soulflyAugust 16, 20111min1176
ယနေ့ခေတ်လူငယ်တော်တော်များများ ဂိမ်းဆိုင်တွေမှာစုနေတာ တွေ့ရတယ်။ အချိန်၊ပိုက်ဆံ၊အကျိုးရှိလှတဲ့ အရည်အချင်းတွေကို ဂိမ်းဆိုင်မှာပဲ ကုန်နေကြတာတွေ့ရတယ်ဗျာ…။တော်တော်များများ ဟာ ဂိမ်းကိုနေ့မအိပ်၊ညမအိပ် ဘဲကိုဆော့နေကြတာ။ ကျောင်းချိန်တွေလည်းမတက်၊ အိမ်အလုပ်တွေလည်းမကူ၊ အချိန်ပြည့် ဂိမ်းကိုပဲ ဆော့နေကြတာ အနာဂါတ်မြန်မာနိုင်ငံကြီးအတွက် ရင်လေးစရာပါ။ မိဘကတော့ ကျောင်းစာအုပ်ဖိုး၊ကျူရှင်ဖိုး ပေးလိုက်ကြတာပါပဲ။ ဒါပေမယ့် လူငယ်တော်တော်များများကတော့ အဲဒီငွေတွေကို ဂိမ်းထဲမှာပဲ မြုပ်နှံလိုက်တြတယ်။ အစစအရာရာမှာ တစ်ခြားနိုင်ငံတွေထက် နိမ့်ကျနေတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ဒီလိုပုံသာ လူငယ်တွေ ဖြစ်နေရင် တိုးတက်ဖို့ရာ မမြင်ဟု ပင်ဆိုချင်ပါတယ်။ အရေးကြုံရင် မြန်မာလူငယ်တွေ သက်လုံကောင်းနေဖို့ လိုအပ်နေပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အသက် ၁၉၊၂ဝဆို အလုပ် လုပ်နိုင်နေကြပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာတော့ ဂိမ်းဆိုင်ထဲမှာ ရှိနေကြသေးတယ်လို့ ထင်ပါတယ်ဗျာ…။ အနာဂါတ်တာဝန်ကို လွဲပြောင်းယူကြမယ့် လူငယ်တွေ ပြင်ဆင်ချိန်တွေ ရှိပါသေးတယ်။ […]


soulflyAugust 15, 20111min69
လွန်ခဲ့တဲ့နှစ်ရက်လောက်ညနေက. လမ်းလျှောက်ထွက်တော့  ကိုယ်စီကိုယ်စီ အထုပ်လေးတွေဆွဲပြီး ပြန်လာတာ မြင်မိတယ်။ ဘာအထုပ်လေးတွေလဲလို့ လိုက်ကြည့်မိတော့ စားဆီထုပ်လေးတွေဗျာ..တစ်ချိန်က “ဆီရေချိုး စပါးတောင်လိုပုံ” ဆိုသလို နေလာကြတဲ့ မြန်မာတွေ အခုတော့ ဆီပုလင်းလေးတွေတောင် မဟုတ်တော့ဘူး။အထုပ်လေးတွေဖြစ်နေပြီ။ ကိုယ့်နိုင်ငံမှာနေပြီး ကိုယ့်လူမျိုးတွေ ဆင်းရဲနေပါလားဆိုပြီး ရင်နာမိတယ်ဗျာ…..


soulflyAugust 13, 20111min16717
ယနေ့ခေတ် မြန်မာမိန်းကလေးကို မြင်နေရတာ တလွဲ ဆံပင်ကောင်းနေသလိုပဲ။ ဝတ်စားဆင်ယင်ပုံတွေက နိုင်ငံခြားပုံစံတွေဖြစ်လာကြတယ်။အဖော်အချွတ်တွေ များလာကြတယ်။ဘုန်းကြီးကျောင်းနဲ့ ဘုရားပေါ်မှာတောင် မလိုက်မဖက် အဖော်အချွတ်တွေ တွေ့နေရတယ်။တစ်ချိန်က မြန်မာသမီးပျိုကို လုံမပျိုတွေလို့တောင်တင်စားခေါ်ခံခဲ့ကြရတာပါ။အခုတော့ မလုံမပျိုလို့တောင် ပြောင်းခေါ်ရမလိုပဲ။ မြန်မာမလေးတွေ သတိပြုမိစေချင်ပါတယ်။မြန်မာနိုင်ငံမှာမွေး မြန်မာရေသောက်ပြီး မြန်မာလိုမနေနိုင်ကြတော့ဘူးလား မြန်မာသမီးပျိုတွေ…။


soulflyAugust 12, 20111min1095
ညနေဘက်တွေ လမ်းလျှောက်ထွက် ဖြစ်တော့ ဘီယာဆိုင်တွေမှာ လူတွေစည်နေတာ တွေ့ရတယ်။ အများစုကလည်း လူငယ်လေးတွေ ဖြစ်နေကြတယ်။ အရက်သေစာဆိုတာ လူငယ်တွေ အရမ်းကြီး မဆိုင်ဘူးလို့ထင်မိပါတယ်။ ကိုယ့်လူမျိုးတွေ တိုးတက်ရာတိုးတက်ကြောင်း မရှာကြဘဲ လမ်းလွဲလိုက်နေတယ်လို့ ခံစားမိတယ်။ တခြားလူမျိုးတွေ ကျောင်းတွေ သင်တန်းတွေ အပြင်းအထန်သွား ပြီးကြိုးစားနေချိန်မှာ ကျွန်တော်တို့ လူမျိုးတွေက ဘီယာဆိုင်တွေမှာ ရောက်နေကြတယ်။ လွဲမှားနေကြတဲ့ ညနေတွေ ဖြစ်နေတယ်လို့ တို့လူငယ်တွေ မခံစားမိကြဘူးလား။ ပြင်ဆင်ချိန်တွေ ရှိပါသေးတယ်…မြန်မာလူငယ်တွေ။


soulflyAugust 11, 20111min751
မြန်မာပြည်..လူငယ်တွေ..မြို့ကြီးတွေက..လူငယ်လေးတွေကတော့…ကျူရှင်တွေအမျိုးမျိုး..တက်နေချိန်မှာ..နယ်စွန်နယ်ဖျား တောင်ပေါ်ဒေသ..များကလူငယ်လေးတွေကတော့…ဘဝအတွက်..ရုန်းကန်နေကြသည်..သူတို့အတွက်တော့.ဘာသာရေးလည်း.မသိ.အစိုးရကျောင်းဆရာ.ဆရာမတွေကလည်း..မြို့ပေါ်မှာတင် လစာထုတ်ယူပြီး နယ်စပ်တွေကို..မသွားကြတော့..ကျောင်းစာလည်း ကောင်းကောင်းမတတ်၊ အဲဒီအချိ်န်မှာ ဘာသာခြားတွေက ဝင်လာပြီး “ငါတို့ဘာသာထဲဝင် ငါတို့စာသင်ပေးမယ်” လို့ပြောပြီး သိမ်းသွင်းသွားသေးသည်၊မြန်မာပြည်ကြီးမှာ ဖြစ်နေတာတွေက တစ်ဖက်စောင်းနင်းတွေဖြစ်နေကြတယ်…ချမ်းသာဆင်းရဲ မျှတမှုက.လုံးဝကိုမရှိသလိုဖြစ်နေတယ်…နယ်စပ်က ကျောင်းသားတွေလည်း ကျူရှင်ကောင်းကောင်းတက်ပြီး စာသင်ချင်ရှာမှာပါဗျာ..။မွန်းတည့်ချိန်တွင် နေဝင်သွားရတော့မယ့်.သူတို့ဘဝလေးတွေကို စာနာပေးစေချင်ပါတယ်ဗျာ…