Zaw AungAugust 23, 20141min1304
ရွှေအကြောင်းသိကောင်းစရာ(139) တစ်ကျပ်သားမှာဘယ်နှစ်ဂရမ်ရှိလဲ ဆိုတဲ့အကြောင်း နေရာဒေသအလိုက် သတ်မှတ်ချက်မတူညီတဲ့အကြောင်း ရေးပြီးသွားပါပြီတူညီတဲ့သတ်မှတ်ချက်တစ်ခုပေါ်လာဖို့ တော့ အချိန်တော်တော်ကြာအောင်စောင့်ရလိမ့်အုံးမယ် ထင်ပါတယ်မင်းတုန်းမင်းလက်ထက်တုန်းကတပြည်လုံး အလေးတင်းတောင်းတွေကိုတပြေးညီဖြစ်အောင်လုပ်ခဲ့ တယ်လို့ို့ငယ်ငယ်တုန်းက သမိုင်းမှာသင်ဖူးတယ်အဲလိုမင်း တစ်ပါးဒါမှမဟုတ်လုပ်ပိုင်ခွင့်ရှိတဲ့လူတစ်ယောက်လုပ်ချင် တဲ့စိတ်ပေါ်လာတဲ့အထိ ိစောင့်ရလိမ့်မယ်ထင်တယ်အခုရေး မှာကသမာဓိချိန်ခွင်အကြောင်းပါအသားငါးရောင်းတဲ့ဈေး တွေမှာ သမာဓိချိန်ခွင်ရှိသလိုရွှေဘုံသာလမ်းမှာလဲ ဲရွှေချိန်တဲ့သမာဓိချိန်ခွင်တွေရှိပါတယ် အမှတ်82ရွှေဘုံသာလမ်းမှာရှိတဲ့စံချိန်ခွင်ကတော့ လူသုံးအများဆုံးပါ ရွှေတုံးတွေကိုသူ့ဆီမှာသွားချိန်ပြီးမှ သူထုတ်ပေးတဲ့အလေးချိန်စာရွက်အ တိုင်းအရောင်းအဝယ်လုပ်ကြရပါတယ် (စဉ် 140 သို့) ရွှေအကြောင်းသိကောင်းစရာ(140) (စဉ် 139 မှအဆက်) အကယ်ဒမီတံဆိပ်ရွှေတုံးကတော့ သူ့ဖိုကထွက်ကတည်းက ချိန်ပြီးအလေးချိန်စာရွက်ပါ ထုတ်ပေးလိုက်တော့ ပြန်ချိန်စရာမလိုတော့ဘူးပေါ့ ကျန် တဲ့တံဆိပ်တွေကတော့ စံချိန်ခွင်မှာပြန်ချိန်ရတယ် ချိန်ခက တစ်ခါချိန်နှစ်ရာကျပ်လောက်ရှိတယ် တစ်ချို့ရွှေဆိုင်မှာ ဝယ်ခဲ့တဲ့ လက်ကောက်တို့ဆွဲကြိုးတို့ကိုလဲ ပြန်ချိန်ကြတယ် မှားနေရင်ဆိုင်မှာပြန်ပြောလို့ရတာပေါ့ နိုင်ငံခြားကဝင်တဲ့ 1 kilogram ရွှေတုံးတွေကိုတော့ သွား မချိန်ကြဘူး ၆ဝ ကျပ် ၃ […]


Zaw AungAugust 17, 20141min1383
ရွှေအကြောင်းသိကောင်းစရာ(135) (စဉ် 134 မှအဆက်) နိုင်ငံခြားကရွှေပေါက်ဈေးကို ဒေါ်လာဈေးနဲ့မြှောက်ပြီး မြန်မာငွေနဲ့ တစ်ကျပ်သားဘယ်လောက်ကျလဲလို့ ပြန်တွက်ကြတဲ့အခါမှာ အချို့က 16.606 gram ဈေးကို တွက်သလို တစ်ချို့က 16.328 gram ဈေးကိုတွက်ကြပါ တယ် ရွှေလောကနဲ့ သိပ်မနီးစပ်တဲ့သူတွေ နားလည်ဖို့ နဲနဲခက်ပါတယ် ဖြစ်နိုင်ရင်ကိုယ်တွက်ပြတဲ့ တစ်ကျပ်သား ဘေးမှာ ကွင်းစကွင်းပိတ်နဲ့ ဘယ်နှစ်ဂရမ် ဆိုတာထည့်ရေး ပေးရင် အားလုံးရှင်းသွားမယ်လို့ ထင်ပါတယ် ဥပမာ 1 troy ounce ဈေး 1330, ဒေါ်လာဈေး 970 နဲ့တွက်ကြည့်ရအောင် တစ်ကျပ်သား ( 16.328 g) ပေါက်ဈေး = 1330 á 1.905 × 970 = 677217 တစ်ကျပ်သား […]


Zaw AungAugust 12, 20141min913
ရွှေအကြောင်းသိကောင်းစရာ(131) ( 130 မှအဆက်) သူခိုးလက်ခံဥပဒေနဲ့ ကျွန်တော်ငြိခဲ့ဖူးတာပြောပြမယ် ရွှေဝယ်တာတော့မဟုတ်ဘူး ရွှေဆိုင်ဖွင့်မလို့ အခန်းဝယ်တာ 2003 ခုနှစ်လောက်က ကိုအလ ဆိုတဲ့ဆို တဲ့လူဆီကဝယ်တာ ငွေချေပြီးမှဒီဆိုင်က သမဝါယမပိုင် ရောင်းလို့မရတဲ့ အခန်းမှန်းသိတာ ဒါနဲ့စာချုပ်ပါစည်းကမ်း ချက်အတိုင်း အလျော်ပြန်ပေးဖို့တောင်းတော့ သူကဒီအခန်းကို ကိုသရ ဆီကဝယ်ထားတာ သူ့ဆီကအ လျော်သွားတောင်းမယ် ရမှပေးနိုင်မယ် မရရင်မပေးနိုင်ဘူး လုပ်ချင်တာလုပ်တဲ့ ဒါနဲ့ ကိုသရ ဆီသွားကြတော့ ကိုသရ ကဒီအခန်းကို သမဝါယမကငှားပြီး အရောင်းအဝယ်စာချုပ်အတုနဲ့ ကိုအလ ကိုရောင်းထားတာ ဖြစ်နေတယ် ပြန်လျော်ပေးမယ်ပြောပြီး နေ့ရွှေ့ညရွှေ့လုပ်နေတယ် နောက်တော့ ကိုအလ ကတစ် ဝက်လျော်ပေးမယ် အရောင်းအဝယ်စာချုပ်ပြန်ပေးဆိုပြီး ညှိလာတယ် သူ့စိတ်ထဲမှာစာချုပ်ပြန်ရရင် ကျန်တဲ့တစ်ဝက် သူပိုင်ပြီထင်နေတယ်လေ (စဉ် 132 သို့) ရွှေအကြောင်းသိကောင်းစရာ(132) ( […]


Zaw AungAugust 7, 20141min1212
ရွှေအကြောင်းသိကောင်းစရာ(127) ကျွန်တော့်ဆိုင်မှာ လက်ကောက် ၃ ကွင်း အတုနဲ့အလဲခံရပြီးမှ ပြန်ရခဲ့တာလဲ တစ်ခါကြုံဖူးပါတယ် အမျိုးသမီးတစ်ယောက် လက်ကောက်လာဝယ်ပါတယ် ပိုက်လုံးလက်ကောက်သုံးကွင်း ဝတ်ကြည့်လိုက်ဈေးဆစ် လိုက်နဲ့ နောက်ဆုံးဒီသုံးကွင်းဖယ်ထားပေးပါ ခုပိုက်ဆံသွား ယူပြီး ပြန်လာခဲ့မယ်ဆိုပြီး ထွက်သွားတယ် ဘယ်ပြန်လာတော့မလဲ သူထားခဲ့တာအတုတွေ ွဖြစ်နေပြီလေ အရင်နေ့ထဲက လာကြည့်သွားပြီး ပုံစံတူလုပ် ပြီး လက်မှာဝတ်လာတာ အင်္ဂာျီလက်ရှည်နဲ့အုပ်ထားတာ ဝတ်ကြည့်ရင်းနဲ့ စာရေးမမျက်စိအလစ်မှာ လဲလိုက်မှာပေါ့ ဆုံးပြီပဲတွက်လိုက်တယ် ရဲလဲမတိုင်တော့ပါဘူး ဒါပေမယ့်အသိဆိုင်တွေ အမျိုးဆိုင်တွေကိုတော့ အကြောင်းကြားလိုက်တယ် လူပုံစံနဲ့လုပ်ပုံလုပ်နည်းပြောပြ လိုက်တယ် သတိထားမိအောင် မခံရအောင်ပေါ့ တစ်ပတ် လောက်အကြာမှာ ကျွန်တော့်ညီဆိုင်က ဖုန်းလာတယ် အဲဒီပုံစံအတိုင်း အမျိုးသမီးတစ်ယောက် အင်္ဂာျီလက်ရှည်နဲ့ ပိုက်လုံးလက်ကောက်တွေလာကြည့်နေတယ်တဲ့ ( စဉ် ၁၂၈ သို့ )ု ရွှေအကြောင်းသိကောင်းစရာ(128) (စဉ် 127 […]


Zaw AungAugust 4, 20141min1021
ရွှေအကြောင်းသိကောင်းစရာ(124) ကျွန်တော့်မိတ်ဆွေတစ်ယောက် အခုရက်ပိုင်းကလေးကမှ ရွှေငါးကျပ်သားလျော်လိုက်ရတဲ့ အကြောင်းပြောပြပါမယ် သူကရွှေဘုံသာလမ်းမှာ ရွှေနဝလီဝယ်တာပါ နဝလီဝယ်တဲ့ဆိုင်နှစ်မျိုးရှိပါတယ် သူခိုးဆီကဝယ်တဲ့ဆိုင်နဲ့ မဝယ်တဲ့ဆိုု်င်ပါ သူ့ဆိုင်ကမဝယ် တဲ့ဆိုင်ပါ ရွှေလာရောင်းတဲ့သူဟာ ခိုးလာတာဟုတ်မဟုတ် အကဲခတ်တဲ့နေရာမှာသူတို့က အရမ်းကျွမ်းကျင်ပါတယ် သူခိုးရွှေဆိုတစ်ဝက်ဈေးထက် ပိုမပေးကြပါဘူး ပြီးခဲ့တဲ့တစ်ပတ်လောက်က သူ့ဆီကို ရွှေငါးကျပ်သားလာရောင်းထားတဲ့ လူတစ်ယောက်နဲ့ အရပ်ဝတ်နဲ့ရဲတွေရောက်လာပါတယ် အဲဒီလူကသူခိုးမဟုတ်ပါဘူး သူနဲ့လဲသိပါတယ် ဒါပေမယ့် သူကသူခိုးဆီကဝယ်ပြီး လာပြန်ရောင်းတာဖြစ်နေပါတယ် သူခိုးကိုဖမ်းမိတော့ သူခိုးကဟိုလူဆီမှာရောင်းတယ်လို့ ပြောပါတယ် ထုံးစံကအဲဒီလူလျော်ရမှာပါ သူခိုးဆီကဝယ်တာကိုး မလျော်ရင်သူထောင်ကျမှာလေ (စဉ် 125 သို့) ရွှေအကြောင်းသိကောင်းစရာ(125) (စဉ် 124 မှအဆက်) ဒါပေမယ့်အဲဒီလူက မလျော်ချင်လို့လား မလျော်နိုင်လို့လား မသိပါဘူး သူပြန်ရောင်းခဲ့တဲ့ ကျွန်တော့်မိတ်ဆွေဆီကို ရဲ တွေနဲ့လာပါတယ် ငိုပြပါတယ် သူ့မှာလျော်စရာမရှိတဲ့အ ကြောင်း သူမလျော်ရင်သူ့ကိုဖမ်းပြီး သူရောင်းခဲ့တဲ့လူဆီက သိမ်းမှာဖြစ်တဲ့အကြောင်း […]


Zaw AungAugust 1, 20141min1767
ရွှေအကြောင်းသိကောင်းစရာ(120) online ကစားတယ်ဆိုတာ နိုင်ငံခြားက website တစ်ခုမှာဝင်ပြီး ကမ႓ာ့ရွှေဈေးကို အရှုံးအမြတ်ကစားတာပါ အောင်စ 100 ကစားချင်ရင် အောင်စ 100 ဖိုးလုံးရင်းဖို့မလိုပါဘူး သူ့ရဲ့အရှုံးအမြတ်ရှင်းဖို့အတွက် 5%,10% လောက်ပဲဘဏ်မှာကြိုသွင်းပြီး ကစားရတဲ့နည်းပါ ကျမယ်ထင်ရင်ရောင်းလိုက် ရွှေရှိစရာမလို တက်မယ်ထင်ရင်ဝယ်လိုက် ငွေရှိစရာမလို စာရင်းပဲမှတ်ထားလိုက်တယ် ရောင်းထားတဲ့ရွှေကို ပြန်ဝယ်တဲ့အချိန်မြတ်ရင် ကိုယ့်Account မှာပေါင်းပေးတယ် ရှုံးရင်ကိုယ့် Account ထဲက နှုတ်သွားတာပေါ့ မြန်မာပြည်ကနေကစားချင်ရင်တော့နိုင်ငံခြားမှာရင်းနှီးတဲ့အသိရှိရင် Acc ဖွင့်ခိုင်းပြီးကစားလို့ ရပါတယ် မရှိရင်တော့ပွဲစားတွေကနေတဆင့် ပွဲခပေးပြီးကစားကြပါတယ် igmarkets.com မှာလေ့လာနိုင်ပါတယ် ဒါဟာလဲစီးပွားရေးလုပ်တာမဟုတ်ပါဘူး လောင်းကစားလုပ်တာသာဖြစ်ပါတယ် လောင်းကစားဆန်တဲ့စီးပွားရေး လို့တော့ဆိုနိုင်ပါလိမ့်မယ် ရွှေအကြောင်းသိကောင်းစရာ(121) အခုပြောမှာကတော့ သူငယ်ချင်းတစ်ယောက် ်အကြောင်းပါ ၂၀၀ဝ ခုနှစ်ကျော်ကျော်က တကယ့်အဖြစ် အပျက်တစ်ခုပါ သူကအဲဒီအချိန်က အသက် ၂၅ ဝန်းကျင်လူငယ်တစ်ယောက်ပေါ့ […]


Zaw AungJuly 28, 20141min1696
ရွှေအကြောင်းသိကောင်းစရာ(116) Fed က QE tapering လုပ်မှာမို့ ရွှေဈေးတွေကျတယ်လို့ facebook မှာ သတင်းတွေမှာရေးကြတော့ Fed ဆိုတာ ဘာလဲ QE tapering ဆိုတာဘာလဲ မေးကြပါတယ်။ Fed ဆိုတာ Federal Reserve of United State ပါ အမေရိကန် ဗဟိုဘဏ်ပေါ့ တစ်နိုင်ငံလုံးရဲ့ငွေရေးကြေးရေး policy တွေချမှတ်တဲ့ဌာနပေါ့ သူ့ရဲ့ policy အပြောင်းအလဲ တစ်ခုဟာ ကမာ္ဘ့ရွှေဈေး စတော့ဈေးတွေကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားနိုင်လောက်အောင် အင်အားကြီးပါတယ်။ FOMC ဆိုတာ ကတော့ Federal Reserve’s Open Market Committee ပါ အတူတူပါပဲ QE ဆိုတာက တော့ Quantitative Easing ပါ […]


Zaw AungJuly 24, 20141min1453
ရွှေအကြောင်းသိကောင်းစရာ(112) Spot Gold Price ဆိုတာဘာလဲ Gold Price နဲ့ဘာကွာလဲတဲ့ ကျွန်တော်သိသလောက် ရှင်းပြပါမယ်။မှားတာရှိလဲပြင်ပေး လိုတာရှိလဲဖြည့်ပေးပေါ့ဗျာ ဗမာပြည်မှာရွှေဈေးအမျိုးမျိုးရှိပါတယ်။ ၁၅ ပဲရည်ဈေး အခေါက်ဈေး အကယ်ဒမီဈေး ဘသန်းဈေး မန်းကြားဈေး မော်ကြားဈေးစသဖြင့်ပေါ့။ အခုအင်တာနက်မှာ facebook မှာတင်နေတဲ့ရွှေဈေး အားလုံး နီးပါးက အကယ်ဒမီဈေးပါ။ အကယ်ဒမီဈေးမှာထပ်ပြီး ရေမြန်ဈေးနဲ့ လမ်းကြောင်းဈေးဆိုပြီး ထပ်ကွဲပါတယ်။ ရေမြန်ဈေးဆိုတာက အရောင်းအဝယ်သဘောတူပြီးတာနဲ့ ချက်ချင်းတစ်နာရီအတွင်း ပစ္စည်းပေးငွေချေလုပ်ရတာပါ။ လမ်းကြောင်းဆိုရင်တော့ ညနေ ၅ နာရီမှာလုပ်ရတာပါ။ နိုင်ငံခြားကရွှေဈေးတွေကတော့ spot gold price, future gold price, CFD gold price(contract for difference), paper gold price စသဖြင့်ပေါ့။ ရွှေအကြောင်းသိကောင်းစရာ(113) (စဉ် […]


Zaw AungJuly 22, 20141min913
ရွှေအကြောင်းသိကောင်းစရာ(108) (စဉ် 107 မှအဆက်) ကျွန်တော့်ဆီမှာအဲလိုမျိုးလာစုံစမ်းပြီး ရွှေဆိုင်ဖွင့်သွားတဲ့သူတွေရှိပါတယ် များသောအားဖြင့်တော့ အသိတွေကနေ တဆင့်လာကြတာပါ။ ထူးထူးခြားခြားကောင်မလေးတစ်ယောက်ကတော့ သူရွှေဆိုင်ဖွင့်ချင်လို့ပါလို့ လာမိတ်ဆက်ပြီး ဖွင့်ဖြစ်သွားတာတစ်ခု ရှိခဲ့ဖူးပါတယ်။ ဘာမှကိုမသိဘဲအစအဆုံးသင်ပေး ကူညီပေးခဲ့ရတာပါ ရွှေပြည်သာမှာဖွင့်တာပါ။ ကူညီရကျိုးနပ်ပါတယ် သူဆိုင်ဖွင့်တဲ့နေ့ ကျွန်တော့်ဆိုင်မှာတစ်ရက်တည်း ငါးဆယ်သား ရောင်းလိုက်ရတယ်လေ အဲဒါကြောင့်ရွှေဆိုင်တွေက ရွှေဆိုင်အသစ်ဖွင့်မယ့်သူတွေကို အရမ်းကိုကူညီချင်ကြတာပေါ့။ ရွှေဆိုင်တစ်ဆိုင်ဆို ကူညီချင်လွန်းလို့ အခမဲ့ရွှေသင်တန်းတွေဖွင့်ပြီး ကူညီနေတာပေါ့ သူ့သင်တန်းတက်တဲ့သူက ဆိုင်ဖွင့်ချင်ရင် သူ့ဆီက ရွှေဝယ်မှာလေ အဲဒီတော့ကုန်ကျစရိတ်ကာမိတဲ့အပြင် အမြတ်တောင်ရနိုင်ပါတယ်။ အရမ်းကို idea ကောင်းတဲ့သူပါ ကုသိုလ်လဲရ ဝမ်းလဲဝပေါ့။ ရွှေအကြောင်းသိကောင်းစရာ(109) မန္တလေးက မရွှေသွယ်သန္တာက လက်ကောက်အကွင်း(20) သွားပြန်ရောင်းတာ လေးသိန်းလောက်ရှုံးသွားလို့ ရွှေဝယ် ရမှာကြောက်သွားပြီတဲ့။ လက်ကောက်တစ်ကွင်းကိုအချို့ဆိုင်တွေက အလျော့တွက် ၃ ရွေးယူပြီး အချို့ဆိုင်တွေက ၅ ရွေး […]


Zaw AungJuly 17, 20141min1362
ရွှေအကြောင်းသိကောင်းစရာ(104) ရွှေဆိုင်ဖွင့်ဖို့လေ့လာနေသူတစ်ယောက်က ၁၅ ပဲရည်အထည်တွေကို မှတ်ကျောက်တိုက်ကြည့်တာအပြင်ဘယ်လိုစစ်လို့ ရသေးလဲ မေးလာပါတယ်။ ၁၅ ပဲရည်အထည်မှာ အတုတွေကမျိုးစုံရှိပါတယ် ကျွန်တော်ဆိုင်ဖွင့်စက အတုနဲ့အလဲခံခဲ့ ရတဲ့အကြောင်း စဉ် ၅၅ မှာ ရေးခဲ့ပြီးပါပြီ အတုတွေကတော့ ရွှေရည်စိမ်အတု အပေါ်ကရွှေ အောက်ကကြေးနဲ့လုပ်ထား တဲ့အတု အဲဒါကိုထပ်ထည် လို့ခေါ်ကြတယ်။ လက်ကောက်အပွတွေမှာ အထဲမှာကြေးချောင်းထည့်ထားတဲ့အတု လက်စွပ်တွေမှာ မှတ်တိုက်လို့ရတဲ့နေရာကရွှေ မရတဲ့နေရာကကြေးနဲ့လုပ်ထားတဲ့အတု ဆွဲကြိုးတွေမှာ တစ်လက်မနှစ်လက်မလောက် ကြေးနဲ့လုပ်ထားတဲ့အတု အမျိုးစုံရှိပါတယ်။ အဓိကစစ်ဆေးတာကတော့ မှတ်ကျောက် တိုက်ကြည့်တာပါပဲ လက်ကောက်တွေဆို မှန်ပေါ်ပစ်ချကြည့်ပြီး အသံနားထောင်ကြည့်ရတယ် မသင်္ကာရင်ကတ်ကြေးနဲ့ ညှပ်ကြည့်ရတာပေါ့။ အကျစ်ထည်တွေဆိုရင်တော့လွယ်တယ် density စမ်းတဲ့စက်နဲ့စမ်းလိုက်ရုံပဲ (စဉ် 105 သို့) ရွှေအကြောင်းသိကောင်းစရာ(105) (စဉ် 104 မှအဆက်) density စမ်းတဲ့စက်တွေလဲ အမျိုးအစားအမျိုးမျိုး ကုမ္မဏီအမျိုးမျိုးကထုတ်တာတွေ […]


Zaw AungJuly 15, 20141min1472
ရွှေအကြောင်းသိကောင်းစရာ(100) ဂျာနယ်မှာဖတ်လိုက်ရတာပါ မန္တလေးရွှေဆိုင်က အရောင်းဝန်ထမ်းအမျိုးသမီးတစ်ယောက် လုပ်သက်(၇)နှစ်လောက်ရှိပြီ သူ့ရည်းစားနဲ့ပေါင်းပြီး ဆိုင်ကရွှေတွေကို ဆိုင်ရှင်မသိအောင် နည်းနည်းချင်းခိုးထုတ်တာ တစ်ပိဿာလောက်ရှိမှသိပြီး နှစ်ယောက်လုံးဖမ်းလိုက်တာ သူတို့ဝယ်ထားတဲ့ ကားတွေ အိမ်တွေပါ လိုက်သိမ်းရတယ်။ လုပ်ပုံကဒီလို သူ့ရည်းစားက ဆိုင်ကိုရွှေဝယ်သူဟန်ဆောင်ပြီးလာတယ် နှစ်ကျပ်သားကြိုးတစ်ကုံးကို စရံငါးသောင်းလောက်ပေးသွားတယ် နောက်နေ့မှငွေအကြေချေပြီး လာယူမယ်ပေါ့။ တကယ်တော့ နောက်ဘယ်တော့မှ လာမယူတော့ပါဘူး။ လာယူစရာလဲ မလိုတော့ဘူးလေ သူ့ကောင်မလေးက ဆိုင်ရှင်မသိအောင်ယူပြီး ပေးလိုက်ပြီလေ။ ဆိုင်ရှင်ဘက်ကစာရင်းစစ်မှုအားနည်း တဲ့အပိုင်းလဲပါတာပေါ့ ဒီနည်းနဲ့အကြိမ်တွေများလာတော့မှ ဆိုင်ရှင်ကရိပ်မိပြီးဖမ်းလိုက်တာ။ ရွှေအကြောင်းသိကောင်းစရာ(101) 1999 လောက်ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ ရန်ကုန်မှာတော်တော် နာမည်ကြီးသွားပါတယ် ရွှေဆိုင်သမားတွေလဲ တော်တော်လန့်သွားပါတယ်။တရုတ်တန်းကရွှေဆိုင်တစ်ဆိုင်ကို ညဖက်ဖောက်ထွင်းဝင်ရောက်ပြီး တစ်ဆိုင်လုံးရှိသမျှ ရွှေတွေ ယူသွားတဲ့အဖြစ်ပါ 8 ပိဿာလောက်ပါသွားတယ်လို့သတင်းတွေမှာဖတ်ရပါတယ် ဆိုင်ကအဲဒီတည်းက ပိတ်သွားတာ ခုထိပြန်မဖွင့်တော့ပါဘူး။ သူတို့အောက်ဆုံးထပ်မှာ ရွှေဆိုင်ဖွင့်ပြီး အပေါ်ထပ်မှာလူနေတာပါ ပစ္စည်းတွေကိုအောက်မှာပဲမီးခံသေတ္တာကြီးတွေနဲ့ […]


Zaw AungJuly 12, 20141min1473
ရွှေအကြောင်းသိကောင်းစရာ(96) (စဉ် 95 မှအဆက်) လွန်ခဲ့တဲ့ ၃ နှစ်လောက်ကဖြစ်မယ် ကျွန်တော့်ညီဆိုင်မှာ ဝန်ထမ်းလိုတော့ ဆိုင်းဘုတ်တင်လိုက်တယ် အသက် ၂ဝလောက်ကောင်မလေးတစ်ယောက် လာလျှောက်တယ်။ သန့်သန့်ပြန့်ပြန့် သွက်မယ့်ပုံလေးဆိုတော့ ခန့်လိုက်တယ် ထုံးစံအတိုင်းမှတ်ပုံတင် သန်းခေါင်စာရင်း ရဲစခန်းထောက်ခံစာ ရပ်ကွက်ထောက်ခံစာ မိတ္တူတွေယူထားတယ်။ ပထမတစ်ရက်အလုပ်စဆင်းတယ် လုပ်ငန်းသဘောနားလည်အောင် လိုက်ကြည့်လေ့လာခိုင်းတယ်။ ဘာမှမလုပ်ခိုင်း သေးဘူး ဒုတိယတစ်ရက်ပစ္စည်းဝိုင်းသိမ်းခိုင်းလိုက်တယ်။ တတိယတစ်ရက် ပေါ်မလာတော့ဘူး။ သူသိမ်းတဲ့ထဲက ငါးကျပ်သားလောက်ရှိတဲ့ ဆွဲပြားအိတ်တစ်လုံး ပျောက်သွားတယ် CCTV ကင်မရာ ပြန်ကြည့်တော့ ပစ္စည်းသိမ်းရင်း ဖွက်ယူသွားတာ တွေ့လိုက်တယ် ထောက်ခံစာက လိပ်စာအတိုင်းလိုက်တော့ မရှိဘူး လိပ်စာပြင်ထားတယ်မူရင်းနဲ့တိုက် မကြည့်လိုက်ရတဲ့အတွက် ခံလိုက်ရတာ။ (စဉ် 97 သို့) ရွှေအကြောင်းသိကောင်းစရာ(97) (စဉ် 96 မှအဆက်) အခုဆိုရင်တော့ မူရင်းပါမှလက်ခံတော့တယ် သန်းခေါင်စာရင်းက […]


Zaw AungJuly 9, 20141min1493
ရွှေအကြောင်းသိကောင်းစရာ(94) (စဉ် 93 မှအဆက်) ဆိုင်စည်းကမ်းတွေကတော့ တစ်မျိုးတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းပါပဲ ဝန်ထမ်းတွေနဲ့နီးစပ်တဲ့သူတွေမှ သိကြမှာပါ။ ကျွန်တော်သိတဲ့နဲနဲထူးဆန်းတယ်ထင်ရတဲ့ စည်းကမ်းတစ်ချို့ကတော့ မိတ်ကပ်လိမိးရမည် နှုတ်ခမ်းနီဆိုးရမည်။ ဒေါက်မြင့်ဖိနပ်ဝတ်ရမည်တဲ့ အလှကုန်ရောင်းတဲ့ဆိုင်က ဝန်ထမ်းပြောပြတာပါ။နောက်စတိုးဆိုင်တစ်ခုကတော့ မထိုင်ရ ဝန်ထမ်းအချင်းချင်း ရည်းစားမထားရတဲ့ အိမ်ထောင်မရှိသူဖြစ်ရမည် ဆိုတာကတော့ အလုပ်ခေါ်ကြော်ငြာ တောေ် တာ် များများမှာ တွေ့နေရပါတယ်။ ရွှေဆိုင်ထဲမှာဆိုရင်တော့ အမျိုးသားချည်းပဲ အရောင်းဝန်ထမ်းခန့်ထားတဲ့ဆိုင် အမျိုး သမီးချည်းပဲထားတဲ့ဆိုင်နဲ့ နှစ်မျိုးလုံးရောထားတဲ့ဆိုင်ဆိုပြီးသုံးမျိုးရှိပါတယ်။ ကိုယ့်အယူအဆနဲ့ကိုယ်ပေါ့ ဘယ်ဟာက ပိုကောင်းတယ်ရယ်လို့ မရှိပါဘူး အားလုံးမှာအားသာချက် အားနည်းချက်တွေ ရှိပါတယ်။ (စဉ် 95 သို့) ရွှေအကြောင်းသိကောင်းစရာ(95) (စဉ် 94 မှအဆက်) ကျွန်တော့်ဆိုင်မှာတော့ အရောင်းဝန်ထမ်း အမျိုးသမီးပဲထားပါတယ် အသက်၂၅ နှစ်အောက် အိမ်ထောင်မရှိသူ အပျိုတွေခန့်ထားတာပါ။ ဆိုင်မှာလုပ်ရင်းနဲ့ အိမ်ထောင်ကျသွားသူ […]