ေမာင္ရိုးFebruary 10, 20131min17033
အဖျက်ခံရနိုင်တဲ့ ပို့စ် တစ်ခု ဖြစ်ကြောင်းကြိုပြောထားပါရစေ …   အခုတလော မအားလပ်တာနဲ့ ရွာထဲမမြဲပါဘူး …။. ဒါပေမဲ့ မကြာမကြာ ဟိုချောင်းဒီချောင်းနဲ့ ဆိုတော့ .. ဘော်ဘော်များရှယ်တဲ့ သတင်းလေးတစ်ခုကိုဖတ်မိရာက  အတွေးလေးတစ်ခု ရလာလို့ပါ …. ရွာထဲအေးနေလို့ ဖွ တာတော ့မဟုတ်ပါဘူး …. ကြိုပြောထားပါရစေ …. ဒီပို့စ်ကို တာဝန်ရှိသူများက မသင် ့တော်ဘူးလို့ထင်ရင်  အချိန်မရွေးဖျက်နိင်ပါတယ် …. ဘယ်လိုမှ သဘောမထားပါဘူး …..။   ကဲဗျာ ….. လိုရင်းကိုစလိုက်ကြရအောင် ……. ကျနော် ဒီစာကိုရေးနေတဲ့အချိန်မှာ ဘယ်ဘာသာကိုမှ ပြစ်တင်ရှုံ ့ချလိုစိတ်မရှိပါဘူး ။ ယခင်ကတည်းကလည်း သူ ့သဘောသူဆောင် ဆိုပြီး ကိုယ် ့ကိစ္စကိုယ်လုပ်ခဲ ့တာပါ …။ […]


ေမာင္ရိုးJanuary 31, 20131min32956
“ဇမ္ဗူလက်ျာ တောင်ကျွန်း ဩဘာနိမိတ်ထွန်း ”  တဲ ့ …. ကျနော်တို့ ငယ်စဉ်ကတည်းက ကြားဖူးခဲ ့တာ …။ ကျနော်တို့ နေတဲ ့ နေရာက ဘာကျွန်းလည်းမသိပေမဲ့ အတိတ်နိမိတ် ၊ တဘောင် တွေကတော့ဖြင် ့ ခေတ်အဆက်ဆက် လက်ဆင် ့ကမ်းလာခဲ့ကြပါတယ် …။ အင်းဝ မပျက်ခင်က “အင်းကိုဟင်္သာဆင်းအံ ့ ၊ မုဆိုး လေးနှင့်ခွင်းအံ့ …”ဆိုပြီး တဘောင် စကားထွက်ခဲ့ဖူးတယ်လို့တော့ ကြားဖူးပါတယ် ။ ဆိုလိုတာက အင်းဝ ကို ဟံသာဝတီကသိမ်းပြီး ၊ ဟံသာဝတီ ကို မုဆိုးဖိုရွာသူကြီးက တော်လှန်မယ်ပေါ ့ ….။ ဒီလို….ဒီလို..နဲ ့ အတိတ် တဘောင်တွေ ပေါ်လာလိုက်တာ ခုထိဆိုပါတော့ […]


ေမာင္ရိုးDecember 31, 20121min42553
မင်္ဂလာပါ မန်းဂဇက် …………။ နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကိုရောက်တော့ မှာမို့ ရွာသူားအသီးသီး အမှတ်တရလေးတွေရေးကြတော့ ကျနော်လည်း တစ်ခုခုရေးချင်မိပြန်ပြီလေ …..။ ဒါကြောင့် ကျနော်သွားလာလှုပ်ရှားနေတဲ့ဝန်းကျင်က အကြောင်းအရာလေးတွေကိုတွေးမိပြီး ခရီးသွားရင်း ရေးမိပြန်ပြီပေါ ့ ……။ ဒီနေရာမှာတစ်ခုလေး ပြောချင်မိတာက သဂျီးမင်းရဲ ့ ခေါင်းစဉ်တွေကို နှစ်သက်လွန်းလို့ တုပ မှီငြမ်းမိကြောင်းပါ ….။ ခွင် ့လွှတ်ပါ ဦးခိုင်ခင်ဗျာ …….။ “ ဆဲဆိုခြင်း အနုပညာ (သို့) ရသမြောက်သော ဆဲဆိုခြင်း” ဟုဆိုပါလျှင် ကျနော့်ကို ဆဲချင်ကြလိမ် ့မယ် လို့ ထင်ပါတယ်။ ဆဲကြပါလေ….။ မန်းဂဇက်ရွာသားဖြစ်ရင်တော့ နဲနဲလောက်တော့ ဆဲတာ ခံနိုင်ရမှာပေါ ့ …။ ဒါပေမဲ ့ …. သက်သက်သာသာလေးတော့ ရသမြောက်အောင် […]


ေမာင္ရိုးDecember 13, 20121min34731
ရုတ်တရက် ………. သံစဉ် တိုးတိုးလေးကြားရပြန်ပြီ …….။ နားထဲစွဲနေအောင် ရင်းနှီးနေတဲ့အသံ …..။ ပြီးတော့ ….ခြေသံတိုးတိုးလေး …. ညင်သာတဲ့လှုပ်ရှားမှုနဲ့အတူ ကျနော့်အနား ရောက်လာခဲ့ပြန်ပြီလေ …. သူ့ကို ဘယ်သူလဲလို့သိချင်သည် ..။သူလာတိုင်းလည်း ကြည် ့ဖို့ကျိုးစားသည် ….။ တစ်ခါမှ မမြင်တွေ့ရ …။ ခုတော့ ….သူ့မျက်နှာလေး ……သူ့မျက်နှာလေး မြင်ရတော့မည် …………. အိုးးး……ဘယ်လဲ …ဘယ်လဲ ….နေဦးလေ ..မသွားနဲ့ မသွားနဲ့ဦး ….. ပြောရင်းဆိုရင်း …ပင်လယ်ထဲဆင်းပြေးသွားပြီ …..ဟေး….မသွားနဲ့ …… ပင်လယ်ပြင်ရဲ ့ လှိုင်းတွေကြားမှာ သူ…..သူ…..ပါသွားပြန်ပြီလေ ……… ================================================== ကျွန်တော်နိုးလာတော့ ရေတွေငတ်လိုက်တာ…… ကျနော် အော်ဟစ်နေမိလားမသိ ။ ဒီအိမ်မက်ကို အထပ်ထပ် အခါခါမက် မိတယ်လေ …. […]


ေမာင္ရိုးDecember 5, 20121min30338
  ပဲခူးရိုးမ အနီး တစ်နေရာပါ …… ကားဖြတ်သွားတာတွေ ့လို့ ခတ်ငေးငေး လေးပါ ့ ….. နေရာလေးက အေးချမ်းတယ်လို့ ထင်ရပေမဲ ့ လူတစ်ယောက်အတွက် မပြည် ့စုံပါဘူး….. မျှော်လင် ့နေတဲ့မျက်ဝန်းတွေမှာ အရောင်ကင်းမဲ့နေလေရဲ ့ …။ ဘယ်တော့လဲ … ဘယ်မှာလဲ …. ဘာတွေလဲ ….. ရွှေပြည်တော်မို ့ မျှော်မိတိုင်းဝေးနေဆဲပါ …… သူတို့ ဘာတွေစားကြလဲ …. နေမကောင်းရင်ဘယ်လို ဆေးကုသလဲ …. ရေကရော သန် ့ရဲ ့လား… အဖြေအတွက် ပေးဖို့ခက်ပါတယ် ….။ သူတို့ဘဝ နဲ့ သူတို့ ပျော်နေတယ်လို့ ထင်ပါသလား …? တစ်ခါတစ်လေ  လူ ့လောကထဲကိုလာချင်ရှာမှာပဲလေ […]


ေမာင္ရိုးDecember 3, 20121min42743
အောက်တိုဘာလ (၁၃) က်နေ့ မှာ ဖားကန် ့မြို ့နယ် လုံးခင်းကျေးရွာကို စစ်တပ်နဲ့ ရဲ နဲ့ ဝင်ပြီး ရိုက်နှက် လုယူကြတယ်လို့ သစ်ထူးလွင် သတင်းမှာဖတ်လိုက်ရပြီး တခါက အကြောင်းလေးတွေ ပြောချင်လာမိလို့ ရေးလိုက်တာဖြစ်ပါတယ် …..။       မောင်ဆာမိ ဒီအကြောင်းတွေကိုပြောဖို့ စိတ်ကူးတာကြာပါပြီ ။ ကိုယ် ့အတိတ်ကို ပြန်မတူးချင်တာနဲ့ပဲ လက်နှေးနေတာလေ ။ ဒါပေမဲ့ အတိတ်ဆိုတာကလည်း တကယ်ရှိခဲ့တာဆိုတော့ ဆိုးမွေ ကောင်းမွေ ကိုလက်ခံရမှာပေါ ့ ….။ ဒီလိုပါ …….တစ်ခါက မောင်ဆာမိရဲ ့ ဘဝများစွာထဲမှာ ကားသမားဘဝလည်း အပါ အဝင်ဖြစ်ခဲ့ဖူးပါတယ် ။ ဟိုင်းဝေး ကားသမားဘဝ ၊ ဘုရားဖူးကားသမားဘဝ နဲ့ […]


ေမာင္ရိုးNovember 29, 20121min30829
တန်ဆောင်တိုင်ည လပြည် ့ဝန်းကြီးသာတဲ ့ ည နက္ခတ် စုံတဲ ့ ည ဆေးပေါင်းခတဲ ့ ည မီးပုံးပျံ တွေလွှတ်တဲ ့ ည မီးပန်းတွေလည်း ဖြာတဲ ့ ည ပျော်စရာည ကြည်နူး ဖွယ် ည အဲဒီ ညရဲ ့အဆုံး ငရဲ မီးစုန်းတွေကျဲချမှာ ဓာတုဗုံးတွေ ကျဲချမှာ ကျနော်တော ့မထင်ခဲ ့ဘူး ခုတော ့ သိလိုက်ပြီ ဒီမိုကရေစီ လူ ့အခွင် ့ရေး ဒီလိုလုပ်လို ့ရကြေးလား ဒို ့သွေးတွေမြေမှာကျပြီး ကြေးနီတောင်ကိုအရောင်ဆိုးလို ့ ဒင် းးးးးး တို ့မို ့လုပ်ရက်တယ် ကြွေသာကြွေမယ် မြေမခဘူး သတ်လို […]


ေမာင္ရိုးNovember 20, 20121min40255
အချစ်နိဒန်း   အချစ်ဦးဆိုတာ အချစ်ဆုံးဖြစ်ချင်မှ ဖြစ်တတ်သလို …..အချစ်ဆုံးဆိုတာ….အချစ်ဦးလည်း ဖြစ်ချင်မှ ဖြစ်တတ်တာပါ ….. ။ တကယ်တော့ ပထမဆုံးချစ်မိသူကို အချစ်ဦးလို့ ပြောမယ်ဆိုရင်တော့ ….. ဖြူ …လို့ ကျနော်ခေါ်ခဲ ့တဲ့ ….. ဖြူ ့ ..ကိုပဲ ညွှန်းရမှာပေါ ့လေ …။ သူ့နာမည်က သန် ့မြတ်ဖြူ  …တဲ ့ ။ အတန်းဖေါ်…သူငယ်ချင်း …မြန်မာစာကလွဲရင် ဘာသာရပ်အားလုံး ကျနော် ့ထက်ပိုတော်တဲ့သူ …။ စာစီစာကုံးရေးတိုင်း ကျနော် ့ဆီကကူးရေးသူ …..။ အင်္ဂလိပ်စာ မရတိုင်း ကျနော့်ကို ပြန်ရှင်းပြပေးသူ ….။ သူနဲ့ ….ကျနော်ရဲ ့ ဇတ်လမ်းက ရိုးပါတယ်….။ ဒါပေမဲ့လည်း ရှင်းမနိုင်အောင် လည်း […]


ေမာင္ရိုးNovember 11, 20121min26432
မကြာသေးမှီကပဲ ခရီးတစ်ခုထွက်ဖြစ်ပါတယ် ။ အလုပ်ကိစ္စနဲ့ နယ်ဘက်ကို ဆိုပါတော့ ။ သွားရင်း လာရင်း တွေ ့ကြုံခဲ့တာတွေရယ် တွေးမိတဲ့ အတွေးတွေရယ် ပြန်ပြောင်းအောက်မေ ့သတိယတာတွေရယ် ကို နဲနဲ လောက်တော ့ မောင်းထု ပါရစေ …….။ ကျနော် အခုပြောမဲ့အကြောင်းအရာတွေ ၊ ဖြစ်ရပ်တွေဟာ မြို ့ပေါ်နေ ပညာတတ် လူတတ်တန်းစားနဲ့ အထက် လူတွေနဲ့တော့ သိပ်ပြီးမသက်ဆိုင်လှပါဘူး ။ သို့သော် လည်း …….မြန်မာပြည်ရဲ ့ ဆင်းရဲသားအောက်ခြေ လူတန်းစား များစွာနဲ့တော့ အထူးသက်ဆိုင်လှပါတယ် ……။ ရန်ကုန်မြို ့ဧရိယာ မှာ (၇)သန်း ခန် ့နေထိုင် ကြတယ်လို့ ကြားဖူးပါတယ် ။ အတိအကျတော့ မဟုတ်ဘူးးပေါ ့ […]


ေမာင္ရိုးNovember 1, 20121min38338
ကျနော်တို့တွေအများစုက မျက်ရည်ခံထိုးပြီး အသနားခံပြရင် အားနာတတ်ကြတယ် ။ တစ်ခါတစ်ရံ ကိစ္စ အကြီးကြီးကို “ဆောရီး”ဆိုတာလေးနဲ့ ကျေနပ်နေပြန်ရော …..။ပြီးတော့ ….ရိုးတယ် ၊အတယ် ၊ သဘောလည်း ကောင်းပုံရပါတယ် ….။ ဒါကိုအခွင် ့အရေးယူူပြီး လုပ်စားကြတဲ့သူတွေ ဒု နဲ့ ဒေး ပေါ ့ ….။   ဒီလိုလူတွေထဲမှာ ပယောဂဆရာလိုလို ၊ သိုက်ဆရာလိုလို ၊ နတ်ဆရာလိုလို ဘိုးတော်လိုလိုတွေက ရှေ ့ဆုံးက ပါသဗျ ။ ဒီနေရာမှာ ပြောချင်တာက ယောင်ခြောက်ဆယ်တွေကိုပြောချင်တာပါ ။ ကိုယ် ့ယုံကြည်ချက်နဲ့ကိုယ် လောကီပညာတွေကို အပတ်တကုတ်လိုက်စားတဲ့သူတွေကိုမဆိုလိုပါဘူး ။ အခုဖြစ်ရတာတွေက ရိုးရိုးအအ နဲ့ ယုံကြည်မှုလွန်ကဲတာတွေအပေါ် အခွင် ့အရေးယူကြတာနဲ့ ကျနော်တို့တွေ အလွန်အ […]


ေမာင္ရိုးOctober 22, 20121min30539
အဘဖောကပြောတယ် ……အားကျမခံ ဒန်ပေါက်တဲ့ …..။ အင်းးးးး…….ခက်တာက အဲဒီဆိုင်တွေထဲက နှစ်ဆိုင်က ပွဲ (၅၀) အနည်းဆုံးရောင်းတာလေ ….။ ကောင်းသန် ့ ကျပြန်တော့လည်း သွားရလာရခက်တာနဲ့ ..ပြီးတော့ ဒန်ပေါက်တစ်မျိုးတည်းသီးသန် ့ ရောင်းတာမဟုတ်ပြန်ဘူး ….။ မဖြစ်သေးဘူး ….မဖြစ်သေးဘူး …….။ ဒီအတိုင်းဆို မောင်ဆာမိတို့ ရန်ကုန်သားတွေ အကြွားပိုတယ်ဖြစ်တော့မှာပေါ ့ ……ကဲ  ကဲ….. ထင်ချင်သလိုသာထင်ကြတော ့…….သိကြားမင်း ဆင်းကယ်မှ ဖြစ်တော့မယ် …..။ ဒီလို….ဒီလို …. မောင်ဆာမိက တစ်ချိန်က လူပျိုကြီးဘဝနဲ့  အကြာကြီးနေခဲ့တာဆိုတော့ ….အစားအသောက်လည်းခုန်မင် အကောင်းကလည်းကြိုက်…..ပြီးတော့ ဒံပေါက်ဆိုအသေရရ အရှင်ရရ …။အဲဒီမှာ တိုက်ဆိုင်ချင်တော့ ရန်ကုန်မြို ့ရဲ ့ နာမည်ကျော်ဒံပေါက်ဆိုင်ကြီးက လက်ရင်းတပည် ့ကြီးချက်တာကို အစအဆုံး ထိုင်ကြည် […]


ေမာင္ရိုးOctober 18, 20121min39245
ကျနော်သရဲ မကြောက်တတ်ပါဘူး …။ သူတို့ကို ရန်လည်းသွား မစပါဘူး ….သူ့နေရာ သူနေ ၊ ကိုယ့်နေရာ ကိုယ်နေ ဆိုတဲ့သဘောပါ …။ ကားသမားတွေ စုမိရင် အဓိက ပြောလေ ့ပြောထ ရှိတဲ့အကြောင်းအရာသုံးမျိုး ကတော့ …. (၁)မိန်းမအကြောင်း …..။၊အိမ်ကမိန်းမ အပါအဝင် လမ်းတလျှာက်တွေ ့ခဲ့ဘူးသမျှမိန်းမ များ…….. (၂)အုံနာ မကောင်းကြောင်း ….။ (စပယ်ယာများ စုမိလျှင် ဒရိုင်ဘာမကောင်းကြောင်းလည်းပါ ဝင် …..) (၃)သရဲ အကြောင်း ………( ကိုယ်တွေ ့ ၊ စာတွေ ့ ၊ ကြားဖူးနားဝ ၊ ) အဲဒီလို …အထက်က အကြောင်းအရာတွေကို ပြောလေ ့ရှိကြတော့ မောင်ဆာမိလည်း သရဲ အကြောင်းကို […]


ေမာင္ရိုးOctober 12, 20121min20521
တစ်နေ့သ၌ …..ဂဇက်ရွာ၏ အထူးစုံစမ်းစစ်ဆေးရေး ရုံးခန်းတွင်းရှိကုလားထိုင်ပေါ်တွင် ငိုက်မြည်းနေရင်း ကျွန်ုပ် ဆားပုလင်းဆာမိ မှာအထူးပင်ဇိမ်ကျ၍နေပေရာ   ရာသီကပူ …ကြွေးကထူ ၊ ချစ်သူကမုန်း ဖဲကရှုံး ….ယူကြုံးမရ …အီးထွက်ကျ ..ဆိုသလိုပင် ကိုယ့်ဘဝကိုယ် အားမရခြင်းဖြင် ့ အပျင်းကြီးနေလေ တော့သည် ။ ရွာကြီးကား…အထူးငြိမ်သက်လျှက်ရှိသည် ။ ကျွန်ုပ်၏အတွေ ့အကြုံအရ ငြိမ်သက်ပြီးပါက လှိုင်းတံဘိုးထန်မည်မှာမလွှဲ …။ လောလောလတ်လတ် ရွာထဲတွင်သောင်းကျန်းခဲ့လေသော ကျွန်ုပ်နှင် ့ လွန်စွာရုပ်ခြင်းဆင်၍ နံမည်ပါတူသော ဂိုဏ်းချုပ်ဆာမိအား နှိမ်နင်းခဲ့ရသေးသည် ။ ကျွန်ုပ်၏ အတွေးများမဆုံးသေး  ရုံးစာရေး မောင်အံဇာမှာ အပြေးလာရောက်၍ စုံထောက်မင်းကြီး မစ္စတာမိုက်ကယ်ဂျော်နီအောင်ပုမှ အရေးတကြီး ခေါ်နေပြီဟု သတင်းပို့လေ၏ ။ သို့နှင် ့ ထောက်ဖေါ် ထောက်ဘက် မိတ်ဆွေများဖြစ်လေကုန်သော  ဘိလတ်ပြန် […]