ေမာင္ရိုးJune 19, 20121min13728
အခုတလောရွာထဲလဲသိပ်မရောက်ဖြစ်ဖူးဗျ ။ ဘောပွဲတွေကလဲကောင်းဆိုတော ့ကြည် ့လိုက်ရှုံးလိုက်ဖြစ်နေတာ ပေါ ့ဗျာ။ဘောဆရာ ကိုပေ ကိုလဲသတိယသဗျ ခက်တာကသူက မရေးဘူးဖြစ်နေတယ်။ဒီတော ့ သူ ့အလစ်မှာဝင်ပြီးအိမ်မက်လေး အကြောင်းရေးဦးမယ်။အိမ်မက်ဆိုတော ့လဲအိမ်မက်ပေါ ့ဗျာ နော ့ ဒီလိုဗျ ညကအိမ်မက်ထဲမှာ ရခိုင် ကိုရောက်သွားတယ်o အဲ ဟိုလဲရောက်ရော ရခိုင်အရေးမှာအသက်ပေးသွားကြတဲ့ ရခိုင်လူမျိုးတစုကို ပြောင်ပြောင်လက်လက် အဆောက်အုံထဲမှာတွေ ့ရ သဗျ ။ဒါနဲ ့ နှုတ်ဆက်ပြီး သာကြောင်းမာကြောင်းမေးပြီးတွေ ့တုန်းလေး အကျိုးများစေဖို ့ ဘောပွဲလေးမေးခဲ ့ရတာပေါ ့ဗျာ။ သူတို ့ပြောတာကတော ့”အင်္ဂလန် ဘင်သံနဲ ့ပြန်လာမယ် ပြင်သစ် အသွင်သစ်နဲ ့ချစ်ပစ်လိုက်”တဲ ့ ကဲကဲဒီတော ့အတိတ်ကောက်ကြစို ့။ ဒီမနက်ဈေးက အင်္ဂလန် […]


ခေါင်းစဉ်ဖတ်ပြီး တမျိုးတော.မတွေးကြနဲ.ဦးဗျို. ။။။။ ကျွန်တော.မှာ မနက်က ရောက်လာတဲ. မေး တစ်စောင်ကြောင်. ရီရအခက်ငိုရအခက်ဖြစ်နေလို.ဗျ ။ ဒီလိုပါ ….မန်းဂေဇက်နဲ.ပတ်သက်ပြီး အွန်လိုင်းမှာသိကျွမ်းခဲ.တဲ. သူငယ်တစ်ယောက်က အားပေးနှစ်သိမ်.တာတွေ ၊ ဖျောင်းဖျနား ချတာတွေ လုပ်သဗျ ။ လိုရင်းပြောရရင် ကျွန်တော်.ကို “အစ်(စ)လမ်” ဘာသာဝင် တစ်ဦးလို.ထင်နေတယ် …..အဓိက ကတော. ကျွန်တော်.နာမည်ကြောင်.ပါ ။ အရင်အချိန်ဆိုရင် အူတက်အောင်ရီ (ရယ်) မိမှာပါ …ခုလဲ နဲနဲတော.ရီ ရင်းနဲ. တစ်ချို.အကြောင်း အရာလေးတွေ ရှင်းပြသင်.တယ်လို.တွေးမိပါတယ် …. ကျွန်တော်ရွာထဲရောက်တာ တစ်နှစ်နီးပါးရှိ ပါပြီ ….စ ဝင်ခါစတုန်းကတော. ဒီလောက်နေဖြစ်လိမ်.မယ်လို.မထင်ခဲ.ပါဘူး …. ခုတော. …ကိုယ်.ရဲ.ဒုတိယမိသားစုလို ပျော်ပိုက်နေတော.တာပါဘဲ  ။။။ အကောင်.လုပ်တော. နာမည်ရွေးတဲ.အခါ ငယ်စဉ်က ရင်းနှီး […]


ဒီခေါင်းစဉ်လေးကတော. သွားလေသူ ဆရာကြီးစိန်ခင်မောင်ရီရဲ. ရုပ်ရှင်ဝေဖန်ရေး ဆောင်ပါးခေါင်းစဉ်ကို ကြိုက်လွန်းလို. အတုယူ မှီငြမ်းလိုက်တာပါ ….။ ဆရာကြီးရဲ. သက်ဆိုင်သူများကိုလည်း ဒီနေရာကဘဲ ခွင်.တောင်းပါရစေ ……. ပြောချင်နေတာတော.ကြာလှပေါ.ဗျာ ….ခုမှသာအခွင်.ကြုံလို.ပါ ။ ကျောင်းဖွင်.ချိန်ဆိုတော.လည်း ကျောင်းအကြောင်း ၊ ပညာရေး အကြောင်းလေးပေါ.  …။ ပြဿနာကတော. ကျူရှင်တို. ၊ အလှုူခံတို.မဟုတ်ပါဘူး ….ဒါတွေက ပြောပေါင်းများလှပါပြီ ။ အခုကိစ္စက သင်ကြားရေးပိုင်းပါ …။ ဆာမိ ရဲ.ကလေးတွေက မူလတန်းနဲ. အလယ်တန်းဆိုတော. ကိုယ်တွေ.စစ်စစ်ကိုဘဲ ပြောပါရစေတော. …..။ ဒီလိုပုံစံတွေက ရန်ကုန်မှာမှ မဟုတ်ပါဘူး …နယ်မှာလဲ ကူးစက်ကုန်ပါပြီ ။ ဒီလိုဗျ ….. ဆာမိ ရဲ.သား အငယ်က ဒီနှစ် Grade (1) ( […]


အခုတစ်လော …ကြားရသမျှသတင်းတွေထဲက အချစ် ကိစ္စတွေ အချစ်ပြဿနာတွေကိုခတ်ဆန်းဆန်း ကြားရပြန်တော.လဲ စိတ်မကောင်းတော.ဖြစ်မိသားဗျ ။ ဟိုး  တလောကလည်း သမီးရည်းစားချိန်းတွေ.ရင်း ကောင်မလေးက ကောင်လေးကိုဓားနဲ.ထိုးသတဲ. ။ ခုလည်း လှည်းတန်းက ချစ်စိတ်မွှန်လို. ဆိုးဆိုးဝါးဝါးတွေဖြစ်ကြ ၊ အရှက်ကွဲကြ ….ဒါပေမဲ. သူတို.ကလူငယ်တွေဘဲလေ လို. စိတ်ဖြေရာ တွေးပေးလိုက်ပါတယ်…သို.သော်လည်း…မနေ.က မြို.သစ်တစ်ခုမှာတွေ.ခဲ.ရတဲ.ဝေဒနာပြပွဲလေးကိုတော.ရီရအခက်ငိုရအခက်ဆိုတော. ပြောပြချင်ရဲ.ဗျာ …..ကျွန်တော်.ကို အတင်းပြောတယ်လို. အပြစ်ဆိုချင်လည်းဆိုကြပါ ….မပြောရင်မနေနိုင်လို.ပြောလိုက်တော.မယ် …   ဒီလိုဗျ …..မြို.သစ်တစ်ခုရဲ. အစည်ကားဆုံး လမ်းဆုံမှာဖွင်.ထားတဲ. လက်ဘက်ရည်ဆိုင်မှာ ချစ်သူနှစ်ဦးချိန်းတွေ.ကြပါတယ် ….. မဆန်းပါဘူး ….သမီးရည်းစားတွေ ချိန်းတွေ.တာ ဘဲ ……ဒါပေမဲ. အဲဒီချစ်သူနှစ်ဦးက ဘယ်သူတွေလဲဆိုတော. …..တစ်ဦးက အသက် ခြေက်ဆယ်ကျော်အဘွားကြီး နဲ. သူ.ဘဲဘဲဘိုးတော်ကြီးက ငါးဆယ်ကျော်အရွယ်ပါ ။ အဲ […]


အချိန်ကား …..သက္ကရဇ် AD 2212 ခုနှစ် ….။ ယခင်က ဗားကရာသင်္ဘောဆိပ်ဟုခေါ်တွင်ခဲ.၍ ငှက်ပျောသီး လှေများ ၊ ငါးဖမ်းလှေများ ဆိုက်ကပ်ခဲ.သောနေရာတွင် တိုင်ငုတ်တိုများ အုတ်ကျိုး အုတ်ပဲ.များသာရှိ၍ပျက်စီးယိုယွင်းနေပြီဖြစ်သော မြို.ပျက်ကြီးတစ်ခုကိုအနားသပ်ထားသည်. ရန်ကုန်မြစ်ဟု အမည်တွင်သော ခဲ တစ်ပစ်စာမျှမြောင်းသာသာ မြစ်ကမ်းဘေးတွင် အဖိုးအိုတစ်ယောက်သည် အလုပ်ရှုပ်လျက်ရှိလေသည် ။ဆံပင်များဖြူ၍ မုတ်ဆိပ်မွှေး တဖွားဖွားနှင်. ထိုအဖိုးအိုသည်လက်ထဲရှိအိပ်ကလေးအတွင်းမှ ပဲကြီးလှော်များကို ကလေးတစ်သိုက်အားဝေပေးလျက်ရှိချေတော.သည် ။ ဗိုက်ကလေး ၊ မောင်ပေ ၊ ကောက်ပို ၊ ကြီးမိုက် ၊ အောင်ဘု အစရှိသောကလေးများသည် အဖိုးအိုဝေပေးသော ပဲကြီးလှော်များကို မိန်ရှက် စွာစားသောက်ရင်း အဖိုးအိုပြောသော ပုံပြင်ကို ပဲကြီးလှော်မျက်နှာထောက်၍ ပျင်းရိငြီးငွေ.စွာ နားထောင်ကြရလေတော.သည် ။ ဗိုက်ကလေးသည်ကား ပဲကြီးလှော်ဝါးလိုက် ၊ လက်ထဲရှိပုလင်းထဲမှ […]


၂၀၁၄ ခုနှစ် ပူပြင်းလှသောနွေရာသီ၏ နေ.တစ်နေ. ……။ သံချောင်းနေထိုင်ရာဖြစ်သော ပေါရိသာဒ သချင်္ိုင်းတွင်းသို.ဝင်လိုက်သည်နှင်.ဆိုင်းဘုတ်ခတ်ကြီးကြီးတစ်ခုကဆီးကြို လျက်ရှိသည် ။ ကိုယ်.မျက်လုံးပင်ကိုယ်မယုံ နှစ်ခါပြန်၍ ဖတ်ကြည်.မိသည် ။ ” ရာဇာသံချောင်း နာရေးအထွေထွေဝန်ဆောင်မှုလုပ်ငန်း”  တဲ. သုဘရာဇာသံချောင်းသည် ရာဇာသံချောင်းဖြစ်၍နေပေပြီ  ……ယခင်က ပေါက်တူးတစ်ချောင်းဖြင်. အုပ်ဂူကြားတွင် တွေ.ရသောသံချောင်းသည် ယခုအခါတွင် အပြောင်းလဲကြီးပြောင်းလဲ၍နေပြီဖြစ်သည်။ သံချောင်း၏အသွင်သဏ္ဍန်ကိုကြည်.ပါဦး …..ခါးတွင် မဲမဲပြားပြားလေးနှစ်ခုကိုချိတ်၍ နားရွက်နှစ်ဘက်တွင်လည်း ချိတ်ကောက်လေးနှင်. ……ဘာပါလိမ်.ဟူ၍ သေချာကြည်.လေမှ သိရသည် ။ လွန်စွာအလုပ်များလေသောရာဇာသံချောင်းသည်ကား တယ်လီဖုန်းနှစ်လုံးအား ခါးတွင်ချိတ်၍ နားရွက်တွင်လည်း Bluetooth တပ်ဆင်ထားခြင်းဖြစ်လေတော.သည် ။ ယခင်သံချောင်းနှင်. ယခုသံချောင်းအကွာကြီးကွာခြားသွားလေပြီ ။ အလောင်းမြှုတ်ရန် ပေါက်တူးဖြင်.မြေမတူးတော. … စည်ပင်သာယာတွင်မြောင်းပုတ်ဖေါ်သည်.မြေတူးစက်ပေါက်စလေးအား အဟောင်းအစုတ်လေလံတွင် ဈေးပေါပေါနှင်. ဝယ်၍ မြေတူးသည်မို. စက်မှုဖွံ.ဖြိုးသော နိုင်ငံတော်ကြီးနှင်. […]


ေမာင္ရိုးApril 26, 20121min17716
ဒီပို.စ်ကိုရေးရခြင်းအကြောင်းလေးမိတ်ဆက်ပါရစေ ။ ကိုစိန်သော.ရဲ. ဟိုနားဒီနားခရီးသွား(ညောင်လေးပင်၊ရွှေကျင်ခရီး)ပို.စ် ကိုဖတ်ပြီး မနေနိုင်မထိုင်နိုင်ဝင်မန်.ခဲ.မိပါတယ် ။ ကိုစိန်သော.သွားခဲ.တဲ.နေရာကလည်းတချိန်ကကိုယ်ကျင်လည်ခဲ.ဖူးတဲ. နေရာဒေသဖြစ်နေတော. ဒီဒေသလေးအကြောင်းကို ပြောပြချင်စိတ်လေးဖြစ်လာခဲ.တာပေါ.ဗျာ။ ရွှေကျင်ဆိုတဲ.မြို.လေးကမြို.နယ်အဆင်.ဆိုပေမဲ.စစ်တောင်းမြစ်ရဲ.အရှေ.ဘက်ကမ်းမှာရှိတဲ.မြီု.ငယ်လေးပါဒီမြို.လေးရဲ. ချစ်စရာစရိုက်၊နေရာဒေသအနေအထား ၊လူမှုဝန်းကျင်နဲ. ပျော်ပွဲရွှင်ပွဲများ ပြီးတော. ကိုစိန်သော.ပြောတဲ.မီးမျှောပွဲအကြောင်းလေး…..ဒါတွေကိုအေးအေးဆေးဆေးအချက်အလက်တွေပြန်စုပြီးမှရေးမယ်စိတ်ကူးခဲ.ပေမဲ. ကိုစိန်သော.ရဲ. ရွှေကျင်မြို.ဝန်းကျင်ဓတ်ပုံတွေတွေ.တော. ထပ်မံအားဖြည်.တဲ.အနေနဲ.ရေးလိုက်ရတာပါ ။ ကျွန်တော်ကျင်လည်ခဲ.တဲ. လွန်ခဲ.တဲ.အနှစ်နှစ်ဆယ်ကျော်ဝန်းကျင်ကိုဘဲ ပြန်တူးဆွပါ.မယ်။ကိုစိန်သော.ရဲ.ဓတ်ပုံတွေနဲ. ယှဉ်ကြည်.ရင် ခေတ်အနေအထား့ ကွာခြားသွားတာကိုတွေ.ရမှာပါ။ တချိန်ကတော.ရွှေကျင်မီးမျှောပွဲဆိုတာအလွန်စည် ကားသိုက်မြိုက်စွာကျင်းပခဲ.ကြတာပေါ.။အမှတ်မမှားဘူးဆိုရင် နှစ်စဉ်တန်ဆောင်မုန်းလပြည်.နေ.နဲ.လပြည်.ကျော် (၁)ရက်နေ.ကပွဲတော်ရက်ပါ။ ဒါပေမဲ.ပွဲတော်ရက်မတိုင်းခင် (၁၀)ရက်ကြိုလောက်ကတည်းက ဇတ်ပွဲတွေ ၊ စတိတ်ရှိုး ပွဲတွေ ၊ အနယ်နယ်အရပ်ရပ်ကလာရောင်းကြတဲ. (၁၂)ပွဲဈေးသည်တွေနဲ.လက်ဝှေ.ပွဲတွေ ကျင်းပကြရင်းစည်ကားနေပါပြီ။ ဪ …ဒါနဲ. မီးမျှောပွဲဆိုတာ ရွှေကျင်မြို.ရဲ.ဘုရားကြီးကိုပူဇော်ပွဲလုပ်ရင်း ရှင်ဥပဂုတ္တအရှင်မြတ်ကို အလှဆင်မွန်းမံထား တဲ.ဖေါင်တော်ပေါ်မှာတင်ပြီး ရွှေကျင်ချောင်းရဲ.အလယ်မှာ ပူဇော်ထားတာပါ ။ ပွဲတော်ရက်မှာ ကမ်းစပ်ကဖြစ်စေ ၊ ရေလယ် […]


ေမာင္ရိုးApril 10, 20121min17522
ဟိုရက်ကစပြီးညပိုင်းတွေညနေပိုင်းတွေမှာ မ၊ီးမဖြတ်ဘဲ စမ်းသပ်ပြီးပေးပါတယ် ၊ ကံဆိုးသူဆာမိကတို.ကတော.မလာတစ်ချက် လာတချက်ပါ ။ ဘာဘဲဖြစ်ဖြစ် အရင်ကထက်စာရင်တော.တော်သေးတာပေါ. ။ ဟိုတလာက မီးပြတ်စဉ်က ဆာမိရဲ. ကြုံရဆုံရ တခဏ အကြောင်းကိုတော. ပြန်ပြောပြချင်ရဲ.ဗျာ ……။ မီးပျက်တဲ.ဒုက္ခကတော.အားလုံးအတူတူပါ ၊ ဒါပေမဲ. ဆာမိတို.ကကံပိုထူးလေတော.ရေပြတ်တဲ.ပြဿနာပါကြုံရသဗျ။ ဆာမိတို.နေတဲ.အရပ်ကခတ်ချာချာ ။ နေတဲ.တိုက်က တာဝတိ ံသာဖင်ဖျား …အထပ်သာမြင်.ပြီးအဆင်.မမြင်.လေတော. ကိုယ်ပိုင်ရေမရှိ ၊ ဂျိုးဖြူရေသာအားကိုးနေရပါတယ် ။ ဂျိုးဖြူရေကလည်း မိုးတွင်းမဟုတ်ရင်ညသန်းကောင်ကျော် ဒါမှမဟုတ် မနက်လေးနာရီလောက်မှလာတာ ….။မီးမှန်နေတုန်းကတော.အကြောင်းမဟုတ်ပေမဲ. မီးလဲပြတ်ရောဒုက္ခလှလှတွေ.ရတာ ဘဲဗျို. ….ရေလာတော.မီးပြတ် ၊ မီးပြတ်တော.ရေလာ အတော်ကိုဆိုးသဗျ ။တိုက်ခန်းကျဉ်းတွေဆိုတော.လည်းရေက အများကြီးလှောင်လို.မရ ၊ မီသားစုကလေးဦး တစ်နေ.အဝတ်ရှစ်စုံ ၊ ရေချိုး အိမ်သာသုံး သန်.ရှင်းရေးသုံး ပန်းကန်ဆေးဆို တော. သုံးရက်တခါမှရေလာချိန် […]


ေမာင္ရိုးApril 3, 20121min41332
မကြာသေးမှီကဘဲ ဈေးဝယ်စင်တာကြီးတစ်ခု ရန်ကုန်မှာဖွင်.ပြန်ပြီ ။ထုံးစံအတိုင်းအသစ်ဆိုတော.လည်းစည်ကားတာပေါ.ဗျာ။ နေရာကလည်း ကောင်းမှကောင်း ၊ ပြည်လမ်းမပေါ် မြန်မာ.အသံအနီး ….ဝင်ပေါက်ဆိုရင်လည်း ပြည်လမ်းဘက်ကဘဲဝင် မလား ….ဒါမှမဟုတ် ကျွန်းတောလမ်းဘက်ကဘဲဝင်မလား….အဆင်ပြေမှပြေ ။နေရာကလည်းကောင်း အလွန်လဲ ခန်းနားထည်ဝါလှတဲ.ဈေးဝယ်စင်တာကြီးပါ ။ကျွန်းတောလမ်းဘက်ကဆိုရင် လက်ရှိကားပွဲစားတန်းနဲ.မျက်နှာချင်းဆိုင်ဆိုတော. နေ.ရော ညရော ကျိတ်ကျိတ် တိုးနေတာဘဲဗျို. …..။ ဆာမိတို.မိသားစုလည်း ဖွင်.ပြီးတစ်ပတ်အတွင်းမှာဘဲရောက်ခဲ.ကြပါတယ် ။ဘာရယ်မဟုတ်ဘူး ဟိုငေး ဒီငေးပေါ.ဗျာ…။ အင်မတန်ကျယ်ဝန်းတဲ.ကားပါကင်နဲ.ရှုပ်ထွေးတဲ.လမ်းပြအမှတ်အသားတွေကိုကျော်ဖြတ်ရင်း တဖက်ကားတွေနဲ.လည်း မကြာခဏခေါင်းချင်းဆိုင်မလိုဖြစ်သေးတာပေါ. ….။ ကားပွဲစားတန်းနားကဈေးဝယ်စင်တာမို.လားမသိ ၊မမြင်ဘူးသေးတဲ.မော်ဒယ်မြင်.ကားတွေ၊နံပါတ်မတတ်ရသေးတဲ.သင်္ဘောချ ကားတွေအပြည်.ဘဲဗျို. ။ဆာမိကတော.မမြင်မကန်းနဲ.ဆိုတော.မရှင်းလင်းတဲ.လမ်းညွှန်တွေကြောင်.လမ်းပြောင်းပြန်မောင်း ရင်းနဲ.မော်ဒယ်မြင်.ကားတွေကြားမှာမပွတ်မိ မတိုက်မိအောင် ဘုရားတခဲ.ရပါတယ်။အဲဒီတုန်းက လမ်းပြဝန်ထမ်းလည်းမရှိ သေးလေတော. စမ်းတဝါးဝါးနဲ.ပါ . …….။ ဒီလိုနဲ. စင်တာထဲဝင်လိုက်တော. ….အားပါး းးးးး ….မျက်လုံးကိုကျိန်းစပ်သွားတာဘဲ ….။ဆာမိက ကျွန်းတော လမ်းဘက်ကဝင်တော. ဝင်ဝင်ချင်းမှာ စိန်ထည်အရောင်းဆိုင်တွေနဲ.တန်းတွေ.ရတာပါ။စိန်ထည်တွေများရောင်းနေလိုက် […]


ေမာင္ရိုးMarch 12, 20121min38724
ဆာမိရဲ.အသိတစ်ယောက်က ရဲအရာရှိတစ်ယောက်ပါ ။ဒီနေ. မင်္ဂလာဒုံဂေါက်ကွင်းနားက ကောင်းလက်ဘက်ရည်ဆိုင်မှာမမျှော် လင်.ဘဲတွေ.တော. ဆာမိကိုလက်ဘက်ရည်တိုက်ပါတယ် ။ ရဲ ဆီကစားရခဲလို.ပလာတာနဲ.ဆိတ်ကြော်ပါစားရင်း ဟိုသတင်း ဒီသတင်းတွေ ပြောဖြစ်ကြတယ် …။သတင်းကတော.သိပ်မထူးလှပါဘူး ၊ မြို.သစ်တွေ နယ်မြို.တွေမှာ မကြာခဏဖြစ်နေ ကြတာပါဘဲ ။ တို.ဆေးပါ ၊ တို.ဆေးနဲ.တို.ပြီး ရွှေ ငွေ တစ်ခုခု လိမ်လည်ယူသွားတဲ.ကိစ္စပါ ။ခက်တာက ဒီအမှုမျိုးက တရားခံဖမ်းမိတယ် လို. မကြားဘူးပါဘူး(ဖမ်းမိချင်လည်းဖမ်းမိမှာပါ )။ဖြစ်စဉ်ကတော. လွန်ခဲ.တဲ.ရက်အနည်းငယ်က ရွှေပြည်သာမြို.သစ်ရဲ. အလွန်စည်ကားလှတဲ.ထန်းခြောက်ပင်လမ်းဆုံအနီး မှာဖြစ်ပျက်ခဲ.တာပါ။ အသက်ခြောက်ဆယ်လောက်ရှိတဲ.အမျိုးသမီးကြီးတစ်ဦးကို (သူတို.အဆို) တို.ဆေးနဲ.တို.ပြီးတစ်ကျပ်သား ရွှေဆွဲကြိုးကို ဖြုတ်ခိုင်းပါသတဲ.၊ ပြီးတော.စာအိပ်ထဲထည်.ပြီးအိမ်ရောက်မှ ဖွင်.ကြည်.ခိုင်းသတဲ. ။အိမ်ရောက်တော.ဖွင်.ကြည်.တဲ.အခါ စာအိပ်ထဲမှာ ကျေက်ခဲတွေဘဲပါ ပါတယ် ..။အခင်းဖြစ်ပွာတဲ.အချိန်က နံနက်(၇)နာရီခွဲလောက်ဆိုတော.လူစည်ကားတဲ. အချိန်ပါ။ ဆာမိအနေနဲ.ကတော. အောက်လမ်းတွေ အထက်လမ်းတွေ ဂမ္ဘီရတွေ […]


(ခရီးရုတ်တရက်ထွက်သွားရသဖြင်.ယခုမှအဆုံးသပ်နိုင်ခြင်းကိုအားနာမိပါကြောင်း ) ဥသျှစ်ပင်ရောက်တော.နံနက်ငါးနာရီခွဲခန်. ၊ခရီးသည်များကိုနှိုး၍မျက်နှာသစ် နံနက်စာစားစေသည်။ ပြီးလျှင်ပုသိမ်မုံရွာလမ်းမှ ရွှေစက်တော်သို.နေ.လည်စာအမှီမောင်းရပေတော.မည်။ဥသျှစ်ပင်မှထွက်၍တစ်နာရီခန်.အကြာတွင် ပြဿနာစတော.သည် ထိုစဉ်ကပုသိမ်မုံရွှာလမ်းသည်သိပ်မကောင်း ၊ခဲလုံးများထိုးထိုးထောင်ထောင်နှင်.အတန်ငယ်ကြမ်းသည်။ထိုခဲချွန်များသည် ကျွန်တော်၏တကားနောက်ဘီးကိုထိုးခွဲလိုက်ပါပြီ …။ကျွန်တော်တို.ဆင်း၍ ကားဘီးလဲကြရသည်။ ပုသိမ်မုံရွာလမ်းသည် သိကြသည်.အတိုင်းပင် …ဥသျှစ်ပင်မှ ပဒါန်းလမ်းဆုံအထိ ကားနားရမည်.နေရာမရှိ၊ လေထိုးကျွတ် ဖာရမည်.နေရာမရှိ ။ထို.ကြောင်.နောက်တကြိမ်ဘီးမပေါက်စေရန်ဆုတောင်း၍ ဖြေးဖြေးမှန်မှန်သာမောင်းရပေတော.သည်။ သို.သော်..ဆုတောင်းကားမပြည်.ခဲ.။မိုင်(၃၀)ခန်.မောင်းပြီးသောအခါ ရှေညာဘက်ဘီးပေါက်ပြန်လေသည်။ကျွန်တော်တို. တွင်ကားဘီးအပိုမရှိတော….။ထို.ကြောင်. နောက်ဘီးတစ်လုံးဖြုတ်၍ ရှေ.ဘီးတွင်တတ်ဆင်ကာဘုရားရှိခိုးအမျိုးမျိုးရွတ်ပြီး ဖြေးဖြေးသာမောင်းရပါတော.သည်။ပင်ပန်းလိုက်သည်.ဖြစ်ခြင်း …လူပင်ပန်းသည်ထက်စိတ်ပင်ပန်းသည်ကပိုသည်။ ၄၆ ယောက်သောခရီးသည်တို.၏အသက်နှင်.ခရီးစဉ်ချောမောမှုသည်ယဉ်မောင်းတွင်တာဝန်အပြည်.အဝ ရှိလေသည်မို. အထူးသတိထား၍မောင်းရသည်။ခရီးသည်တချို.လည်းဗိုက်ဆာကြပြီ ၊ သံဃာတော်နှစ်ပါးလည်းပါသည်မို.မွန်းလွဲမှာစိုးရ သေးသည် …ကားသည်လည်းမြန်မြန်မောင်းလို.မရ ၊ ဒီကြားထဲ …ကားနှင်.ဒရိုင်ဘာကိုမေတ္တာပို.သံသဲ.သဲ.ကိုလည်း မကြားဟန်ဆောင်၍နေရပြန်သည် ။ ပဒါန်းလမ်းဆုံရောက်တော.ကံကောင်းသည် ၊ကျွန်တော.အသိဒရိုင်ဘာမောင်းသည်. ကားနှင်.တွေ.သည်မို.ဘီးမဖာတော. ဘဲသူ.ထံမှစပယ်ယာဘီးကိုငှား၍ ရွှေစက်တော်သို.အသော.နှင်ရပါတော.သည်။ကံဖေးမ၍သံဃာတော်တို.နေ.ဆွမ်းမှီခဲ. ပါ၏။ကျွန်တော်တို.လည်းထမင်းပင်မစားအားကားဘီးဖြုတ်၍ ဖာထေးရလေသည်။ကိစ္စပြီးတော. နေ.လည်နှစ်နာရီ…. မတ်လဆန်း၏နေသည်ထိုအရပ်တွင်တော.ပူပြင်းလှသည်။ ဘုရားဖူးယဉ်များထားရာစုရပ်သို.ကားကိုနေရာချပြီးလျှင်နေ.လည်စာအတွက်နီးရာဆိုင်သို.ပြေးရတော.သည်။အထက်စက် တော်ရာသို.မူမတက်နိုင်တော.။ထိုနေ.ညနေတွင်ပင်ပန်းသမျှကိုမန်းချောင်းရေတွင်စိမ်ရင်းအပန်းဖြေခဲ.ရပါသည်။စောစောအိပ်မည် ဟုစိတ်ကူးရင်းတည်းခိုဆောင်တခုခုရရန်ရှာဖွေရသည်။ကျွန်တော်သည်ရွှေစက်တော်သို.ရောက်တိုင်းကားပေါ်တွင်အိပ်လေ.မရှိ။ ကားတံခါးမျာအလုံပိတ်ထားရသဖြင်.ပူအိုက်သည်တစ်ကြောင်း၊ပြင်ပလေတဟူးဟူးတိုက်သည်.မန်းချောင်းဘေးမှဝါးတဲလေး […]


ေမာင္ရိုးFebruary 29, 20121min15914
ရွှေစက်တော်သို.ခရီးလမ်းတလျေက် တနေကုန်တညလုံးကားစီး၍ပင်ပန်းခဲ.သမျှမန်းချောင်းရေတွင်စိမ်လိုက်လျှင်ချက်ချင်းပင်လန်း ဆန်းပြီးအပန်းပြေစေခဲ.ပါသည် ။စက်တော်ရာနှစ်ဆူဖူးမြင်ပြီး၍ အထက်စက်တော်ရာတည်ထားသော တောင်တော်ထက်ဆီမှ တောင်ချေသို.လှမ်းအကြည်.တွင်ညရှုခင်းသည်ကား အထူးလှပနေပေသည် ။ရစ်ခွေ၍စီးဆင်းနေသောမန်းချောင်းဘေးတွင် စီတန်း၍ဆောက်လုပ်ထားသောတဲတန်းများနှင်. လျှပ်စစ်မီးများ ထိန်ထိန်ညီးနေသည်. ဈေးတန်းများကိုကြည်.ရင်း တောင်ပေါ် သို.ဖြတ်သန်းတိုက်ခတ်လာသောလေနုအေး၏ အထိအတွေ.မှာအထူးပင်အေးချမ်းလှပေစွ ။ဘဝအမော တခဏအမောတို.သည် ဘယ်ဆီလွင်.လေသည်မသိ ….မပြန်ချင်လောက်အောင်ပင် ဖြစ်မိနေတော.သည် ။ ထိုသို.သော ရွှေစက်တော်ဘုရားပွဲသို. ကျွန်တော်သည်လွန်ခဲ.သော (၁၀)နှစ်ကျော်ခန်.က ဘုရားဖူးယဉ်၏ဒရိုင်ဘာတစ်ဦး အဖြစ် အကြိမ်ဖန်များစွာရောက်ခဲ.ဘူးပါသည် ။ရောက်ခဲ.သည်.အခေါက်တိုင်းလဲမန်းချောင်းရေတွင်စိမ်လျှက် စက်တော်ရာနှစ်ဆူသို.တက်ရောက်ဖူးမျှော်ခဲ.သည် ။နှစ်တွေကြာခဲ.ပါပြီ။ ဆယ်စုနှစ်တခုမကကြာခဲ.သော်လည်း ထိုနေ.တစ်နေ.၏ ညတစ်ညကိုမူ မမေ.နိုင်သေးပါ ။အထူးပင်ပန်း၍အိပ်မောကျခဲ.ရသော ထိုတစ်ညတွင်ထတ်လန်.ခဲ.ရ သည် ၊ အံ.ဩခဲ.ရသည် ပြီးနောက် …တညလုံးအိပ်ရေးပျက်ခဲ.ရပါသည် ။ထိုညတွင်ကြုံခဲ.ရသောမထင်မှတ်ခဲ.သည်.အဖြစ်အပျက်တို.သည်ကား …………….။ ကျွန်တော်တာဝန်ယူမောင်းနှင်သော အမြန်ယဉ်ဘတ်စ်ကားကြီးသည် ရွှေစက်တော်နှစ်ညအိပ်ခရီးအဖြစ် ရန်ကုန် ပန်းဆိုးတန်းဂုံးကျော်အောက်မှည(၉)နာရီခန်.တွင်စတင်၍ထွက်ခွာလာခဲ.ပါသည်။ကျောင်းစစ်စာမေးပွဲများပြီးချိန်ဖြစ်၍လည်း၊ သောကြာနေ.ဖြစ်၍ရုံးသူရုံးသားများလိုက်ပါနိုင်ကြ၍လည်းကောင်းယနေ.ညသည် ကားပေါ်တွင်လူအပြည်.နှင်.ဖြစ်သည် ။ လမ်းကြိုတက်မည်.သူနှစ်ဦးခန်.သာပါသဖြင်. ခရီးစဉ်သည်မနှေင်.နှေး […]


ေမာင္ရိုးFebruary 29, 20121min1287
ဘာလိုလိုနှင်. ရွှေစက်တော်ဘုရားပွဲကြီးသည်လည်း ကျင်းပနေသည်မှာအတော်ပင်ကြာလေပြီ ။တပို.တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ.အထိ ရက်ပေါင်း (၈၀)ကျော် ကျင်းပသည်ဖြစ်၍ အချိန်တိုတောင်းသော်လည်းတစ်နှစ်ထက်တစ် နှစ် ပို၍ပင်စည်ကားလှသည် ။ ရာသီဥတုနှင်.နေရာဒေသအခြေအနေအရဒီအချန်လေးအတွင်းသာကျင်းပရသည်မို. အနယ် နယ် အရပ်ရပ်မှဘုရားဖူးလာသူများ စုံလင်လှပေသည်။ ကိုယ်ပိုင်ကားများနှင်.တမျိုး ၊ ဘုရားဖူးလိုင်းကားများနှင်.တသွယ် စုဝေးရောက်လာကြသည်မို. ရုံးပိတ်ရက်နှင်.စနေ၊တနင်္ဂနွေနေ.များဆိုလျှင် မန်းချောင်းဘေးမှ တဲတန်းကြီးများတွင် နေရာ မရတတ် …။အလုအယက်နေရာယူရ အခန်းရှာကြရတော.သည်။ ကျွန်တော်မရောက်ဖြစ်သည်မှာ ဆယ်နှစ်ကျော်လေပြီ ။သို.သော် …နှစ်စဉ်ဘုရားပွဲကျင်းပချိန်ရောက်တိုင်းသတိယနေမိသည်။ ရွှေစက်တော်၏မြင်ကွင်းသည်ကား တော်တော်များများပြောင်းလဲနေပေပြီ ။သန်.ရှင်းသောရေလောင်းအိမ်သာများနှင်.လျှပ်စစ် မီးရပြီဟု သိရသည်။တချိန်က သုနာပရ န္တ တိုင်းအဖြစ်ထင်ရှားခဲ.သောဤဒေသသည် ဘုရားပွဲတော်ချိန်ရောက်တိုင်းအထူး စည်ကားလှသည်။ “ရွှေစက်တော်အစ ၊ ကျောင်းတော်ရာက ၊ကျောင်းတော်ရာအစ မဟာပုဏ်ဏက “ဟုစာဆိုရှိသည်. အတိုင်း …ရွှေစက်တော်ဘုရားဖူးရင်း သမိုင်းအရဆက်စပ်နေသော မကွေးမြသလွန်စေတီ ၊ […]