ta muJuly 20, 20121min1099
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို ့တွင် လူစီး နှင့် ကုန်တင်ယာဉ်များ တခြားမြို ့များသို ့ ပြေးဆွဲခြင်းမပြုပဲ ရပ်ဆိုင်းထားကာ ဂိတ်ပိုင်ရှင်များနှင့် ကားဆရာများ ဆန္ဒပြနေကြကြောင်းသတင်းရရှိပါသည်။ အဆိုပါဆန္ဒပြမှု ့ကို ၂၀.၇.၂၀၁၂ မှစတင်ကာ ၂၂.၇.၂၀၁၂ အထိ (၃)ရက်တိုင်တိုင် ကားများမပြေးဆွဲပဲ ရပ်ဆိုင်းထားမည်ဟု သိရပါသည်။ အဓိကကတော့ အခွန်အခတွေ သတ်မှတ်ထားတဲ့ နှုန်းထားထက် ပိုကောက်တာတွေ၊ လမ်းခရီးတလျှောက်လုံးမှာ ရဲ ၊မူးယစ် ၊အကောက်ခွန်က ဝန်ထမ်းတွေကို ပစ္စည်းပါသည်ဖြစ်စေ ၊မပါသည်ဖြစ်စေ ပေးရတဲ့ လဘက်ရည်ဖိုးတွေက  မတန်တစများလွန်းနေတာကြောင့် ဆန္ဒပြရတာပါဟု ကားပိုင်ရှင်တစ်ဦးက ပြောပြပါသည်။ “ဒီလိုကားတွေ ရပ်ဆိုင်းထားတော့ ကျမတို ့ကုန်စိမ်းသည်တွေက အဓိက ဒုက္ခရောက်ရတာပေါ့။ ကုန်စိမ်းတွေကို အချိန်မှီမပို ့နိုင်တော့ ပုတ်ကုန်တာပေါ့။အရင်တောင် ရတော့မှာ မဟုတ်ဘူး။ အသား၊ ငါးဈေးတွေလဲ […]


ta muJuly 6, 20121min18212
စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကင်းမြို ့နယ် ကဗျက်ရွာအနီး ချင်းတွင်းမြစ်ပေါ်တွင် ရေတွင်းရွှေကျင်လုပ်ငန်းများကြောင့် ချင်းတွင်းမြစ်ရေကို အဓိက အားထားသောက်သုံးနေကြသော ကျေးရွာနေ ပြည်သူများ ကျန်းမာရေးဆိုးဝါးစွာခံစားနေရကြောင်း သိရှိရပါသည်။ “ မြစ်ပြင်တွေမှာ ရေတွင်းရွှေမှော်လုပ်ငန်းများ လုပ်ဆောင်ခွင့်ကို ပြည်ထောင်စုလွှတ်တော်က တရားဝင်ကန့်သတ်ထားပါတယ်။ ဒီရေတွင်းရွှေမှော်လုပ်ငန်းများမှာသုံးတဲ့ ဓာတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းတွေဟာ မြစ်ရေကိုသောက်သုံးသူတွေအတွက် အသက်အန္တာရယ်စိုးရိမ်ရတဲ့အတွက် တားမြစ်ထားတာပါ။ဒါဟာဘာကိုပြသလဲဆိုတော့ အထက်ကဘယ်လောက်ပဲ ဥပဒေတွေချချ အောက်ခြေမှာရှိတဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေက လိုက်နာမှု ့မရှိဘူးဆိုရင် အောင်မြင်မှာမဟုတ်ဘူးဆိုတာကို ပြသလိုက်တာပဲ “ဟု မင်းကင်းမြို ့မှ  မြို ့ခံတစ်ဦးကပြောပါသည်။ အဆိုပါရွှေမှော်လုပ်ငန်းကို ၈၊၆၊၂၀၁၂ ခုနှစ်တွင် မင်းကင်းမြို ့နယ် မြို ့နယ်အုပ်ချုပ်ရေးမှုး ဦး နေလင်းထွန်း မှ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ချပေးခဲ့ပါသည်။အဆိုပါ ရွှေမှော်ကို  ဦးအောင်လင်းက ဦးဆောင်ပြီး အဖွဲ […]