ဖုန်း … သွားဆက်မိပါတယ်.. အကြွေမရှိလို့ စက္ကန့် (၂၀) ကို ထားတော့ တစ်မိနစ် ၁၀ဝ တဲ့ .. ကိစ္စမရှိပါဘူး..။ ကား … ဟိုးနားဒီနား သွားစီးမိပါတယ်.. အကြွေမရှိလို့ ၁၀ဝ တဲ့ ထားတော့ ကိစ္စမရှိပါဘူး ..။ ဆိုင် … တစ်ဆိုင်ကို ဝင်ပြီးတော့ ဆေးလိပ်မီးညှိတယ် ၂၀ဝ တန်ပေးတော့ ၁၅ဝ ပြန်အမ်းမပေါ့ .. ၁၀ဝ တန်ကို ချိုချဉ်တစ်လုံးနဲ့တွဲလို့ လက်ဝယ်ရောက်လာ၏ ထားတော့ ကိစ္စမရှိပါဘူး..။ ဟိုနေရာ ဒီနေရာ အကြွေမရှိလို့ ဒီနေရာ ဟိုနေရာ အကြွေမရှိလို့ တစ်လကို ၁၀၀၀ဝ လောက်က အကြွေမရှိသူတွေကို လုပ်ကြွေးနေရပါပေါ့ .. ထားတော့ ငါက သူကြွယ်ဆိုလဲ … […]


  လမ်းတစ်ခုလျှောက်တဲ့အခါ အဖော်မပါပဲ လျှောက်ရတာကို သဘောကျတဲ့ သား .. ဘာဖြစ်လို့များ လက်တွဲဖော်ဆိုတာကို စွဲစွဲမြဲမြဲ ဖြစ်နေရတာလဲ ..။ မရတာကို အတင်းမလိုချင်ခဲ့တဲ့သား ဘာဖြစ်လို့များ ကလေးတစ်ယောက်လို စွဲစွဲမြဲမြဲ ဖြစ်နေတတ်တာလဲ ..။ ဖြစ်စေချင်သမျှ အရာတွေအားလုံး တလွဲတွေ ဖြစ်လာသမျှ ဘာဖြစ်လို့ ခေါင်းငုံ့ခံနေတတ်တဲ့ ခပ်ညံ့ညံ့ ယောက်ျားတစ်ယောက် ဖြစ်နေရတာလဲ အေမေ..။ ကမာ္ဘပေါ်က တစ်နေရာလောက်မှာ သားအတွက် စိတ်ကြည်နူးဖွယ်ရာ ပျော်ရွှင်မှု တစ်ခု ရှိနိုင်မလား ..။ အချိန်တစ်ခု အထိ စောင့်ကြည့်ပါဆိုတဲ့ ရှေးပညာရှိတွေရဲ့ စကားတွေအတွက် သားတစ်သက်ပါပဲ အမေ .. စောင့်ကြည့်လာခဲ့သမျှလဲ အခုချိန်ထိ ဘာမှ မပြောင်းလဲသေးသလိုပဲ ..။ အိမ်ပြန်ချိန်ဆိုတာလဲ အရင်လို သားတစ်ယောက်တည်းပါ အမေ ..။ […]


ထိုနေရာမှာ မီးတွေလင်းနေပါတယ်.. လောင်နေတဲ့မီးတွေကို ဘယ်လိုငြိမ်းမလဲ စဉ်းစားနေသလား… ရေပန်းတွေ ဖွင့်ထားပါတယ်.. ရေရှားရာနေရာမှာ ရေလှူဖို့ ပြည်သူတွေကို နှိုးဆော်နေသလား.. အားကိုးစရာ စကားလုံးတွေ ပြောနေပါတယ်.. လိုနေတာ ဖြည့်ဆည်းခြင်းပါ ..။ ငိုသံတွေ အော်သံတွေ ဟစ်ကြွေးသံတွေအတွက် ကျလာမယ့် ဗုံးဆန်တွေသာ အေးမြတဲ့ မိုးစက်လေးတွေဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲ …။ ငါကြားနေရတဲ့ အသံတွေဟာ သီတင်းကျွတ် ဗြောက်အိုးဖောက်သံဆိုရင် ကလေးတွေ ဘယ်လောက်ပျော်နေလဲ .. ငါ ထွက်ကြည့်ချင်စမ်းပါရဲ့   …။ ငါတို့ကျောင်းက ခေါင်းလောင်းသံလဲ တိတ်ဆိတ်နေသလို .. စာသင်ခုံမှာ ထိုင်ရင်း မင်္ဂလာပါ လို့ ငြိမ်းငြိမ်းချမ်းချမ်း နှုတ်ဆက်ချင်တဲ့ ဆရာတပည့်တွေ … ကြုံရာမှာ ခိုလှုံနေရင်းနဲ့ ငြိမ်းချမ်းရာ … ငြိမ်းချမ်းရာ ကို ရှာနေသလားလေ […]


ငြိမ်းချမ်းပါစေ .. လက်တွေတွဲလို့ ဆုတောင်းနေကြတယ်..။ လျှပ်တပျက် အဖြစ်အပျက်တွေ အားလုံး အသက် ဖက်နဲ့ ထုတ်ရတဲ့ ဘဝတွေ ရောက်ကုန်ရောလား.. ဘယ်သူ့ကို အပြစ်တင်ကြမလဲ .. ဘာကိုများ တောင့်တနေကြမလဲ .. လက်တွေတွဲလို့ တို့တွေ ဘုရားထံ လှမ်းဆုတောင်း .. ငြိမ်းချမ်းပါစေ .. မြန်မာပြည် ..။ လက်တွဲတွေ ဖြုတ်ဖို့ ကြိုးစားနေတဲ့ လူတွေက အရှက်တကွဲ ဖြစ်မယ့် အရေးကို သူတို့ နိုင်ငံတွင်းမှာကျတော့ .. တရားမဝင် နောက်ဆုံးပေါ်လက်နက်တွေနဲ့ နှိမ်နင်း အချင်းများရုံ သိသာနေတဲ့ အရေးတွေကျ .. လူ့အခွင့်အရေးဆိုပြီး ဒီအထိ လာအော်တယ်.. တရားခွင်က ချိန်ခွင်ဆို .. ဈေးထဲက ငါးသည်လောက်တောင် .. အလေးပြည့်ပါဦးမလား..။  ပိုင်နက်တွေ […]


အချစ်ငှက်လေးများ တွေ့မလားလို့ .. ကောင်းကင်ကို မော့ကြည့်တော့ လဒ တစ်ကောင် စပ်ဖြဲဖြဲနဲ့ ရယ်ပြတယ်.. လမ်းများဆုံးပြီလားလို့ .. ဘယ်ဟုတ်မလဲ .. အောက်ဆုံးကို ရောက်နေတာ .. ငါ .. တကတည်းပဲ .. ပြန်တက် ပြန်တက် ..။ မီးခလုတ် ကောက်ဖွင့်လိုက်တော့ .. ဖယောင်းတိုင်မီးက ကောင်ပွင့်လာတယ်.. လူကြီးတစ်ယောက်က ဖယောင်းတိုင်နဲ့ ထမင်းချက်ခိုင်းတယ် .. ဒါနဲ့ .. ထမင်းပန်ကန်ပြင်ပြီးစောင့်နေမိတယ် .. အခုထိ ငါ့ရှေ့မှာ .. အနှစ်သာရမရှိတဲ့ ပန်းကန်ကြီးပဲ ရှိတယ်..။ ( ကြာတာကွာ ) ဂစ်တာ တစ်လက် ကောက်ကိုင်လိုက်တယ်.. သေနတ်တစ်လက် ဖြစ်နေတယ် .. အဲဒါနဲ့ မောင်းချိန်လိုက်တော့ လေပူပေါင်းကြီး ဖြစ်သွားတယ်.. […]


ကျွန်တော် မိုးလင်းတော့ .. လူတွေ ဆီမှာ လက်နက်တစ်ခု လိုက်ရှာတယ်.. ကျွန်တော့ လက်နက်ကို စတင် ထုတ်ပြလိုက်တဲ့ အချိန် .. သူတို့ဘက်ကလဲ .. ပြန်ပြီး တုံ့ပြန်လာကြတယ်.. အချို့ကလဲ အဲဒီလက်နက်ထွက်လာဖို့အတွက် တမင်တကာ ရန်စက်ကွင်း တစ်ခု ဖန်တီးပေးခဲ့ရတယ်.. ။ ကျွန်တော် သဘောကျတယ်.. အဲဒီလက်နက်ကိုင်ဆောင်ထားတဲ့ ဘယ်သူ့ကိုမဆို  ကျွန်တော် လေးစားတယ်..  အချို့ဆို ကိုယ့်လက်နက်ကို မပိုင်ဆိုင်ပဲ … မာန်သာ ထုတ်နေတယ်  အားမပါသလိုပါပဲ … ။  သူတို့ကိုတော့ အားနာတယ်…  ကောင်းကင်ကို ဇောက်ထိုးလုပ်ကြည့်မှ သူတို့ဆီက လက်နက်ကို မြင်ရတယ် .. သဘာဝ က ပေးတဲ့ လက်နက်  ဖန်တီးမှုတစ်ခု မပါတဲ့ လက်နက် နူးညံ့ပျော့ပျောင်းတဲ့ လက်နက်  တည်ငြိမ်အစွမ်းထက်တဲ့ […]


မဟုတ်ဘူး .. မဖြစ်ဘူး .. ဒါမှ ဒါ .. နင်မသိဘူးလား… ။ လုပ်မှာပေါ့ .. လုပ်နေတုန်း .. ငါဟ ငါ .. နင်မသိဘူးလား.. ။ ဖြစ်မှာပေါ့ .. စောင့်ဦးလေ ဒါ က ဘာ .. နင်မသိဘူးလား ..။ ပြောပြန်ပြီ .. စောက်တလွဲ သို့ ချီတက် .. ပြန်ကာလှည့်နေပြီ ဒီလောက်ထိခံ ၊ ဉာဏ်များပြန်ပြီ ဒီတစ်ခါလဲ ၊ လွဲပေါ့ ဒီမိုကရေစီ..။   just for fun   တစ်ဇောက်ကန်း