Taryar kokoMarch 17, 20131min1005
ယခု လက်ရျိမြို့တော်ကြီးတွင် နေထိုင်သောပြည်သူပြည်သားများ သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ကျွန်တော်ေပြောပြချင်ပါတယ်။ ကျွန်တော်တို့ နေထိုင်တဲ့ မြန်မာနိုင်ငံဟာ သန့်ရှင်းသာယာလှပပြီး ခေတ်မှီတိုးတက်အောင် ဆောင်ရွက်ဖော်ဆောင်နေတဲ့ အချိန်ကာလတစ်ခုသာ ဖြစ်ပါတယ်။ ဒီလို့အချိန်မှာ စည်းကမ်းမဲ့သော(နိုင်ငံသားကြီးသားစိတ်မရှိသော) ပြည်သူတစ်ချို့ကြောင့် ယခုရန်ကုန်မြို့တော်ရဲ့ တစ်ချို့နေရာတွေဟာ အကျည်းတန်နေပါတယ်။  ကားပေါ်မှ ကွမ်းတံတွေးထွေးချခြင်း၊ အမှိုက်သရိုက်များအား စည်းမဲ့ကမ်းမဲ့ပစ်ချခြင်းများ၊ အများပြည်သူသွားလာနေသော လမ်းမပေါ်တွင် စည်းကမ်းမဲ့သော ယာဉ်၊ ဈေးဆိုင်တစ်ချို့ကြောင့် နေစဉ့်လှုပ်ရှားသွားလာနေသော ပြည်သူများမှာ စိတ်ပင်ပန်းဆင်းရဲခြင်းများနှင့် နေ့စဉ်ကြုံတွေ့နေရပါတယ်။ ကျွန်တော်တစ်ဦးတစ်ယောက်ရဲ့ အားနှင့်ပြုပြင်လဲရန် မဖြစ်နိုင်ပေမဲ့ အများပြည်သူများပေါင်းစည်းကူညီဖေးမမည်ဆိုလျှင် ကျွန်တော်တို့နေထိုင်တဲ့မြို့တော်ကြီးဟာ အခြားနိုင်ငံများနည်းတူ ခေတ်မှတိုးတက်မှာ မလွှဲဧကန်ပင်ဖြစ်ပါတယ်။ နှမ်းတစ်စေ့နှင့် ဆီမဖြစ်နိုင်ပေမဲ့ နှမ်းစေ့ပေါင်းမြောက်များလျှင် ဆီဖြစ်နိုင်တယ်ဆိုတာကို ရွှေမြန်မာတို့အနေနဲ့ သိရှိစေရန် ကျွန်တော်အနေနဲ့ ပြောပြစေလိုပါသည်။   တာရာကိုကို(သန်လျင်)