Swal Taw YwetMarch 30, 20123min1002
ပွင့်သောပန်းတိုင်းလန်းစေချင် (၂၉) by May Aye Oo on Friday, March 30, 2012 at 4:45am · တာဝန်သိခြင်းသည် ကိုယ်ကျင့်ကောင်းခြင်း၊ တာဝန်ယူဝံ့ခြင်းသည် သတ္တိကောင်းခြင်း၊ တာဝန်ဆောင်နိုင်ခြင်းသည် စွမ်းရည်ကောင်းခြင်း။ ဆရာဦးအောင်သင်း   ယဉ်ကျေးလိမ္မာသင်တန်း ၄၂/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း။ ၂၄ – ၂ရ မတ်လ၊ ၂၀၁၂ အုန်းတော မူလွန်ကျောင်း၊ မြိတ်မြို့နယ်၊ တနသာင်္ရီတိုင်းဒေသကြီး။   မြိတ်မြို့မှာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်မယ်.. ဆိုတော့ ကျမရဲ့ volunteer တစ်ဦးဖြစ်တဲ့ ဒေါက်တာဇော် (မြိတ်သား) က မြိတ်မြို့ရဲ့ အခြေအနေနဲ့ မြို့က ကလေးတွေအတွက်.. လိုအပ်ချက်ကိုပြောပြပါတယ်..။ ကျမတို့ကလဲ မြို့တစ်မြို့၊ ရွာတစ်ရွာကိုသွားမယ်.. ဆိုရင်.. […]


Swal Taw YwetMarch 29, 20122min1213
………ရေ 2000 notes တွေ မတင်ဖြစ်တော့တာက ကိုးနတ်ရှင် မကောင်းတာကစတာပါပဲ။ facebook ဖွင့်လို့မရတာ လနဲ့ချီကြာခဲ့တယ်။ဖွင့်ရတဲ့ အခါ MGကိုတစ်ပြိုင်တည်းမရပြန်ဘူး။ နောက်ပြီး တင်ရင်လည်း ဓာတ်ပုံလေးတွေ ကောင်းနိုးရာရာပါတင်ချင်တော့ အချိန်ပိုပေးရတယ်။ ကျွန်မကိုယ်ပိုင်စာတွေက word ထဲမှာ save ပြီး အခွင့်သာမှ တင်ရတာလေ။ MG ကများသောအားဖြင့် ဂျီမေး မကောင်းရင်တောင်ရနေတတ်တယ်။သဂျီးဘယ်လိုများလုပ်ထားလဲမသိပေါင်။ အဲဒီတော့ ဒီတာဝန်ကို ………..ထမ်းရင် ဝမ်းမြောက်ဝမ်းသာလွှဲပေးမှာပေါ့။ ကျောက်ကွင်းမှာ ကျောင်းမနေနိုင်တော့တဲ့ကလေးတွေကို အားပေးတဲ့camp လေးအကြောင်း(ယဉ်ကျေးလိမ္မာ မဟုတ်ဘူးလေ၊ဒါမျိုးလေးတွေလည်း လုပ်ပေးနေကြောင်းသိစေချင်တာ) တင်ပေးချင်တာ ဘယ်လိုမှမရခဲ့ဘူး။ ကြာသွားတော့လည်း mood မရှိတော့ဘူးပေါ့။ လောလောဆယ် မေအေးဦးက မြိတ်ကိုရောက်နေတယ်။၂၈ ရက်နေ့မှရောက်မယ်။သူသိရင်လည်း ခွင့်ပြုမှာပါ။ ခင်မင်စွာဖြင့် ပဒုမ္မာ Dear ………., It’s good if […]


Swal Taw YwetMarch 29, 20122min1164
………ရေ 2000 notes တွေ မတင်ဖြစ်တော့တာက ကိုးနတ်ရှင် မကောင်းတာကစတာပါပဲ။ facebook ဖွင့်လို့မရတာ လနဲ့ချီကြာခဲ့တယ်။ဖွင့်ရတဲ့ အခါ MGကိုတစ်ပြိုင်တည်းမရပြန်ဘူး။ နောက်ပြီး တင်ရင်လည်း ဓာတ်ပုံလေးတွေ ကောင်းနိုးရာရာပါတင်ချင်တော့ အချိန်ပိုပေးရတယ်။ ကျွန်မကိုယ်ပိုင်စာတွေက word ထဲမှာ save ပြီး အခွင့်သာမှ တင်ရတာလေ။ MG ကများသောအားဖြင့် ဂျီမေး မကောင်းရင်တောင်ရနေတတ်တယ်။သဂျီးဘယ်လိုများလုပ်ထားလဲမသိပေါင်။ အဲဒီတော့ ဒီတာဝန်ကို ………..ထမ်းရင် ဝမ်းမြောက်ဝမ်းသာလွှဲပေးမှာပေါ့။ ကျောက်ကွင်းမှာ ကျောင်းမနေနိုင်တော့တဲ့ကလေးတွေကို အားပေးတဲ့camp လေးအကြောင်း(ယဉ်ကျေးလိမ္မာ မဟုတ်ဘူးလေ၊ဒါမျိုးလေးတွေလည်း လုပ်ပေးနေကြောင်းသိစေချင်တာ) တင်ပေးချင်တာ ဘယ်လိုမှမရခဲ့ဘူး။ ကြာသွားတော့လည်း mood မရှိတော့ဘူးပေါ့။ လောလောဆယ် မေအေးဦးက မြိတ်ကိုရောက်နေတယ်။၂၈ ရက်နေ့မှရောက်မယ်။သူသိရင်လည်း ခွင့်ပြုမှာပါ။ ခင်မင်စွာဖြင့် ပဒုမ္မာ Dear ………., It’s good if […]


Swal Taw YwetMarch 15, 20121min31824
ဒီပို့စ်လေးဟာ ကျနော့်ရဲ့ ဆယ်ပုဒ်မြောက် ပို့စ်လေးပါ။ စာဖတ်သူအဖြစ်သာ ပြန်ဆင်းနေတော့မှာမို့ ကြိုတင်လက်ပြ နှုတ်ဆက်တာပါနော… မန္တလေးဂေဇက်ရွာကြီးမှာ ရင်ဘတ်နဲ့ရေး၊ ရင်ဘတ်နဲ့ ဖတ်ကြတဲ့ တန်ဖိုးရှိတဲ့ ပို့စ်တွေ Comment တွေဖတ်ရင်းက ရင်ချင်းငြိပြီး မန္တလေးသားကျနော် ဝင်ရေးဖြစ်ခဲ့တာပါခင်ဗျ။ ရွာသားပေါ့လေ.. ဒါပေမယ့် ရွာထဲမှာ မျက်နှာပူစရာ လေထိုးလေလျော်သမားတွေကို တွေ့တွေ့နေရတော့ ရွာ့ကိုယ်စား ရင်နာမိလို့ ဒီနှုတ်ဆက်စာစုလေး ရေးဖြစ်သွားတာပါ။ ကျနော် ပို့စ်တစ်ခုကို ဒီလိုခေါင်းစဉ်တပ်မယ်ဗျာ..   “ဒေါ်အောင်ဆန်းစုကြည်အိပ်မက်” (Hot Item မို့ လူတိုင်းလိုလို ဝင်ဖတ်ကြမှာသေချာတယ်) စာသားကို ဒီလိုလေးဘဲ ရေးပေးမယ်…   အောင်မလေးဗျ (ဂျပိုးကိုက်တယ်) ဆန်းစသော်တာ (လဆန်းရက်) စု မြင်လိုက်ရ (?) ကြည်နူးစရာ (?) အိပ်မပျော်တဲ့ည (ကော်ဖီခါးခါးသောက်ထားလို့) မက်မက်စက်စက်ကို […]


Swal Taw YwetMarch 9, 20128min61152
ဒီရက်ထဲမှာ ဟိုးတုန်းက ဖတ်ထားခဲ့ဘူးတဲ့ ကဗျာတို စာစလေးတွေ ခဏခဏ ပြန်ပြန် ပေါ်နေတယ်။ ဒီစာစုလေးခေါင်းစဉ်က “ကဗျာဝိုင်း၊ စာဝိုင်းနှင့် ကျနော်” လို့ ထင်နေတယ်။ သတိရနေတဲ့ စာသားလေးတွေက ဒီလို…. “ဤသို့ဖြင့် အမှန်တရားသည် ပုန်းကွယ်ရာမှ ရှေ့သို့ထွက်လာသည်။  အိပ်နေရာမှ နိုးထလာသည်။ နိုးထရာမှ ထင်ရှားလာသည်။ ထင်ရှားရာမှ ပျံတက်လာလေတော့သည်။  ဤကား ဤစကားဝိုင်းလေး၏ အနှစ်သာရပင်တည်း ”   အခုလည်း ဝင်ငွေခွန်ကိစ္စနဲ့ ပတ်သက်ပြီး ကိုကြီးမိုက်နဲ့ ကျနော် ဆွေးနွေးတဲ့နေရာမှာ တခြားသူတွေရဲ့ အတွေ့အကြုံတွေ၊ မတူနိုင်တဲ့ ရှုထောင့်အမြင်တွေ စုပေါင်းပြီး ကောင်းသထက်ကောင်းတဲ့ အဖြေတစ်ခု ရလာစေချင်လို့ ဆရာသစ်မရှိတုန်း ကြားဖြတ် ဆီမီနာလေးအသွင် ဖန်တီးကြည့်ချင်ပါတယ် ဗျို့ …. ဝိုင်းကြပါဦးနော… အစပျိုးပုံလေးက စပါမယ်။ […]


Swal Taw YwetMarch 5, 20123min28725
ဒီရက်ပိုင်း ကဗျာလေးတစ်ပုဒ်ကို သတိရနေမိတယ် တစ်ပိုင်းတစ်စ စီဘဲမှတ်မိတော့တယ် ဒီလိုလေးတွေပါတယ် …….. – အုန်းထန်းပေလက် တမာရွက်တို့ ငွေစက်ငွေပြောက် ငွေရည်သောက်၏ – တရံတခါ လေအလာတွင် ရွာဝင်ပေါင်းကူးတံတားဦးမှ ဆိပ်ဖလူးနံ့ ရွာလုံးပျံ့၏   – သူကြီးအိမ်မြောက် ရွာသားဆောက်သည့် ကွန်းထောက်ခိုရာ ကွပ်ပျစ်သာဝယ် ရွာမှသက်ကြား ရွယ်အိုများတို့ စကားဆိုမြည် ဝိုင်းကြီးစည်၏   ရှမ်းပြည်မြေပဲ ထန်းလျှက်ခဲနှင့်?? ………………????   ဤနေရာကား ရွာ၏အရေး ရှေ့နောက်တွေး၍ ဆွေးနွေးကြရာ ဘုံရိပ်သာတည့်။   အစပိုင်း        –ကျန်နေအုံးမယ်……………….. အလယ်ပိုင်း   –လိုနေသေးတယ်…………… အဆုံးသတ်    –မမှတ်မိတော့ပါ။   အခုဂေဇက်မှာတင်လိုက်ပြီဆိုတော့ ရွာသူရွာသားတွေ ဝိုင်းဝန်းဖြည့်ဆည်းပေးလိုက်ရင် တစ်ပုဒ်လုံး အပြည့်ပြန် မြင်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ မန […]


Swal Taw YwetFebruary 29, 20121min1769
ဒီစာစုလေးက ကျနော် Feb 13 မှာ တင်ထားခဲ့တဲ့ post ရဲ့နောက်ဆက်တွဲပါ။ အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို  ထောင်ချထားတယ်လို့ ခံစားနေရလို့ အကူအညီတောင်းခဲ့တဲ့ post လေးပါ။ နဲနဲလေး  ပြန်ကောက်ပေးပါဦးမယ်။ ……………………………… အာဇာနည် ဗိမ္မာန်မှာ အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ထောင်ချထားတယ်လို့များ မမြင်မိကြဘူးလားဟင်? တနှစ်လုံးမှာ တစ်ရက်တည်း အဲဒီ့တစ်ရက်တည်းမှာတောင် နာရီအကန့်အသတ်နဲ့ ထောင်ဝင်စာ တွေ့ခွင့်ပေးနေတယ်လို့ မခံစားရဘူးလား?  ကျနော်တော့ အဲဒီ့လိုပဲ ခံစားမိတယ်ဗျာ။ ……………………………. ဘက်စုံ ချွတ်ခြုံ ကျနေတဲ့ တိုင်းပြည်တစ်ပြည်ကို လမ်းကြောင်းပြောင်း ပြန်လည်တည်ဆောက်ယူရာမှာ အရေးကြီးဆုံး လိုအပ်တာက “  စိတ်ဓါတ် ” ပါ။ ကျနော်မြင်နေတဲ့ ကိုးကွယ်ရာကတော့ “အောင်ဆန်ုးစိတ်ဓါတ် ” ပါပဲ။ ငွေစက္ကူတွေမှာ […]


Swal Taw YwetFebruary 23, 20121min25422
အမိမြေကနေ မိုင်ပေါင်းထောင်ချီဝေးတဲ့ သဲကန္တာရရောက် မြန်မာတစ်ယောက်အနေနဲ့ MG ဟာစိတ်အပန်းဖြေစရာ ထွက်ပေါက်တစ်ခုပါ။ -Online ကနေတဆင့် ဘဝအမောတွေ ပြေနိုင်စေတဲ့နေရာ -အမိမြေရဲ ့ အနာဂါတ်အတွက် ကြိုမြင်လို့ စိတ်ပူနေရတဲ့သူတွေ စုဝေးခေါင်းစားနေကြတဲ့နေရာ -သုတတွေ ဖလှယ်နိုင်တဲ့နေရာ -အမြင်တွေညှိကြတဲ့နေရာ -စိတ်ခွန်အားတွေ (အနည်းဆုံး “ ကျ ” မသွားအောင်) ထိန်းပေးနေတဲ့နေရာလေးတစ်ခုပါ။ အဲဒီ့တော့ တာဝန်ချိန်ပြီးလို့ အဆောင်ပြန်ရောက်တာနဲ့ ရွာထဲဝင် လည်ပတ်မိတော့တာပါဘဲ။ အရင်က ကစားခဲ့တဲ့ face book က farm ville လေးတောင်မျက်နှာငယ်နေရောပေါ့။ (အပင်လေးတွေ မခူးမိတာတောင်ကြာနေပြီ) ဖတ်ပါများတော့ ဝင်ရေးချင်မိ  လာတယ်။ မြန်မာလို မရိုက်တတ်သေးတော့ ဖြတ်လမ်းသုံးရတယ်။ စာရွက်ပေါ်ချရေး၊ scan လုပ်ပြီး e-mail နဲ့ မြန်မာပြည်က သူငယ်ချင်းဆီကိုပို့ […]


Swal Taw YwetFebruary 13, 20121min19015
ရာသီစာလို ပေါ်ပင်လိုက်ပြီးရေးဖြစ်တာ မဟုတ်ပါဘူး။ ရင်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနာကျင်နေတာတော့ ကြာလှပါပြီ။ အခု မသဲနုအေးတင်ပေးနေတဲ့ အဖ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလေးတွေကြောင့်ရော MG မှာကိုယ့်အတွေးလေးတွေ လွတ်လွတ် လပ်လပ် ရင်ဖွင့်ဆွေးနွေးခွင့်ပေးထားလို့ရော တင်ပြမိခြင်းပါ။ ရွာသူရွာသားအပေါင်းရဲ့ ရင်ထဲမှာလဲ ကိုယ့်လိုပဲ ခံစားနေလိမ့်မယ်လို့ ယုံကြည်လို့ ရင်ညှိကြည့်ခြင်းပါဗျာ။ အာဇာနည် ဗိမ္မာန်မှာ အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ထောင်ချထားတယ်လို့များ မမြင်မိကြဘူးလားဟင်? တနှစ်လုံးမှာ တစ်ရက်တည်း အဲဒီ့တစ်ရက်တည်းမှာတောင် နာရီအကန့်အသတ်နဲ့ ထောင်ဝင်စာ တွေ့ခွင့်ပေးနေတယ်လို့ မခံစားရဘူးလား?  ကျနော်တော့ အဲဒီ့လိုပဲ ခံစားမိတယ်ဗျာ။ ကျနော် နောက်ဆုံးတစ်ခေါက် ( 19.7.2005 ) ရောက်ခဲ့တုန်းက အဝတ်အစားမှအပ ဘာမှအထဲမယူရ၊ ဘောပင်၊ စာရွက်၊ လက်ပတ်နာရီ၊ သော့တွဲ၊ မျက်မှန်၊ ဦးထုပ်၊ […]


Swal Taw YwetFebruary 6, 20122min1117
မုံရွာ G.T.I မှာပညာသင်ခဲ့တုန်းက စာတင်မက စိတ်ကိုပါသင်ပေးဘို့ကြိုးစားခဲ့တဲ့ ဆရာတစ်ယောက်ဆီမှာ ပညာဆည်းပူးခွင့် ရခဲ့ပါတယ်။ စာသင်ခန်းထဲမှာ သက်ဆိုင်ရာ သင်ခန်းစာတွေကို သင်ပေးတဲ့အပြင် ပြင်ပလောကရောက်ရင် ရင်ဆိုင်နိုင်ဘို့အတွက်ပါ ကြို “ပြင်” ပေးလိုက်ခဲ့တာပါ။  ယနေ့အချိန်အထိလည်း အတတ်နိုင်ဆုံး လိုက်နာနိုင်အောင် ကြိုးစားနေရဆဲပါ။ ဆရာ့ရဲ့ သင်ပြမှုတွေဟာ ဘယ်နေရာမှာမဆို အသုံးချနိုင်တာမို့ ဂေဇက်မှာ ပြန်မျှဝေကြည့်ပါရစေ။ (၁) ၂၁ ရာစုရဲ့ စိန်ခေါ်သံ Y2K ခေတ်စားတဲ့ သက္ကရာဇ် ၂၀၀ဝ ဝန်းကျင်ဆိုတော့ ၂၁ ရာစုအဝင်ဆိုတဲ့ကာလပေါ့။ အဲဒီ့အချိန်တုန်းက ဆရာပြောခဲ့တဲ့ ၂၁ ရာစုရဲ့စိန်ခေါ်သံဆိုတာ “အကောင်းဆုံးတွေသာ တင်ကျန်ရစ်မည်” ဆိုတဲ့ ညံ့တဲ့သူတွေအတွက် နေရာမရှိကြောင်းကြိုတင်သတိပေးချက်ပါ။ “သင်အကောင်းဆုံးဖြစ်အောင်သာ ကြိုးစားထားပါ၊ နဲနဲညံ့လိုက်တာနဲ့ သင့်ထက်ပိုသာတဲ့လူက ကျော်တက်သွားပါလိမ့်မယ်”တဲ့ (၂) ဟန်ပြသက်သက်မဖြစ်စေနဲ့ ကမ္ဘာကျော် […]


Swal Taw YwetJanuary 29, 20121min24420
27 ရက်နေ့မနက် မန္တလေးဂေဇတ် ကိုဖွင့်လိုက်တာနဲ့ အင်္ဂလိပ်လို Post ကြီး ၂ ခုက အထင်းသား၊ တင်သူက သူကြီး၊ ထိကြည့်ဖို့ မရဲသေးလို့ တခြားပို့စ်တွေကိုပဲ လိုက်ဖတ်နေဖြစ် လိုက်တယ်။ ဒါပေမယ့် များများဖတ်စရာလဲ ထပ်မရှိတော့အဲဒီ့ အင်္ဂလိပ်လို Post တွေကိုပဲ အဘိဓါန် အားကိုးနဲ့ ထိကြည့်မိလိုက်တယ်။ အိုဘားမားက သူ့နိုင်ငံပညာရေးကို ထောက်ပြစိန်ခေါ်ခိုင်းလိုက်တဲ့ စာပိုဒ်လေးတစ်ပိုဒ်ကို သတိပြုလိုက်မိတယ်.. ဘာတဲ့…. “ Teachers matter: So instead of bashing them, or defending the status quo, let’s offer schools a deal . Give them the resources […]


Swal Taw YwetJanuary 17, 20124min1405
Me: :” Mom, How about the weather in Mandalay? Colder?” Mom : :…… …… …… Me: : ” Please take care your health, Stay warmly, I got the news from Internet.” ” Ti Ti ” ( Voice of incoming message ) Mom: : ……. …….. ….. Me: : “OK, Please let me stop, My mobile […]