Swal Taw YwetMay 2, 20121min590
သဝဏ်လွှာ (၄၂) by May Aye Oo on Wednesday, May 2, 2012 at 4:40am ·    တစ်ဦးတစ်ယောက်ဟာ သီလ သမာဓိ ပညာကို လက်တွေ့ အကျိုးရဖို့ ကျင့်သုံးတယ်ဆိုရင် ယောက်ျားးပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် အဲဒီလူဟာ ဗုဒ္ဓဘာသာပဲ။ သီလ သမာဓိ ပညာကို မကျင့်သုံးတဲ့ ဗုဒ္ဓဘာသာဝင် ဆိုရင်တော့ သူတို့အတွက် စိတ်မကောင်းပါဘူး။ (ဆရာကြီး ဦးဘခင်)   ယဉ်ကျေးလိမ္မာသင်တန်း ၄၆/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း ၅ – ရ မေလ ၂၀၁၂ အနောက်ကြို့ကုန်းကျေးရွာ၊ ပေါက်ခေါင်းမြို့နယ် ၊ ပဲခူးတိုင်းဒေသကြီး။ တစ်ကယ်တော့ ကျမက ၅-ရ မေလ […]


Swal Taw YwetApril 27, 20123min1142
ပွင့်သောပန်းတိုင်းလန်းစေချင် (၃၁) by May Aye Oo on Wednesday, April 25, 2012 at 4:51am ·  ဘဝဆိုတာ ဖယောင်းတိုင်လေးလိုပဲ.. မကြာခင်မှာ ငြိမ်းသွားမှာ..။ ကိုယ့်ပတ်ဝန်းကျင်ကို အလင်းရောင်ပေးပါ..။ ပတ်ဝန်းကျင်ကိုတော့ လောင်မြှိုက်မပစ်ပါနဲ့။ ငြိမ်းသွားရင်လဲ အနွေးဓါတ်လေးကျန်နေအောင်ပြင်ဆင်ထားခဲ့ပါ..။ အရှင် ဧသက     ယဉ်ကျေးလိမ္မာသင်တန်း ၄၃/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း မြောင်ရင်းရွာ၊ ထုံးဘို၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး။ ၅ – ၉ ဧပြီလ-၂၀၁၂  မြောင်ရင်းရွာ၊ ထုံးဘိုမှာ ကျမတို့ရဲ့ ယဉ်ကျေးလိမ္မာ သင်တန်းက တတိယအကြိမ် ဖြစ်သွားပါပြီ။ ဒီတစ်ခေါက်မှာတော့ ပုညကြိယ ဝတ္တု ၁ဝပါး ယှဉ်ပြိုင်ခြင်း၏နိဂုံး (သီတဂူ ကမာ္ဘဗုဒ္ဓတက္ကသိုလ် […]


Swal Taw YwetApril 27, 20123min1276
ပွင့်သောပန်းတိုင်းလန်းစေချင် (၃၂) by May Aye Oo on Tuesday, April 24, 2012 at 4:47am ·  လူ့အဆင့်အတန်းကို မြင့်အောင်လုပ်မလား?  ကိုယ်ကျင့်တရားကို မြင့်အောင် လုပ်မလား?  ကိုယ်ကျင့်တရားကို မြင့်အောင် လုပ်ပြီး လူ့အဆင့်အတန်းကို မြင့်အောင်လုပ်မယ်။   ယဉ်ကျေးလိမ္မာသင်တန်း ၄၄/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း မင်္ဂလာရာမ ပရိယတ္တိစာသင်တိုက်၊ ရေဦးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ ၁ရ – ၂ဝ ဧပြီလ-၂၀၁၂  ဧပြီ ၁၆ ရက် သင်္ကြန် အတက်နေ့မှာတော့ မနက်စောစော ၆ နာရီ ရထားနဲ့ မန္တလေး ကို ထွက်ခွာခဲ့ပါတယ်..။ သင်္ကြန်ရက် ရထားစီးရတာ.. မတတ်သာလို့ စီးရတာပါ..။ အရမ်း .. […]


Swal Taw YwetApril 23, 20121min783
သဝဏ်လွှာ (၄၁) by May Aye Oo on Monday, April 23, 2012 at 5:12am ·   “ငါတို့ကို တိုင်းပြည်နှင့်သာသနာက လေးစားတယ်ဆိုတာ အများအကျိုးပြုလုပ်ငန်းတွေကြောင့်ပဲ၊ ငါကတော့ သာသနာ့ကျေးကျွန်အဖြစ်ခံယူပါရစေလို့ .. ၊  ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့်တွေကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာအတွက် အနစ်နာခံတဲ့စိတ်၊ စွန့်လွှတ်တဲ့စိတ်နှင့် အလုပ်လုပ်စေချင်တယ်” သီတဂူဆရာတော် ကြီး ယဉ်ကျေးလိမ္မာသင်တန်း ၄၅/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း ၂ရ – ၃ဝ ဧပြီလ ၂၀၁၂ လယ်ဘဲ့ကျေးရွာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး။   လယ်ဘဲ့ကျေးရွာဟာ၊ ပြည်ခရိုင်၊ ပဲခူးတိုင်းဒေသကြီးမှာ ရှိပါတယ်..။ မြန်မာနိုင်ငံ အလယ်ပိုင်းကျတာမို့ မိုးရှားတဲ့ အရပ်ပါ..။ […]


Swal Taw YwetApril 19, 20123min1212
မှတ်စု (၃၄) by May Aye Oo on Thursday, March 8, 2012 at 8:41am ·   မစွန့်လွတ်နိုင်တဲ့သူဟာ ဘယ်သောအခါမှ အထွဋ်အထိပ်သို့ မရောက်နိုင်ဘူးဆိုတာ ငါ့တပည့်တို့ မှတ်ထားကြ..။ မိမိခန္ဓာကိုယ်ရဲ့ သက်သာမှုကို သူတပါးအတွက် စွန့်လွှတ် နိုင်ရမယ်..။ ကိုယ်ပိုင်ပစ္စည်းကိုလည်း သူတပါးတို့အတွက် စွန့်လွှတ် နိုင်ရမယ်..။ ငါကတော့ အသီးတွေ ဝေနေတဲ့ သစ်ပင်ကြီးလို စွမ်းနိုင်သမျှကျင့်မယ်..။ သီတဂူဆရာတော် အရှင်ဉာဏိဿရ   ယဉ်ကျေးလိမ္မာသင်တန်း ၄၁/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း။ ၂ – ၅ မတ်လ၊ ၂၀၁၂ ပုသိမ်ကျောင်း၊ ကျုံကဒွန်းရွာ၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။ ၂ ရက်နေ့မနက်မှာတော့ စိုင်းစိုင်းရဲ့ […]


Swal Taw YwetApril 19, 20123min730
သဝဏ်လွှာ (၃၈) by May Aye Oo on Monday, March 12, 2012 at 8:50am ·   အတတ်ပညာ၏ အညစ်အကြေးကား မလေ့လာခြင်းတည်း..။ ဗုဒ္ဓ၊ ဓံဌ၂။   စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။ ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။ မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။ (ဆာဖရန်စစ်ဘေကွန်)   စာကြည့်တိုက် ထူထောင်ပေးရန် အလှူခံခြင်း။ ပုသိမ်ကျောင်း၊ ကျုံကဒွန်းရွာ၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။ ပြီးခဲ့တဲ့ တစ်ပါတ်က ဖျာပုံမြို့နယ်၊ ကျုံကဒွန်းရွာမှာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တော့ ပုသိမ်ကျောင်းဆရာတော် က စာကြည့်တိုက် အတွက် ကူညီပေးဖို့မိန့်ပါတယ်..။ ပုသိမ်ကျောင်း ကျောင်းဝင်းထဲမှာ စာကြည့်တိုက်လုပ်ဖို့ အဆောက်အဦက အရံသင့်ရှိပါတယ်..။ ဆရာတော်က […]


Swal Taw YwetApril 9, 20123min853
သဝဏ်လွှာ (၃၉) by May Aye Oo on Wednesday, March 14, 2012 at 8:43am · “သနားခြင်းဟူသည်မှာ အလွယ်ကူဆုံး အလုပ်တစ်ခုဖြစ်ပြီး တာဝန်ယုူခြင်းဟူသည်ကား အလွန်ခက်ခဲသော အလုပ်တစ်ခုဖြစ်သည်။” ~ ဘဝအိပ်မက် ပန်းအိပ်မက် / မစန္ဒာ ~   History / Preparation period for the — ယဉ်ကျေးလိမ္မာသင်တန်း ၄၂/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း ၂၄ – ၂ရ မတ်လ၊ ၂၀၁၂ လယ်ပြင်တောရကျောင်း၊ အင်းလေးမြိုင်ရပ်ကွက်၊ မြိတ်တောင်ကျေးရွာ၊ မြိတ်မြို့နယ်၊ တနသာင်္ရီတိုင်းဒေသကြီး။   ၂၀၁၁ အကုန်၊ ၂၀၁၂ အဆန်းလောက်က ကျမ […]


Swal Taw YwetApril 6, 20122min1807
မှတ်စု (၃၅) by May Aye Oo on Monday, March 19, 2012 at 9:15am ·   “စိတ်ညစ်ဖို့ ပြောတာမဟုတ်ဘူး၊ အိုရမယ်ဆိုတာ သိလို့ရှိရင် မအိုခင် တို့တွေ ဘာလုပ်မလဲ…၊ ဟော.. ပြင်ဖို့ ဆင်ဖို့ အချိန်တွေမရဘူးလား၊ ပြင်ဖို့ဆင်ဖို့ အချိန်တွေရလာတယ်၊ ကုသိုလ်ကောင်းမှုတွေ များများ ကြိုးစားလုပ်လာတယ်။”   “အိုမယ်ဆိုတာ သိတယ်၊ နာမယ်ဆိုတာ သိတယ်၊ သေမယ်ဆိုတာ သိတယ်၊ မအိုခင်၊ မနာခင်၊ မသေခင်၊ ကောင်းမှုကုသိုလ်တွေ များများလုပ်မယ်ဆိုတဲ့ ဒီအသိဝင်ဖို့အတွက် ဆင်ခြင်စဉ်းစားရတာ၊ အဲ့ဒါဟာ တရားရဲ့ ကျေးဇူးပဲ၊ ဆင်ခြင်စဉ်းစားလိုက်သဖြင့် အိုမယ်ဆိုတာ သိနေသည့်အတွက်ကြောင့် အိုလာတဲ့အခါ အော် ငါစဉ်းစားထားတာ၊ အိုတယ်ဆိုတာ […]


Swal Taw YwetApril 3, 20123min955
ပွင့်သောပန်းတိုင်းလန်းစေချင် (၃၀) by May Aye Oo on Monday, April 2, 2012 at 9:11am ·   မကောင်းမှုကို ရှောင်နိုင်ဖို့ သတိမြဲစွာနဲ့ မကေင်းမှုကို ရှောင်ကြဉ်နိုင်ဖို့ဆိုတာဟာ ကောင်းမြတ်တဲ့ အဆုံးအမကို ခံယူခွင့်လည်းရှိရပါတယ်။ အရှင်ဝိမလဝံသ( နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)   ၃၁-မတ်လ-၂၀၁၂ ကျန်းမာရေးအလှူ နှင့် ပညာရေးအလှူ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း။ လဲလူရွာ၊ ထုံးတောင်အုပ်စု၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူတိုင်းအနောက်ခြမ်း၊ နလန်တောင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူတိုင်းအနောက်ခြမ်း၊   ၃ဝ ရက်နေ့ သောကြာနေ့ ရုံးအဆင်းမှာ အဝေးပြေးဂိတ်ကို တန်းသွားနိုင်အောင် ကြာသပတေးနေ့ ည ကတည်းက အထုပ်အပိုးတွေ အဆင်သင့်ပြင်ထားပြီး၊ ရုံးကို တခါတည်း သယ်သွားရပါတယ်..။ […]


Swal Taw YwetMarch 30, 20122min1115
သဝဏ်လွှာ (၄၀)  by May Aye Oo on Wednesday, March 21, 2012 at 4:56am ·  သင် ဒီနေ့ကောင်းမှုတွေပြုလုပ်တာကို လူတွေက မနက်ဖြန် မေ့ပစ်ချင် မေ့ပစ်ကြလိမ့်မယ်။ ဘယ်လိုပဲဖြစ်စေ ….. ကောင်းတာကိုပဲဆက်လုပ်ပါ။ လောကကြီးကို သင် အပေးနိုင်ဆုံးအကောင်းဆုံးတွေ ပေးဝေလိုက်ပါ။   ၃၁-မတ်လ-၂၀၁၂ ပညာရေးအလှူ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း။ လဲလူရွာ၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူတိုင်းအနောက်ခြမ်း၊   ကျန်းမာရေးအလှူ နလန်တောင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူတိုင်းအနောက်ခြမ်း၊ ပြီးခဲ့တဲ့လက ..  ပေါက်ခေါင်းမြို့နယ်က နလန်တောင်ကိုယ်ထူကိုယ်ထကျောင်းကလေးကို စာသင်ဆောင်၊ အိမ်သာ၊ ဘီဒို၊ စားပွဲ၊ ကုလားထိုင်တွေ လှူကြတာ မှတ်မိကြမှာပါနော်..။ စာသင်ဆောင်ကလေးက ဒီလ (မတ်လ) အကုန်လောက်မှာ […]