ေမာင္ရိုးApril 18, 20161min27820
~~ ခရီးသွား …… ခရီးနား .. ~~       နွေနေပူပြင်း ၊ နေ့လည်ခင်းတွင် ၊ အပြင်းလျောက်လှမ်း ၊ ခရီးကြမ်းနှင် ၊ အသင်လူသားခရီးသွား ဘယ်သို့ သွားမည်နည်း … ။   နေကား ပူပူ သွေးလည်းဆူ၏ ကိလေသာအပူ ကိုယ်တွင်းမူကား အပူခြင်းပြိုင် ဘယ်သူနိုင်ပါ့ ပြင်ပအပူ ငါ .. သူတပါး ယောက်ကျား မိန်းမ ခံစားကြလည်း အတ္တစွဲဖက် ထုံးနှောင်လျှက်တည့် ငါ၏ကိုယ်မှာ ဘယ်ခါမမြဲ ရှောင်လွှဲမရ အနိစ္စ … ငါကား ဘယ်ကိုသွားပါအံ့ … ။   ခရီးကြမ်းဝယ် ထီးထမ်းလမ်းလျောက် လွယ်အိပ်ပေါက်လွယ် အိုဘယ် .. လူသားခရီးသွား […]


ေမာင္ရိုးJanuary 8, 20161min20016
ဓတ်​ပုံ …. မူရင်​းရိုက်​ကူးသူ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   ​ မောင်​ဆာမိကား အလွန်​​ပျော်​​နေ​လေ၏ ။ မျက်​မှန်​​လေးတဝင်​းဝင်​းနှင်​့ ​ကော​့​တော့​ကော့​တော့လမ်​း​လျှောက်​ရာတွင်​ ​မြေကြီးနှင်​့ ဖဝါးထိသည်​ဟုပင်​မထင်​ရ ။ ​မြောက်​ကား​မြောက်​ကားနှင်​့ ဘဝင်​​လေဟတ်​​နေ​လေ​တေ့ာသည်​ ။ လမ်​းတွင်​ ​တွေ့သမျှလူအားလုံးကိုလည်​း ​ခေါင်​းတငြိ်​မ်​့ငြိမ်​့နှင်​့ သွားဖြဲပြ​နေ​လေ၏ ။ တစ်​ခုခု​တော့ ထူးခြား​နေ​လေပြီ ။ ​မောင်​ဆာမိ ​စိတ်​​ဖောက်​ပြန်​သွား​လေပြီလား ???? သို့တည်​းမဟုတ်​ … ​အောင်​ဘာ​လေထီ ၁၅ကြိ်​မ်​ဆက်​တိုက်​​ပေါက်သဖြင်​့ ​ဂေါက်​​ဖောက်​သွား​လေပြီလား ???? . . .   မဟုတ်​ပါ ။ ထီ​ပေါက်​သည်​့အသွင်​​တော့ အနည်​းငယ်​မျှ မရှိပါ ။ လွန်​ခဲ့​သော သုံး​လေးရက်​ကပင်​ သမိန်​ဘလက်​​ချော၏ လက်​ဘက်​ရည်​အလှူပွဲ၌ သုံးခွက်​ဆင်​့​သောက်​၍ ကဗျာလွတ်​ဆွဲခဲ့​သေးသည်​ ။အမတ်​ဒိန်​​မှ အားနာသဖြင်​့ လက်​တို့ယူရသည်​အထိပင်​ဖြစ်​ခဲ့ရသည်​ ။ ဤသို့ဆိုလျှင်​ […]


ေမာင္ရိုးDecember 18, 20151min18710
~~ တစ်​ခါကနှင်​့ သဲထိတ်​ရင်​ဖို ~~   တစ်​ခါကဖြစ်​ပါသည်​ ။ ​မောင်​ဆာမိငယ်​စဉ်​က ဂီတဝါသနာပါခဲ့ဖူးသည်​ ။ ဟို​အော်​ ဒီ​အော်​ အသံ​ကြောင်​ဖြင်​့ ဂစ်​တာတစ်​လုံးအ​ဖော်​ပြုလျှက်​ ရပ်​ကွက်​ထဲ ညစဉ်​နှိတ်​စက်​ခဲ့ဖူးသည်​ ။ ဒင်​ဒင်​ ​ဒေါင်​​ဒေါင်​ဟူ​သော ဂစ်​တာ​ခေါက်​သံကြားရသည်​နှင်​့ အပျို​လေးများမှအစ ၊ အပျိုကြီးအဆုံး အားလုံးတံခါးများပိတ်​ခြင်​းဖြင်​့ ဩဘာ​ပေးကြ​လေသည်​ ။ ​မောင်​ဆာမိကား .. စိတ်​ဓတ်​မကျပါ ။ ​အောက်​ပါသီချင်​းအား အသံ​ကြောင်​ဖြင်​့ဟစ်​​ကြွေးလျှက်​ပင်​ အပြုံးမပျက်​ ….။ “” ~~  အချစ်​ ရှိရင်​ မီး​လေးဖွင်​့ကာ … လက်​ပြစမ်​းပါဗျိုးးးးး ~~~ အချစ်​ရှိရင်​ .. တံခါး​လေးဖွင်​့ကာ လက်​ပြစမ်​းပါဗျိုးးးး … ~~~ ~~~ အချစ်​နဲ့ကျ​နော်​ .. ရီးစားမဖြစ်​ခင်​ .. ရင်​းနှီးထားချင်​လို့ ~~~ […]


ေမာင္ရိုးNovember 29, 20151min22413
## ပျဉ်​မးနား တို့ဟူးချဉ်​သုပ်​ ##   တို့ဟူးသုပ်​လို့ဆိုလိုက်​တာနဲ့အများသတိပြု မှတ်​သားမိတာက​တော့ ကုလားပဲမှုန်​့ကိုကြိုပြီးခဲထားတဲ့တို့ဟူးသုပ်​ပါ ။ ​နောက်​ထပ်​ တို့ဟူးသုပ်​တစ်​မျိုးက​တော့ ရှမ်​းတို့ဟူးသုပ်​ပဲဖြစ်​ပါတယ်​ ။   အခု​ပြောတဲ့တို့ဟူးချဉ်​သုပ်​က​တော့ ​ဒေသတစ်​ခုအတွင်​းမှာသာ စား​လေ့ရှိတဲ့လူသိနဲတဲ့ တို့ဟူးချဉ်​သုပ်​ဘြဲဖစ်​ပါတယ်​ ။ ပျဉ်​းမနားတို့ဟူးချဉ်​လို့ ဆို​ပေမယ်​့ အခုချိန်​မှာ​တော့ ​ရေတာရှည်​နဲ့ ဆွာမြို့​တွေမှာပါ ​ရောင်​းချ စားသုံးကြတာ​တွေ့​နေရပါပြီ ။   မူလတို့ဟူးရဲ့ အရသာကိုက အချဉ်​ဓတ်​ပါပြီးဖြစ်​လို့ မကျီးရည်​ စတဲ့အချဉ်​​ရေ​တွေမထည်​့​တော့ဘဲ သုပ်​ကြ​လေ့ရှိပါတယ်​ ။ တို့ဟူးကို မထူမပါးအ​ချောင်​း​လေး​တွေဖြစ်​​အောင်​လှီးပြီး ခရမ်​းချဉ်​သီးပါးပါးလှီး ၊ ကြက်​သွန်​နီပါးပါးလှီးထားတာန့ ဲ့​ရောလို့သုပ်​ကြပါတယ်​ ။ ကြက်​သွန်​ဖြူဆီချက်​ကိုမသုံးဘဲ ဆီစိမ်​း​မွှေး​မွှေး​လေးနဲ့ ပုဇွန်​ငံပြာရည်​​လေးအ​နေ​တော်​ဆမ်​းပြီး ငရုပ်​သီးစိမ်​း​လေး​တွေလည်​းပါးပါးလှီးထည်​့တတ်​ကြပါတယ်​ ။ကြိုက်​တတ်​ရင်​​တော့ နံနံပင်​တို့ ကြက်​သွန်​မြိတ်​တို့ထည်​့သုပ်​တာ​လည်​း​တွေ့ရမှာပါ ။   ထမင်​းနဲ့စားတဲ့ ဟင်​းလျာတစ်​ခုအဖြစ်​သာမက သွားရည်​စာအဖြစ်​​ရေ​နွေးကြမ်​းနဲ့လည်​း လိုက်​ဖက်​တဲ့အမြည်​းတစ်​ခုပါ […]


ေမာင္ရိုးOctober 22, 20151min5458
ရွှေကျင်ဆိုတဲ.မြို.လေးကမြို.နယ်အဆင်.ဆိုပေမဲ.စစ်တောင်းမြစ်ရဲ.အရှေ.ဘက်ကမ်းမှာရှိတဲ.မြီု.ငယ်လေးပါဒီမြို.လေးရဲ. ချစ်စရာစရိုက်၊နေရာဒေသအနေအထား ၊လူမှုဝန်းကျင်နဲ. ပျော်ပွဲရွှင်ပွဲများ ပြီးတော့ မီးမျှောပွဲအကြောင်းလေး….. ဒါတွေကိုအေးအေးဆေးဆေးအချက်အလက်တွေပြန်စုပြီးမှရေးမယ်စိတ်ကူးခဲ.ပေမဲ. ရွှေကျင်မြို.ဝန်းကျင်ဓတ်ပုံတွေတွေ.တော. ထပ်မံအားဖြည်.တဲ.အနေနဲ.ရေးလိုက်ရတာပါ ။ ကျွန်တော်ကျင်လည်ခဲ.တဲ. လွန်ခဲ.တဲ.အနှစ်နှစ်ဆယ်ကျော်ဝန်းကျင်ကိုဘဲ ပြန်တူးဆွပါ့.မယ်။ ဓတ်ပုံတွေနဲ. ယှဉ်ကြည်.ရင် ခေတ်အနေအထား့ ကွာခြားသွားတာကိုတွေ.ရမှာပါ။ တချိန်ကတော.ရွှေကျင်မီးမျှောပွဲဆိုတာအလွန်စည် ကားသိုက်မြိုက်စွာကျင်းပခဲ.ကြတာပေါ.။အမှတ်မမှားဘူးဆိုရင် နှစ်စဉ်သီတင်းကျွတ်လပြည်.နေ.နဲ.လပြည်.ကျော် (၁)ရက်နေ.ကပွဲတော်ရက်ပါ။ ဒါပေမဲ.ပွဲတော်ရက်မတိုင်းခင် (၁၀)ရက်ကြိုလောက်ကတည်းက ဇတ်ပွဲတွေ ၊ စတိတ်ရှိုး ပွဲတွေ ၊ အနယ်နယ်အရပ်ရပ်ကလာရောင်းကြတဲ. (၁၂)ပွဲဈေးသည်တွေနဲ.လက်ဝှေ.ပွဲတွေ ကျင်းပကြရင်းစည်ကားနေပါပြီ။ ဪ …ဒါနဲ. မီးမျှောပွဲဆိုတာ ရွှေကျင်မြို.ရဲ.ဘုရားကြီးကိုပူဇော်ပွဲလုပ်ရင်း ရှင်ဥပဂုတ္တအရှင်မြတ်ကို အလှဆင်မွန်းမံထား တဲ.ဖေါင်တော်ပေါ်မှာတင်ပြီး ရွှေကျင်ချောင်းရဲ.အလယ်မှာ ပူဇော်ထားတာပါ ။ ပွဲတော်ရက်မှာ ကမ်းစပ်ကဖြစ်စေ ၊ ရေလယ် ကိုလှေနဲ.သွားပြီးဖြစ်စေ ၊ မီးကြာခွက်လေးတွေကို ရေထဲမှာမျှောကြတာပေါ. ။ ချောင်းရေပြင်တလျောက်မှာ ဆီမီးခွက်ရောင်စုံတွေနဲ. အရှင်မြတ်ရဲ. မီးရောင်စုံထွန်းညှိပူဇော်ထားတဲ.ဖေါင်တော်ကြီးက အလွန်ဘဲ […]


ေမာင္ရိုးOctober 16, 20151min34422
    အာပုံ ဆိုတာ ဘယ်လူမျိုးရဲ့ အစားအစာတော့သေချာမသိ ။ မောင်ဆာမ်ိတို့ အရပ်မှာတော့ ကုလားမလေးတွေရောင်းကြသည် ဒယ်အိုးခွက်ခွက်ထဲကို မုန့်ရေများ လောင်းထည့်ပြီးလျှင် ဒယ်အိုးကို ဝေ့ဝိုက်၍ လှည့်လိုက်ခြင်းဖြင့် အထက်ကပုံလို မုန့်ခွက်ခွက်လေးဖြစ်လာသည် .။ ထိုမုန့်အား ကျက်ပြီဆိုလျှင် ကလော်၍ အုန်းနို့နှစ်များဆမ်းပြီးလျှင် သကြားလေးဖြူးကာ စားလိုက်ရလျှင်ဖြင့် ချိုချိုအီအီဆိမ့်ဆိမ့်အရသာလေးအား နတ်စည်းစိမ် ဆယ်သက် တစ်ကယ်မမက်ပါဟုပင် နှိုင်းရမလို …… ။ ထို့ကြောင့် မောင်ဆာမိတစ်ယောက်မှာ အာပုံ ဟူသောအသံကြားလျှင် ပါးစပ်တပြင်ပြင်နှင့် အိန္ဒြေမဆောင်နိုင်အောင်ဖြစ်နေတတ်လေသည် ။   ငယ်စဉ်က …… မောင်ဆာမိတို့ ညကျောင်းတက်၍ ပြန်လာတိုင်း အာပုံတစ်ခု ၂၅ ပြားဖြင့် ဝယ်စားခဲ့ဖူးသည် ။ အာပုံရောင်းသောကုလားမကြီးမှာ မောင်ဆာမိတို့ ရင်းနှီးနေပြီဖြစ်၍ ပိုက်ဆံမပါလျှင်လည်း ” […]


ေမာင္ရိုးJune 28, 20151min17310
  ## မဲတစ်ပြားအတွက် မဲစာရင်းစစ်ကြပါ ##   မကြာမကြာ အွန်လိုင်းမှာတွေ့နေရတာတော့ မဲစာရင်းထဲနာမည်မပါကြတာကိုပါ ။ ဒါကြောင့်လည်း ဒီကနေ့ ရပ်ကွက်ရုံးမှာ မဲစာရင်းသွားစစ်ခဲ့ပါတယ် ။   မူးနောက်နေအောင်ရှာဖွေပြီးချိန်မှာတော့ ကျနော်တို့ မိသားစုတစ်ခုလုံး နာမည်မပါကြပါဘူး ။ မထူးဆန်တဲ့အဖြစ်အပျက်လိုသဘောထားပြီး မဲစာရင်းဝင်အောင်လျှောက်လွှာတင်ဖို့ဘဲပြင်ဆင်ခဲ့ရပါတော့တယ် ။ တကယ်တော့ ကျနော်အခုရွှေ့ပြောင်းနေထိုင်တဲ့ အိမ်နံပါတ်နဲ့လိပ်စာတောင်မှ ထုတ်ပြန်ထားတဲ့စာရင်းမှာမပါဝင်ပါဘုူး ။   တမင်တကာ မထည့်ထားတာလား ဒါမှမဟုတ် ရပ်ကွက်ရုံးတွေက သိမ်းဆည်းထားတဲ့ လူဦးရေ အိမ်ထောင်စုစာရင်းတွေအတိုင်းဘဲ လုပ်တာလားဆိုတာကိုတော့ သေသေခြာခြာမသိနိုင်ပါဘူး ။ ကျနော်တို့ရပ်ကွက်အကြောင်းကို အတော်လေးသိထားသူမို့ ကျနော့်စာရင်းမပါတာဟာ သူတို့ဆီက သိမ်းဆည်းထားတဲ့လက်ခံအိမ်ထောင်စုစာရင်းစာရွက်ပျောက်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ် ။   ဘာဘဲဖြစ်ဖြစ် ကျနော်တို့တွေဟာ ကျနော်တို့ရွေးချယ်ပိုင်ခွင့်မဲတစ်ပြားကို အလွယ်တကူမဆုံးရှုံးစေချင်ဘူးဆိုရင် မဲစာရင်းကို စစ်ဆေးသင့်ပါတယ် ။ ကျနော်တို့ဟာ […]


ေမာင္ရိုးJune 28, 20151min20115
      “” ကွီ ကွီ ကွီ ကွီ ………… “”   ဟိုက် ရှာလပတ် !! အိပ်မည်ဆိုကာမှ ဖုန်းမည်သံကြားရပြန်လေသည် ။   ဒီနေ့ တစ်နေ့လုံး လာသမျှဖုန်းတွေအထဲ အနက်စောစောပထမဆုံးဝင်လာသော ကိုကြီးဘလက်ချော၏ ဖုန်းသာလျှင် မင်္ဂလာအရှိဆုံးဖြစ်သည် ။ မင်္ဂလာရှိပေမပေါ့ …… စောစောစီးစီး နံနက်စာအတွက် လဘက်ရည်တိုက်မုန့်ကျွေးချင်သမို့ ကြွတော်မူပါတဲ့ ။ သူ ဒကာခံပါမည် ဟုဆိုသည်မဟုတ်ပါလား …… သည်လိုစိန်ခေါ်လာခြင်းကိုတော့ မောင်ဆာမိတို့က နဲနဲမှ ငြင်းမည်မဟုတ် ။ လာထား …… ပေါ့ကျနှစ်ခွက်ဆင့်သောက်ပစ်လိုက်သည် ။ အသားကင်ပေါက်စီလေးပါ အဆစ်တီးလိုက်သည်မို့ ကိုကြီးဘလက် အတော်လေးတော့နေသာထိုင်သာရှိသွားမည်ထင်၏ ။   ကိုဘလက်ကြီးက စေတနာကောင်းသည် ။မယုံမရှိလေနှင့် […]


ေမာင္ရိုးJune 22, 20151min61825
    *** တားရော့များနှင့် ရွေးကောက်ပွဲ ***     ဘာရယ်တော့မဟုတ် …… SEA Game ဘောလုံးဗိုလ်လုပွဲအတွက် အပျော်တင်လိုက်တဲ့ ပို့စ်မှာ သဂျီးမင်း Kai က နိုင်ငံရေးနဲ့ပါတ်သက်ပြီး တားရော့ကဒ်လေးတွေကို စမ်းသပ်ချင်တဲ့သဘောလေးမန့်ထားတာတွေ့ရပါတယ် ။ အဓိက မေးမြန်းတာကတေ့ာကိုရင်စည်သူ (ခ) စ်ိန်ပလိမ်တိမ် မုန့်ကြိုးလိမ် ကိုပါ ။ အဲ့ဒီမှာ ကျနော်က “” ကျနော့်ဆီက တက်လာတဲ့ ကဒ်လေးတွေကိုရော မသိချင်ဘူး လားလို့မေးလိုက်တော့ ……… သဂျီးမင်းက ကဒ်ကိုတင်လိုက်ပါ တဲ့ ။ သူဟောပါမယ်တဲ့ဗျာ 🙂   ဒီလိုဆိုတော့လည်း မောင်ဆာမိတို့ မသိချင်ယောင် ဆောင်နေလို့မဖြစ်တော့ပေဘူးပေါ့ ။ သဂျီးကိုယ်တိုင် လိုလိုလားလား ဟောပေးမယ်ဆိုမှတော့ စီးတီးမတ်ပြေးပြီး တားရော့တစ်ထုတ်ဝယ်လို့ […]


ေမာင္ရိုးJune 15, 20151min93043
  တဲရော့များကပြောသော …… ## မြန်မာ Vs ထိုင်း ဗိုလ်လုပွဲ ##     မြန်မာအသင်းအတွက် ကံကြမ္မာကဒ်ဟာ သူရူးတစ်ယောက်ရဲ့နိမိတ်ပုံ ကျပါတယ် ။   မိုးကောင်းကင်ရဲ့ ခွန်အားတွေကိုရရှိပိုင်ဆိုင်မှာဖြစ်ပေမယ့် …… ရှေ့ကချောက်ကမ်းပါးထဲခြေတစ်ဖက်ကျွံနေတာဖြစ်လို့ ကယ်မ မယ့်သူပေါ်မှ ချမ်းသာရရမှာပါ ။ ခြေတစ်လှမ်းမှားရင်တော့ ချောက်ကမ်းပါးက ကြိုဆိုနေပါလိမ့်မယ် ။ ဒါကြောင့် တနင်္လာနံ ကယ်တယ်ရှင်က ဖေးမကူညီပါလိမ့်မယ် ။   ပျော်ရွှင်မှုတွေကိုသယ်ဆောင်လာမယ့် နိမိတ်ပုံဖြစ်လို့ ရင်ခုံမျှော်လင့်နိုင်ပါပြီ ။ တခါတရံ ရူးသွတ်ခြင်းဟာ အောင်မြင်မှုအတွက်တွန်းအားဖြစ်စေပါတယ် ။ ဒါပေမယ့် ပွဲစဉ်အခြေအနေကို နိမိတ်ပုံ ကဒ်ဆွဲရာမှာ The Sun ဆိုတဲ့နိမိတ်ပုံကဒ်ထွက်လာတာဖြစ်လို့ မထင်မှတ်တဲ့အနေအထား ရုတ်တရက်အပြောင်းအလဲလေးတွေလည်း ကြုံရပါလိမ့်မယ် ။ ခက်ခဲကျပ်တည်းတဲ့အနေအထားကို ကြုံတွေ့ရမှာပါ ။ […]


ေမာင္ရိုးJune 12, 20151min15710
                အညာနွေသည် ပြင်းပြင်းပြပြပူလေသည်။ ဝေ့ဝဲ၍တိုက်ခတ်လာသောလေထဲတွင် ဖုန်နံ့လေးများသင်းနေသည် ။ နွေနေပူပူ ၊ မြေနီလမ်းဖုန်ထူထူတွင် မြင်းလှည်းလေးတစ်စီး မောင်းလာသည်ကိုတွေ့လိုက်ရသည် ။ ဪ …… ပုဂံရှေးဟောင်းနယ်မြေတွင် မြင်းလှည်း ရှိနေသေးသည်ပေါ့ ။   တချိန်က မြင်းလှည်းလေးများစီး၍ ပုဂံဘုရားများကိုလိုက်လံဖူးမျှော်ခဲ့ဖူးသည် ။ ထန်းပင်ထန်းတောများကြားမှ ဖြတ်သန်းမောင်းနှင်ရင်း နွေပန်းချီကို ငေးခဲ့ဖူးသည် ။ ရေဆာဆာနှင့် ပင်ကျရည်ချိုချိုလေးများကို အမှတ်ရမိပြန်သည် ။ ယခုသော် …… ထိုထန်းတောတို့ မရှိတော့ပြီ ။ ကတ္တရာခင်းသော လမ်းသစ်ကြီးများ ၊ လမ်းညွှန်ဆိုင်းဘုတ်များဖြင့် ခရီးသွားဝန်ဆောင်မှုကောင်းမွန်လာသော်လည်း ရှေးဟောင်းနယ်မြေ၏အထိ အတွေ့ကိုကား ပြည့်စုံစွာမရတာ့ပါ ။ မော်ဒန် ပုဂံဖြစ်လို့နေလေပြီ […]


  အောက်ဖေါ်ပြပါ ဖြစ်ရပ်သည် ပြင်ပတွင် မိတ်ဆွေတစ်ဦးကိုယ်တိုင်တွေ့ကြုံရသည်ဖြစ်၍ ကာလ ၊ ဒေသ ၊ နာမည်များအားပြောင်းလဲဖေါ်ပြထားပါသည် ။ ဖြစ်ရပ်မှန် ဖြစ်သောကြောင့် တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သည်ဟုသာ ခွင့်လွှတ်ပေးပါရန်~~~     ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   ဝန်ခံခြင်းဆိုသည်မှာ ရိုးသားမှုဟု ဆိုပါလျှင်…… တခါတရံ၌ ရိုးသားစွာဝန်ခံခြင်းက်ို ကျမစိုးရွံ့မိပါသည် ။ အမှန်တရားကို မြတ်နိုးခုံမင်သော်လည်း ထိုအမှန်တရားကို ရင်ဆိုင်ခြင်းငှါ ကျမသတ္တိမရှိခဲ့ပါ ။ မတော်တဆ သိခဲ့ရသော အမှန်တရားတို့၏နောက်ကွယ်တွင် ကြေမွပျက်စီးခဲ့မည်ကိုကြိုသိခဲ့ပါက ဒီခရီး ဒီလမ်း ၊ ဒီနေရာကို ကျမရှောင်ဖယ်မိမည်သာ ………… တကယ်တော့ … အလိမ်အညာ လှည့်စားမှုတွေကို သိပါလျှက်နှင့် ကျေနပ်နေခြင်သူပါလေ ……… ။ . . . . […]


ေမာင္ရိုးApril 29, 20151min28827
## မျက်စိမှိတ်၍ မုန့်ဝယ်စားပါ ##    “” ဟိုက်ရှ် …… ဟိုက်ရှ် !!! “”    မောင်ဆာမိ တစ်ယောက် အသံထွက်မတတ် မျက်လုံးပြူးသွားသည် ။ စားလက်စ မုန့်ဟင်းခါးကို ဆက်ပဲစားရကောင်းနိုးနိုး မစားဘဲ ထားခဲ့ရကောင်းနိုးနိုး ဝေခွဲမရ ။ တခဏတော့ မှင်တက်နေမိပြန်သည် ။   ဪ … ဘာရယ်မဟုတ် တစ်စားပွဲတည်းထိုင်နေသော မျက်စောင်းထိုးလက်တစ်ကမ်းမှ မာတုဂါမပေါက်စလေးကိုကြည့်မိပြီး ဤသိုဲ့လျှင် ဖြစ်နေခဲ့သည် ။ ထိုမုန့်ဟင်းခါးဆိုင်သို့ မောင်ဆာမိ ရောက်ပြီးမကြာမှီ ထိုကလေးမ ရောက်လာခဲ့သည် ။ မောင်ဆာမိ မုန့်ဟင်းခါးမှာပြီး သူဆက်လက်မှာသည် ။ အစားငမ်းသောမောင်ဆာမိသည် ဗိုက်ဆာဆာနှင့် မုန့်ပွဲရောက်သည်နှင့် အလှူစား စားလေတော့သည် ။ သုံးလေးဇွန်းမျှ ဖလူး […]