Swal Taw YwetFebruary 12, 20131min30813
ရွာထဲမှာပျောက်နေတဲ့ စွယ်တော်ရွက်တစ်ယောက် သက်ရှိထင်ရှားရှိနေသေးကြောင်း ကိုယ်ထင်ပြတာပါဗျို့။ မန်း ဂဇက် ရွာသူရွာသားအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေနော်။ ဇန္နဝါရီ ၂၆၊ ၂၇၊ ၂၀၁၃ စနေ တနင်္ဂနွေ တုန်းက မန္တလေးမြို့ ရွှေဖြူ ပလာဇာမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Mandalay BarCamp 3 ကိုတက်ရောက်ဆွေးနွေးလေ့လာဖြစ်ခဲ့ပါတယ်ခင်ဗျ။ ဘလော့ဂါ ကိုနေဘုန်းလတ် ရဲ့ The role of C J in future Myanmar ကိုလည်းတက်ရောက်နားထောင်ဖြစ်ခဲ့ပါတယ်၊ ဒီရွာရဲ့ ပင်မစာမျက်နှာ ညာဖက်ခြမ်းကနေ သူကြီးညွှန်ပြထားတဲ့ သတင်းတစ်ပုဒ်မှာပါဝင်ရန်လိုအပ်သော 5W1H ကိုတင်ပြသွားခဲ့ပါတယ်၊ သတင်းကောင်းတစ်ခုမှာရှိသင့်တဲ့ အရည်အချင်းတွေကိုလည်းရှင်းပြသွားခဲ့ပေမယ့် အချက်တွေကများပြား ဆလိုက်ထိုးပြတာကမြန်သွားခဲ့တာမို့ ဘာမှ မမှတ်မိလိုက်တာ ခွင့်လွှတ်ပေးပါဗျာ၊ အင်တာနက်ကျွမ်းကျင်သူများ အဲဒီ BarCamp 3 Mandalay […]


Swal Taw YwetDecember 16, 20121min1668
ဒီပို့စ်လေးဟာ နိုဝင်ဘာ ၁၀၊ ၂၀၁၂ က သူကြီးတင်ထားပေးခဲ့တဲ့ ရခိုင်အရေးအခင်းကိစ္စ အမြင်တောင်းခံခြင်း အတွက် ရွာသားတစ်ယောက်ဖြစ်တဲ့ စွယ်တော်ရွက်ရဲ့ အမြင်လေးကို တင်ပြခြင်းဖြစ်ပါတယ်၊ အသင့်တော်ဆုံး အဖြေတစ်ခု ရဘို့ ဘေးထွက်ထိုင်မနေဘဲ ဝိုင်းဝန်းဆွေးနွေးကြပါစို့။ သူကြီးရေ၊ ရခိုင် နယ်စပ်မှာ တဖြည်းဖြည်း စိမ့်ဝင်လာပြီး အခုအင်အား ၉သိန်းကျော်ရှိလာနေပြီဖြစ်တဲ့ ဘင်္ဂါလီကိစ္စ ကျနော်သုံးချင်တဲ့နည်းလမ်းကတော့ အစ္စရေး နည်းလမ်းခင်ဗျ၊ မောင်မိုးသူ ဘာသာပြန်ထားတဲ့စာအုပ် “ အိပ်ဇိုးဒပ်- နိုင်ငံတစ်ခုမွေးဖွားခြင်း ” ( မူရင်း= EXODUS written by Leon Uris , published 1958 ) ထဲကရတဲ့ အစ္စရေးတွေရဲ့ အသက်ရှင်သန်နေထိုင်နိုင်ရေး ( ပတ်ချာလည်ဝိုင်းနေတဲ့ ရန်သူတွေကြားထဲမှာနော် )  လက်တွေ့ဖြေရှင်းအောင်မြင်နေတဲ့နည်းပေါ့ဗျာ၊ နေရာဒေသ […]


Swal Taw YwetDecember 11, 20122min26520
ဆရာသစ်ရေ စာတွေပြန်ရေးလာလို့ကျေးဇူးပါဗျို့။ဆရာသစ်ရဲ့ စာတွေကို တတ်နိုင်သမျှ ကူးယူထားပါတယ်၊ ကျနော်တော့ရွာနဲ့ နဲနဲဝေးနေခဲ့ရလို့ပါ။ (ရှေ့ လျှောက် ပို ဝေးဘို့ တောင် မြင်နေသေး….ဟေး….ဟေး ) ဒီနေ့ ၁၁ ဒီဇင်ဘာ၂၀၁၂ ဆိုရင် အမှတ် ( ၁၁၁/ ၃) ပထမထပ်၊ ရန်ကုန်-အင်းစိန်လမ်းမကြီး။ ဆင်ရေတွင်းမှာ ကျနော်ဖွင့်ထားတဲ့ “စွယ်တော်ရွက်” လျှပ်စစ်လက်တွေ့ လေ့ကျင့်ရေးသင်တန်း လေး သက်တန်း ( ၅ ) လ ပြည့် ပါပြီ။ စီးပွားရေး အရ ရပ်တည်နိုင်စွမ်း မရှိသေးပေမယ့် ဆက်လက်ကြိုးစားသွားအုံးမှာပါ။ ဆရာသစ်တို့ ကျနော်တို့ မြင်ထားခဲ့တာတွေ တကယ်မှန်နေကြောင်း ပြောပါရစေဗျို့။ လက်တွေ့ကျွမ်းကျင်မှုရှိတဲ့ Skillful Technicians/ Engineers တွေ အများကြီးလိုအပ်နေတဲ့ အချိန်ကာလကြီး ဖြစ်လာနေပါပြီ၊ […]


Swal Taw YwetSeptember 26, 20121min3017
ကိုပေါက်ရေ၊ မင်္ဂလာပါ။ ကျနော် စွယ်တော်ရွက်နဲ့ ကို ကြီးမိုက်တို့ရဲ့ ငယ်ဘဝတွေဖြတ်သန်းခဲ့ရတဲ့ အမရပူရ မင်းနေပြည်တော်ဟောင်းအကြောင်း ဓါတ်ပုံမှတ်တမ်းလေး လုပ်ချင်တယ်ဆိုလို့ အမရပူရသားတွေ ကိုယ်စား ကျေးဇူးတင်ပါရစေနော။ ကို ကြီးမိုက်ကတော့ သူ့ငယ်ဘဝကာလတွေအကြောင်း ပို့စ်လေးတွေရေးတင်ပေးခဲ့တာ နာမည်နဲ့လိုက်အောင် မိုက်မှမိုက် ဗျာ။ မျက်ရည်တောင် ဝဲ မိပါရဲ့။ ကျနော် စွယ်တော်ရွက်ကတော့ သုတလေးတွေဘဲရေးပါရစေ၊ ကိုပေါက်စုံစမ်းနေမိတယ်ဆိုတဲ့ အမရပူရ နေပြည်တော်ဟောင်းအကြောင်းပေါ့။ ကျနော့်ကို မွေးဖွားခဲ့တဲ့နေရာဟာ အဲဒီ ပလစ ( ၂ ) တပ်။ တပ်တွင်းသားဖွားခန်းမှာပါခင်ဗျ။ ချက်မြှုပ်တော့မဟုတ်ဘူးပေါ့၊ မြေမမြှုပ်ဘဲ အမေ့ရဲ့ သေတ္တာလေးထဲမှာ အခုထိ သိမ်းထားတုံးမို့လို့ပါ။ ကဲ ကဲ။ ကိုပေါက်အတွက် လက်ဆောင် အမရပူရ နန်းမြို့ဟောင်းအကြောင်းဘဲရေးတော့မယ်။ ကိုပေါက်ရေ။ ရှာရတာလွယ်အောင်နဲ့စာဖတ်သူတွေပါမြင်ယောင်လာအောင် တည်နေရာကစပါ့မယ်။ မန္တလေးနေပြည်တော်ကြီးမတည်ဆောက်မီ […]


Swal Taw YwetSeptember 20, 20122min2559
လျှပ်စစ်သုတ- ၁ ကိုအားပေးကြတဲ့အတွက် ကျေးဇူးအကြီးကြီးတင်ပါတယ်။အခု လျှပ်စစ်သုတ- ၂ အဖြစ်ဆက်ရေးလိုက်ပါပြီနော။ ဝိုင်းပြီးဖြည့်စွက်ပေးကြပါအုံး။ လျှပ်စစ်သုတ- ၁ မှာ  The Best ရေးပေးခဲ့တဲ့ အောက် က မန့်ထားတာလေးကို အခြေပြုပြီး သုတ-၂ ကို ဆက်ပါရစေ။ ( The Best ရေ စုပြီးဆောင်းပြီး အသင့်လုပ်ပေးလိုက်တဲ့ ဇယားလေးကို Print ထုတ်ပြီး ကျနော့် သင်တန်းကျောင်းလေးရဲ့ နံရံ မှာ ကပ်ထားလိုက်ပါပြီနော၊ကျေးကျေးပါ။) the best says: နိုင်ငံအလိုက် သုံးစွဲတဲ့ အိမ်သုံး ဗို့ နဲ့ Frequency တွေ ကို လေ့လာနိုင်ဘို့ အတွက် ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ Region Voltage Frequency Australia 230 […]


Swal Taw YwetSeptember 11, 20122min41333
၆ စက်တင်ဘာ ၂၀၁၂ ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၃၊ အမှတ် (၁၁၀) ပါ ဒေါက်တာဒေါ်မြင့်မြင့်ခင်ရဲ့ “ ပညာဟူသည် မြတ်ရွှေအိုး” ဆိုတဲ့ အခန်းဆက် ဆောင်းပါးထဲမှာ လျှပ်စစ်ဆိုင်ရာ ဗဟုသုတမဲ့မှုကြောင့် မြန်မာနိုင်ငံမှာ ဓါတ်လိုက်လို့ လူတွေသေရတဲ့အကြောင်း ဥပမာပေး High Light လုပ်ထားတာ ဖတ်လိုက်ရတယ်။ စွယ်တော်ရွက် ကိုယ်တိုင်လည်း ဒီလျှပ်စစ်လောကထဲမှာ ကျင်လည်နေရသူ အထူးသဖြင့် သင်ကြားရေးနယ်ပယ်မှာ လှုပ်ရှားနေရသူတစ်ဦးဖြစ်လို့ တာဝန်မကင်းဘူးလို့ ခံစားရလို့ ဒီစာစုလေးတွေ ရေးဖြစ်တာပါ။ ကျနော်တို့ချစ်တဲ့ မန်းဂဇက် ရွာသူရွာသားတွေနဲ့ လာလည်ကြ သူတွေအတွက် ဗဟုသုတအဖြစ် တစ်ခုခုရသွားစေချင်တဲ့စေတနာနဲ့ပါ။ သိပြီးတတ်ပြီးသားသူတွေ ခွင့်လွှတ်ကြပါနော။ လျှပ်စစ်နဲ့ ပါတ်သက်ပြီး ကျနော်နားလည်ထားတာလေးတွေကို အရပ်သားစကားနဲ့ ရိုးရိုးလေး ပြောပြပါရစေ။ ဝိုင်းဝန်းဖြည့်စွက် […]


Swal Taw YwetJuly 7, 20121min17812
စွယ်တော်ရွက် လျှပ်စစ် လက်တွေ့သင်တန်းလေး ဖွင့်တော့မယ်လို့ ရွာထဲကို ဗျိုးဟစ်လိုက်တဲ့အခါ ဝမ်းသာအားရ လက်ခုပ်တီးအားပေးမှုကို ရရှိလိုက်တာနဲ့တင် ရွာသားဖြစ်ရကျိုး နပ်သွားပါပြီဗျာ။ ကိုယ်ဝါသနာပါတဲ့ ၊ အထပ်ထပ်အခါခါ ကျင့်သားရနေခဲ့တဲ့ ကျောင်းဆရာအလုပ်ကို စွန့်လွှတ်ခဲ့ရတဲ့ ၊ လွန်ခဲ့သော (၈) နှစ်ကျော်ကတည်းက မက်ခဲ့ရတဲ့ အိပ်မက်လေးတစ်ခုမို့ပါ။ အခု ကိုယ်ပိုင် သင်တန်းကျောင်းလေး ဖွင့်မယ်ဆိုတော့ Dream become true ပေါ့လေ။ လွယ်လွယ်ကူကူ လျှောက်လှမ်းရမယ့် ခရီးမဟုတ်မှန်း တော့ သိနေပါတယ်။ အခန်းငှားခ တစ်ခုတည်းမှာတင် (၆) လစာအတွက် လျာထားတာက ၆၀၀၀၀၀/- ၊ တကယ်ကုန်သွားတာက ၈၄၀၀၀၀/- လေ။ ဒါပေမယ့် တစ်လှမ်းချင်း လှမ်းရမယ့်အတိုင်း ဆက်လှမ်းသွားပါ့မယ်။ ညံ့လို့မရတော့တဲ့ MG ရွာသားတစ်ယောက်ဖြစ်နေပြီမဟုတ်လား? ရွာသူ၊ ရွာသားတွေရဲ့ […]


Swal Taw YwetJuly 4, 20121min33436
ရွာထဲမှာ ကျနော်လေးစားအားကျရတဲ့ ဆရာသစ်(ကိုသစ်မင်း) တစ်ယောက် ပျောက်ချက်သား ကောင်းနေပေမယ့် သူ့ post လေးတွေရဲ့ အကျိုးဆက်လေးတစ်ခုနဲ့ပါတ်သက်ပြီး ဒီစာစုလေးနဲ့ ရင်ဖွင့်ဖြစ်ခဲ့ပြန်ပါပြီ။ 04 .Feb. 2012. က ဆရာသစ် “ပညာရေးနှင့် အတွေ့အကြုံ – thit min |1701- Hits| ” နဲ့ Idea လေးပေး ထောက်ပြထားခဲ့တယ်ခင်ဗျ။ Vocational Education နဲ့ ပါတ်သက်ပြီးတော့ပေါ့။ ယနေ့မြန်မာနိုင်ငံမှာ လူငယ်အများစုအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေသင်ပေးပြီး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လင်းလာတဲ့အချိန်ကျရင် အဆင်သင့်ဖြစ်နေစေဘို့ပေါ့။ အဲဒီ့တုန်းက ကျနော်က ကျနော့်အိပ်မက်လေးတစ်ခုနဲ့ တူနေခဲ့တာမို့ သင်တန်းလေး တစ်ခုဖွင့်ဖို့ စိတ်ကူးထားကြောင်း ဝင်မန့်ခဲ့မိတယ်။ ဆရာသစ်က ချက်ချင်းလိုလို အားပေးစကားပြော၊ အောင်မြင်မှာပါလို့ စကားဦးသန်း နိမိတ်ဖတ် ပေးခဲ့တာပေါ့ဗျာ။ […]


Swal Taw YwetJune 11, 20125min800
သဝဏ်လွှာ (၄၅) by May Aye Oo on Friday, May 18, 2012 at 8:28am ·    အလှူခံပါရစေ .. ရှင် …. ။   ပညာရေးအလှူ အခမဲ့ဆေးခန်း ပြည် – ပရဟိတကျောင်း ဂန္ဓမာ စက်မှုရပ်ကွက်၊ ပြည်မြို့။ ၂၆-၂ရ မေလ ၂၀၁၂   တြိ ဘုဝနာဒိတျ ဓမ္မရာဇာမည်သော နတ်မင်း (ကျန်စစ်မင်း) သည် စိတ်နှလုံးပူပန်ခြင်းကြောင့် ကျရသော ပြည်သူအပေါင်း၏ မျက်ရည်၊ နှပ်၊ ချွေးတို့ကို ရေနှင့်တူသော ဂရုဏာဖြင့် ဆေးကြောပေးအံ့ ..။ တြိ ဘုဝနာဒိတျ ဓမ္မရာဇာမည်သော နတ်မင်း  သည် ပြည်သူအပေါင်းအား […]


Swal Taw YwetJune 11, 20121min1090
မှတ်စု (၂၁) by May Aye Oo on Tuesday, June 7, 2011 at 8:42am ·     ချစ်သမီးလေး… သို့ …    သမီးလေး.. ရေ.. မနေ့က သမီးလေးနဲ့ ခဏလေးရယ်.. တွေ့ရတာ..။ သမီးလေးရင်ထဲက ခံစားချက်ကလေးတွေကို … လိုက်ပြီး ခံစားကြည့်.. တွေးကြည့်မိတယ်…။ သမီးလေးက… တကယ်တော့… ကလေး.. လေး.. ပါကွယ်..။ သိပ်ချစ်ဖို့ ကောင်းတဲ့ ကလေး လေးပေါ့…။   ဒီစာကို ဖတ်တဲ့ အခါမှာ… သမီးလေးက… ဒီလိုစဉ်းစားလိုက် …   သမီးလေးကို ရင်ခွင်ထဲမှာ.. ထားပြီး.၊ သမီးလေးရဲ့ ဆံပင်လေးတွေကို သပ်ပေးပြီး…၊ […]


Swal Taw YwetMay 25, 20121min18515
တကယ့်လုပ်ငန်းခွင်ထဲမှာ ဘယ်လိုရပ်တည် လှုပ်ရှားနေရတယ်ဆိုတာ မြန်မာ့ လျှပ်စစ်ဓါတ်အားလုပ်ငန်း (MEPE) မှာ ကိုယ်တိုင်မလုပ်ဖူးခဲ့လို့ တိတိကျကျ မပြောနိုင်ပေမယ့် အဲဒီ့အသိုင်းအဝိုင်းနဲ့ အဝေးကြီးမှာ ရှိမနေခဲ့တာရော၊ ကျောင်းမှာ သင်ခဲ့ရသမျှနဲ့ ကိုယ်တိုင် စပ်စပ် စပ်စပ် လေ့လာထားခဲ့တာလေးတွေပေါင်းပြီး ဒီစာစုကို ပြုစုဖြစ်ပါတယ်။ ကဲ.. စပြီးဆွေးနွေးပါရစေတော့  ထုတ်လုပ်မှုနဲ့ သုံးစွဲမှုကြားထဲက ကွာဟနေချက် ဗဝတ (ဖေါင်ကြီး) သင်တန်းတက်တုန်း မြန်မာနိုင်ငံတော် အစိုးရက ထုတ်ပြန်တဲ့ ရသုံးမှန်းခြေ ငွေစာရင်းစာအုပ် (၁၉၉ဝ မတိုင်မီကထုတ်ခဲ့တာ) ကို လေ့လာခွင့်ရခဲ့ပါတယ်။ အဲဒီ့မှာ လျှပ်စစ် စွမ်းအင်နဲ့ ပတ်သက်ပြီး အံ့ဩစရာ တွေ့ခဲ့ရတာက လျှပ်စစ်ဓါတ်အား ပျောက်ဆုံးမှု ပမာဏပါ။ ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ပမာဏရဲ့ ၃၀% နီးပါး ပိုက်ဆံပြန်မရခဲ့ပါ။ ပျောက်ဆုံးသွား ပါတယ်တဲ့။ တစ်နည်းအားဖြင့် […]


Swal Taw YwetMay 3, 20121min661
သဝဏ်လွှာ (၄၃) by May Aye Oo on Thursday, May 3, 2012 at 9:08am ·  ဉာဏ်ပညာနည်းတဲ့သူဟာ ကိုယ့်ကျိုးကို ဦးစားပေးတယ်..။ ဉာဏ်ပညာကြီးတဲ့သူဟာ အများအကျိုးကို ဦးစားပေးတယ်..။ (ဆရာတော် ဦးဇောတိက) ပြင်ဦးလွင် မှာ  လှူကြအုံးစို့ .. .. .. .. နော် .. .. ။ “ရွှေစင်မင်း သီလရှင် အမျိုးသမီး ပရဟိတ ပညာရေးကျောင်း” ပြင်ဦးလွင်မြို့   ကျမ လယ်ဘဲ့မှာ သင်တန်းနဲ့ ဆေးခန်း (၂၇-၃ဝ ဧပြီ) ဖွင့်နေတုံး ၂၉-ဧပြီ မနက်မှာ မေမြို့ ရွှေစင်မင်း သီလရှင် ပရဟိတ က ဆရာလေးဆီက […]


Swal Taw YwetMay 2, 20123min450
ပွင့်သောပန်းတိုင်းလန်းစေချင် (၃၃) by May Aye Oo on Wednesday, May 2, 2012 at 1:24pm ·  စွမ်းနိုင်ခဲ့လို့ရှိရင် မိမိအကျိုး၊ သူတစ်ပါးအကျိုး နှစ်မျိုးစလုံးကျင့်ပါ ပထမတန်းစားပုဂိ္ဂုလ်။ (ညောင်တုန်းမြို့၊ အဂ္ဂမဟာပဏ္ဍိတ ရွှေဟင်္သာတောရ ဆရာတော်ကြီး ဘဒ္ဒန္တဝိမလ)   ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂ အခမဲ့ဆေးခန်း နှင့် ညနေခင်း အင်္ဂလိပ်စာသင်တန်း ၂ရ – ၃ဝ ဧပြီလ ၂၀၁၂ လယ်ဘဲ့ကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။   ဧပြီ ၂၃ ရက် က မှ ရေဦး ကနေပြန်ရောက်ပါတယ်..။ ရုံးပြန်တက်ရသေးသကိုး..။ ပြီးတော့ ထုံးစံအတိုင်း ၂၆ ရက်နေ့ည မှာ ပစ္စည်းတွေ အပြီး […]