sususanAugust 31, 20101min853
အတွေ့အကြုံဟူသော စကားရပ်သည် လူတိုင်းရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။ အထူးသဖြင့် လုပ်ငန်းခွင်နယ်ပယ်တွင် ။ လုပ်ငန်းခွင်ဝင်အင်တာဗျူးများနှင့် ဝန်ထမ်းအလိုရှိသည်ဟူသော ကြော်ငြာတို့တွင်တွေ့ရများလေ့ရှိ သည်။ “ဒီလုပ်ငန်းနှင့်ပတ်သတ်ပြီး မင်းမှာအတွေ့အကြုံရှိပါသလား”၊ “အတွေ့အကြုံရှိသူဦးစားပေးမည်” စသည်ဖြင့် အတွေ့အသုံးများလေ့ရှိသည် အကြုံရှိသူကိုသာလျှင်လုပ်ငန်းရှင်တို့ နှစ်ခြိုက်သဘောကျလေ့ရှိတတ်ကြသည်။ ထိုသို့ပုံသေကားချပ်ရှိနေသည်ကို ကျွုန်ုပ် သဘောမကျပေ။ ထိုအရာသည် မျိုးဆက်သစ်နောင်လာနောင်သားများ၊ စွမ်းဆောင်ရည်ရှိပြီး အတွေ့အကြုံမရှိသောလူငယ် များအတွက် အစည်းအတားတစ်ခုကဲ့သို့ဖြစ်လို့နေပါသည်။ ထို့ကြောင့် အတွေ့အကြုံမရှိသောလူငယ်များ လက်မှတ်ကိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလို့နေပါသည်။ လူတစ်ယောက် လုပ်ငန်းခွင်အတွေ့အကြုံ ရှိဖို့ဆိုသည်မှာလုပ်ငန်းရှင် တစ်ယောက်မှ လုပ်ပိုင်ခွင့်ပေးမှသာရမည်ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်မျှ မွေးကတည်းက တတ်မြောက်လာခြင်း မရှိပေ။ အလုပ်ကသာ သင်သွားကြခြင်းဖြစ်သည်။ လုပ်ငန်းအတွေ့ကြုံ ရှိသောသူသာလျှင် ဒီအလုပ်မှ ဟိုအလုပ်ပြောင်း ဟို အလုပ်မှဒီအလုပ်ပြောင်းစသည်ဖြင့်သူ့အဖို့သာလျှင်လုပ်ပိုင်ခွင့်တွေရှိလို့နေပါသည်။ဥပမာ-လူတစ်ဦးတွင်လုပ်ငန်းအတွ့အကြုံ တော့ရှိပါသည်။ သို့သော် ဟိုအလုပ်တွင်သူသည်အလွဲသုံးစားမှု (သို့မဟုတ်) လိမ်လည်မှု တစ်ခုခုဖြင့်ထွက်လာခဲ့ရသူ ထိုအရာ […]


sususanJuly 14, 20101min740
ကျွန်တော်ရွာမှာနေရတာပျော်ပါတယ်။ကျွန်တော.်မှာသူငယ်ချင်းတွေအများကြီးရှိတယ်။ ယောက်ျားလေးတွေကောမိန်းကလေးတွေရောပေါ့။သူငယ်ချင်းတွေထဲမှာကျွန်တော်က အညံ့ဆုံးပါပဲ။အရွယ်ရောက်တဲ့အခါသူတို့တွေကတော်ကြတော့နိုင်ငံခြားမှာပညာသွား သင်ကြတယ်။ ကျွန်တော်တစ်ယောက်တည်းရွာမှာကျန်ခဲ့တာပေါ့။သူတို့ဆီကစာလာတယ် သူတို့နဲ့ပြောချင်ရင်အင်တာနက်ကနေပြောလို့ရတယ်တဲ့ရေးထားတယ်။နောက်ပြီးအင်တာ နက်ကအားကိုးရတယ်သိချင်တာမေးလို့ရတယ်လို့ရေးထားတယ်။ကျွန်တော်သိတာ၃ရမင်း နတ်ပဲသိတာလေ။သူကအားကိုးရတယ်သိချင်တာမေးလို့ရတယ်ဆိုတော့နတ်မင်းတစ်ပါးလား မသိပါဘူး။သူတို့လိပ်စာပေးရင်အင်တာဆိုတဲ့နတ်ကဝင်ပူးပြီးပြောတာနေမယ်။ရန်ကုန်မှာပေါ တယ်လို့လဲရေးထားသေးတယ်။ရန်ကုန်မှာနတ်ပွဲတွေပေါပုံရတယ်။ကျွန်တော်လည်းရန်ကုန် ရောက်တော့စုံစမ်းတာထင်တားတာနဲ့လွဲနေတယ်လေ။အင်တာနက်ကဆိုင်ဖြစ်နေတယ်။ နိုင်ငံခြားကိုဖုန်းခေါ်လို့ရတယ်ဈေးပေါတယ်ဆိုတာနဲ့သူတို့ပေးတဲ့ဖုန်းနံပါတ်နဲ့အဲ့ဒီဆိုင်ကို သွားခဲ့တယ်။ဆိုင်နားမရောက်ခင်ကောင်မလေးနှစ်ယောက်ကဝက်ဆိုင်သွားကြည့်မယ် ဆိုပြီးရှေ့ကအင်တာနက်ဆိုင်ထဲဝင်သွားတယ်။ကျွန်တော်လည်းအဲ့ဒီဆိုင်ကဝက်တွေပါ ရောင်းတယ်ထင်နေတာ။ရွာမှာဆိုရင်ဝက်တွေကိုကြည့်မဲ့သူတောင်မရှိဘူး။သူတို့မို့လို့တစ်ကူး တစ်ကသွားကြည့်ရတယ်လို့။ဆိုင်ထဲဝင်လိုက်တော့စောစောကကောင်မလေးနှစ်ယောက်က TVရှေ့မှာထိုင်ပြီးTVကြည့်နေတယ်။သူ့အပြင်တခြားလူတွေလည်းTVကိုတစ်ယောက်တစ်လုံး ကြည့်နေကြတယ်။ရွာမှာဆိုရင်TVတစ်လုံးကိုလူတွေဝိုင်းပြီးကြည့်တာလေ။ရန်ကုန်ဆိုတော့ ့ တစ်ယောက်တစ်လုံးကြည့်တာနေမယ်။ဝက်တွေကိုအနောက်မှာထားတာနေမယ်။ကျွန်တော်လည်း ဆိုင်ကကောင်လေးကိုနိုင်ငံခြားဖုန်းခေါ်ချင်တယ်ပြောတော့ကောင်လေးကနံပါတ်ယူပြီးTVရှေ့ကို သွားနေတယ်။ဖုန်းဆက်ပါမယ်ဆိုမှဒီကောင်လေးTVရှေ့သွားပြီးငါ့ကိုဂရုမစိုက်ဘူးပေါ့။အဲ့ဒီအချိန်မှာ နောက်နားဆီကနေအသံကြားရတယ်။ဝက်ကမ်းပေးပါဆိုပြီးအော်ဝက်အရောင်းအဝယ်ဖြစ်သွားပြီနေ မယ်လို့။ကောင်လေးကရပြီအစ်ကိုဆိုပြီးဘီးကုတ်လိုဖော့တုန်းပါတဲ့ဟာနဲ့နားနားကိုလာကပ်ပေးတယ်။ ကျွန်တော်လည်းကြောက်အားလန့်အားနဲ့ဟယ်လိုခေါ်ကြည့်လိုက်တော့သူငယ်ချင်းရဲ့အသံကြားရတယ်။ ကျွန်တော်လည်းအရမ်းဝမ်းသာသွားတယ်။ဟာ.သူငယ်ချင်းနေကောင်းလား။အဆင်ပြေလားစသည်ဖြင့် သာကြောင်းမာကြောင်းရွာအကြောင်းပြောကြတာပေါ့။ငါရန်ကုန်ကအင်တာနက်ဆိုင်ကဆက်နေတာပေါ့ စကားတွေအများကြီးပြောပြီးမင်းအခုဘာလုပ်နေလဲလို့မေးလိုက်တယ်။သူကသူမအားဘူးလေEbookကို ဖတ်နေတယ်လို့ဖြေတယ်။သူ့စကားကြောင့်ကျွန်တော်တော်တော်နားရှက်သွားတယ်။ဒါပေမဲ့ဂုဏ်ယူပါ တယ်သူငယ်ချင်းလို့ပြောလိုက်တယ်။ရွာကသွားတဲ့အထဲမှာအီးဘုတ်လည်းပါသွားတယ်လေ။သူနဲ့အီးဘုတ် နဲ့ရည်းစားဖြစ်နေတာကိုငါ့ကိုကြွားတယ်ပေါ့။ကျွန်တော်လည်းနှုတ်ဆက်ပြီးဆိုင်ကထွက်လာခဲ့တယ်။ ဪ..သူတောင်အီးဘုတ်နဲ့ရည်းစားဖြစ်နေတယ်။ငါလည်းဘယ်ရမလဲရွာရောက်ရင်ရွာသူတစ်ယောက် ရအောင်ယူအုန်းမှပဲဆိုပြီးပြန်လာခဲ့လိုက်တယ်။ ကြိုးစားပါအုန်းမည်။ စုစုကျော်