုးစိတ် စကားလုံး.. ငါ့မျက်လုံးထဲက..ငါတပ်မက်တဲ့…မင်းရုပ်ပုံတက်တူး… ငါပဲရူးနေသလား…… အရင်လို..ဘောင်ခတ်မထားတွေအတွေးတွေ… မရှိတော့ဘူး… ငါ့အတွေးတိုင်းကို လိုက်ကန့်သတ်တယ်…. ငါ့ဘဝက ဟိန်းဟောက်ယုံတတ်သာ တတ်နိုင်တော့တဲ့… လှောင်အိမ်ထဲက ခြင်္သေ့… ကျယ်ပြန့်တဲ့လွင်ပြင်နဲ့… ရွှေထီးဆောင်းခဲ့တဲ့နေ့ရက်တွေကိုတောင်မေ့လို့… မင်းရှေ့မှာ…ထူးခတ်…ဘဝပျက်တဲ့ ဆင်တစ်ကောင်… အခုလိုမှောင်မိုက်တဲ့နေ့ရက်…ငါတပ်မက်နေတုန်းပဲ… ဖြူသွယ်သွယ် လက်သည်းရှည်တွေနဲ့….လက်ညိုးကလေးစေရာ…. ရင်ကွဲမတတ်ခုန်ပေါက်…. မင်းပျော်ရွှင်ဖို့အတွက်.. ငါက မင်းအတွက်..မျောက်…. မင်းနှုတ်ခမ်းက အမိန့်သံပါတဲ့တောင်းဆိုချက်… ငါ့ဘဝကိုပါဖျက်နိုင်တယ်… မင်းစိတ်နဲ့အသက်ဆက်… ငါအိပ်ပျက်လွန်းတယ်.. နေရယ်…. တတ်နိုင်ရင်.မနက်ဖြန်မထွက်ပါနဲ့


sorrowSeptember 16, 20131min18712
”ဘယ်ကပြန်လာတာလဲ ” ”ချစ်ခြင်းရဲ့မြစ်တစင်းကပါ ” ”ဘာတွေ့ခဲ့လဲ” ”သေလောက်အောင်ကြည်တောက်နေတဲ့ မျက်ဝန်းရဲ့ ကျိန်စာ ” ”မင်းလက်ထဲက နတ်သမီးထောင်ချောက်လား ” ”ဟင့်အင်း….ကိုယ့်ကိုကိုယ် ပြန်ခတ်မိတဲ့ ..သံခြေကျင်းတစ်ခုပါ ” ”မင်းရှေ့မှာကြွေတဲ့..ကြယ်စင်တွေရော ” ”ကျွန်တော်လိုချင်တာ…လမင်းပါ ” ”နိုင်ငံခြားက ပြန်လာတဲ့ ..ကြယ်တံခွန်ရော ..” ”အင်း…သူကကြယ်သေပါ …” ”ဘယ်သွားအုံးမလဲ ” ” နက်ရှိုင်းလျို့ဝှက်တဲ့ …ပင်လယ်ဆီကိုပါ ” ” ဘာလုပ်မလို့လဲ ” ” တိတ်ဆိတ်ခြင်းကိုသွားသင်မလို့ ” ” မင်းဘေးက စေ့စပ်ညှိနှိုင်းသူလား..” ” ဟင့်အင်း…သေမင်းတမန်ပါ ” ” ဒါဆို…မင်းက ” ” သေပြီလေ …”


sorrowSeptember 16, 20131min25110
ကြယ်ပြောင်တစ်စင်းကြွေသည် ဝင်းကနဲ……ဖိန့်ဖိန့်တုန်တိုင်းပြည်တခုလုံးမှ ပန်းများ.အချိန်အခါမဟုတ်.ပင်လုံးကျွတ်မျှပွင့်သည်….. ဓါးလှံလက်နက်များ အလျှံတပြောင်ပြောင် အရောင်ထွက်သည်… ပန်းရနံ့များ တစ်တိုင်းပြည်လုံး သင်းပျံ့နေသည် နိမိတ်လက္ခဏာများ ကအံ့ဩကုန်နိုင်ဖွယ်… အိုလံပတ် တောင်ထိပ် နတ်ဘုရားများ ပွက်ပွက်ထနေသည်… ” ဟင်..ချောမောလှပခြင်း.ရဲရင့် တည်ကြည်ခြင်း.လက်ရုံးအစွမ်းသတ္တိကို အစိုးရသော လူသား..တပါး..ပေါ်ထွန်းမည်..ဟုတ်စ ” ” ထိုသူငယ်အရွယ်ရောက်လျှင် ဗီးနပ်၏အသဲနှလုံးကို သိမ်းယူသောအစွမ်းရှိလတံ့ ဟုတ်စ ” အံ့ဩမှုဖြင့်…ပြူးကျယ်သော မျက်လုံးအစုံတို့ဖြင့်. အလှတရားနှင့် .ချစ်ခြင်း ကိုအစိုးရသော နတ်သမီး ဗီးနပ်က ရေရွတ်သည်… တဆက်တည်းပင် အလှမာနကိုထိပါးလာသော နိမိတ်အတွက် တဆက်တည်း ကျိန်ဆိုလိုက်သည်…. ” သူ့ကိုအကယ်လို့သူမအား .ပြန်မချစ်ပါက ထိုသူ၏ဘက်ဘက်ရင်အုံ .လေတိုက်ယုံနှင့်နာကျင်ပြီ .ထိရုံနဲ့…ဇိကုန်ပါစေ.” ——————-။——————– လူပြည်တွင်လည်း အုံးအုံးကျွတ်ကျွတ်နှင့် ပြောဆိုနေရာမှ မင်းနားသို့ပေါက်ကြားသည့်သကာလ ဖိန့်ဖိန့်တုန်.ပြည့်ရှင်မင်းမြတ်မှာ. .သွေးပျက်စိုးရိမ်ထိတ်လန့်ပြီး. ယဇ်ပရောဟိတ်များနှင့်တိုင်ပင်လေတော့သည် ” […]


sorrowSeptember 14, 20131min1688
တနင်္ဂနွေသည်…လွတ်လပ်စွာနိုးထခွင့်ရလိမ့်မည်ဟု…မျှော်လင့်မိသော….လူမိုက်သည်…ခြေကားယား.. .လက်ကားယားဖြင့်…ဇရက်မင်းစည်းစိမ်ယူနေခိုက်…တံခါးကို…ဝုန်းဒိုင်းနှင့်…တစ်လောကလုံးတည်ငြိမ်ရင့်ကျက်သည်ဟု. ..တလွဲထင်မြင်ယူဆထားသော…ဝင့်အရှင်မ သည်ဆင်မယဉ်သာ…မီးနင်းမိသလို….အိမ်ထဲ.ဝင်ရောက်လာသည်….လက်ထဲတွင်လည်း ..ဆိုင်ပြောင်းလာသည့်အလား…အထုပ်ပေါင်းတစ်သောင်းလောက်နှင့် …(မျက်လုံးထဲ …သင်္ကြန်တွင်း ကန်တော်ကြီးပတ်လမ်းတလျောက် ပုလင်းခွံကောက်သည့်လူများကိုမြင်ကြည့်ပါလေ ) အဟီး…နော်မန်ဒီကမ်းခြေမှ ဂျာမန်စက်သေနတ်သကဲ့သို့ ..မဲမဲမြင်ရာ ပြောဆိုပွစိခတ်ရင်း ကြည့်မိလိုက်သည်က ငါးပေငါးလက်မ အရပ်အမောင်းနှင့် ခြောက်လက်မ Pencil heel က တကယ့်ကလန်ကလား.. ငါးပေရှစ်ရှိသော ကျွန်တော့်အရပ်အမောင်းကို တစ်ခါတရံ ဂျပုဟု ခေါ်တတ်သေးတယ်…ပုဂ္ဂိုလ်ရေးတိုက်ခိုက်တတ်ပုံများ ….. ” ဟင် …ခုချိန်ထိအိပ်တုန်းလား…အခုထ..ဘယ်လိုလူကြီးလဲမသိဘူး..ပျင်းချက်က.အရည်ထွက်တယ်..” နံနက် ခုနှစ်နာရီခွဲအတိဖြစ်ပါသည်…အခန်းတံခါးကို ကန်ရင်း နိုးသည်…ထိုမျှ သိ်မ်မွေ့ပါသည် ..အာဟိ သူမသည် မနက်ခြောက်နာရီလောက် Church သွားတတ်သော ….ဖန်ဆင်းရှင်၏ စံလွဲမှုတစ်မျိုး …. သူမနှင့်..ညီများညီမများက ကျွန်ုပ်ကို မျောက်ပွဲကြည့်သကဲ့သို့ …ဟီလာထနေကြသည်…အစ်ကိုအကြီးဆုံးမို့ ..ဘူမှမနိုင်….နိုင်သည့်လူရောက်လာသည့်အခိုက်…လွတ်လပ်ရေးပွဲဆင်နွဲကြသည်…ခြိမ့်ခြိမ့်သဲ အင်မတန်ချိုသာသောသံစဉ်အောက်တွင်….လန်းဆန်းစွာနိုးထခြင်းကို..သူသယ်ဆောင်လာသည်…. ထိုအချိန်မှစပြီး….တနေ့တာအချိန်အားလုံးကို…သူသိမ်းပိုက်ပါတော့သည်…..ဟင်းချက်ခိုင်းသည်…ထမင်းချက်ခိုင်းသည်…ဘေးမှဆရာလုပ်ပြီး ညောင်သည်.. သူမကတတ်သလားဆိုတော့ကာ…တစိမှမတတ်…. ပထမဆုံး..အင်မတန်နက်မှောင်သန်စွမ်းသော….ကွန်ုပ်ဆောရိုး ၏ […]


sorrowSeptember 14, 20131min22517
တရံရောအခါ က …တောတောင်ထူထပ်တဲ့..လှိုင်ဂူကြီးတခုထဲမှာ ..သွေးစုပ်လင်းနို့တွေစုနေကြသတဲ့…. လင်းနို့တစ်သန်းလောက်နေတာဆိုတော့….အနံ့တွေက တော်တော်နံဆိုပဲ…သို့သော်လည်း .သူတို့ဟာ သူတို့ကျတော့…ရှယ်မွှေးတယ်လို့ထင်မှာပေါ့…ကိုယ့်အနံ့ဆိုဘယ်သူမှ နံတယ်မထင်ဘူးမလား …အဟီး အဲ့ထဲမှာ ..နှလုံးလမ်းကြောင်းမှာ ကျွန်းအကြီးစားခံနေတဲ့ ….လင်းနို့လေးတစ်ကောင်လည်းရှိသတဲ့… တော်တော်ရုပ်ဆိုးဆိုပဲ….ရုပ်ဆိုးတဲ့လင်းနို့အမျိုးအစားထဲမှာမှ …ရုပ်ဆိုးတယ်ဆိုတော့ စဉ်းစားသာကြည့်ကျတော့…. နောနော်…လိုမျိုး…အတိုင်းထက်အလွန်ပဲနေမှာပေါ့…… ဖွန်သမျှလည်း…သဲထဲရေသွန် …လင်းနို့မလေးတွေ…တစ်ကောင်တစ်မြီးမှပြန်မကြိုက်ဘူးတဲ့……လင်းနို့ ဒသဂီရိ လေးပေါ့… ( ငါနဲ့များကွာချက်…..ငါဆိုလိုက်သမျှရ အာဟိ ) အဲ့ဒါနဲ့…အဲ့ကောင်လေး က …စိတ်ညစ်ရင်းနဲ့ အသက်တိုခဲ့သည်ပေါ့ကွယ်…….. ဒါနဲ့ သူကလေးက ..နောက်ဆုံးအချိန်မှာ….ကံများကောင်းချင်တော့…ဘုရားနဲ့သွားတွေ့သတဲ့…… ဒီမှာသူက ပေါက်ကွဲတာပေါ့…ဘုရားဘယ်လိုလုပ်လိုက်တာလဲပေါ့….အလွန်ကြီးပဲပေါ့…ကျွန်တော့်ကိုဖန်ဆင်းတဲ့နေ့က အရှင်ဘုရား ပျင်းများနေသလားပေါ့… အဖြစ်ဖန်ဆင်းချင်ရင်လည်း ..အသဲနှလုံးထည့်မပေးပါနဲ့လား အဲ့လောက် နှိပ်ကွပ်ရသလားပေါ့ …..မျက်ရည်တွေနဲ့ကွိုင်တာပေါ့…… အဲ့မှာ ..ဘုရားကသနားသွားပြီး….. အေးကွာ…ငါသတိမထားလိုက်မိဘူး……ဒီဘဝတော့ရှိစေတော့ပေါ့…..နောက်ဘဝ ကိုမင်းဖြစ်ချင်သလို…ဖန်ဆင်းပေးမယ် ဆိုပြီးကတိပေးလိုက်သတဲ့…. အဲ့မှာ …သကောင့်သား က အပီတောင်းတာပေါ့. 1) ဒီဘဝမှာမစွံသမျှ ..နောင်ဘဝတွင် …မိန်းကလေးများနှင့်သာနေလိုသည် […]


sorrowSeptember 13, 20131min30616
တနေ့တ၌ လွန်ခဲ့သောအပတ်က ကျွန်ုပ်လွန်မင်းစွာ ရေလည်အားယားနေသည်…. ထိုရက်ပိုင်းတွင် ကံဇာတာကလည်း..လွန်မင်းစွာ နိမ့်ပါးနေသည်ကိုလည်း…သတိမထားမိခဲ့ပါ…. ကျွန်ုပ်သည်..နတ်သမီးမျက်နှာသာပေးခြင်းခံရသောသူ…ဖြစ်လိုသော်လည်း….. “ဟိုကုလားဆင်ကောင်မလေးနဲ့က ဘာလဲ ” ” သူငယ်ချင်းပါ ” “ဟိုတရုတ်မလေးနဲ့က ဘာလဲ ” ” ဘော်ဘော်. ” “ဟိုအဲလိုင်းကကောင်မလေးနဲ့က ဘာလဲ ” ” ဘုရားစူး…သူငယ်ချင်း ” “ဟိုsystem ကကောင်မလေးက ဘာလဲ ” ” friend ” “ဟိုဘဏ်ကကောင်မလေးကဘာလဲ ” ” ဘော်ဒါလေ ” ကိုယ့်ထမင်းကိုယ်စားပြီး…အချောင်စပ်စုသော..အနှီသကောင့်သားများအမေးကို စိတ်ရှည်လက်ရှည်ဖြေကြားပြီးနောက်တွင်.. ..ကျွန်ုပ်..ဆောရိုး ..စိတ်အတန်ငယ်အချဉ်ပေါက်လာသည်….ဤမျှ ခန့်ညား သားနားလွန်းပြီး စိတ်ထားဖြူစင် ကူညီတတ်သော…ကျွန်ုပ်တွင်….ခင်မင်ရင်းနှီးသော..မိန်းခေးသူငယ်ချင်းများရှိသည်ကို….သဘောမပေါက်သလောကားမသိ…. ကျွန်ုပ်သည်..အမှန်ဆိုရလျှင် ခပ်ဖြောင့်ဖြောင့်ငတိဖြစ်သည်…. ထိုခဏတွင်..စိတ်အချဉ်ပေါက်နေသော ကျွန်ုပ်ကို သံပရာရည်လာညှစ်သော. သေမင်းတမန်နှင့်တူသော..သူငယ်ချင်းအမျိုးသမီးလေးက .. ” ကိုဆောရိုး.နေကောင်းလား..”” […]


sorrowSeptember 13, 20131min17514
ဘန်ကောက်မြို့သူမဖြူဖြူ နှင့်သက်ဆိုင်သူများသိစေရန်… ကျွန်ုပ်သည်…သင်နှင့်စတင်တွေ့ဆုံခဲ့သော 2005 ဒီဇင်ဘာလ 15 ရက်နေ့မှ စပြီး…သေလောက်အောင်တန်ဖိုးထားမြတ်နိုးမိသောကြောင့်…သင်၏ချစ်ခြင်းကို ရယူပိုင်ဆိုင်နိုင်ရန်..ခွေးရူးလိုက်သကဲ့သို့… **နံနက်ငါးနာရီထပြီး ကျွန်ုပ်နေထိုင်ရာ အင်းစိန်မှ…ကျောက်မြောင်းသို့လာရောက်ပြီး မပျက်မကွက်သင့်ကို ကျူရှင်လိုက်ပို့ခြင်း…. **သင့်ကျူရှင်ရှေ့တွင် တရက်ကို လေးငါးနာရီမျှ ခြေတိုအောင် ရပ်စောင့်ခြင်း… **ကျွန်ုပ်တို့အဲလိုင်း ချာတာလေယာဉ် ဆင်းသည်ကိုပင်..မသွားနိုင်ပဲ..နေမကောင်းသော သင့်အနားတွင် အလုပ်ပြုတ်ခံထိမတတ်နေခြင်း…. အစရှိသဖြင့် ကျွန်ုပ် အသည်းအသန်လိုက်လံကမ်းလှမ်းခဲ့သည်ကို..သင်နှင့်တကွ..သင်၏ဆတ်ဆလူးသူငယ်ချင်းများ အသိဖြစ်ပါသည် ။ သင်၏ချစ်ခြင်းကို ရရှိသည့်နေ့ရက် 2007 အေပရယ်လ 2 ရက်နေ့မှစပြီး…သင်၏ အူကြောင်ကြောင် ကိုးယို့ကားယားနိုင်သော တောင်းဆိုချက်များကို ဖြစ်နိုင်သည်မဖြစ်နိုင်သည်ကို အလေးမထား… အသေခံတိုက်မည် ဟု ကတိပေးထားသည့်အလျောက် ကျွန်ုပ်ဘက်မှ တာဝန်ကျေခဲ့သည်ကိုလည်း…သင်နှင့် သင့် မျောက်မူးသေ..သူငယ်ချင်းများအသိဖြစ်ပါသည်။ သင်နှင့် ချစ်သူဖြစ်နေသည့်ကာလတစ်လျှောက်လုံးတွင်…ကျွန်ုပ်ဘက်မှပျက်ကွက်ခဲ့ခြင်းတစုံတရာမရှိခဲ့ပါ… **နေမကောင်းဘူး ..ဆေးလာတိုက်ဟူသော သင့်အီစီကလီ ရိုက်မှုတွင်..ရန်ကုန်မှ.မန္တလေးအထိ ကျွန်ုပ်..မအားလပ်သည့်ကြားမှဆေးလာတိုက်ခဲ့ခြင်း… **သင်ခြင်္သေ့ကျွန်းသို့ရောက်နေစဉ်ကာလ […]


sorrowSeptember 11, 20131min22512
2006 ၏ အစောပိုင်းနေ့ရက်များတွင် ….မိုးပြိုမည့်ဇတ်လမ်းစတင်ခဲ့ပါပြီ…လူတကာကို ဟောက်စားလုပ်နေသော ရုံးခန်းအတွင်းမှ ဖုန်းသံကထမည်လာသည်.. ..” ကို..ကလေးအင်တာဗျူးအောင်တယ် ” ဘာအင်တာဗျူးမှန်းတော့မသိ …. ” အေး…cheer ကွာ….တော်ချက်.. ” ” ရန်ကုန်ဆင်းလာခဲ့တော့ ”…. .အမိန့်သံပါသော တောင်းဆိုမှု အောက်တွင် ကြယ်ငါးပွင့်ဟိုတယ်ကြီးတွင် GRO ခေါ် ဧည့်သည်ဆက်ဆံရေးအရာရှိ တာဝန် တာဝန်ထမ်းဆောင်နေသော ..အုံးမရှိသည့်ငနဲမှာ…အထုတ်ကောက်ဆွဲဆင်းချ လာတော့သည်…. ————————————— ”မသွားပါနဲ့ကလေးရယ် ” ” မသွားလို့မရဘူး…အကုန်စီစဉ်ပြီးနေပြီ ” တောင်းပန်သံအဆုံးတွင် တုံ့ပြန်သံက နင့်ကနဲ…..အံကြိတ်ထားသဖြင့်…သူ့မေးကြောလေးများပင် ထောင်နေပြီ……. ပေါကြောင်ကြောင်ဇတ်ကားများကြည့်ပြီး….လေယာဉ်မယ်ဖြစ်ချင်သော စိတ်က …ထိုမျှပြတ်သားခိုင်မာမည်ဟု…တချိန်က စိုးစဉ်းမျှ မထင်ခဲ့… ..သူမေ့လျော့သွားပါပြီ….တတိယနှစ်ဂျာမန်ကျောင်းသူဘဝ က တောင်တမန်အင်းမှ တိုင်လုံးကြီးများဖက်ပြီး…..စပ်ဖြဲဖြဲနှင့်ပေးခဲ့သော ..ကတိများက အရာမထင်တော့…..မန်းလေးကျုံးဘေးက …ဒန်တန့်တန် နေ့ရက်များကို…သူတကယ်မေ့လျော့ခဲ့ပါပြီ…….. ———————————— လေဆိပ် […]


sorrowSeptember 10, 20131min25217
သူမသည် ရက်စက်တတ်သူပါ…သိမ်မွေ့နူုးညံ့လွန်းသည့်အပြင်အဆင်နှင့် ဆည်းလည်းလေးများ၏ လွင်မြသာယာလွန်းသောအသံသည် တစ်ခါမျှ စကားပြောမိယုံနှင့် သင့်ကိုသိမ်းပိုက်ပါလိမ့်မည်….သူမသည် ပီဘိကလေးငယ် သူမသည် ..ထိုကဲ့သို့သော မိန်းမပျိုလေးဖြစ်ပါသည် .အပြင်လောကတွင်မနိုင်သမျှ …တတ်အားသလောက်ဖွပါမည်…အာဟိ သင်သာသူမ၏ ချစ်သူသာဆိုလျှင် …အောက်ပါအချက်အလက်များကို သင်မြေကြီးလက်ခတ်မလွဲ ကြုံတွေ့ရပါလိမ့်မည် ။ သူမ၏ စံတင်လောက်သော အရည်အချင်းမှာ စက်သေနတ်ကဲ့သို့..စကားပြောတတ်ခြင်း …တစ်မိနစ်ကို အတောင့် သုံးရာလောက် ထွက်တဲ့အပြင် နာအောင် ပြောတတ်သေးသည်….သင့်ကိုယ်ခန္ဒာ အစိတ်အပိုင်းတွေကို တခုချင်းစိတ်အနာကြီးနာအောင် ဝေဖန်ပါလိမ့်မည်.. ဥပမာ..( မျက်မှေးကောင်…ငမွဲ…အရူး..ဖင်မရှိတဲ့ကောင် ) ဘာတဲ့ …ဘဲကိုလဲဖို့ရသေး..အိမ်ကိုလဲပေးရသေး…လှအောင်ကလဲပြင်ရသေး… ကြည့်ကြည့်…..သူ့ပိုက်ဆံသူသုံးမလောက်တာကို ရန်လုပ်တတ်တာများ…. ( ဘဲကိုဖို့ခြင်းဆိုသည်မှာ တက်စီခ 2500 ကျလျှင် အနုတ်ငါးရာစိုက်ပေးခြင်းကို ဆိုလိုသည် ) ရတဲ့လစာက လေးသိန်းလောက်နှင့်…ဝယ်ချင်တာက CK ကမဆင်း… ညောင်ကလဲညောင်တတ်သေး….. တခုခုဆို လက်ကပါတတ်သေး… လက်မောင်းကိုရိုက်တာမဟုတ်ဘူး […]


sorrowMay 15, 20121min1147
အဖြစ်အပျက်အလုံးစုံကို ပြန်ပြောပြီးနောက်တွင် ”ပါခန့်….နင်ကယောက်ျားတန်မဲ့စွာတာကိုး ” မှန်တန်ကောင်းပါသည်….စိတ်မသင့်လျှင်မွေးသမိခင် ကျေးဇူးတော်ရှင်မိခင်ရင်းကို ပင်.ကီနူးရိဗ်နှင့် .တူအောင် မမွေးရကောင်းသလောဟု……စွာစိလန်တတ်သော…အကျွန်ုပ်က …..”ငါလဲရုတ်တရက်ဆိုတော့….ဟဲဟဲ ” စပ်ဖြဲဖြဲပြန်ပြောရင်းက…..”ငါ့ကို..ပြောပေးနော် ” အရူးအမဲသားစားမိသလို…တတွတ်တွတ် အညှော်ကပ်မိသည့်သကာလ စိတ်ဆတ်သော ထိုအမျိုးသမီးက နားအေးသက်သာလျှင်ပြီးရော သဘောနှင့်လားတော့မသိ…..အဟီး ”နင်ဟာလေ….” ဟုသာ တုံ့ပြန်သော်လည်း….သူပြောပေးမည်မှာသေချာပါသည်…. ” မပြောပေးရင် နင့်ကိုငါယူမယ်….” ဟု ဖြဲခြောက်ထားသည်ကို ကြောက်သဖြင့်လောကား မပြောတတ်… ထိုသို့နှင့်နေ့ ရက်ပေါင်းများစွာကို …စာသင်ချိန်မှအပ ..စုမွန်တို့အဆောင်တွင် …အမြီးကို ပြုတ်တူနှင့်ညှပ်ထားသလို . ..အချိန်ပြည့် ဖွန်ကြောင်ရင်းက…မျက်လုံးချင်း..ပတောက်ပတောက်လုပ်သည့်အဆင့်သို့ ရောက်ရှိခဲ့ပါသည်…. ”ပုဂံသွားလည်မယ်….ပါခန့်..နင်လိုက်မှာလား…ဖြူလေးလဲပါမှာ ” …..လိုက်ချင်စိတ်ကရွစိတက်နေသော်လည်း…..ဖွတ်ကလိဒင်္ဂါးက သိပ်မကျန်တော့.. ”ငါပိုက်ဆံနည်းနေပြီဟ …” ပြန်အပြောတွင်….” ငါပေးပါမယ် ဟာ….ဖြူလေးလဲနင့်ကိုလိုက်စေချင်ပုံပဲဟ….”ကျေးဇူးရှင်နှင့်လာတွေ့ပါပြီ…တသက်လုံး… အနိုင်ကျင့် ခဲ့သော…ငယ်သူငယ်ချင်းအကောင်းစားလေး..စုမွန် ကျေးဇူးနှင့် …ဒန်တန့်တန် နေ့ရက်များသို့ ဆတ်ကော့လတ်ကော့ရောက်ခဲ့ရပါသည်….. ——————————————————————– […]


sorrowMay 13, 20121min1839
မန်းလေး တက္ကသိုလ်ကြီး၏ ဆောင်းနံနက်ခင်းလေးတခု……လေပြေတို့ ကအေးမြလတ်ဆတ်လျက်….. ညောင်ပင်ဝိုင်းအကွေ့……..လေလေးချွန်ရင်း….ဖွန်လေးကြောင်ရင်း……မနက်ခင်းက …သစ်လွင်နေခဲ့ပါသည်… “‘ဝူး…..သောက်ပလုတ်တုတ် ” ဖြတ်ကွေ့လာသော ဆိုင်ကယ် အနက်လေးကြောင့်….ခုန်ရှောင်လိုက်သည်… မညီညာသောမြေပြင်မို့……ခြေကျင်းဝတ်ကမျက်ကနဲ……..ဒေါသက အလိပ်လိုက်…အလိပ်လိုက်…… ” ဟင်..မျောက်မူးသေမ ….လူမမြင်ဘူးလား……” ပက်ကနဲပြောမိပြီးမှ ….လှည့်ကြည့်မိသည်….ရှည်လျားဖြောင့်စင်းနေသော …ဆံနွယ်လေး.ဘောင်ခတ်ထားသော…မျက်နှာချွန်ချွန်လေးက…လပြည့်ဝန်းလေးသဖွယ်…ဖြူဝင်းနေသောအသားရောင်နှင့် .. .ကျွန်တော့်လမင်း…(ထိုအချိန်က မသက်ဆိုင်သေးပါ..အဟီး ) ..” အလန်းဟ…” ဟု အသိအမှတ်ပြုမိသော်လည်း…ဒေါသကမပြေသေး…..ပြင်ဦးလွင်သားများ စိတ်ကြီးလျှင်လိုက်မမှီ…အဟီး ” အစ်ကို..ဆောရီးနော် ” ဆိုင်ကယ်ရပ်ရင်းကပြောသည်….. ”ဘယ်လိုလုပ်လိုက်တာလဲ….ကျိုးပဲ့သွားရင် ဘယ်လိုလုပ်မလဲ…..မိန်းမကရသေးတာမဟုတ်ဘူး…..တခုခုဆိုငါ့ကိုယူရမယ်….” ”အဲ့ချိန်ကျ အသကုန် ဂျီကျမယ်…ဟိုဟာမစားချင်ဘူး…ဒီဟာမစားချင်ဘူးလုပ်မယ် ”..ပြူးကျယ်နေသည့်သူ့မျက်လုံးလေးများက.. .ကက်စက်ဖွင့်လိုက်သလို..အကျွန်ုပ်ကဲ့သို့ခန့်ညားသားနားသော….ယောက်ျားတစ်ယောက်ထံမှ….ကတ်ကတ်လန်ရန်တွေ့သံကို…မျှော်လင့်ထားဟန်မတူ…… ရဲတက်သွားသော ..မျက်နှာလေးက ….ဝင်းမှည့်နေသော…ပန်းသီးလေးသဖွယ်…နမ်းသတ်ချင်စရာအတိ…အဟီး… ——————————————————————— ” အင်…ဘာမှလဲမဖြစ်ပဲနဲ့ ” ခေါင်းငုံ့ရင်း ရှက်ရွံ့နေသည့် လေသံလေးက…အဟိအဟိ ပိကျိပိကျိ …ကျလိကျလိ ..ခွိခွိ… ” တောင်းပန်တယ်နော်…အဆောင်ပြန်ပို့ပေးမယ်လေ ” […]